ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်၊ လုပ်ရည်ကိုင်ရည် စသည်တို့ကို အင်္ဂလိပ်လို "skill" ဟုခေါ်ပေသည်။
ထို "skill" ဆိုတဲ့ စကားလုံးကို ကျနော်အနည်းငယ် တင်ပြပါမည်။
လူတိုင်းလူတိုင်းမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်မှု (ဝါ) skill ဆိုတာ ရှိကျပါတယ်။ ထိုကျွမ်းကျင်မှုဟာ တစ်ဦးနှင့်တစ်ဦးတော့ မတူညီနိုင်ပါဘူး။
လူတိုင်းမှာ ကျွမ်းကျင်မှုကိုယ်စီရှိကျပါတယ်......။
စာရေးဆရာမှာလည်း စာရေးတဲ့နေရာမှာ အတွေးအခေါ် အရေးအသား ဇတ်အိမ်ဖွဲ့နွဲ့မှု စတဲ့ ကျွမ်းကျင်မှု စကေးတွေရှိတယ်.....။
ရုပ်ရှင်သရုပ်တွေမှာလည်း သူကျရာနေရာမှာ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ စကေးရှိတယ်.....။
စားဖိုမှူးတစ်ယောက်မှာလည်း သူချက်ပြုတ်မယ့် ဟင်းလျာတွေကို အစပ်အဟပ်တည်အောင် ချက်ပြုတ်နိုင်တဲ့ စွမ်းရည်ရှိတယ်.....။
ဘောလုံးကစားသမား ရော်နယ်ဒိုမှာလည်း ဘောလုံးကစားရာမှာ အလိမ်အခေါက်၊ ဂိုးသွင်းတိကျမှု၊ ဂိုးဖန်တီးပေးနိုင်မှု စတဲ့ တစ်ကိုယ်ရည် ကျွမ်းကျင်မှုတွေရှိတယ်......။
အဓိကပြောချင်တာက လူတစ်ယောက်ခြင်းစီမှာ သူဝါသနာပါတဲ့အလုပ်၊ သူအသက်မွေးဝမ်းကြောင်းရာအလုပ်အကိုင်တွေပေါ်မှာ
အခြားသူတွေထက် ထူးခြားတဲ့ ကျွမ်းကျင်မှုတွေ ကိုယ်စီရှိကြပါတယ်.....။
ဒါပေမယ့် သူတပါးရဲ့ ကျွမ်းကျင်မှုကို မိမိနှင့်နိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတယ်မယ်ဆိုရင်တော့ အပိုပါပဲ.....။ ဥပမာ စာရေးဆရာတစ်ယောက်ဟာ စီရော်နယ်ဒိုလောက် ဘောလုံးကစားရာမှာ ကျွမ်းကျင်မှုမရှိနိုင်ပါဘူး....။
ဒီလိုပဲ ရော်နယ်ဒိုဟာ စားဖိုမှုးတစ်ယောက်လို ဟင်းလျာတွေကို အစပ်အဟပ်တည့်အောင် မချက်ပြုတ်နိုင်ပါဘူး.....။
ဆိုလိုချင်တာက အခြားသူကျွမ်းကျင်မှုတွေကိုကြည့်ပြီး ငါကတော့ သူတို့်လောက်မတော်ဘူး သူတို့တွေလောက် မကျွမ်းကျင်ဘူးဟု မိမိကိုယ်ကို အပြစ်တင်မနေသင့်ပါ.....။ မိမိမှာလည်း မိမိသက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်မှုတွေ လုပ်ရည်ကိုင်ရည်တွေ စွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကို သတိပြုပါလေ....။ စသည့် မိမိ၏ ကျွမ်းကျင်မှုများ စွမ်းရည်များကို ပိုမိုကောင်းမွန်အောင် လေ့ကျင်ပြီး အများသိအောင် ဖော်ထုတ်ပြသလိုက်ပါလေ.....။
*သင်ဘယ်နေရာမှာ ပိုပြီးစွမ်းဆောင်နိုင်သလဲဆိုတာကို သိအောင်လုပ်ပါ။
*ထိုစွမ်းရည်များကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လေ့ကျင့်ပါ။
မန်မာစတီးမစ် အဖွဲ့သားအားလုံး မိမိတို့ကျင်လည်ရာနယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်တဲ့သူများ ဖြစ်နိုင်ကြပါစေဗျာ.......။
Writer By Jhon
MSC-046
Photo By Google Image
Good post.
ဟုတ်
ကိုယ် ကျွမ်းကျင်တာ တဲ့ skill လေးတွေ နဲ့ steemit မှ ရှေ့ ဆက်မယ် စိတ်ကူးထားတယ်
ဟုတ်အောင်မြင်ပါစေ အကို
ဘာskillမှကို မရှိဘူးရယ်
ရှိပါတယ်။ မြင်အောင်ကြည့်ပါလေ
ပေးတဲ့ဆု ပြည့်ပါရစေ😁 plz v and m me back @mgtoetat
ဟုတ်
စာရေးတဲ့skillကောင်းအောင်ကြိုးစားရဦးမယ်ရှင့်
အမြဲတမ်း ရေးနေရင် လက်ရည်တက်လာပါလိမ့်မည်။
Good. Skillတြွှေင့်ရမယ်
💪💪
လူတစ်ယောက်မှာ အလိုအပ်ဆုံးက ကိုယ်ကျွန်းကျင်မှုကို အသုံးချတတ်တဲ့ skill ပေါ့ဗျာ။ ကြိုးစားဟေ့။
ဟုတ်ကဲ့ အကို
steemit မှာလဲ skill လိုတာပေါ့လိုစ့်
သေချာတာပေါ့လိုစ့်
အရမ်းကောင်းတယ် ဘဒို ဆက်ကြိုးစားပါ
ဟုတ်
ကျွမ်းကျင်ရာလိမ္မာပေါ့
Right
Release the Kraken! You got a 1.26% upvote from @seakraken courtesy of @jhonnight!
This post has received a 0.28 % upvote from @booster thanks to: @jhonnight.