Trust (ယုံကြည်မှု)
Image Source
စကားလုံးကတော့ တိုတိုတုတ်တုတ်ပါ။ ဒါပေမယ့် ဒီစကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုလိုက်ရရင် အတော်ကိုရှည်လျားသွားပါလိမ့်မည်။
အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုမှာ ဒီယုံကြည်မှုဆိုတဲ့ကိစ္စဟာ မေ့ထားလို့မရပါဘူး။ အဖွဲ့အစည်းအတွင်း၊ လုပ်ငန်းခွင်အတွင်းမှာ စည်းလုံးချင်တယ်၊ တိုးတက်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုရင် အဖွဲ့အတွင်း တစ်ဦးကိုတစ်ဦး တစ်ယောက်ပေါ်တစ်ယောက် အပြန်အလှန်ယုံကြည်မှုထားရှိဖို့်အထူးလိုအပ်ပါသည်။
ယုံကြည်မှုဆိုတာကို ရိုးရိုးလေးပဲ ဖွင့်ဆိုရရင် လူတစ်ယောက်ကို ယုံမှကြည်မယ် မယုံရင်မကြည်ဘူး ဟုဖွင့်ဆိုပါမည်။ ဒါကြောင့် အဖွဲ့အစည်းအတွင်းမှာ တစ်ဦးကိုတစ်ဦး ယုံမှာသာလျှင် အခြင်းခြင်းကြားမှာ သံသယစိတ်ပပျောက်ပြီး ကြည်လင်စိတ်တွေဖြစ်ပေါ်လာမှပဲဖြစ်တယ်။ အချို့ကပြောကြတယ် လူတိုင်းလူတိုင်းကို အလွယ်တကူယုံကြည်တာ မကောင်းဘူးတဲ့။ ဟုတ်ပါတယ်။ လူတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံမယ်ဆိုရင် သင် တစ်ခါတစ်ရံတော့ အလိမ်ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒီလို လူတွေကို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံမယ်ဆိုရင် သင် စိတ်ထဲမှာ ကြည်လင်ပြီး စိတ်ချမ်းသာနေပါလိမ့်မယ်။
အချို့ တစ်နှပ်စားဉာဏ်နှင့် သူတွေကတော့ ယုံကြည်မှုဆိုတာကို လိမ်တဲ့ညာတဲ့နေရာတွေမှာ မကောင်းတာလုပ်ဖို့်အတွက် အသုံးပြုနေကြတာတွေလည်းရှိပါတယ်။ ဒီယုံကြည်မှုကိုပဲ စီးပွားရေးလုပ်တဲ့နေရာ အသင်းဖွဲ့မှာ ခေါင်းဆောင်မှုလုပ်တဲ့နေရာတွေမှာ
နည်းမှန်လမ်းမှန်နှင့် မှန်မှန်ကန်ကန်အသုံးချပြီး ရေရှည်မှာ အောင်မြင်မှုတွေ ရရှိအောင်လည်းပြုလုပ်နိုင်ပါတယ်။ လူတွေသင့်ကို ချက်ချင်းကြီး ယုံကြည်လာအောင် လုပ်ယူလို့တော့မရပါဘူး။ သင့်ဘက်အရင် ပေးဆပ်ပြီး တဖြည်းဖြည်းနဲ့ ယုံကြည်မှုကို တည်ဆောက်ယူရတာပါ။
Image Source
သင်ဟာ အခြားသူတွေရဲ့ ယုံကြည်မှုကိုရဖို့ ယုံကြည်မှုတည်ဆောက်နေသူဆိုလျှင် အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။
ကတိတည်ပါ
ဘယ်အချိန်မှာ ဘယ်နေရာကို လာခဲ့မယ်လို့ပြောထားရင် ဘယ်လောက်အလုပ်ရှုပ်နေပါစေ ရောက်အောင်သွားပါ။ ဘယ်နေ့ ဘယ်အလုပ်ကို အပြီးသတ်အောင်လုပ်ပေးမယ်လို့ ကတိပေးထားရင် ဘယ်လိုကိစ္စပဲပေါ်လာပါစေ ပြီးအောင်လုပ်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ လူတွေကို ကတိပေးပြီးမှ ကတိဖျက်တာဟာ တစ်ဖက်သားကို မလေးစားစော်ကားရာရောက်သလို ကိုယ်နှင့်ကိုယ့်လုပ်ငန်းကိုပါ နာမည်ပျက်ရာရောက်စေပါတယ်။ ဒါကြောင့် ကတိစကားတစ်ခွန်းကို ကိုယ်တကယ်မတည်နိုင်ဘဲ ဘယ်တော့မှမပေးပါနှင့်။
မိမိအတ္တကို ရှေ့တန်းမတင်ပါနှင့်
လူတိုင်းမှာတော့ အနည်းနှင့်အများဆိုသလို အတ္တကိုယ်ဆီရှိကြပါတယ်။ ဒါပေမယ့် သင်ဟာ အခြားသူတွေဆီကနေ ယုံကြည်မှုကို တည်ဆောက်နေသူဆိုလျှင်တော့ သင့်အတ္တတွေကို ခဏဘေးဖယ်ထားပြီး အခြားသူတွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးလိုက်မယ်ဆိုရင် သူတို့သင့်ကို အရင်ထင်ပိုပြီး ယုံကြည်ကြပါလိမ့်မယ်။
လူတိုင်းကို လေးလေးစားစားနှင့်ဆက်ဆံပါ
မိမိအလုပ်နှင့်ပတ်သက်၍ပြောဆိုဆက်ဆံရာတွင် ကိုယ့်ထက် ငယ်ရွယ်သူဖြစ်စေ၊ ကိုယ့်ထက်နိုမ့်ပါးသူကိုဖြစ်စေ တစ်လေးတစ်စားနှင့် ပြောဆိုသင့်ပါတယ်။ ကိုယ်လောက်မှအဆင့်မရှိပါဘူး ဘယ်လိုဆက်ဆံဆက်ဆံရပါတယ်ဟု သတ်မှတ်မထား သင့်ပါ။ အခြားသူတွေက သင့်အပေါ်ကို လေးလေးစားစားနှင့် ဆက်ဆံစေချင်ရင် အရင်ဆုံး သင့်ကိုယ်တိုင်အခြားသူတွေအပေါ် လေးလေးစားစားနဲ့ ဆက်ဆံပေးဖို့ လိုပါတယ်။ ဒါမှ အပြန်အလှန်လေးစားမှုရရှိပြီး သင်နှင့် အလုပ်မှာလည်း အထောက်အကူတွေများစွာရရှိနိုင်ပါတယ်။
Image Source
စာပေဆောင်းပါးများကို လေ့လာဖတ်ရှူ ရုံသက်သက်မဟုတ်ပဲ တကယ်လက်တွေ့လုပ်ဆောင်နိုင်ပြီး အကျိုးထူးများရရှိနိုင်ကြပါစေ.....။
စာရှူ သူများကိုလေးစားလျက် ရေးသားသူ Jhon Jhon
MSC-046
ကိုးကား- Lynn Thaik Nyunt ၏ Road To Success စာအုပ်မှ ' Trust ' ဆောင်းပါးကို ကိုးကားရေးသားပါသည်။
Roat လေးတော့ ပြင်စေချင်ပါတယ်
ဟုတ်ကဲ့
ထောက်ပြပေးတာကျေးဇူးပါ
အမှန်တွေပါပဲ။
ဟုတ်ကဲ့အမ
ဖတ်ရှုပေးတာကျေးဇူးပါ။
ယုံကြည်မှုမရှိရင် ဘာမှဖြစ်မလာပါ။
ဟုတ်
ဟုတ်ကဲ့ ဦး
တစ်ဦးနဲ့တစ်ဦးယုံကြည်မှု့မရှိတဲ့ လုပ်ငန်း,အဖွဲ့အစည်းတွေဟာ တိုးတက်အောင်မြင်ဖို့ ခက်ခဲပါတယ်။
ဟုတ်
အမှန်ပါအမရေ
မှတ်သားရပါတယ်ဗျာ
ဟုတ်အကို
အဲ့ဒီ ၃ချက်ကို မှတ်ထားပါ့မယ် ဘဒို
တကယ် အသုံးဝင်တဲ့စကားပါ။
ဖေ့ဘုတ်ပေါ်ရှယ်ပါရစေ ဘဒို
ဟုတ်ကဲ့အကို
သိသလိုလိုနဲ့ သတိမထားမိတဲ့အရာလေးတွေပါ
တစ်ကယ်တန်ဖိုးရှိတဲ့ အချက်တွေပါ
ဟုတ်ကဲ့ အန်တီ
Congratulations @jhonnight! You have received a personal award!
1 Year on Steemit
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Quarter Finals - Day 2
Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes