မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Covid-19 ကူးစက်ရောဂါပိုးအကြောင်း ရေးသားလိုစိတ် မရှိတော့သဖြင့် Hive platform အကြောင်း ရှေ့ဆက်ကြပါအုံးစို့။ Steem အနေဖြင့် ယနေ့တွင် Hive နှင့်စျေး တန်းတူ ဖြစ်သွား ပြီ ဖြစ်ရာ အများက သို့လောသို့လော ဖြင့် တွေးနေကြပါသည်။
အမှန် အတိုင်း ဆိုရလျင် ကျွန်တော့ အနေဖြင့် Steem အား Hive ထက်ပို၍ စျေးတက်စေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ပါဝါဒေါင်းထားသောကြောင့် ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် Steemit platform အား Justin sun ဝယ်ယူပြီး နောက်ပိုင်းတွင် အများကြီး မျှော်လင့်ထားခဲ့မိပါသည်။
သို့သော် Justin ၏ မျက်နှာဖုံး ကွာကျပြီးနောက်ပိုင်းတွင် အတော်လေး စိတ်ဓါတ်ကျသွားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုတော် Justin သည် Steemit အား Tron အတွက်ဝယ်ယူခဲ့သောကြောင့် ဖြစ်ပါသည်။ ဆိုရလျင် သူ့အနေဖြင့် Steemit ကြီးကျယ်သွားသည်ကို မလိုချင်ပါ။
Steemit ကို အသုံးချ၍ Tron ကြီးကျယ်သွားသည်ကိုသာ ပို၍ လိုချင်နေသောကြောင့် ဖြစ်ပါသည်။ သို့သော် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါ။ Witness အတော်များများ Developers များအပါအဝင် Steemit platform အသုံးပြုသူများက သူ့အား ဆန့်ကျင်၍ Hive platform ဟူ၍ လမ်းကြောင်း ပြောင်းသွားခဲ့ကြပါသည်။
အမှန်ဆိုရလျင် Token များအား ငွေကြေးသဖွယ် အရင်းအနှီးပြုလုပ်ကြသော Blockchain နည်းပညာတိုင်း သည် ICO သို့မဟုတ် IEO ဟူသော အစောပိုင်း ရန်ပုံငွေရှာသည့် ကာလအား ဖြတ်သန်းခဲ့ရသည်ချည်း ဖြစ်ပါသည်။ ထို့ အတူ မိမိတို့ Project မှ ထွက်လာသော Token များအား မည်သည့် Exchange တွင် စျေးကွက်ဖွင့်မည် စသည်ဖြင့် ကြေညာ၍ ဆွယ်တရားဟောခဲ့ကြသည်သာဖြစ်ပါသည်။
အချို့ Token များကလည်း Exchanges site များတို့ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော်လည်း Airdrop ဟူသော အစီအစဉ်ဖြင့် မိမိတို့ token လူကြိုက်များစေရန် Social media များတွင် မည်သို့မည်ပုံ လုပ်ဆောင်ပေးပါရန် အသနားခံကြသည်ကို အားလုံးအသိဖြစ်ပါသည်။
Airdrop လိုက်ကြသူတို့ပိုသိပါလိမ့်မည်။ ယခု ကျွန်တော်ပြောလိုသော Hive မှာ ထိုကဲ့သို့သောကာလ တခုမှ ဖြတ်ကျော်ခဲ့ရခြင်း မရှိပါ။ Hive platform သည် Steemit မှ ခွဲထွက်မည်ဟု ကြေညာကတည်းက Hive token အား Exchange site များက support ပေးပါမည့်အကြောင်း ကြေညာခဲ့ကြပါသည်။
ထို့အတူ Steem နောက်မှ ပုံစံတူ ထပ်ထွက်လာသော Hive သည် စျေးကွက်တွင် ဝယ်လိုအား ရောင်းလိုအား အလွန်နည်းသော်လည်း Steem ၏ စျေးထက် အတက်အကျကို ထိန်းထားနိုင်ခြင်း ဖြစ်ပါသည်။ အမှန်ဆိုရလျင် Hive လက်ရှိစျေးကွက်အား ထိန်းထားနိုင်ခြင်းမှာ ယခင် Steemit ၏ လမ်းကြောင်း ဖြစ်သော SMT ကို အကောင်အထည်ဖေါ်ရန် ဆက်လက်လုပ်ဆောင်သောကြောင့် ဖြစ်ပါသည်။
Steemit အနေဖြင့် Justin ၏ လက်အောက်တွင် ယနေ့ အချိန်အထိ တိကျရေရာသော လမ်းညွန်ချက်များထွက်လာခဲ့ခြင်းမရှိသေးပါ။ Steem ၏ စျေးအတက်အကျသည် Justin ၏ စျေးကစားမှုအပေါ်မှုတည်နေပါလိမ့်မည်။ သို့သော် Hive ၏ စျေးအတက်အကျသည် Decentralised blockchain ဟူသော နည်းပညာအပေါ်မူတည်နေပါလိမ့်မည်။
Hive သည် ပညာရှင်များ အပေါ်မူတည်နေသော Platform ဖြစ်၍ အထနှေးပါလိမ့်မည်။ ဆိုလိုသည်မှာ နည်းပညာ လူကြိုက်များမှုအပေါ် မူတည်နေသောကြောင့် Hive token စျေးအဝယ်လိုက်ရန် ကြာကောင်းကြာပါလိမ့်မည်။ Steemit သည် လူတဦးတယောက်၏ ထိန်းချုပ်မှုတွင်ရှိ၍ ကောလဟာလ ထွက်လာလျင် ပို၍ ကျယ်ပြန်လွယ်သောကြောင့် အမြန်စျေးတက်လွယ်ပါလိမ့်မည်။
ကျွန်တော်လည်း Steem စျေးတက်သည်ကိုကြိုက်ပါသည်။ မိတ်ဆွေများအား တခုသတိပေးလိုပါသည်။ Justin အနေဖြင့် သူ Ned ထံမှ ဝယ်ယူထားသော Steem သန်း ၇၀ အား တနည်းနည်းဖြင့် အမြတ်ရအောင်လုပ်ပါလိမ့်မည်။ ထိုသို့ လုပ်ဆောင်ရာတွင် Steemit အား ကြီးကျယ်အောင်လုပ်၍ သူအမြတ်ရယူနိုင်မည်မထင်ပါ။
သူ့အနေဖြင့် Steemit တွင် မည်မျှသိက္ခာကျခဲ့ကြောင်းအားလုံးအသိဖြစ်ပါသည်။ Cryptocurrency စျေးကွက်သည် သတင်းဦးသူနှင့် နည်းပညာ ဦးသူတို့ အသာရကြပါသည်။ ကျွန်တော့မိတ်ဆွေများ အသာရကြစေရန် ဤဆောင်းပါးဖြင့်အသိပေးရခြင်း ဖြစ်ပါသည်။
Henry Aung ( Kachin )

ဟုတ် စတင်းကို နမြောမိတာတော့ အမှန်ပါ။
ကိုဟင်တို့ ပြောပြချက်တွေ ဖတ်ရပြီး Hive ကိုပဲ ယုံကြည်စွာ လက်တွဲသွားတော့မယ်။
ကိုဟင်ပြောလို့ လက်တွဲတယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ပါ။ မိမိကိုယ်တိုင် ကိုယ့်အကြိုက်လေ့လာစေချင်ပါသည်။
ဟုတ်ကဲ့ပါ
Hive စျေးတက်ဖို့ဆိုရင် exchange တွေမှာ listing ဖြစ်ဖို့ အရေးကြီးတယ် အခုက hive ကို လဲလှယ်နိုင်တာ blocktrades တစ်ခုပဲ သုံးရတာရှိတယ် bittrex ကလည်း KYC လိုတော့ လဲမရဘူး။ ကျွန်တော်သိတာတော့ binance က လဲ listing မပေးသေးဘူး ထင်တာပဲ
လောလောဆယ် တော့ Ionomy Exchange site မှာ ဝယ်ရောင်းလုပ်လို့ရတယ်။ တဖြည်းဖြည်းနဲ့တော့ များလာပါလိမ့်မယ်။
ကျေးဇူးပါ
မျှော်လင့်နေပါတယ်ဗျာ..ဘယ်ဟာကပဲ လက်သွက်သွက် လက်ခံပေးနေပါတယ်ဗျာ...
အကောင်းဆုံးဖြစ်လာတယ်လို့တော့ ထင်တာပဲ။
သဗ္ဗေသတ္တာ ကမ္မသကာ သဘောထားလိုက်ပြီ steem ကို
ရသလောက် ထုတ် market ပို့ btc eth bnb trade ထားလိုက်တော့မယ်။ ရတာအမြတ်ပဲ မဟုတ်လားဗျာ။
အကောင်းဆုံး ကတော့ Steem ကနေ အခြား Coin/ token တွေ ပြောင်းထားတာကပိုသေချာတယ်။ တချို့ကတော့ Steem ကြီးပဲ ကိုင်ထားတာ တချိန်ချိန်တော့ Justin ဆွဲတင်လိမ့်မယ်မျှော်လင့်ချက်နဲ့ပေါ့။
သတင်းဦး သတင်းထူးတွေ စုံစမ်းကြပါကွယ်ရို။
စုံစမ်းနေဆဲပါ ဦးထွေးရေ.... တနေ့တနေ့ အဲဒီအကြောင်းတွေပဲရှာဖတ်နေရတာရယ်