မင်္ဂလာပါ။ ကျွန်တော်၏ ဧရာဝတီ အတွေးများအား ဆက်ပါအုံးမည်။ ဧရာဝတီ မြစ်အတွင်း ငါးဖမ်းသည်ဟု ဆိုရာတွင် ပိုက်ချခြင်း ၊ ကွန်ပြစ်ခြင်း ၊ ငါးမျှားကြိုးတန်း ချခြင်း စသည်ဖြင့် ရှိရာ ငါးမိုင်းခွဲခြင်းမှာ အဆိုးဆုံး ဖြစ်ပါသည်။ အကြောင်း မှာ မိုင်းခွဲလိုက်ခြင်းကြောင့် ငါးအကြီးများ သေရသလို ငါးအသေးလေးများ အခြားသော အကောင်ပလောင် များလည်း သေကြေရသည် ဖြစ်၍ ဂေဟစနစ် အလွန် ပျက်စီးစေပါသည်။
ကျွန်တော်သိရသလောက် ကျွန်တော်တို့ ကချင်လူမျိုးများတွင် တံငါသည်မရှိပါ။ အများအားဖြင့် တဖက်ကမ်း မိုင်းနားရွာမှ လာရောင်းသော (ရှမ်းတံငါသည်)ငါးများသာ ဝယ်စားရပါသည်။ ငါးဝယ်စားသည်ဆိုသည်မှာ အခြားသူများအတွက်ဖြစ်ပါသည်။ ကျွန်တော်တို့ အိမ်ကတော့ ငါးဝယ်စားခဲ့သည်ဟူ၍ မရှိခဲ့ပါ။
ဆိုခဲ့သည့် အတိုင်း ထိုအချိန်တုန်းကတော့ ဂေဟစနစ်သော ဘာသော နားလည်သည်မဟုတ်သေး၍ ငါးမိုင်းခွဲလိုက်ကြသည်မှာ တဂျိမ်း ဂျိမ်း နှင့်။ ဤသို့ ငါးမိုင်းခွဲ၍ ရေပေါ်ပေါ်လာသော ငါးများအား လှေဖြင့် လိုက်လံဆယ်ယူနိုင်သော်လည်း ရေအောက်တွင်သေနေသော ငါးများအတွက်တော့ ငုပ်ယူရပါသည်။
ကျွန်တော်တို့ ငါးငုပ်ပုံအား အသေးစိတ်ရေးပြရလျင် လူတိုင်းကိုယ်စီ အားကစားဘောင်းဘီ တထည်ဝတ်ထားကြပါသည်။ ထို့နောက် ဘောင်းဘီ ပေါင်ရင်းတွင် ကျပ်သွားအောင် သာရေကွင်းများဖြင့် စည်းနှောင် လိုက်ပါသည်။ ထို့နောက် ခါးတွင် ရှိသော မျှော့ကြိုးအား တင်းနေအောင် စည်းထာလိုက်လျင် ငါးထည့်၍ ရပါပြီ။
ကျွန်တော်တို့ အနေဖြင့် ရေအောက်တွင် ငါးငုပ်ငါးကောက်ကြရာ မည်သူမျှ ငါးထည့်ရန် အိတ်မယူသွားပါ။ အိတ်ပါနေလျင်လည်း ရေငုပ်ရသည်မှာ မလွယ်ကူပါ။ ထို့ကြောင့် ရေအောက်ထဲ ငုပ်နိုင်သမျှ ကြာအောင်ငုပ် ငါးများအား တကောင်ပြီးတကောင် ဘောင်ဘီထဲ ကောက်ထည့် ၊ ရေပေါ်ပြန်တက် အသက်ဝအောင်ရှူ ပြန်ငုပ် စသည်ဖြင့် ငါးများ ဘောင်းဘီပြည့် လောက်လျင် ကုန်းပေါ်သို့ တက်ပါသည်။
ဤနည်းဖြင့် ရေထဲမှငါးများအား ကောက်ယူကြခြင်း ဖြစ်ပါသည်။ ငါးငုပ်ကြသည် ဆိုရာ၌ တခါတရံ ရေအနက်မှာ လူတရပ် နှစ်ရပ်ခန့် သာရှိသော်လည်း တခါတရံ ပေ၂၀ , ၃၀ အနက်ခန့်အထိ ဆင်းငုပ်ကြပါသည်။ တခါတရံ ရေနက်လွန်းသောကြောင့် ရေဖိအားကြောင့် နားများကိုက်လာ၍ တခါတရံ နား နှင့် နားခေါင်းမှ သွေးယိုသည်အထိ ငါးငုပ်ကြပါသည်။ ဤသည်မှာ ကျွန်တော်တို့ ငါးမိုင်းခွဲ၍ ငါးဖမ်းကြသော အကြောင်း တစိတ်တဒေသ အားဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။
ထိုအချိန်က ကျွန်တော့ ပုံစံအား ဖေါ်ပြရလျင် အသက် ၁၀ နှစ် ကျော် ၁၂ နှစ် အရွယ်... ခလေးလည်း မဟုတ် ၊ ကြီးကောင်လည်း မဝင်သေး ၊ လူကြည့်တော့ ပိန်ပိန်ပါး ပါး ၊ ဆံပင်က ကတုံး ဆံတောက် ၊ အသား နက်ကြုတ်ကြုတ် ၊ မြင်ယောင်ကြည့်ပါလေ။ အသားမဲရခြင်း အကြောင်းမှာ ရေငုပ် ၊ နေပူစာလှုံ ၊ သဲပူလှူး အသားမဲသသည်ဆို သည်မှာ နက်၍ လက်လက်ထအောင် ပြောင်နေပါသည်။
ကျွန်တော့ သူငယ်ချင်းများကလည်း ကျွန်တော့ အတိုင်း မဲကြုတ်ကြုတ်များသာ။ ကျွန်တော့ ငယ်ဘဝအား တွေးမိလိုက်လျင် ယခုခေတ်ကလေးများကဲ့သို့ နေ့ကျူရှင် ည ကျူရှင် ဟူ၍ မရှိခဲ့ရကာ နွေရာသီကျောင်း ပိတ်ရက် များတွင် လွပ်လပ်စွာ သဘာဝနှင့် ထိတွေ့ခွင့်ရခဲ့ပါသည်။
ကျွန်တော် မည်မျှလောက် ဧရာဝတီ မြစ်နှင့် ရင်း နှီးခဲ့သနည်း ဆိုသော် ညနေခင်း ဘက် မိုင်းခွဲပြီး ငါးငုပ်သွားရာ အခြားသူများက ပြန်သွားကြပါသည်။ ကျွန်တော်တယောက်တည်း မပြန်ပါ။ ည ရှစ်နာရီ ကိုးနာရီ ခန့် အထိ မှောင်ကြီးမဲ မဲ ထဲ တယောက်တည်း ငါးငုပ်နေလေ့ရှိပါသည်။ အပြင်တွင် မှောင်သည်ဟုဆိုသော်လည်း ကြယ်ရောင် လရောင်ရှိသေး၍ ဝိုးတဝါးမျှ မြင်ရပါသေးသည်။
ရေထဲ ရေအောက်ကြမ်း ပြင်တွင် မဲမှောင်၍ ဘားမှ မမြင်ရပါ။ သို့သော် ထို မမြင်ရသော ရေအောက်ကြမ်းပြင်အား လက်ဖြင့် မှန်းစ စမ်းတဝါးဝါးဖြင့် ငါးငုပ်ခြင်း ဖြစ်ပါသည်။ မြင်ယောင်ကြည့်ပါ။ ဧရာဝတီမြစ် မှောင်ကြီး မဲမဲ တွင် တယောက်တည်း ရေငုပ်ရသည်မှာ အခုပြန်တွေးလိုက်လျင် ကျောချမ်း မိပါသည်။
သို့သော် ထိုအချိန်တုန်းကတော့ ကြောက်စိတ်လုံးဝမရှိခဲ့ပါ။ ဧရာဝတီ မြစ်တလျှောက် မိမိနှင့် ရင်းနှီးသော နေရာ များတွင် ဘယ်နေရာ ကျောက်ဖျာရှိသည် ၊ ဘယ်နေရာ သစ်တုံးရှိသည် ၊ ဘယ်နေရာ ရေမှော်ပင်များ ပေါက်သည် ၊ ဘယ်နေရာတော့ဖြင့် သဲများရှိသည် စသည်ဖြင့် သိနှင့်ပြီး ဖြစ်သောကြောင့် ကြောက်စိတ်အလျင် မရှိခဲ့ပါ။ သို့သော်လည်း မြစ်ရေဤ မျှလောက် စိမ်ရပါမည်လောဟူ၍ ခဏခဏ တော့ အရိုက်ခံရပါသည်။
ငါးမိုင်းခွဲခြင်း အကြောင်း ဆက်ပါအုံးမည်။ ကျွန်တော်တို့ နေ့စဉ် ရက်ဆက် ငါးမိုင်းခွဲ၍ ငါးများ မိုင်းလန့်သွားလျင် ၊ ငါးများမလာကြတော့လျင် နောက်တနည်းဖြင့် ငါးမိုင်းခွဲပါသည်။ နီးစပ်ရာ ဧရာဝတီ မြစ်ကမ်းပါးမှ အကိုင်းအခက်အလက် အရွက်ကောင်းသော သစ်ပင်ကြီး တပင်အား ခုတ်၍ ရေလယ်ခေါင်သို့ လှေဖြင့် ဆွဲသွား၍ ရေထဲတွင်ချထားပါသည်။
ရကျချိန်ဖြစ်၍ မြစ်လယ်မှ မြေနုကျွန်းကြောင့် ဧရာဝတီမြစ်မှာ ကျွန်တော်တို့ဘက် အခြမ်းတွင် ရေသေအိုင်ကဲ့သို့ ဖြစ်နေပါသည်။ ထို့ နောက် တပါတ် ခန့်အကြာတွင် ထိုရေချထားသော သစ်ပင် အတွင်းသို့ မိုင်းခွဲလိုက်လျင် ငါးများ ကောက်မဆုံးတော့ပါ။ အထူးသဖြင့် ငါးခုံးမ ၊ ငါးဖန်းမ အခြားအမျိုးအမည်မသိသော ငါးသေးသေးတောတောများ ။ တနေကုန်ငါးငုပ်။ ဤသည်မှာ မြစ်ရေကျချိန်တွင် ငါးမိုင်းခွဲ၍ ငါးဖမ်းကြသော အကြောင်း ဖြစ်ပါသည်။ နောက် ဆောင်းပါးတွင် မြစ်ရေကြီးချိန် ရေများနောက်ကျိနေသော အချိန်တွင် မည်ကဲ့သို့ ငါးဖမ်းကြသည်ကို ဖေါ်ပြပေးပါမည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
ဟား...ဘောင်းဘီထဲ ထည့်လိုက်တော့ ငါးတွေနဲ့ ဟိုဟာနဲ့.....
အမငီး.... ငုံခဲလိုက်မှ...
ငါးတွေက အသေတွေလေ...
သာစွ အမိဧရာဝတီသည် မြန်မာပြည်သားတို့ အတွက် အဖိုး ထိုက်တန်လွန်းအားကြီး၍ ဧရာဝတီကို ချစ်သူတိုင်းက ဧရာဝတီ တည်တံ့စေရန် ကာကွယ်ထိန်းသိမ်းရပေမည်။
မြစ်ရိုးတစ်လျှောက် နေထိုင်သူများ အတွက် ပိုမို အကျိုးများ၍ ပိုမို ကာကွယိပြုပြင်သင့်ပေသည်။
Posted using Partiko Android
မှန်တာပေါ့။ ဒါပေမယ့် အခုကတော့ ဧရာဝတီမြစ် ပျက်ဆီးသွားပါပြီ။ လောဘတွေကြောင့်။
အို လေးစာပြီးလေ နေ့ခင်းသာ ရေကို မကြောက်တာ ညဆိုရင် ရေကြည့်ပြီးကြောက်တာဗျို့ ည၈နာရီထိ ဧရာဝတီမြစ်ထဲ တစ်ယောက်ထဲ သတ္တိခဲပ
ငါးဖမ်း၊ ငါးငုပ်ရတာကို ဝါသနာပါလို့ပါ။ ရေကြိုက်တာလည်း ပါတာပေါ့။
ငါးတွေ အဲ့လိုကြီး ထည့်တာ ငါး တကောင်ကောင် လောက်ကများ သေချင်ယောင်ဆောင်ပြီး မတော်တဆများ တွယ်ထည့်လိုက်မှ ဖြင့်
😂
ဖြစ်တာပေါ့။ ဆူးတောင်ပါတဲ့ ငါးစင်ရိုင်း တကောင်လောက်ကောက်ထည့်မိရင် ငါးဆက်ငုပ်လို့ မရတော့ဘူး။ ဆိုးချက်။
အိုး
Feel ပဲ
😂😂😂
ငါးကောက်တဲ့နည်းက အသည်းယားစရာကြီးဗျာ
Posted using Partiko Android