ကျွန်တော်တွေး၍ ရေးမိသည် ( Henry Aung )

in #myanmar7 years ago (edited)

STEMMIT-HENRY.jpg

ကျွန်တော့ အနေဖြင့် မပြီးပြတ်သေးသော ဆောင်းပါးဖြစ်သည့် ကျွန်တော်ပြောသောစင်္ကပူ အပိုင်း ဆက်များကို ဆက်ရေးရမည် ဖြစ်သော် လည်း ဘာကြောင့် မှန်း မသိ ကျွန်တော် ဒုက္ခရောက်ခဲ့ သော ၊ တနည်းအားဖြင့် ခက်ခဲ ပင်ပန်းခဲ့ သော ထို သင်္ဘောကျင်း လုပ်သားဘဝများကို ဆက်ရေးရန် လက်တွန့် နေခဲ့ပါသည်။

ထိုသင်္ဘောကျင်း လုပ်သားဘဝနှင့် ပတ်သက်၍ ရေးစရာမှာ အတော်များပါသည်။ ကျွန်တော်တွေ့ဆုံ ကြုံတွေ့ခဲ့ရသော အခက်အခဲသာမက အခြားသူများ၏ အခက်အခဲများကိုလည်း ဖေါ်ပြရလျင် အပိုင်းဆက် အတော်များများ ရေးရမည် ဖြစ်သောကြောင့် လက်တွန့် နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

သို့ သော်ယခု ဆောင်းပါးကိုတော့ ယမန်နေ့က ကျွန်တော်ကြည့် ဖြစ်ခဲ့ သော တရုတ်ဒါရိုက်တာ Feng Xiogang ၏ Aftershock ဟူသော ရုပ်ရှင်ကားကို ကြည့် ပြီးနောက် ဖြစ်ပေါ်လာသော ကျွန်တော့ ခံစားမှုကို ရေးပြလိုရင်းဖြစ်ပါသည်။

ကျွန်တော့ ခံစားမှုသက်သက် သာဖြစ်၍ ရုပ်ရှင် ဇာတ်ကားအား ညွန်းဆိုသော ဆောင်းပါးမဟုတ်ကြောင်းကိုတော့ ကြိုတင် အစီရင်ခံပါသည်။

01.jpg

ဆိုခဲ့သည့် အတိုင်း ထို Aftershock ဟူသော ရုပ်ရှင်မှာ တရုတ်နိုင်ငံ Tangshan မြို့ငယ်လေးတွင် ၁၉၇၆ ခုနှစ် ဂျူလိုင်လ ၂၈ ရက်နေ့ မနက် ၃ နာရီ ၄၂ မိနစ် အချိန်တွင် လှုပ်ခတ်သွားသော ပြင်းအား ၇.၈ မဂ္ဂနီကျူ ရှိသော ငလျင် နှင့် ပါတ်သက်ပြီး ဇာတ်လမ်းဖွင့် ရိုက်ကူးသွားခြင်း ဖြစ်ပါသည်။

ထိုခေတ်ကာလ အချိန်တုန်းကဖြင့် ဆိုလျင် အတော်ပြင်းထန်သော ငလျင်တခု ဟု ဆိုနိုင်ပါသည်။ ရုပ်ရှင် ဇာတ်ကား အကြောင်းမပြောခင် ထို ငလျင်နှင့် ပါတ်သက်ပြီး အနည်း ငယ်ဝေမျှလိုပါသည်။ ဆိုခဲ့သည့် အတိုင်း ထို ငလျင်ကြီးမှာ လူအများ အိပ်မောကျချိန် မနက် ၃ နာရီကျော်တွင် လှုပ်ခတ်ခဲ့ ခြင်း ဖြစ်သဖြင့် လူပေါင်း ၂ သိန်း ၄ သောင်းကျော်၏ အသက်ကို နှုတ်ယူသွားခဲ့ပါသည်။

ငလျင်လှုပ်ခတ်ချိန် ၁၄ စက္ကန့် မှ ၁၆ စက္ကန့် အထိ ကြာမြင့် ခဲ့ခြင်း ထိုခေတ်အခါ မှ အဆောက်အဦးများမှာ ငလျင်ဒါဏ် အတွက် ခံနိုင်ရန် တွက်ချက် ဆောက်လုပ်ထားခြင်း မဟုတ်သဖြင့် ငလျင်လှုပ်ပြီးသည်နှင့် တမြို့လုံး နီးပါး အပျက်အစီး ပုံ အ ဖြစ်သို့ ပြောင်းလည်းသွားပါတော့သည်။

မှတ်တမ်းများအရ ငလျင် မလှုပ်မှီ တပါတ် အလိုခန့် မှ စ၍ ကောင်းကင် နိမိတ် မြေပြင် နမိတ်များ ပြခဲ့ကြောင်းလည်းသိရသည်။ ငလျင်မလှုပ်ခတ် မှီ ၃ ၊ ၄ ရက်အလိုခန့်တွင် ကောင်းကင်တွင် တောက်ပသော အလင်းများ တွေ့ရခြင်း၊ တော်လည်း သံများကြားရခြင်း၊ ကြက်ငှက်များ အစာမစား တော့ပဲ ဟိုသည်ပြေးလွားကာ ပုန်းခိုရန် နေရာရှာမရခြင်း ၊ မြေအောင်း သတ္တဝါ များ မြေပေါ်သို့ ထွက်လာခြင်း ၊ ရေတွင်းများ ရှိရေများ ရုတ်တရက်မြင့်လာခြင်း နိမ့်ဆင်းသွားခြင်း ၊ ရေးတွင်း ရေကန်များမှ ဓါတ်ငွေ့များ စိမ့်ထွက်လာခြင်း စသည်သို့သော နိမိတ်များ ပြသခဲ့ကြောင်း မှတ်တမ်းများတွင် ဖေါ်ပြထားပါသည်။

ထို ငလျင်လှုပ်မည့် နေ့တွင်အလှ မွေးငါးကန် ထဲမှ ငါးများ အပြင်သို့ ခုန်ထွက်ခြင်း မည်သို့ ပင်ပြန်ကောက်ထည့် သော်လည်း အပြင်သို့သာ ခုန်ထွက် ကြကြောင်းလည်း မှတ်တမ်းများတွင်ဖေါ်ပြထားပါသည်။

02.jpg

ရုပ်ရှင်ဒါရိုက်တာမှ လည်း ထို ငါးကလေးများ ငလျင်မလှုပ်မှီ ကန် အတွင်းမှ ခုန်ထွက်ကြပုံကို အမိအရ ရိုက်ကူး ဖေါ်ပြထားပါသည်။ ဤသို့ ငလျင်ကြီး လှုပ်ပြီးနောက် အသက်မသေ၍ ကျန်ခဲ့သူများက အပျက်အစီး များအောက်တွင် ပိတ်မိနေသူများကို ပြန်လည် ကယ်တင်ယူခဲ့ကြပါသည်။

ထိုငလျင်လှုပ်ခတ်ပြီး လူပေါင်း ၂ သိန်း ၄ သောင်း ကျော် သေဆုံး၍ ၁ သိန်း ၆ သောင်း ကျော်မှာ ဒါဏ်ရာ အနာတရ ရခဲ့ကြပါသည်။ အိမ်ထောင်စု ပေါင်း ၇၂၁၈ အိမ်ထောင်မှာ တယောက်မှ မကျန်အောင် သေဆုံးသွားခဲ့ကြကြောင်း မှတ်တမ်းများတွင်ဖေါ်ပြထားပါသည်။ ၉၃ % သော လူနေအဆောက်အဦးများ လုံးဝပျက်စီးသွား၍ ၇၈% သော စက်ရုံများမှာ လည်ပတ်ရန် မဖြစ်နိုင်တော့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပါသည်။

ဤသည်မှာ ထိုငလျင်နှင့် ပါတ်သက်သော မှတ်တမ်းများကို ကျွန်တော် အကျဉ်းချုံး၍ ဖေါ်ပြပေးခြင်း ဖြစ်ပါသည်။ ထိုမှတ်တမ်း အကျယ်ကို အောက်ဖေါ်ပြပါ လင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Tangshan earthquake

03.jpg

ယခု ထိုငလျင်ကို နောက်ခံထား သော မိသားစု အကြောင်း ရုပ်ရှင်ကို အနည်းငယ်ရှင်းပြပါမည်။ ရုပ်ရှင် အညွန်း မဟုတ်၍ အကျဉ်းချုံးသာ ဖေါ်ပြပါမည်။ ဒါရိုက်တာသည် ရုပ်ရှင် အစကို ငလျင်မတိုင်မီ ဖြစ်ပေါ်လာသော သဘာဝနမိတ်ဖြစ်သည့် ပုဈဉ်းကောင်များ ကောင်ရေသိန်းသန်း ချီပြီး မြို့ တွင်းသို့ ပျံသန်းဝင်ရောက်လာသည်နှင့် စဖွင့်ထားပါသည်။

ထို့နောက် ထိုမြို့ တွင်နေထိုင်သော ပျော်စရာ မိသားစု လေးတခု။ သားတယောက်နှင့် သမီး တယောက် ပိုင်ဆိုင်ထား၍ ပျော်ရွှင်ဖွယ်ကောင်းသော ထိုမိသားစုလေးမှာ ကြမ္မာငင် မည်ဖြစ်သော ထိုအဖြစ်အပျက်မျိုးကို ယောင်၍ ပင်တွေးမိပုံမရကြ။ ထိုညလေးတွင်တော့ ကြေကွဲဖွယ် အဖြစ်ဆိုးနှင့် ကြုံရ၍ လင်သားမှာ ငလျင် တွင်သေဆုံးသွားပါသည်။

သားနှင့် သမီး မှာ ပြိုကျသွားသော အိမ်အောက်တွင် ပိတ်မိနေကြပါသည်။ ကွန်ကရစ် ယက်မတန်း ၏ တဖက်တချက် စီတွင် ပိတ်မိနေသော ထိုခလေး နှစ်ယောက်တွင် တယောက်သာ ကယ်ဆယ်နိုင်မည်ဖြစ်သည်။ အဘယ့် ကြောင့် ဆိုသော် ယက်မ တဖက်ကိုမ လိုက်သည်နှင့် အခြားတဖက်မှာ ဖိ မိ ပိ မိ မည် ဖြစ်သည်။

ကူညီ ကယ်ဆယ်ကြသူများမှ မည်သည့် တယောက်ကို ကယ်ယူ ရမည့် အကြောင်း မိခင် အားမေးသောအခါ မိခင်က သားဖြစ်သူကို ရွေးချယ်လိုက်ပါသည်။ ဤ မြင်ကွင်းကို ဒါရိုက်တာမှ အဖက်ဖက်မှ ပြည့် စုံအောင်ရိုက်ပြသွားပါသည်။ လင်သေ၍ ပူဆွေးနေခန်း သားသမီးများ အသက်ရှင် နေသေး၍ ဝမ်းသာသွားပုံ တဖန် အသက်တချောင်းသာရွေးရမည် ဖြစ်၍ မိခင်တယောက်၏ ဝမ်းနည်း ငိုကြွေး ကြေကွဲပုံ တို့မှာ မြင်နေရသူ မျက်ရည် မကျပဲ မနေနိုင်ပါ။

04.jpg

သားဖြစ်သူကို ကယ်ပေးပါမည့် အကြောင်း သမီး ဖြစ်သူ ကြားလိုက်သောအခါ ငယ်ရွယ် သေးသော မိန်ခလေး ၊ ခလေးမလေး၏ ရင်ထဲတွင် မိခင်နှင့် ပါတ်သက်ပြီး ဆူးတချောင်း စိုက်ဝင်သွားပုံ အသံမထွက် နိုင်သော်လည်း တလိမ့် လိမ့် ဆင်းလာသော မျက်ရည်တို့ မှာ ကြည့်ရက်စရာမရှိပါ။ မိခင်မှ သားကို ကယ်ယူ လိုက်သော်လည်း အသက်ရှင်နေသေးသော သားမှာ လက်တဖက်ပါမလာတော့ပါ။

ထို့နောက်ထို လက်ပြတ်နေသော သားကလေး အသက်ရှင်နိုင်ရေးအတွက် ဆေးရုံ ရှိသော အခြားမြို့ သို့ အပြေးအလွှား သွားရပါတော့သည်။ နောက်တနေ့ ထို မြို့ပျက်အတွင်းသို့ ကွန်မြူနစ် ကယ်ဆယ်ရေးတပ်သားများ လာရောက်ကယ်ဆယ်ရှာဖွေ ရှင်းလင်းရေး လုပ်ကြပါသည်။

သေပြီဟုထင်ထားသောထိုခလေးမလေးမှာ ညဘက် မိုးရွာချ၍ ပြန်သတိလည်လာသောအခါ ဖခင်၏ အလောင်းကောင် ဘေးနားတွင် ရောက်ရှိနေပါတော့သည်။ ကွန်မြူနစ်ကယ်ဆယ်ရေး တပ်သားများမှ အလောင်းများကို တန်စီ ချထား၍ ဖြစ်ပါသည်။ မိခင်၏ ငြင်းပယ် ခြင်းကို လည်းခံရ ပြန်လည် နိုးထလာသောအခါ ဖခင်၏ အလောင်းဘေးတွင် ရောက်ရှိနေခြင်းက ထိုခလေးမလေး၏ ဆိုးဝါးသောကြမ္မာကို ဒါရိုက်တာမှ အမှိအရ ရိုက်ပြနိုင်ခဲ့သည်။

05.jpg

ထို့နောက်တော့ ထိုခလေးမလေးအား သားသမီးမရှိသော ကွန်မြူနစ် အရာရှိ ဇနီး မောင်နှံမှ ကောက်ယူ မွေးစားလိုက်တော့သည်။ ထို့နောက်တော့ လက်တဖက်မရှိသော ခလေးအား မိခင်မုဆိုးမ မှကြိုးစားပြီး မွေးမြူခန်း တဖက်မှ လည်း ခလေးမလေး တဖြည်း ဖြည်း ကြီးပြင်လာခြင်းနှင့်အတူ သူ၏ ဝေဒနာ စသည်တို့ကို မရိုးနိုင်အောင် ရိုက်ပြသွားနိုင်ခဲ့သည်။

ဇာတ်လမ်း၏ နောက်ဆုံးခန်းတွင် တရုတ်ပြည် Xingjing ပြည်နယ် တွင် ငလျင်လှုပ်ခတ်၍ အရေးပေါ် အခြေ အနေ ဖြစ်သောအခါ မောင်နှမနှစ်ယောက် စေတနာ့ ဝန်ထမ်း အဖြစ်နှင့် ပြန်တွေ့ကြသည်။ ထို့နောက် မောင် ဖြစ်သူမှ မိမိ နှမကို မွေးရပ်မြေ Tangshan သို့ ပြန်ခေါ်သွား၍ မိခင်နှင့် ပြန်လည် တွေ့ဆုံစေသော အခန်းမှာ ဇာတ်လမ်းတခုလုံး၏ ဇာတ်ရှိန်ကို အမြင့်ဆုံး ရောက်စေပါတော့သည်။

ဆိုခဲ့သည့် အတိုင်း ဤသည်မှာ aftershock ဟူသော ရုပ်ရှင်ကားကြီးအား အကျဉ်းချုံး၍ ဖေါ်ပြထားခြင်းဖြစ်ပါသည်။ ဇာတ်လမ်း အစမှ ဆုံးသည်အထိ တချက်မှ မပျင်းရသလို ညစ်ညမ်း ပြကွက်များလည်း တခုမှ မပါဝင်ပါ။ တစ်ရှူးတစ်ဘူးဆောင်ထားဖို့ တော့လိုပါသည်။ ဤရုပ်ရှင်ဇာတ်ကား ပြီး သွားပြီးနောက် စာတန်းထိုးသော အခါ လက်ရှိ မျက်မောက်ခေတ် Tangshan မြို့ ပုံရိပ်များအပြင် ငလျင်လှုပ်ခတ်၍ သေဆုံးသွားသူများအားအောက်မေ့ သတိရပန်းခြံ ကိုလည်း ရိုက်ပြပါသည်။

06.jpg

ထိုပန်းခြံထဲတွင် ကျောက် တတိုင်းကြီးများထားရှိ၍ ထို တတိုင်းများ ပေါ်တွင် ငလျင်တွင် သေဆုံးသွာကြသူများ၏ နာမည်များကို ရေးထိုးထားကြပါသည်။ ကျန်ရစ်သူ ဆွေမျိုးသားချင်များက လွမ်းသူ ပန်းခွေချ ဆုတောင်းပေးကြပါသည်။ ထိုအချင်းအရာကို တွေ့၍ မိမိ ဤဆောင်းပါးရေးသားရခြင်းဖြစ်ပါသည်။

မိမိတို့ မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခတ်သွား၍ ရန်ကုန် အပါအဝင် ဧရာဝတီ တတိုင်းလုံး အတိဒုက္ခ ရောက်ခဲ့ ကြရသည်ကို အားလုံးအသိဖြစ်ပါသည်။ လူပေါင်းသိန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသလို မိသားစုလိုက် ပျောက်ကွယ်ခဲ့သူများလည်း ရှိကြပါလိမ့်မည်။

သို့သော် ယနေ့အထိ နာဂစ် မုန်တိုင်း ကြောင့် အတိဒုက္ခ ရောက်ခဲ့ ကြသူများ နှင့် သေဆုံးခဲ့ကြသူများအတွက် အောက်မေ့ဖွယ် ပန်းခြံဟူ၍လည်း မကြားဘူးသလို မည်သူမှလည်း ကဗ္မျည်းတိုင်ဆိုက်ထူခြင်း မရှိကြပါ။ အမည်မသိ သေဆုံးသွားကြသူများအတွက် အမည်နာမ ခေါ်၍ အမျှပေးဝေသူမျှမရှိဖြစ်နေလိမ့်မည်ဟုထင်မိပါသည်။

ထို့ အတူ မြန်မာ့ ရုပ်ရှင်ကလည်း ပေါကားများ ရိုက်ထုတ်နေမည့်အစား ဤကဲ့သို့ ကြေကွယ်ဖွယ် နောက်ခံဇာတ်လမ်းရှိသော သမိုင်း ကားများကို အဆင့်မြင့်မြင့် ရိုက်ကူး ထုတ်ဝေလျင် ကမ္ဘာသိ တန်းဝင်ရုပ်ရှင်ကား ဖြစ်လာလိမ့်မည်ဟုလည်းထင်ပါသည်။

07.jpg

ထို့အတူ ကျွန်တော်အပါအဝင် မိမိ တို့ မြန်မာလူမျိုးများသည် အမျိုးချစ်ပါသည်ဟု အာပြဲအောင်အော်နေသော်လည်း ဤကဲ့သို့ သော အောက်မေ့ဖွယ်ရာ အဖြစ်အပျက်တွင် သေဆုံးသွားသူများအတွက် နားခိုရာ သတိရစရာ အောက်မေ့စရာ နေရာလေးတခုမျှ မလုပ်ပေးနိုင်လျင် လူလူချင်းတန် ဖိုးထားကြသလောဟူသော မေးခွန်းလည်း မေးမိပါသည်။ ဤသည်မှာ ကျွန်တော့ အတွေးသာဖြစ်၍ တွေးမိသမျှကိုလည်း ဆောင်းပါးအဖြစ်ဖေါ်ပြလိုက်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ယနေ့အထိ နာဂစ် မုန်တိုင်း ကြောင့် အတိဒုက္ခ ရောက်ခဲ့ ကြသူများ နှင့် သေဆုံးခဲ့ကြသူများအတွက် အောက်မေ့ဖွယ် ပန်းခြံဟူ၍လည်း မကြားဘူးသလို မည်သူမှလည်း ကဗ္မျည်းတိုင်ဆိုက်ထူခြင်း မရှိကြပါ။ good point bro. Thanks

တွေးမိတာလေး ချရေးလိုက်တာပါ။ တကယ်ဆိုရင် ကျွန်တော်တို့ လူမျိုးက ကံကိုပဲ ပုံချ လိုက်ကြသလို သံသရာ မပြတ်သရွေ့ ဒါမျိုးတွေ ကြုံကြရမှာပဲဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ကြတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သူများနိုင်ငံက ရိုက်တဲ့ မြန်မာ ဘုရင်နန်းတော်ကတောင်ခမ်းနားနေပြီး မြန်မာကားထဲမှာ ဘုရင်က ဘယ်လိုကြီးနေမန်းမသိ သူများတွေ့ရင် မြန်မာဘုရင်ဆိုတောသားလောက်ရှိတာထင်ရလောက်အောင် မြန်မာကားတွေ အစွမ်းထက်နေတော့ ဇာတ်ကားကောင်းတွေ ဝေးပါသေးတယ် STEEM တွေနဲ့ ချမ်းသာလာရင် ကိုဟင်တို့နဲ့ တစ်ကားလောက် ရိုက်ပစ်ရအောင် သရုပ်ဆောင် MSC တွေနဲ့ ဇာတ်ညွှန်းကောင်းတွေနဲ့ ။

MSC ပေါကားဖြစ်နေပါအုံးမယ် domelay ရာ

မတူတာတော့ တော်တော့ကို မတူတာပါဆာဟင်ရယ်

ဘယ်လိုမှကို မတူနိုင်တော့တာပါ ကိုစိုး

အဲ့ရုပ်ရှင် ကြည့်ဦးမယ်

ကြည့် ကြည့်ပါ။ အရမ်းကောင်းပါတယ်။

ဇာတ်​ကား​လေကြည့်​အုံး မယ်​ steemit နဲ့လုံး​နေ​တော့နဲ့
ဇာတ်​ကားမကြည့်​ဖြစ်

ကည့် ဖြစ်အောင်ကြည့် ပါဆရာ။ movie link လိုချင်လည်း ရတယ်။ ဒေါင်းပြီးသားယူမယ်ဆိုလည်း ပေးမယ် ။ movie size က blue ray ဖြစ်လို့ 1.3 GB ရှိတယ်။

1500 ဖိုး ကိုယ့် operator တွေ အကြောင်းသိပြီးသား နှစ်ထောင်အထက်တော့ ကုန်မှာ ခွေရမှ ကြည့်တော့မယ်

ရုပ်ရှင်ကဒီလောက်ကောင်းမယ်မထင်ဘူး။
အကိုရေးထားလို့ရုပ်လုံးကြွနေတာလားမသိဘူး။
မြန်မာတွေကတော့သိတဲ့အတိုင်းကောက်ရိုးမီးတွေကများတယ်။ပြီးရင်မေ့သွားကြတာ။

ဇာတ်ကားကိုက တကယ်ကောင်းတာပါ။

ကျွန်တော်တို့မြန်မာတွေ စည်းလုံးညီညွတ်မှုမရှိလို့
အဲ့လို အမှက်တရတွေမလုပ်နိုင်၊မတိုးတက်နိုင်တာ။
သူ့လိုင်းနဲ့သူ ကျွမ်းကျင်သူတွေများပြားလာရင်
တိုးတက်ကောင်းမွန်တဲ့မြန်မာပြည်ဖြစ်လာမယ်ထင်တယ်။
ငလျှင်အတွက်က ရှေ့ပြေးနိမိတ်တွေကိုတော့ မှက်သားထားရမယ်ထင်တယ်အစ်ကို
ရာသီဥတုကပြောလို့မရတော့ဘူး။
ရေမြေရာသီဥတုကို တိရစ္ဆာန် တွေကပိုပြီးသိတာဖြစ်မယ်

တွေးမိတာလေး ချရေးလိုက်တာပါ။ တကယ်ဆိုရင် ကျွန်တော်တို့ လူမျိုးက ကံကိုပဲ ပုံချ လိုက်ကြသလို သံသရာ မပြတ်သရွေ့ ဒါမျိုးတွေ ကြုံကြရမှာပဲဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ကြတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဆောင်းပါးဖတ်​ပြီး ရုပ်​ရှင်​​တောင်​ကြည့်​ချင်​လာပီ

ကြည့် ကြည့်ပါ။ အရမ်းကောင်းပါတယ်။

The movie is very good. That there is a lot of constraints coming from earthquake. in which many people are killed. Earthquakes do not come in time. May be able to find an earthquake . Now we have such tools

That movie is such a nice one, i love it.

အရမ်းကောင်းတယ်ဆရာ

ဆီနဲ့ရေ လိုပါဘဲဗျာ

ဝတ္ထုတစ်ပုဒ်တော့ရပြန်ပြီ၊

နာဂစ်မုန်တိုင်းအပိုဒ်ရောက်တော့
ရင်ထဲမှာခံစားခဲ့ရခြင်းကိုမြင်ယောင်အမှတ်ရမိခဲ့ပါတယ်အကိုကြီး…tvမှာခဏခဏကြည့်ခဲ့ရလို့အကြောင်း
ဆုံတိုင်းအမှတ်ရမိပါတယ်။ပြန်ပြောရရင်မကောင်းလောက်အောင် မြန်မာပြည်ရဲ့သတင်းဆိုးကြီးပါလေ။
အသိတစ်ယောက်မှနာဂစ်မုန်တိုင်းမှာမပါခဲ့သော်လည်းtvကြည့်ပြီးထက်တူထပ်မျှခံစားခဲ့ရတဲ့အကြောင်း
အရာပါအကိုကြီးရယ်…ထိုအချိန်ကထိုဝေဒနာကိုအချိန်တော်ကြာ ညီအနေနဲ့စိတ်ခံစားမှုဖြစ်ခဲ့ဖူးတယ်။
ထိုအကြောင်းအရာကိုကြိုးစားပြီးစိတ်ကဖျောက်ယူခဲ့
ရတယ်လေ။နီးစပ်ရာလူမူရေးအသင်အဖွဲ့တွေမှာတော့တက်နိုင်သလောက်ကူညီပေးနိုင်ခဲ့ပါတယ်အကိုကြီး…´နာဂစ်မုန်တိုင်နဲ့ပတ်သတ်ပြီးအကိုကြီးရဲ့ရင်ဖွင့်ပြောကြားချက်ကို ညီ တစ်ယောက်ကလည်းထောက်ခံမိပါတယ်။လုပ်သင့်လုပ်ထိုက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ (နာဂစ်မုန်တိုင်း၌သေဆုံးသွားခဲ့ကြသောပြည်သူအားလုံးတို့အားလွမ်းသူပန်းခွေချကာ အောင်းမေ့သတိရလွမ်းဆွတ်ကြေကွဲစရာအထိမ်းအမှတ်နေ့ )ဟုဆိုပြီး မြန်မာပြည်တွင် သက်မှတ်ပေးသင့်ကြောင်းထောက်ခံအားပေးရင်း
လေးစားသာထက်လေးစားမိလိုက်တဲ့(သူရ)

ဝမ်းနည်းစရာ ပါ ဆရာ

hello! gonna check out the movies.. thanks!