အေးမြစိုစွတ်သော မိုး၏ရနံ့၊ မြေသင်းနံ့တို့သည် နာခေါင်းအတွင်းသို့ တိုးဝင်လာလျက်ရှိနေသည်။ ရေငွေ့၊ ရေမှုန်များ သယ်ဆောင်လာ လေနုအေးလေးများသည် ခန္ဓာကိုယ်ပေါ်မှ တိုးဝေ့လျက် ဖြတ်သန်း တိုက်ခတ်သွားလေသည်။ ရက်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရသည့် မိုး ရွာချလိုက်သဖြင့် ဖားတို့သည်လည်းပျော်ရွှင်မြူးထူးစွာဖြင့် အော်ဟစ်မြည်တမ်းလျှက် မိုးကို ကြိုဆိုနေကြပေသည်။ မိုးသည် အညိုးကြီးစွာ သည်းသည်းမဲမဲ သွန်ချလျက်ရှိသည်။
ဒီနှစ် သင်္ကြန်မိုးသည် ယခင်နှစ်များထက်ပို၍ တက်ကြွစွာ သင်္ကြန်ကို ကြိုဆိုနေသည်။ မိုးသည် ခါတိုင်းထက်ပို၍ သည်းထန်စွာ ရွာသည်။ အချို့နေရာများတွင် လေပြင်းများတိုက်၊ မိုးသီးများကြွေသည်။ မိုးလေများ တိုက်ခတ်ပြီးသွား၍ နှစ်ရက်သုံးရက်ခန့်ကြာလျှင်တော့ 'ပိတောက်ပန်း' များ ပြွတ်သိပ်စွာ ပွင့်ပါတော့သည်။
ပိတောက်ပန်းများပွင့်ဖူးလာသည်နှင့်အတူ ပြသနာများ အမှုအခင်းများလည်းပို၍ ထူပြောလာသည်။ သင်္ကြန်ရောက်တော့မည်ဆိုလျှင် အရက်ကုမ္ပဏီများ၊ လက်လီလက်ကား အရက်ရောင်းသည့်ဆိုင်များသည် ယခင်လများထက်ပို၍ ရောင်းအားတက်လာသည်။ ထိုသို့ ရောင်းအား တက်လာသည်နှင့်အမျှ ရန်ပွဲများ၊ လူသတ်မှုများ၊ ယာဉ်မတော်တဆမှုများသည်လည်း ပို၍ တိုးပွားလာကြသည်။
ထိုခါးသက်သော အရည်ကြောင့် မလိုလားအပ်ဘဲ အပြစ်မဲ့ပြည်သူများစွာ၏ အသက်များ ဆုံးရှူံးကြရလေသည်။ ထိုပြသာနာများ၏ အဓိကတရားခံသည် ဤအရက်ကြောင့်ပင်ဖြစ်ပေတော့သည်........။
MSC-046
AUTHOR BY JHON
PHOTO BY GOOGLE IMAGE
အမှန်ပေါ့ဗျာ...သင်္ကြန်မှာ အဲ့အရည်က ဒုက္ခပေးနေတာပါ...
ဟုတ်တာပေါ့အကိုရေ....။
ထိုအရည်သည် ပြသနာအားလုံး၏ ရင်းမြစ်ဖြစ်ပေသည်။
ဟုတ်တယ် သင်္ကြန်မိုးလေး ရွာချလိုက်ရင် ပိတောက်တွေလဲပွင့်မှာ အေးလဲအေးသွားမှာ။ ဒီမှာ အဲ့လို မရွာသေးဘူး။
ရန်ကုန်မိုးကတော့ အတော်ကြမ်းတယ်ဆိုပဲ....။
အရက်ကတော့ မကောင်းတာအမှန်ပဲ။မသောက်တာ အကောင်းဆုံးပါပဲ။
အခုတော့ မြန်မာ့ ဆယ့်နှစ်လ ရာသီပွဲတော်တွေတိုင်းမှာ ထိုအရက်ကမပါမဖြစ်တဲ့ အရာတစ်ခုလိုကိုဖြစ်နေပြီဗျာ....။ အတော်ကို ရင်နာစရာကောင်းပေသည်။
သင်္ကြန်ဆိုတာအရက်သောက်ပွဲကြီးဖြစ်နေတာ။
မူးကြရူးကြရင်း အပြစ်မဲ့ပြည်သူတွေပါ အနာတရတွေဖြစ်ကုန်တာလည်း ဒုနဲ့ဒေး။
ဟုတ်မအိရေ....။ မိန်းခလေးတွေပါ အတားအစီးမရှိ သောက်ချင်တိုင်းသောက်နေကြတယ်ဗျာ...။
သင်္ကြန် ဆိုမူးရမယ်ပဲထင်နေကြတာ
ဟုတ်တယ်အကိုရေ.....။
သင်္ကြန်ဆို မူးမယ်ရူးမယ် ရန်ဖြစ်မယ်ဆိုတဲ့ သူတွေက ကြီးဘဲဗျာ.....။
အရက်အရက် အင်း...ဘယ်လိုနေလည်းသိသေးဘူး
သောက်ရင်မူးတာပေါ့ဆရာရယ်
အားပေးခဲ့ပါတယ်
ကျေးဇူးပါခင်ဗျာ
You got a 16.13% upvote from @childfund courtesy of @jhonnight! @childfund is a bid bot to help the steem community sponsor a child.
Thank a lot.
သင်္ကြန်ကိုဖျက်နေတဲ့ထိပ်ဆုံးကအရာပေါ့ဗျာ။
ထိုအရက်ကြောင့် သင်္ကြန်ဟာ ပိုပြီး အကျဉ်းတန်သွားစေပါတယ်။