အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။
ဟိုတနေ့က ရေးလက်စလေး ဆက်လိုက်ပါအုံးမယ်။ (မဖတ်မိတဲ့သူတွေအတွက် https://steemit.com/myanmar/@htunminzaw/kelsaaup-sa-knytokne-k-yneta-1) အခု အကြောင်းက စာကြည့်တိုက်အကြောင်းဆိုတော့ စာပေစိတ်ဝင်စားတဲ့ သူတွေအတွက် ရည်ရွယ်ထားပါတယ်။ ဒါအပြင် ကိုယ့်နိုင်ငံ တိုးတက်လိုစိတ်ရှိသူတွေ၊ တခြားနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှု့ကို သိချင် ရှာချင်တဲ့သူတွေ၊ အနည်းဆုံး ဗဟုသုတလိုချင်တဲ့သူတွေ အကြောင်းအရာ တခုခုရသွားပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝေမျှသွားမှာပါ။
ကျွန်တော် စာကြည့်တိုက်ကဒ်လုပ်တာ လွန်ခဲ့တဲ့ ၇နှစ်က လုပ်တာ စလုံး ၁၀ကျပ် သွင်းလိုက်တယ်။ ကိုယ့် IC မှတ်ပုံတင်ပြလိုက်တယ်။ သူတို့ system မှာ စာရင်းသွင်းတယ်။ ဒါဘဲ။ ၅ မိနစ် မကြာဘူး။ form လေးနည်းနည်းလေးဖြည့်၊ IC ကို scan ဖတ်လိုက်တာ ဒါပဲလေ။ ဘာလိုသေးလို့လဲ။
မှတ်မိပါသေးတယ်။ မန္တလေး ကျုံး အနောက်ဖတ် နိုင်ငံပိုင် ယဉ်ကျေးမှု့စာကြည့်တိုက်မှာ ကဒ်လုပ်တော့ ရပ်ကွက်ထောက်ခံစာရယ်၊ ကျောင်းသားကဒ်ရယ်၊ ပြဌာန်းဝင် အရာရှိထောက်ခံစာရယ် အခြား စာရွက်စာတမ်း၊ အချက်အလက်တွေရယ် နဲ့ စာကြည့်တိုက် ကဒ်လုပ်ခဲ့ရတာလေး ကိုပါ။ ကျွန်တော် လျှောက်လိုက် ယှဉ်ပြီး ရေးနေတာ မဟုတ်ပါဘူး။ မလိုအပ်တာတွေ မလုပ်ကြဖို့ ထောက်ပြတာပါ။ မြန်မာစကားပုံရှိပါတယ် လွယ်လွယ်နဲ့ ရရင် တန်ဖိုးမထားဘူးတဲ့ အဲဒီစကားပုံကြောင့်မို့လား မသိဘူး ခက်အောင်လုပ်ထားတာလား မသိပါဘူး။ုကဲထားလိုက်ပါတော့ ကျွန်တော်တို့ဆီ ကဒ်လုပ်တာ။ သူတို့မှာက စာကြည့်တိုက် ကဒ်ဆို ပြီး ကဒ်ထုတ်မပေးပါဘူး။ ကိုယ့် IC ကဒ်က ကိုယ့် စာကြည့်တိုက်ကဒ်ဘဲ။ ဘာအပို ကဒ်မှ လုပ်ပြီး သိမ်းထားစရာ မလိုဘူး။ ဒါဆို ဘယ်လို အလုပ်လုပ်လဲ နောက်ပိုင်းမှာ ရှင်းပြပါမယ်။ အဲဒီ လွန်ခဲ့တဲ့ ၇ နှစ်က ၁၀ဒေါ်လာ ဟာ ဒီနေ့အထိ ဘာသက်တမ်းမှ ထပ်တိုးစရာ ဘာနှစ်စဉ်ကြေးမှ ပေးစရာလည်း မလိုတော့ပါဘူး။ ဒီမှာ သူ့နိုင်ငံသား၊ PR တွေနဲ့ တခြား workpass နဲ့ ကိုင်ထားတဲ့ သူတွေနဲ့တော့ နည်းနည်းကွာပါတယ်။ တခြား ကဒ်ကိုင်တဲ့သူတွေလည်း နှစ်စဉ်ကြေးတို့ ဘာတို့ မရှိလောက်ပါဘူး။
စာကြည့်တိုက်တွေက @National Library လို့ခေါ်တဲ့ နိုင်ငံ့စာကြည့်တိုက်နဲ့ မြို့နယ်တွေမှာ ရှိတဲ့ မြို့နယ်စာကြည့်တိုက်ဆိုပြီး ရှိပါတယ်။ နိုင်ငံ့စာကြည့်တိုက်ကတော့ အဆောက်အဦးအရ အကြီးဆုံးဆိုသလို စာအုပ်တွေ အစုံဆုံးဖြစ်ပါတယ်။ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထပ်ထပ်ရှိပါတယ်။ ကိုယ်လိုချင်တဲ့ စာအုပ်ကို သက်ဆိုင်ရာ ဘာသာရပ်အထပ်တွေမှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ယခင်ကျွန်တော့် အလုပ်က ဒီ national စာကြည့်တိုက်နဲ့ နီးတော့ ထမင်းစားပြီးရင် သွားမွှေနေကျဆိုတော့ အတော်ကို သိနေပါတယ်။ စာကြည့်တိုက်မှာ တိတ်ဆိပ်နေပြီး free wifi လည်း ရှိတော့ တချို့က နေလည် aircon နဲ့ ဆိုဖာခုံကြီးတွေပေါ် တရေး လောက် လာနှပ်ပြီး အိပ်နေတတ်ကြပါတယ်။ ၀န်ထမ်းတွေက တကယ်အိပ်ပျော်ပြီး အိပ်သွားတဲ့သူတွေကို လာနိုးတတ်ပါတယ်။ speaker နဲ့လည်း စာကြည့်တိုက်က အိပ်ဖို့ မဟုတ်ကြောင်း လှမ်းပြောတတ်ပါသေးတယ်။ ကျွန်တော်ကတော့ ဒီရတဲ့ အချိန် အများအားဖြင့် စာဖတ်စရာမလိုတဲ့ ဓါတ်ပုံတို့၊ အာခီ ဗိသုကာတို့၊ ပန်းချီတို့လို စာအုပ်တွေကို အကြည့်များပါတယ်။
ကဲ @libery မှာ register လုပ်ပြီးပြီဆိုတော့ စာအုပ်ငှားမယ်ပေါ့။ မိမိ ငှားချင်တဲ့ စာအုပ်ကို ရှာမယ်ပေါ့။ စာကြည့်တိုက်မှာ ကလေးစာအုပ်က တထပ်၊ လူကြီးစာအုပ်တွေကတထပ် သူ့အထပ်နဲ့သူရှိပါတယ်။ ကိုယ်ရှာချင်တဲ့ စာအုပ်ကို စာအုပ်စင်ဘေးမှာ ရေးထားတဲ့ ကဏ္ဍတွေကနေ ရှာလို့ရပါတယ်။ ဥပမာ ဘာသာရေး၊ အနုပညာ၊ စီးပွားရေး စသဖြင့်လိုချင်တဲ့ ကဏ္ဍသွားပြီး ရှာယူလို့ရပါတယ်။ ဒါက ယေဘုယျ စာအုပ်ရှာတာပေါ့။ သေချာ တိတိကျကျ ဥပမာ ဘာသာရေးဆို ဗုဒ္ဓဘာသာအကြောင်း အဲဒီကနေ မဟာယန အကြောင်း စသဖြင့် ထပ်သွားချင်ရင် သက်ဆိုင်ရာ နေရာတွေမှာ ထပ်ရှာလို့ရပါတယ်။ စာအုပ်တွေမှာ သူ့ code နံပါတ်တွေ၊ ကဏ္ဍတွေ စသဖြင့် ခွဲထားပြီးသားပါ။ စာအုပ်ဘဲလား ဆိုတော့ မဟုတ်ပါဘူး။ media room ဆိုပြီးရှိပါတယ်။ CDတွေ ဗီဒီယိုတွေကို အဲဒီ media room မှာ သွားဖွင့် သွားကြည့်နိုင်ပါတယ်။ ကိုယ်က ဘာစာအုပ် ဘယ်သူရေးတယ် စသဖြင့် တိတိကျကျသိရင် ပိုပြီး လွယ်ပါတယ်။ အဲဒီနားမှာ ကွန်ပျူတာတွေ ချထားပါတယ်။ မိမိရှာချင်တဲ့ စာအုပ်ကို ရိုက်ထည့်လိုက် ယုံပါဘဲ။ စာအုပ် ဘယ်မှာရှိတယ်။ ဥပမာ ဘယ်မြို့နယ် စာကြည့်တိုက်မှာ ဘယ်နှစ်အုပ်ရှိတယ်။ ဘယ်စာကြည့်တိုက်ကတော့ ငှားသွားပြီ။ ဘယ်နေ့လာအပ်မယ်။ အခုမရှိလို့ မိမိလိုချင် ဖတ်ချင်ရင် booking လုပ်ထားလို့ရပါတယ်။
စာအုပ်ကိုရပြီ တွေ့ပြီ။ ငှားတော့မယ်ပေါ့။ အထွက်နားမှာ touch screen နဲ့ စာအုပ်ငှားစက်တွေရှိပါတယ်။ အဲဒီကိုသွားလိုက် ကိုယ့် IC ကို scan ဖတ်လိုက် မိမိငှားနိုင်တဲ့ စာအုပ် အရေအတွက်ပေါ်လာပါတယ်။ အများဆုံး ၈ အုပ်ထိ ငှားလို့ ရပါတယ်။ ကျောင်းပိတ်ရက်တွေ ရှိရင် ၂ ဆ၊ တခါငှား ၁၆ အုပ်ထိ ငှားလို့ရပါတယ်။ သူနိုင်ငံသားတွေ စာဖတ်စေချင်တာ၊ စာဖတ်အောင် အားပေးတာကို ဒီလိုမျိုးနဲ့ သိနိုင်ပါတယ်။ အခု ကိုယ်ငှားမဲ့ စာအုပ်အရေအတွက်ကို touch screen မှာ နှိပ်လိုက်၊ ဥပမာ ၆ အုပ်အောက်ဆို အဲဒီ စာအုပ်အားလုံးကို စာအုပ်တင်တဲ့နေရာမှာ တင်လိုက်။ တိန် ဆို scan ဖတ်ပြီး စာအုပ်ငှားပြီးသွားပါပြီ။ ဖြတ်ပိုင်းလိုချင် print လုပ်လိုက် ကိုယ်ငှားတဲ့စာအုပ်စာရင်းနဲ့ အပ်ရမဲ့ နေ့တန်းထွက်လာပါတယ်။ ဒါပါဘဲ စာအုပ်ငှားရတာ အရမ်းလွယ်ပါတယ်။ အထွက်မှာ စတိုးဆိုင်တွေလို scanner နဲ့ လှမ်းဖမ်းထားတော့ မငှားဘဲ ယူထွက်သွားရင်တော့ အထွက်မှာ လှမ်းအသံမြည်လိမ့်မယ်ပေါ့။
ု
ငှားရတာ လွယ်သလို အပ်ရတာ ပိုတောင်လွယ်ပါတယ်။ ကြိုက်တဲ့ စာကြည့်တိုက်ရဲ့ အပြင်ဘက်မှာ စာအုပ်အပ်ဖို့ ၂၄ နာရီလုံး ဖွင့်တဲ့ dropbox ထဲ အမှိုက်ပုံး အမှိုက် ထည့်သလို ထည့်လိုက်ရတယ်။ ဒါဘဲ အပ်ပြီးသွားပြီ။
အပ်ဖို့ ၃ရက်လောက်လိုတဲ့ နေ့မှာ သင့်ကို ဖုန်းနဲ့ message ပို့ပါတယ်။ email လည်းပို့ပါတယ်။ ဘယ်နေ့ ဘာစာအုပ် အပ်ဖို့ဆိုပြီး သတိပေးလာပါတယ်။ ကဲဗျာ အလုပ်မအားလို့ မအပ်နိုင်သေးဘူး။ ထက်တိုးချင်သေးတယ်။ လွယ်လွယ်လေး စာကြည့်တိုက် app ကို ဖုန်းမှာထည့်ထား login ၀င်ပြီး ကောက်ပြီး သက်တမ်းတိုးလိုက်ယုံဘဲ။ ဒါကို မှ ရက်လွန်တယ်ပေါ့။ အဲတော့လဲ ရက်လွန်ကြေးဆောင်ပေါ့။ အများကြီး မဟုတ်ပါဘူး ပြားစွန်းလေးဘဲ။ ရှင်းရှင်းပြောရရင် တခါမှ ရက်မလွန်ဘူးတော့ အဲ့ဒါ သေချာတော့ မသိဘူး။ ဒီလောက်လွယ်အောင် ဖုန်းကနေ တချက်ပွတ်ရနေတော့ အဲလောက်ကြီး မဖြစ်ဘူးပါဘူး။ ရက်လွန်ကြေးဆောင်ရင် အဲဒီမှာ စက်လေးတွေရှိတယ်။ ကြိုက်တဲ့ ကဒ်နဲ့ ပိုက်ဆံပေးဆောင်လို့ရတယ်။ စင်္ကာပူမှာ အလွယ်ဆုံးက ပိုက်ဆံထွက်ဖို့ ကြိုက်တဲ့ နည်းနဲ့ ကြိုက်သလို ကြိုက်တဲ့နေရာ ပိုက်ဆံထွက်ချင်လို့ရတယ်။
တကယ်တော့ စာကြည့်တိုက်ဆိုတာ စာဖတ် စာကြည့်ဖို့သက်သက်ထက် အသိပညာ ဖြန့်ဝေဖို့ဆို ပိုမှန်ပါ့မယ်။ ဘာဖြစ်လို့လည်းဆိုတော့ စာဖတ်ဖို့တင်မဟုတ်ပါဘူး။ တခြားလှုပ်ရှားမှု့တွေလည်း ရှိသေးပါတယ်။ ဥပမာ ကလေး ဘယ်အရွယ်ဆို ဘာစာအုပ်ကို ဖတ်ရမယ်။ ဘယ်အတန်းက ကလေးတွေက ဘယ်စာအုပ်ဖတ်ပါ စသဖြင့် လှမ်းညွှန်းထားတာတွေရှိပါတယ်။ ဒါအပြင် ပုံပြင်စာအုပ်ဖတ်ပြ ပုံပြောပြတဲ့ အချိန်တို့၊ art and craft လုပ်တဲ့ အချိန်တို့၊ ပြဇာတ်ကပြတဲ့ အချိန်တို့ စသဖြင့် library တခုနဲ့ တခု မတူညီတဲ့ လှုပ်ရှားမှု့တွေရှိပါတယ်။ တချို့ @library တွေဆို ကလေးတွေ ကစားရင်း စာသင်တဲ့ ကစားစရာတွေ ချပေးထားတတ်ပါတယ်။ အချို့က မင်းသမီးဝတ်စုံတို့ ဒိုင်နိုဆော်ဝတ်စုံတို့ ၀က်ဝံ၀တ်စုံတို့ကို ချိပ်ဆွဲထားပြီး ပုံပြင် စာအုပ်တွေထဲကလို ၀တ်ဆင်စေပါတယ်။ သမီးလေးကတော့ library သွားရတာ အရမ်းပျော်တယ်။ စာအုပ်တွေယူ သူဘာသာလှန်ကြည့် ဖတ်ချင်ရင် I want this. ဆိုပြီး ယူလာခိုင်းတော့ တာဘဲ။
နောက်တခု ပြောချင်တာလေးက library အ၀င် scan စက်နား မဖြတ်ခင်မှာ စာအုပ်စင်လေး တခုထားထား ပေးတတ်ပါတယ်။ အဲဒါက သင့်ကိုယ်ပိုင် စာအုပ် မဖတ်တော့တဲ့၊ ဖတ်ပြီးတဲ့ စာအုပ်တွေကို တခြားသူ ဖတ်ချင် ယူချင်ရင် ဖတ်လို့ရအောင် မျှဝေဖို့ထားထားတဲ့ စာအုပ်စင်နေရာလေး ရှိပါတယ်။ မလိုတော့လို့ ထားထားတဲ့ စာအုပ်ဆိုပေမဲ့ အများအားဖြင့် စုပ်ပြတ်နေတဲ့ စာအုပ်တွေ မဟုတ်ဘူးနော်။ အသစ်နီးပါးရှိတဲ့ တကယ့် အကောင်းစား စာအုပ်တွေပါ။ သူတို့တွေ စာအုပ်တွေကို ဘယ်လို သပ်သပ်ရပ်ရပ် ကိုင်တယ်ဆိုတဲ့ ကိုင်တဲ့ နည်း ကျွန်တော်တို့ သင်ရအုံးမယ်။ နောက်တခုက သူတို့ခံယူထားတာက .. ကိုယ်ဖတ်ပြီးသွားပြီ ကိုယ့်ရသွားပြီ။ ဘာလို့ ဒီစာအုပ်ကြီးကို သိမ်းထားနေမှာလဲ။ မဖတ်ရသေးတဲ့သူကို sharing လုပ်တော့ ပိုမကောင်းဘူးလား။ ကိုယ်လည်းပြန် မဖတ်ဖြစ်၊ စာအုပ်စင်မှာ ကိုယ် ဘယ်လောက် စာဖတ်တယ် လူသိဖို့ ပြထားတာလို၊ ဖုံမရှင်းနိုင်တော့ ဖုံတွေတပ် နောက်ဆုံး ဖတ်မရအောင် ကြွက်တွေကိုက်၊ ပိုးတွေထိုးတော့မှ ပိသာချိန်နဲ့ ရောင်းစားနေတတ်ကြတဲ့ ကျွန်တော်တို့ အကျင့်တွေ ဒီချက်တွေနဲ့ သေချာစဉ်းစားကြည့်ကြဖို့ ကောင်းနေပြီနော်။ ကျွန်တော်စဉ်းစားမိတာ ငါတို့ ဦးနောက်ထဲ ဒီစာအုပ်က ဖြည့်ပေး ထည့်ပေးလိုက်ပြီ။ အဲဒါနဲ့တင် ဒီစာအုပ်တော်တော် တန်သွားပြီ။ သူတို့တွေက ရော့် တခြားသူ... မင်းတို့လိုရင် ဒီမှာ ထပ်ဖြည့်ကွာ ဆိုတဲ့ စိတ်မျိုးထားပြီး မျှဝေတော့ စာအုပ်လေးတွေကလည်း အသစ်နီးပါး ကောင်းနေတာနေမှာပေါ့။
ကျွန်တော်ကတော့ စာကြည့်တိုက်ရောက်ရင် အဲဒီလို နေရာက အထူးသဖြင့် ကလေးစာအုပ်တွေ ယူလာပါတယ်။ သမီးဖတ်ချင်ဖတ် သူမဖတ်နိုင်သေးတဲ့ စာအုပ်တွေဆို ဂျတ်ပုံးနဲ့သိမ်းထားတယ်။ ကိုယ့်အသိ သူငယ်ချင်းတွေထဲက မြန်မာပြည်ပြန်မယ် ကီလိုပိုနေတယ်။ မရောင်းလည်း မရောင်းချင်ဘူးဆို အဲဒီလိုလူတွေ ဒီစာအုပ်ပုံးတွေ ထည့်ပေးလိုက်တယ်။ ယူသွား။ မင်းဘာသာ ဘယ်သူ့ပေးပေး၊ ဒီစာအုပ် မြန်မာပြည်ရောက်သွားလို့ ကလေးတယောက် ဖတ်ဖြစ်တယ်။ တခုခု သိသွားတယ်။ အလွန်ဆုံး စာအုပ်ကို စိတ်ဝင်စားသွားတယ်ဆို ငါအတွက် မင်းသယ်ရတဲ့အတွက် ငါ့နိုင်ငံအတွက် အမြတ်ဘဲ ဆိုပြီး ထည့်ပေးလိုက်တာပါဘဲ။
ဒီစာကြည့်တိုက်တွေ အကြောင်းပြောလို့ သူတို့ နည်းပညာတွေက ကောင်းလှပြီလား။ ငါတို့ လိုက်မှီပါ့မလား။ ငါတို့ ဆီမှာလည်း ဖြစ်စေချင်လိုက်တာ ဆိုပြီး ဖြစ်လာတဲ့ အသင် စာဖတ်သူ ..... သင် ဘာမှ မစိုးရိမ်နဲ့ ဒီလို နည်းပညာတွေ software တွေကို ငါတို့နိုင်ငံသားတွေ ရေးပေး လုပ်ပေးနေတာ ဆိုတာ ရင်ထဲမှာသာ ထားလိုက်ပါ။ တနေ့တော့ ဖြစ်လာမှာပါကွ ဟုသာ အားပေးလိုက်ရပါတယ်။
- Photo from Google
'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'
ကျေးဇူးတင်စွာဖြင့် -
@HtunMinZaw (MSC 087)
@steem-marketing has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.
To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo
ကျေးဇူးပါ
ဟုတ်ကဲ့ခင်ဗျာ။ အကောင်းဆုံးပို့စ်တွေတင်နိုင်အောင် ကြိုးစားပါ့မယ်။
i have library card before. i remember that i need to pay, i can't remember how much. after that use to go school library ....
When I do library card they do not give any card. On your time may be is so early.
Good
စာအုပ်စာပေ လူ့မိတ်ဆွေ ။ ကျေးဇူးတင်ပါတယ်ခင်ဗျ
မျှဝေပေးတဲ့ အတွင်ကျေးဇူးပါ အဲ့ဒီလိုစာကြည့်တိုက်လေးအနီးနာ ရှိစေချင်လိုက်တာ သို့သော်
good post
အဲ့ဒီ့လို စာကြည့်တိုက်မျိုးမှာ စာအုပ်ငှားဖတ်ချင်လိုက်တာ။
နှစ်သက်မိပါသည်။ဒီလိုစာကြည့်တိုက်လေးမျိုး
နေရာတိုင်မှာရှိသင့်သာ
စာကြည့်တိုက်တွေပါ