အထိမိဆုံး postပါ။ ဒီpost ဖတ်ပြီး ကျွန်တော် အတော်ကို စိတ်မကောင်းဖြစ် ရပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်မကင်းသလိုလည်း ခံစားရတယ်။ ဒါကြောင့် ဒီpost အောက်မှာပဲ တခါတည်း ဝန်ခံပါရစေ အကိုရေ။ ကျွန်တော် တချိန်က " promotion " တွေ စတင်ပေးချိန်ကပေါ့။ အဲ့ဒီတုန်းက စလုပ်ခါစမို့ စာရေးရတာလည်း အဆင်မပြေဘူး။ ရေးစရာအကြောင်းအရာလည်း မယ်မယ်ရရမရှိ။ စာရေးရတာလည်း ဝါသနာမပါ။ စာလည်း သိပ်မရေးတတ် sbdလည်း လိုချင်။ အဲ့တော့ ကျွန်တော်လည်း အခု လူသစ်လေးတွေ နည်းတူ facebook wiki ပေါ်မှ စာပေဆောင်းပါးတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီိး promotion တွေကို လိမ်လည်ရယူခဲ့မိပါတယ်။ အခုလို အကိုတို့်ရဲ့ အနှစ်နာခံမှုတွေ စေတနာတွေကို နားလည် သိရှိလိုက်ချိန်မှာ ကျွန်တော် လုပ်ရပ်တွေဟာ အကိုတို့ရဲ့ စေတနာကို စော်ကားလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော့် လုပ်ခဲ့တာတွေ အတွက်လည်း ကိုယ့်ကိုကိုယ် အရှက်ရမိပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက်လည်း အကိုဟင်နရီနှင့်တကွ MSCAdminအားလုံးကိုလည်း အနူးအညွှတ်တောင်းပန်ပါတယ်။ နားလည်းခွင့်လွှတ်ပေးမယ်လို့လည်း မျှော်လင့်မိပါတယ်။ နောက်နောင် အဲ့ဒီလိုမလုပ်တော့ပါဘူး။ အခုလည်း ကိုယ်တိုင်တွေးတောကြံစပြီး ရေးသားနေပါပြီ။ စာရေးရတာလည်း အတော်အဆင်ပြေလာပါပြီ။ ကျေးဇူးတင်ပါတယ်။
You are viewing a single comment's thread from:
အမှားကို သိပြီး အမှန်ဘက်ကို ပြောင်းလည်းလာတာဟာ မင်္ဂလာ တစ်ပါးမို့ ခွင့်လွတ်ပါတယ်။ Steemit Platform ဟာကြိုးစားသူတိုင်းအတွက်ပါ။
ကျေးဇူးပါ အကိုကြီး
ညီလေး အမှန်မြင်လာလို့ ကျေးဇူး