ကျွန်တော်ပြောချင်သော Myanmar Steemit Community ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် မပြီးပြတ်သေးသော Myanmar Steemit ကျေးရွာသို့ အလည်သွားခြင်း အပိုင်-၄ ကို ရေးသားရမည်ဖြစ်သော်လည်း Steemit မှ project များနှင့် ကျွန်တော့အလုပ်မှ project များဖြင့် မအား မလပ်ဖြစ်နေသောကြောင့်အ တွေးသာရှိသော်လည်း မရေးနိုင်သေးပါ။

လက်ရှိအချိန်တွင် ကျွန်တော်တို့ အနေဖြင့် Steem ဈေး 5$ ခန့်တွင် promotion ကို ပုံမှန်လေးယူနိုင်ကြသော်လည်း ကျွန်တော့ အနေဖြင့် MSC member များအား မှာကြားလိုသည်မှာ မိမိ promotion ယူရမည့် ရက်မဟုတ်သော်လည်း မိမိ blog တွင် စာတိုပေစများ ကဗျာ များကို ရေးတင်စေချင်ပါသည်။ promotion အတွက် စည်းကမ်းသတ်မှတ် ချက်နှင့် ညီရမည် ဖြစ်သော်လည်း အခြားသော အချိန်တွင် လည်း အချိန်ရလျင်ရသလောက် မိမိကိုယ်တိုင်ရိုက်ထားသော ဓါတ်ပုံဖြစ်ဖြစ် ခံစားမိသော အကြောင်း အရာများကို စာတို လေးဖြစ်ဖြစ် Facebook ပေါ်တွင် status တင်တကဲ့ သို့ Steemit ပေါ်တွင်လည်း တင်စေချင်ပါသည်။

ဘာရေးရမှန်းမသိပါဘူးဟူ၍ copy တော့ ကူးမတင် စေချင်ပါ။ cheetah မိပါက promotion အတွက်ပါထိခိုက်လာနိုင်သောကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့် ဤသို့ နေစဉ် စာတိုပေစ များ ဓါတ်ပုံများကို တင်ခိုင်းရသနည်း ဆိုသော် ကံကောင်း ထောက်မ၍ hr1 နှင့် good karma ကဲ့သို့ သော reputation မြှင့် သူများမှ မိမိ post အား လာရောက်၍ vote ပေးလျင် မိမိ reputation အတွက်များစွာ အကျိုးရှိစေပါသည်။

ထို့အပြင် မိမိ တို့ Group အတွင်း ၌လည်း အချင်း ချင်း vote ပေးခြင်းဖြင့် အနည်းဆုံး ပြား ၅၀ ခန့်တော့ ရနိုင်ပါပြီ။ boost လုပ်တတ်သူများအတွက် တော့ ပြောစရာမရှိပါ။ ကျွန်တော် အဘယ့်ကြောင့် ဤကဲ့သို့ ပြောနေရပါသနည်း ဆိုတော် လက်ရှိ MSC သွားနေသည့် ပုံစံမှာ promotion ရက် တွင်သာ post တင်မည် ကျန်သည့် ရက်တွင် နားနားနေနေ အေးဆေး နေမည်ဆိုလျင် နေ့စဉ် အနေဖြင့် promotion ယူ နေသောသူများ၏ post များသာ ရှိသဖြင့် တနည်းအားဖြင့် Myanmar tag မှာ active ဖြစ်မှု နည်းပါးလာရပါသည်။

သို့ သော် Myanmar tag active ဖြစ်စေရန် အတွက် ဟူ၍ copy များကူးတင်ခြင်းကိုတော့ လက်မခံနိုင်ပါ။ စည်းကမ်းအတိုင်း အရေးယူပါမည်။ Myanmar tag active မဖြစ်သော်လည်း ကိစ္စမရှိပါ။ Myanmar tag အတွင်း သို့ cheetah ရောက်လာသည်ကို တော့ မလိုလားပါ။ ကျွန်တော့ အနေဖြင့် MSC အတွင်းသို့ တဖြည်းဖြည်း ချင်း Admin များဖြင့် စီစစ်၍ member အသစ်များအား ထည့်သွင်းလျက်ရှိပါသည်။

သို့သော် promotion ရယူနေကြသော members များအား ယခုထက်ပို၍ အနည်းငယ်အားထုတ်စေချင်ပါသည်။ နေ့စဉ် Myanmar tag အောက်မှ post 20 ကျော်သာ ထွက်နေသည်နှင့် post 60 ကျော် ပုံမှန် ထွက် နေသည် ဆိုခြင်း မှာ လွန်စွာမှ ခြားနားပါသည်။ ကျွန်တော် ဆိုလိုရင်းမှာ နေ့စဉ် မဖြစ်မနေ တင်ရမည်ဟု ဆိုလိုရင်းမဟုတ်ပါ။ သို့သော် ကျွန်တော်တို့ MSC members များ၏ အားထုတ်မှု နည်းလျင် နည်းသလောက် Steemit Platform ပေါ်ရှိ မြန်မာ tag တွင် အကျိုးသက်ရောက်မှုရှိနေပါသည်။ ထို့ကြောင့် ကျွန်တော်တို့ နည်းနည်း အားထုတ်၍ Myanmar tag အား မြှင့်တင်ရန် လိုနေပါသည်။

အခြားမျှဝေချင် သော အကြောင်းအရာတခုမှာ ကျွန်တော့ personal messenger အတွင်းသို့ နေ့စဉ်နှင့် အမျှ သတင်း ပေးပို့ နေသူများရှိပါသည်။ မည်သူမည်ဝါက မည်သို့ မည်ပုံရှိသည် မည်သူကတော့ ဖြင့် အခြားအဖွဲ့မှ လာရောက်သူဖြစ်သည် ၊ Admin များကတော့ ဖြင့် မောက်မာ သည် ၊ group leader များကတော့ ဖြင့် ဘာဖြစ်သည်ဟူ ၍ တိုင်တန်းသူ အများအပြားရှိပါသည်။

ကျွန်တော့အနေဖြင့် ထိုသူများကို ပြန်ကြားလိုသည်မှာ MSC သည် အရေးယူသင့်သည်များကို အရေးယူ၍ သည်းခံ သင့်သည်များကိုသည်းခံကာ လျှောက်လှမ်းလာခဲ့သည်မှာ ယနေ့အချိန်ထိတိုင် ဖြစ်ပါသည်။ MSC သည် အဆိပ်အတောက် စာပေများ ဖြန့်ချီ နေသည့် အဖွဲ့အစည်း မဟုတ်သလို လူငယ်များအား လမ်းမှားသို့ ဆွဲ ခေါ်နေသော အဖွဲ့အစည်း မဟုတ်ပါ။ လူငယ်များအား စာရေးချင်စိတ်ဖြစ်လာအောင် တနည်းအားဖြင့် စာဖတ် ချင်စိတ် ဖြစ်လာစေရန် ၊ အဖွဲ့ အစည်း လုပ်ဆောင်မှုတွင် ဟန်ချက်ညီ ညီ ပါဝင်ဆောင်ရွက်တတ်စေရန် တနည်းအားဖြင့် လူငယ်တို့အား မြင့်တင်ပေးနေသော အဖွဲ့အစည်း ဖြစ်ပါသည်။

ဤသို့လုပ်ဆောင်ရာတွင် MSC Admin များအနေဖြင့် မောက်မာကြသူများဖြစ်နိုင်သော်လည်း Admin များအနေဖြင့် MSC ကို ဖျက်စီးနေကြသူ များမဟုတ်သည်ကိုတော့ ကျွန်တော်ရဲရဲကြီး အာမခံပါသည်။ အဘယ်ကြောင့် ဆိုသော် သည် Admin များဖြင့် လက်တွဲ၍ MSC ကို တွဲခေါ်လာခဲ့သည်မှာ ခရီးတခုတိုင်ခဲ့ပြီ ဖြစ်ပါသည်။ စည်းကမ်းဖေါက်သည့် Admin များကို ထားခဲ့ရသလို မလိုက်ပါနိုင်သည့် Admin များကိုလည်း ချန်ထားခဲ့ရပါသည်။

သည် Admin များ၏ စေတနာကို ကျွန်တော်သာ အသိဆုံး ဖြစ်ပါသည်။ MSC ကို အငတ်ငတ် အပြတ်ပြတ် ဖြင့် စေတနာ အရင်းတည်၍ တည်ဆောက်ခဲ့ကြသူများ ဖြစ်ပါသည်။ ယခု ဒီလို အချိန်ရောက်မှ ကျွန်တော်လည်း တနည်း တလမ်း ဖြင့် Admin များကို ပြန်လည် ထောက်ပံ့လာနိုင်ခြင်း ဖြစ်ပါသည်။ သည် Admin များ စေတနာ မထားခဲ့လျင် MSC ဖြစ်ပေါ်လာရန်ပင် မရှိပါ။

ထို့ကြောင့် ယခုလည်း သည် Admin များဖြင့် ရှေ့ဆက်နေသလို နှောင်လည်း MSC ကို သည်Admin များက သာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းအသိပေးလိုပါသည်။ MSC တွင် promotion လာယူ၍ အချိန်တန် ၍ လုံလောက်သော SP ရလျင် ခြေစုံကန်သွားမည့် သူများ မရှိမဟုတ် ရှိနိုင်ပါသည်။ သို့သော် MSC သည် မိမိ၏ စည်းကမ်းများကို တဝေမသိမ်း လိုက်နာကာ SP ရယူသွားနိုင်သူများအဖို့ ဝမ်းနည်းရန် မရှိသလို ဂုဏ်ယူရန်သာရှိပါသည်။

အဘယ်ကြောင့်ဆိုသော် MSC မှ မြှင့်တင်ပေးနေသူမျာ တနည်းအားဖြင့် အကောင့်များတွင် ယိုးဒယားလူမျိုး တယောက်မှ မပါသလို ဘင်္ဂလား လူမျိုးလည်း တယောက်မှ မပါဝင်ပါ။ MSC ကြောင့် မြန်မာလူငယ်တယောက် လုံလောက်သော SP ရသွားသည်ဆိုလျင် ကျွန်တော်တို့ ရည်မှန်းချက် ပြည့် မြောက် သည်နှင့်တူပါသည်။ ကျွန်တော့ အတွက်ကတော့ ဝမ်းသာရန်သာရှိပါသည် ဟုပြောလိုပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဖြစ်အောင် အချိန်ရသရွေ့ရေးနေပါတယ်အကိုဟင်နရီရှင့် ။
Bပြည့်ကိုလဲ နဲနဲဆုံးမပေးပါအုံးရှင် ။ သူအိမ်ကို မကူတော့ ကျမအချိန်တွေဖဲ့ပေးရပါတယ်ရှင် ။ Thank for your support .

အေးအေး ဆုံးမလိုက်မယ် ညီမလေးရေ..

ဒါအကုန်ဘဲလား ညှောင့်ချက်က လက်လန်တယ်တော့ ဟွင့်

အကြီးကို အဲလို မပြောရဘူး။

B ပြည့် ရေ ...
ကူဦးတဲ့ ဟ...
😊

ကျွန်​​တော်​တို့အတွက်​ ​စေတနာထားသည်​ကို သိရ၍​ကျေဇူးတင်​မိပါသည်​ စာ​ပေများကိုသိပ်​မ​ရေးတတ်​​သော်​လဲ ကျွန်​​တော်​တတ်​စွမ်းသမျှ တင်​​နေပါမည်​ အစ်​ကို​ရေ

ဟုတ်ကဲ့ ကြိုးစားရေးပါ။ အောင်မြင်လာပါလိမ့်မယ်။

အမှန့်တကာ အမှန်ထဲက အမှန်ဆုးံပါ။ so ရစေတော့ ဟူသော စေတနာသက်သက်နဲ့ sp အားကောင်းအခြေအနေတခုရောက်ရင် ခြေစုံကန်မှာကို သိလျက်နဲ့တောင် သန့်သန့်ရှင်းရှင်း ကူညီပေးနေခြင်းကို တိုက်ခိုက်သူ အနာလိုသူတွေလည်း ရှိနေလေအံ့။
We will always stand with MSC.

အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်။ MSC နဲ့ အတူ လျှောက်လှမ်းနိုင်သူတို့ ရကြပါလိမ့်မယ်။

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ အချိန်တန်လို့ အတောင်စုံရင်တောင် မိဘရင်ခွင်ကိုတောင် ချေစုံကန်ခဲ့ကြသေးတာပဲ mscက proပေးနိုင်တဲ့အချိန်ထိတော့ 100မှာ 99ယောက်က မှိန်းပြီးယူကြမှာ mscကproမပေးနိုင်တော့တဲ့တစ်နေ့ ဖုတ်ဖက်သဆိုလို ဖုန်ခါပြီးထွက်သွားကြမယ့်လူတွေရှိသလို သူတို့အကောင့်တွေ အင်အားပြည့်သွားရင်လည်း mscကို အချိန်တန် နပိန်ကန်သွားကြမယ့်လူတွေလည်းရှိပါတယ် အခုလိုလေး တင်ပြလိုက်တော့လည်းကောင်းပါတယ် အစ်ကို့စေတနာကို အပြည့်အဝ နားလည်ပြီးသားပါခင်ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်။

ညီမ​တော့ ​pro မရှိတဲ့​နေ့​တွေမှာ ကဗျာ​လေး​တွေတင်​ဖြစ်​ပါတယ်​ အစ်​ကိုဟင်​၊ steemit မသုံးရ မ​နေနိုင်​ဘူးဖြစ်​​နေလို့ 😁

ဟုတ်ကဲ့ အဲဒီလို တင်ရင်း တင်ရင်းနဲ့ Steemit blog ကို တရက်မဖွင့်ရရင် နေမထိထိုင်မသာ ဖြစ်လာပါလိမ့်မယ်။ Steemit Platform က စွဲလမ်းစေတတ်တဲ့ သဘောတော့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကြုံနေရလို့ပါ။ Steemit Platform ကို မကြည့်ရမနေနိုင်ဖြစ်နေပြီ။

အကိုကြီးအဖအရာဆိုသလိုကျွန်တော့်တို့အတွက်တကယ့်အကိုကြီးပီသပါပေတယ် အကိုအကြံပေးသလိုတစ်နေ့ကိုတစ်ခုလောက်မဖြစ်ဖြစ်အောင်တင်ဖို့ကြိုးစားပီအကိုရေ
ဒါနဲ့ steem coin ကို binance မှာထည့်တော့မယ်ဆိုတော့ရွှေရောင်အနာဂါတ်များလင်းလက်လာပါပီအကိုရေ

ညီလေးသာအေးက Binance မှာလည်း ကစားနေတယ်ပေါ့။

မကစားဘူးအကို ကျွန်တော်အကောင့်ဘဲလုပ်ထားတာ bittrex နဲ့ Kucoin ဘဲသုံးတာ Trade ပညာရပ်ကိုစိတ်ဝင်စားလို့အာုရင်လေ့လာပါတယ် ဒါပေမယ့် ကျနော်က
ရေရှည်အတွက်ဘဲစုတာများတယ် နေ့စဉ် Trade မလုပ်ဘူးအကို အခုလည်း Steem Sbd Tel Dent Xrp EOs အကုန်ရသလောက်စုထားတယ်အကို

ကဗျာ​လေးများ​ရေး၍​နေ့တိုင်းနီးပါးတင်​ဖြစ်​ပါတယ်
။SPလည်းတစ်​​နေ့ကိုအနည်းဆုံး1SBDဖိုးpower upပါတယ်​။ကျွန်​မ၏ရည်​ရွယ်​ချက်​မှာလည်း SPများများမြှင်​ပြီးsteemitမှာကျွန်​မလိုစာ​ရေးဝါသနာပါ​သောမြန်​မာလူမျိုးများအားကူညီရန်​ဖြစ်​ပါသည်​။

အများကြီး ကျေးဇူးတင်ပါတယ်။

myanmar tag အထက်တက်ဖို့ ကြိုးစားရပြန်ဦးမည်

မြန်မာ tag အထက်ကို ရောက်ဖို့ အများကြီး ကြိုးစားစရာမလိုပါဘူး။ လက်ရှိ members 100 ဝန်ကျင်မယ် ၆၀ လောက်နေ့စဉ် active ဖြစ်ရင် ရပါတယ်။

ဘေးစကားနားဝင်ရန်မရှိပါ ကိုယ့်လမ်းကိုယ်မှန်ကန်စွာလျှောက်လမ်းဖို့သာလိုပါတယ် myanmar tag နိမ့်ကျသွားခြင်းအတွက် ပြန်လည်ကြိုးစားယူဖို့ရန် အကိုဟင်ရဲ့ လမ်းပြမှုနဲ့ အစွမ်းကုန် ဆက်လက်ကြိုးစားသွားပါမယ်

အများကြီး ကျေးဇူးတင်ပါတယ်။

ကျွန်တော်က ဖေ့ဘုတ်လို့ဘဲတင်ပါတော့မယ်ဆရာရေ ဒါနဲ့ ကျွန်တော့ SL ဖြစ်သူ @kyi ရဲ့ အကြောင်းကိုတော့ နောက်များ အားမှဘဲ အတင်းလာတုတ်ပါရစေခင်ဗျာ :-) :-) :P :P

ဟုတ်ကဲ့ @kyi အကြောင်းလေးများ ကြားပါရစေလားဗျာ။ သတင်းတွေမွေးနေလို့ ။

ဘာပဲဖြစ်ဖြစ် ခရီးတစ်ခုတော့ရောက်လာခဲ့ပါပြီ ၊နေ့စဉ်တင်နိုင်ဖို့ ကျိုးစားနေပါသည်

အကောင်းဆုံးပါ။

ကျေးဇူးတင်ပါတယ်အကို အကိုနဲ့ admin များရဲ့ကေျးဇူးကြောင့် ကျွန်တော့်အနေနဲ့ခုအခြေအနေကိုရောက်လာခဲ့တာပါ။ ဆက်လက်လဲကြိုးစားသွားပါအုံးမည်။ နေ့စဉ် pro တင်သူများကို နေ့စဉ် vote ပေးနိုင်သည့်အခြေအနေရောက်အောင်ကြိုးစားသွားပါမယ်။ အဲ့ဒီအချိန်ရောက်ရင် အကို့ရဲ့ နောက်ထပ် မြန်မာလူငယ်တွေအတွက် လုပ်ထားတဲ့project တွေကို ရင်ခုန်စွာစောင့်မျှော်နေပါ့မယ်။

အများကြီး ကျေးဇူးတင်ပါတယ်။

သူများတွေ ဗဟုသုတ မပြည့်စုံတော့ ကျွန်တော် ကဗျာလေးတွေ နဲ့ ပဲ daily လေးကို တင်နေပါတယ် ကဗျာ လေးကနေ တဆင့်ချင်း ဖြေးဖြေးချင်း လိုချင်တဲ့ ပုံစံကို ပြင်ယူရအောင်ကြိုးစားနေပါတယ်။ MSC adminတွေ SL တွေ အပေါ် ယုံကြည်တဲ့ အကိုစေတနာကို လေးစားပါတယ်

ဒီလိုပဲ မလျှော့တဲ့ဇွဲနဲ့ ကြိုးစားရမှာပဲညီလေးရေ ။ ဆက်ပြီး သာ ကြိုးစားပါ။

myanmar tag ကို အထက်​တက်​ဖို့ mscနဲ့အတူကြိုးစား သွားပါမယ်​ခင်​​ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်။

တရက်တစ်ခုလောက် တင်နိုင်အောင်ကြိုးစားပါ့မယ်....အများကြီးမဟုတ်တောင်ပေါ့ fbမှာတင်သလို

အကောင်းဆုံးပါ။

HR1 က SP များတာမို့လားဗျ

Hr1 က မြန်မာ တွေကို တခါတခါ လာvote ပေးတတ်ပါတယ်။ သူလာvote ရင် 1 $ လောက်တော့ရပါတယ်။

ဟုတ်ကဲ့ပါအကို၊ကြိုးစားပါ့မယ်

ဟုတ်ကဲ့ ကြိုးစားရေးပါ။ အောင်မြင်လာပါလိမ့်မယ်။

myanmar tag လေးအပေါ်ပြန်ရောက်လာအောင် steemit ပေါ်က မြန်မာတွေအာလုံးဝိုင်းဝန်းကြိုးစားကြပါမယ် အကိုဟင်

အများကြီး ကျေးဇူးတင်ပါတယ်။

တစ်ဦးချင်းဆီက အားထုတ်မှူတွေလိုလာပီ

အမှန်ပါပဲ... တဦးချင်း အားထုတ်မှုလိုလာပါပြီ။

ဘယ်အရာတွေဘယ်လိုဘဲပြောင်းလဲပါစေ
MSC သည်ကျွန်တော်တို့ရဲ့ဇာတိမြေပါဘဲ
နေ့စဉ်ပိုစ့်တင်တဲ့အခါ ဘုတ်တင် ပါဝါတက်တာမြန်တယ်ဆိုတာသတိထားမိပါတယ်ခင်ဗျ

မှန်ပါတယ်.... reputation ကိုလည်း အများကြီး အထောက်အကူပြုပါတယ်။

မှန်ပါတယ် အကိုရေ အခုဆို Myanmar tag ဟာ သူများအောက် အတော်ကိုကျနေပါပီ ဒါဟာဘာပြောလဲဆိုတော့ ကျနော်တို့ မြန်မာရေးသးသူများ ပိုစ် အထွက်နည်းခြင်း တနည်းအားဖြင့် active မဖြစ်ခြင်းကို ပေါ်လွင်နေပါတယ်။ အကိုဟင်တင်ပြထားသလို အချိန်ရတိုင်း ဗဟုသုတ၊ ရသ တစ်ခုခုပေးစွမ်းသော စာတိုပေစလေးများ ရေးကြရန်လိုအပ်နေပါတယ်။ ဒါမှသာ မြန်မာတက် က ပြန်လည် active ဖြစ်လာပါမယ်။ msc အဖွဲ့သားများ pro တစ်ခုကို သာ အားထုတ်နေလျင် သူများနောက် ကျနေအုန်းမည် ။

Myanmar tag ကို ပြန်ဆွဲတင်တာက အခက်အခဲမရှိပါဘူး။ အချိန်အတိုင်းအတာ တခုရောက်ရင် ပြန်တက်လာပါလိမ့်မယ်။ အဓိက ကတော့ MSC members တွေ active ဖြစ်နေဖို့ သာလိုတာပါ။

တစ်ဦးတစ်ယောက်တည်းဖြင့်မဖြစ်နိုင်ကြောင်းသိသော်လည်းသွားနိုင်သလောက်တော့သွားနေပါသည်

အများကြီး ကျေးဇူးတင်ပါတယ်။ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါတယ်။

ဟုတ်​ တစ်​ရက်​တစ်​ခု​လောက်​​တော့တင်​နိုင်​​အောင်​ကြိုးစားပါ့မယ်​​ဗျအများကြီးမ​ရေးနိုင်​​တောင်​က​ဗျာဖြစ်​ဖြစ်​ပုံဖြစ်​စာတို​လေး​တွေတင်​နိုင်​​အောင်​ကြိုးစားပါအုန်းမယ်​​ဗျ

အကောင်းဆုံးပါ။

ဟုတ် တစ်ရက်ကို တစ်ခုတင်ပါတယ်ခင်ဗျ ကဗျာတိုလေးတွေ photo လေးတွေ နှင့် ဝထ္တုတိုလေးတွေ တတ်နိုင်သလောက် တင်နေပါတယ် အကို

အကောင်းဆုံးပါ။

MSC၏စေတနာကြောင့် ကျွန်တော်တို့ Spစုနိုင်ပါသည်။အကိုဟင်နရီနှင့် MSC Adminများကို ကျေးဇူးတင်ပါတယ်ဗျ။

အခုလို နားလည်ပေးတဲ့ အတွက် ကျွန်တော်တို့ကလည်း အများကြီး ကျေးဇူးတင်ပါတယ်။

စေတနာဆိုတာရောင်ပြန်ဟပ်ပါတယ် Bro ရဲ့ စေတနာတွေ ခံစားမိပါတယ်ဗျာ

ကျေးဇူးတင်ပါတယ်။

တစ်နေ့ တစ်ပုဒ် ရေးနိုင်အောင် ကြိုးစားနေပါတယ် အစ်ကိုဟင် ကိုယ့်စာကနေ တစ်ခုခုရစေချင်တာကြောင့် အချက်အလက်စုရင်း ကြာသွားတာလည်း ရှိပါတယ် ကြားအချိန်မှာ ဟိုက္ကုကဗျာတွေ စပ်မယ်လို့တော့ စဉ်းစားထားပါတယ်

မှန်ပါတယ် ဆရာစော ရေ... quantity ထက် quality ကလည်းအရေးကြီးပါတယ်။

ဆရာ့ဆရာတွေအကြားမှာ ဆရာအဖြစ် မခံယူဝံ့ပါ အစ်ကိုဟင် အားလုံးကိုလည်း ကိုစောလို့ပဲ ခေါ်ဖို့ တောင်းဆိုထားပါတယ် ခင်ဗျ

အမှန်တော့ ကိုစောရဲ့ ဆောင်းပါးတွေဟာ တကယ်ကောင်းတဲ့ ဆောင်းပါတွေပါ။ အရေးအသားတွေက အစ ကောင်းပါတယ်။

အခုလိုချီကျူးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ ဆက်လက်ပြီး ဒီထက်ကောင်းမွန်အောင် အမြဲလေ့လာရေးသားနေပါ့မယ်

စိတ်ထားအရမ်း မွန်မြတ်ပါပေတယ်ဗျား
ဆက်လက်ပြီး ပူးပေါင်းကြိုးစားသွားပါ့မယ်

အများကြီး ကျေးဇူးတင်ပါတယ်။

ရ​ည်​ရွယ်​ချက်​ကြီး ​စေတနာကြီး အနွံနာခံသူကြီး​ရေ

ကြိုးစားနေတုန်ပါ အစ်ကိုကြီးရေ..

ကျတော်တို့
မျှော်မှန်းတဲ့နေ့လေး တနေ့တော့ ရောက်လာမှာပါ ဗျာ။
အို ... ရောက်ကို ရောက်ရမယ်ဗျာ။

ရောက်ကို ရောက်ရမှာပေါ့ဗျာ။ အကုန်လုံး မဟုတ်ရင်တောင် လိုက်ပါလို သူတွေကိုတော့ ရည်မှန်းချက်ရောက်အောင် ခေါ်သွားရမှာပေါ့။

daily post တင်နိုင်အောင်ကြိုးစားပါ့မယ် ရှင့် ။ ကိုယ့်အိပ်ထဲကကိုယ်စိုက်ပြီး MSC ကိုတည်ထောင်ခဲ့တဲ့ ဆရာ နှင့် Admin အားလုံးကို လေးစားဂုဏ်ယူပါတယ်ရှင်။

အများကြီး ကျေးဇူးတင်ပါတယ်။

MSC အတွက် လူကောင်းများပေါ်ထွက်လာစေရန်အတွက် လူကောင်း မှ လူတော်သို့ အားလုံးဝိုင်းဝန်းဆောင်ရွက်စို့ ဟူသောဆောင်ပုဒ်ဖြင့် MSC ထောက်တိုင်များထွက်ပေါ်လာရန် ဆရာသင်တန်းပေးနေခြင်းဖြစ်ပါတယ်ဗျာ၊ MSC သည်ဆရာ့ဘဝပါ။

ကောင်းပါတယ် ဆရာ, ဆရာ့ လို MSC အပေါ် အနစ်နာခံနိုင်သူ နောက်တယောက်မရှိနိုင်ပါဘူး။ လေးစားလျက်ပါ။

MSCရဲ့စည်းကမ်းများကိုလဲနှစ်​သက်​မိ၍စည်းကမ်းနဲ့အညီMSCနဲ့​ရှေ့်ဆက်​သွားမှာပါအကိုခင်​ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်။

Msc ​ကြောင့်​သာ ကျွန်​​တော်​တို့ sp စုနိုင်​ကြတာပါ ​ကျေးဇူးအထူးတင်​ပါတယ်​ admin ​တွေအကုန်​လုံးကို

အများကြီး ကျေးဇူးတင်ပါတယ်။

SPမြင့်မားရေးအတွက် Daily blog တင်နေပါတယ်။ Promotion
ရက်တွင် ပို၍ကောင်းမည်ထင်ရသော စာများကို ရှည်ရှည်ရေးတင်ပြီး
ကျန်ရက်များတွင် မိမိ ကျောင်းသားဘဝက ခံစားရေးသားခဲ့သော
ကဗျာလိုစာတိုလေးများနှင့် မိမိ facebook မှ အတွေးအမြင်စာစုများ
ကို တလှည့်စီ တင်ဆက်သွားပါမည်။ မြန်မာနိုင်ငံဂုဏ်ကိုတော့ မိမိကြောင့်
အပျက်မခံပါ။ MSC ဦးဆောင်သူများကို လေးစားလျက် @billionairehein

ဟုတ်ကဲ့ အဲဒီလို တင်ရင်း တင်ရင်းနဲ့ Steemit blog ကို တရက်မဖွင့်ရရင် နေမထိထိုင်မသာ ဖြစ်လာပါလိမ့်မယ်။ Steemit Platform က စွဲလမ်းစေတတ်တဲ့ သဘောတော့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကြုံနေရလို့ပါ။ Steemit Platform ကို မကြည့်ရမနေနိုင်ဖြစ်နေပြီ။

စာတိုလေးတွေနဲ့ နေ့တိုင်းတင်ဖြစ်အောင်
ကြိုးစားနေပါတယ်ဆရာဟင်

ဟုတ်ကဲ့ ကြိုးစားရေးပါ။ အောင်မြင်လာပါလိမ့်မယ်။

Pro Post မဟုတ်လဲ ဘုတ်ပေးတယ်မလား Bro
😁😁

Pro post မဟုတ်လည်း vote ပေးကြပါတယ်။

ဟုတ်​ မြန်​မာ ​တွေ ​ကောင်းကျိုးတစ်​ခုတည်းသာ ​ရှေ့ရှူပြီး အနွံတာ ခံ​ပေးတဲ့ ကိုဟင်​ကို အထူး​လေးစားမိပါတယ်​ MSC admin များအားလုံးကို အထူး​ကျေးဇူးတင်​ပါတယ်​....
MSC နှင့်​အတူတူ ထာဝရ လက်​တွဲ သွားမယ်​ဗျာ

အများကြီး ကျေးဇူးတင်ပါတယ်။

My phone is not good well bro..
And I 'm not only to try hardly to comment ..but also to post
So forgive me bro ,I didn't do some comments as I want whenever you posted...😓😓

It is ok bro... i understand about that...

ဟုတ်ပါတယ် အစ်ကို ကျွန်တော်ကတော့ တနေ့တခု ပုံမှန်တင်နေပါပြီ gp မှာတော့ vote မတောင်းရက်ဘူး pro နေ့ကပေးထားတာ vp တွေကထိုးကျနေတော့ အားနာလို့ ကိုယ့်ဘာသာကိုယ် boost လေးလုပ်ပြီ တနေ့တခု ပုံမှန်တင်ဖြစ်ပါတယ် အစ်ကို admin များရဲ့ စေတနာကိုလည်း အပြည့်အဝ နားလည်လို့ msc နဲ့ စလက်တွဲခဲ့တာ ယနေ့တိုင်ထိပါဘဲ နောက်လည်း msc နဲ့အစဉ်လက်တွဲသွားအုံးမှာပါ ကျေးဇူပါ အစ်ကို

ဒီလိုပဲ မလျှော့တဲ့ဇွဲနဲ့ ကြိုးစားရမှာပဲညီလေးရေ ။ ဆက်ပြီး သာ ကြိုးစားပါ။

ဟုတ်ကဲ့ပါ အစ်ကို

အကိုHenry နှင့်​ Admin တို့ရဲ့​စေတနာ​ကြောင့်​ ကျွန်​​တော်​တို့အားလုံး အခက်​ခဲ နည်းပါးစွာနဲ့ ​လျှောက်​လှမ်းနိုင်​တာပါ။
နေစဉ်​ နီးပါ post ​လေး​တွေ တင်​ဖြစ်​ပါတယ်​။
မင်္ဂလာရှိ​သော ​နေက​လေးဖြစ်​ပါ​စေ။(ဖြိုးဇော်ဦး)

အများကြီး ကျေးဇူးတင်ပါတယ်။

မှတ်မိပါသေးတယ်ဆရာရယ် ။ ဘဲဥမကွဲတဲ့ ကျနော် တို့ဘဝ လေးတွေကို စေတနာအရင်းခံ နဲ့ လက်တွဲခေါ်ဆောင်လာတဲ့ ဆရာနဲ့ admin များကို အမြဲလေးစားလျက်ပါဗျ။ ကျနော် ရေးသားခဲ့တဲ့ ဆောင်းပါးလေးတွေ ကဗျာမမှီ စာမဖွဲ့လောက်သော်လည်း ညီလေးရေ အားမငယ်နဲ့ ကြိုးစားပြီးသာ ရေးလို့အားပေးတတ်တဲ့ ဆရာ ။ ဆရာမှတ်မိမယ်ထင်ပါတယ်ဗျ သနပ်ခါး မျိုးစေ့ မှစပြီး သနပ်ခါးခြံ တစ်ခြံဖြစ်သွားတဲ့အထိ pro နဲ့ ဆရာ့ရဲ့ V n C တွေက ကျနော့်ကို SP တွေများစွာစုဆောင်းနိုင်ခဲ့တယ်ဆိုတာ။ ဆရာနဲ့ Admin တွေရဲ့ အရိပ်က ဖြူစင်တဲ့ ကိုယ်တိုင်ရေး ဆောင်းပါး ရှင်လေးတွေ ရဲ့ အနာဂတ်ပါ ။ ဆရာနဲ့ Admin တွေရဲ့ အရိပ်က အေးမြသလို ဖြူစင်တယ် ကျနော်အပါဝင် ဆောင်းပါးရှင် တို့ရဲ့ post လးတွေကလည်း ဖြူစင်နေဖို့လိုအပ်ပါတယ်။ Daily post ကို လက်တလောမှာ သင်တန်း တစ်ဖက် အလုပ်တစ်ဖက် ဖြစ်လို့ စိတ်ကရေးလိုပါသော်လည်း အချိန်က မလုံလောက်လို့ pro day လေးမှာဘဲ ကျနော် တတ်နိုင်တဲ့ ဘက်မှ ကြိုးစားပြီး Korea ဘာသာစကား ပညာဒါနလေးပြုရင်းနဲ့ MSC မေတ္တာဖေါင်တော်ကြီးမှာ စီးနင်းလိုက်ပါလျက်ပါ ဆရာ။ MSC အဓွန့်ရှည်တည်တန့်ခိုင်မြဲပါစေခင်ဗျ။

မှတ်မိတာပေါ့ညီလေးရာ။ Steemit ပေါ်ဆောင်းပါးတွေ ရေးတင်နေရင်းနဲ့ သမီးကလေး တယောက်ရရော။ အခုထိ တွေးမိတိုင်း ပြုံးဖြစ်တယ်။ ညီလေးဆက်ကြိုးစားပါ။ အောင်မြင်ပါစေ။

ကျန်တော်တစ်ရက်တစိပိုစ့်တင်နိုင်ဖို့ရန်ကြိုးစားပါဦမယ် ဘဒိုဟင်

ဟုတ်ကဲ့ ကြိုးစားရေးပါ။ အောင်မြင်လာပါလိမ့်မယ်။

MSC နဲ့လက်​​တွဲဖြုတ်​ခဲ့ရ​ပေမယ့်​ MSC ကိုခုထိ ချစ်​​နေဆဲပါအကိုဟင်​။

aaGoob

စေတနာဆိုတာရောင်ပြန်ဟပ်ပါတယ် MSC ရဲ့ စေတနာတွေ ခံစားမိပါတယ်ဗျာ

Thanks you goldcoin

I do not understand your language. you certainly depict a useful content to read. thanks, can you visit my friend's blog

Thanks for best information! Tag name

Thanks you my friend

thanks, your post! have a nice day.