Myanmar Steemit Community လျှောက်နေသောလမ်း ( Henry Aung )

in #myanmar7 years ago

henry.jpg

မင်္ဂလာပါ။ လွန်ခဲ့ သောရက် အနည်း ငယ် ခန့်က MSC register list ကို ပြန်လည်း review လုပ်ရင်း MSC လျှောက်လှမ်း လာခဲ့သော လမ်းကြောင်းကို ပြန်လည်တွေးတောနေမိခဲ့ပါသည်။ MSC သည် promotion ပေးပါပြီ ဆိုကတည်း က MSC အတွင်းသို့ ဝင်လာကြသော member အရေးအတွက်မှာ မနည်းမနောပါ။

ကျွန်တော် Register list အားပြန်ကြည့် ၍ active မဖြစ်တော့သော အကောင့် များအား ပြန်စစ်ကြည့် သော အခါ အချို့က Power down ၍ ရှိသမျှ ထုတ်ယူ ထားပြီး သွားပြီ ဖြစ်သလို အချို့ကလည်း SP များ ရှိကြပါသေးသည်။ အကောင့် password ပျောက်သွား၍ အကောင့်ကို ပြစ်ထားလိုက်ကြသည်ဟုထင်ပါသည်။

ကျွန်တော် တို့ MSC registration number စတင်ပေးခဲ့သော လူစာရင်းနှင့် ယခု လက်ရှိ promotion ယူနေကြသော လူစာရင်းကို ချိန်ညှိကြည့် လိုက်သောအခါ ကျွန်တော် အတော်ပင် အံ့သြသွားပါသည်။MSC အတွင်းသို့ ဝင်လို ၍ အသည်း အသန်MSC number ပေးပါမည့် အကြောင်း အမျိုးမျိုး ကတိပေး၍ ဝင်လာကြသူ လူအများစုမှာ အကြောင်း အမျိုးမျိုးကြောင့် MSC မှ ထွက်ခွာသွားကြသလို အထုတ်ခံရသူများလည်း ရှိကြပါသည်။

ကျွန်တော် ကောက်ချက်ချမိသည် တခုမှာ MSC သည် အိတ်ပေါက်ဖြင့် ဖားများ ကောက်နေခြင်းသာ။ ရှုပ်လိုက်ရသည့် အလုပ် ၊ ကုန်ခဲ့ ရသော ဖုန်းဘေလ် တို့မှာ နမျှော စရာကောင်းသလို တွေးမိတိုင်း မိမိတို့ လုပ်အား အချည်း အနှီး ဖြစ်သွားသည်ဟု ခံစားရပါသည်။ မြန်မာတွေရသွားကြတာပဲ ဟု ဖြည့်တွေးစရာရှိသော်လည်း ထိုရသွားသူများကလည်း လောက်လောက်လားလား တကိုယ်တည်း ရပ်တည်နိုင်လောက်အောင်ရသွားကြသူများမဟုတ်ကြပါ။

04.jpg

ကျွန်တော် တွေးမိသော အကြောင်းအရာတခုရှိပါသည်။ လက်ရှိ MSC စပါပြီ ဆိုကတည်းက ကြံ့ကြံ့ခံ၍ MSC နှင့် အတူ ရပ်တည်ခဲ့ သော အကောင့် များ လက် ဆယ်ချောင်းပင်မပြည့်မည်မထင်ပါ။ အပြောင်းအလည်း တခုစတင် လုပ်ပါပြီ ဆိုလျင် အမြဲ တမ်း အုပ်စု (၃) မျိုးကွဲ ထွက်သွားလေ့ရှိပါသည်။

ပထမ အုပ်စုမှာ အပြောင်းအလည်းကို လက်မခံနိုင်သူများ ၊ ပြောင် ဆန့်ကျင်၍ ထော်လော်ကန့်လန့် လုပ်သူများ ဖြစ်ပါသည်။ ဤသူများသည် လက်ရှိ ကောင်းမွန်နေသော အနေအထားမှ အခြေအနေ အမျိုးမျိုးကြောင့် ပြောင်းလည်း သွားလျင် ထို အပြောင်းအလည်း ကို လက်မခံနိုင်ကြသူများဖြစ်ကြပါသည်။ MSC မှ ထွက်သွားကြသူ အချို့မှာ ဤ ပထမ အမျိုးအစားတွင် ပါဝင်ကြပါသည်။

ဒုတိယ အမျိုး အစားမှာ စောင့်ကြည့် အုံးမယ် ၊ ကိုယ်တွေနှင့် အဆင်ပြေလျင် လိုက်ပါ စီးမျှော ၍ အဆင်မပြေလျင် ထွက်ခွာသွားမည်။ ဤသူများမှာ copy ကူကြသူများ ဖြစ်၍ MSC မှ အများဆုံး ထွက်ခွာသွား ကြသူများ ဖြစ်ပါသည်။ တတိယ အမျိုး အစားမှာ မည်သို့ပင် ပြောင်းလည်း သွားပါ စေ အပြောင်း အလည်း နှင့် သင့်တော်သလို ပြုပြင် ပြောင်းလည်း နိုင်ကြသူများ ဖြစ်ပါသည်။

ထိုသူများမှာ လက်ရှိအချိန် အထိ MSC နှင့် လက်တွဲ နေကြတုန်းပင်ဖြစ်ပါသည်။ ကျွန်တော် အမြင်ဖြင့် ပြောရလျင် MSC registration number - 2 digit မှာ အလွန်ကိုနည်းပါး သွားပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ ပေးထားခဲ့ကြသော Promotion တော်တော်များများမှာ အလဟသ ဖြစ်သွားခဲ့ပြီ ဖြစ်ပါသည်။

05.gif

လက်ရှိ အချိန် အထိ Group 1 မှ 4 အထိ promotion ယူနေကြသော အကောင့် များကလည်း MSC နှင့် ဘယ် အချိန် အထိ အတူရှိကြမည်ကို ကျွန်တော့ အနေဖြင့် သံသယရှိပါသည်။ MSC နှင့် လက်တွဲ၍ မည်သည့် အချိန် အထိ MSC နှင့် ပေးဆပ် နေနိုင်ကြပါသနည်း။ SP 1000 ရပြီ ၊ ကိုယ်ပိုင်စီးပွားရေးအတွက် အရင်းနှီး ရပြီ ဟူ၍ ထွက် သွားမည့်သူများရှိသလို ၊ SP 3000 ရသွားပြီ ကိုယ့်ဖာသာ ကိုယ်စာရေး၍ ကိုယ့် ဖာသာ ကိုယ် vote ယူမယ် ဆိုသူများ လည်း ရှိ နိုင်သလို ၊ SP 500 တော့ ရပြီ ငါတို့ ၁၀ ယောက်ပေါင်း သီးခြား Group တခု ထောင်ကြစို့ ဟူ သော အကြံအစည် ရှိသူများလည်း ပါဝင်ကြပါလိမ့်မည်။

ဤတွင် ကြုံ၍ ကျွန်တော် ၏ MSC အတွေ့အကြုံ ကို အနည်း ငယ် မျှဝေလိုပါသည်။ ကျွန်တော် ၏ Plan-A ပျက် ပါပြီ ဆိုကတည်းက မြန်မာ လူငယ် မောင်မယ်များအား တွဲခေါ်ရန် အလုပ်မှာ လွယ်ကူသော အလုပ်တခု မဟုတ်ကြောင်း ကျွန်တော် သဘောပေါက် ခဲ့ပါသည်။

ထိုအချိန်တုန်းက အမြင်ဖြင့် ပြောလျင် ကျွန်တော် ပြောပြ ရှင်းပြ လျင် လူတိုင်း လိုက်နာ၍ လွယ်လွယ်ကူကူပင် လိုက်ပါလာကြမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်ပါသည်။ စပါပြီ ဆိုကတည်းက ဆရာကြီး များဖြင့်သာ ကြုံတွေ့ခဲ့ရပါသည်။ MSC ယနေ့ အချိန် အထိ မယိုင်မလဲ ပဲ ရပ်တည်နိုင်ခြင်းမှာ Admin များ အမုန်းခံ၍ လူမိုက်လုပ်နေကြခြင်းကြောင့် ဤ အခြေ အနေထိ ရပ်တည် နေနိုင်ခြင်း ဖြစ်ပါသည်။

MSC registration အကြောင်း ဆက်ပါအုံးမည်။ ကျွန်တော် ဤကဲ့သို့ ဆောင်းပါးရေး၍ ဖေါ်ပြရခြင်းမှာ MSC ကို စိတ်ပျက်သွား၍ မဟုတ်ပါ။ ကျွန်တော့ အကြံ အစည် ကျွန်တော့ စီမံကိန်း နှောင့် နှေး ကြန့်ကြာ သွားသည်သာရှိပါမည်။ MSC ၏ ရည်ရွယ်ချက် ပျက်စီး သွားမည်မဟုတ်ပါ။

06.gif

ဤ တွင်ကြုံ ၍ တရုတ် ခေါ်င်းဆောင်ကြီး တိန်ရှောင့်ဖိန် ၏ တရုတ်နိုင်ငံ ပြန်လည် ထူထောင်သော ကာလက အဖြစ်အပျက်ကို အနည်းငယ် ဖေါ်ပြလိုပါသည်။ တိန်ရှောင့်ဖိန် လော ဟူကျင်တောင် လော အမှတ်မှား၍ မသိတော့ပါ။ ကျွန်တော့ အထင် တိန်ရှောင့်ဖိန် ဟုထင်ပါသည်။ တရုတ်နိုင်ငံ ပြန်လည် ထူထောင်သောအခါ တိန့်ရှောင်ဖိန်မှ ထူးချွန်သော ကျောင်းသူ ၊ ကျောင်းသားများအား အမေရိကန် ၊ ဗြိတိန် စသော နိုင်ငံများသို့ ပညာတော်သင်လွတ်ပါသည်။

ထိုပညာတော်သင် ပထမအသုတ် လွတ်သော အခါ ပညာသင်ပြီးနောက် မည်သူမှ တရုတ်နိုင်ငံသို့ ပြန်မလာကြပါ။ ဒုတိယ အသုတ် လွတ်သော အခါ လည်း တယောက်မှ ပြန်မလာကြပါ။ တတိယအခေါက်လွတ်သောအခါ ၂ ယောက်ခန့် ပြန်လာပါသည်။ ဤတွင် အစိုးရ အရာရှိများက တိန်ရှောင့်ဖိန်အား ဤသို့ အစိုးရ ဘတ်ဂျက်သုံး၍ ပညာတော်သင် လွတ်ခြင်းသည် ပိုက်ဆံ ဖြုန်းတီး ရာသာရောက်ကြောင်း မည်သူမျှ ပြန်လာမည့် သူများ မဟုတ်ကြောင်း တင်ပြကြပါသည်။

ထိုအခါ တိန်ရှောင့်ဖိန် ပြန်ပြောသည်မှာ " တယောက် ပြန်လာရင် နိုင်ငံကို အဲဒီတယောက်နဲ့ စတင်တည်ဆောက်မယ်" ဟူ၍ ပြန်ပြောခဲ့ပါသည်။ တကယ်လည်း ပညာတော်သင်များ အကြိမ် ကြိမ် လွတ်၍ ပြန်လာကြသူများရှိသလို အနောက်နိုင်ငံများတွင် အခြေချ နေထိုင်သွားကြသူ များလည်း ရှိပါသည်။ သို့ သော် တိန်ရှောင့် ဖိန်က သူပြောခဲ့သသည့် အတိုင်း ပညာသင်၍ ပြန်လာခဲ့ ကြသော ပညာတတ်များဖြင့် နိုင်ငံထူထောင် လိုက်သည်မှာ ဆယ်စုနှစ် သုံးခုခန့် လွန်မြောက်သောအခါ ယနေ့ တရုတ်ပြည်တိုးတက်မှု အခြေအနေကို မြင်နိုင်ပါသည်။

08.jpg

ထို့ကြောင့် ကျွန်တော်တို့ MSC လည်း ပထမ အသုတ် အယောက် ၁၀၀ တွင် အယောက် ၄၀ ခန့်သာ ကျန်ပါသည်။ ဒုတိယ အသုတ် ၁၀၀ တွင် မည်မျှ ကျန်သည်ကို တော့ မသိပါ။ ယခု တတိယ အသုတ်ကို ပြင်ဆင်နေပါပြီ။ ထို့ကြောင့် တယောက်ကျန်လျင် ထိုတယောက်နှင့် admin များဖြင့် ခရီးဆက် သွားရမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် MSC အဖွဲ့ သားများအားလုံး ဤ MSC ၏ အောင်မြင်ခြင်းသည် admin များပေါ်၌ သာမူတည် နေခြင်း မဟုတ် သလို Members တဦးချင်းစီ အပေါ်တွင်လည်း အများကြီး မူတည် နေကြောင်း အသိပေးလိုပါသည်။ ထို့ကြောင့် မိမိ တို့ ကိုယ်စီ အသိ စိတ်ဓါတ်ဖြင့်  လက်တွဲညီ ညီ ရှေ့ဆက်ကြလျင် ကျွန်တော်တို့ ၏ ရည်မှန်းချက်များ မြန်မြန် အကောင်ထည် ဖေါ်နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

MSC နဲ့ပဲ အဆုံးအထိ လက်တွဲသွားဖို့ ဆုံးဖြတ်ထားပါတယ် ကိုဟင်ရဲ့စာတွေကို ဖတ်ပြီး လိုအပ်ချက်တွေကို ဆန်းစစ်ပြုပြင်ပါတယ် ပထမပန်းတိုင်ဖြစ်တဲ့ sp500 ကို အဓိကထားနေပါတယ် ကျွန်တော်တို့ပန်းတိုင်ကို ရောက်ရင်လည်း MSC မှာပဲ ဆက်ရှိနေမှာပါ

အားရှိလိုက်ပါဘိ။ ကျေးဇူးအများကြီးတင်ပါတယ် ကိုစော။

ဘေ​တွေအချိန်​​တွေ ​ပေးဆပ်​​နေတာ ရ​စေချင်​လို့ပါဗျာ ဒါ​ပေမယ်​ ရသ​လောက်​​လေးပဲယူယူပီထွက်​သွားတိုင်းနု​မျှောတယ်
ထုတ်​ရမာ်​ဆိုရင်​လဲစိတ်​မ​ကောင်းဘူး ဒါ​ပေမယ့်​ ထုတ်​ကိုထုတ်​ရမှာမို့ထုတ်​​နေရတာပါပဲ

တခါတလေကြတော့ လည်း အများအတွက် ကြည့် ရတာကိုး။ MSC admin များလည်း တဖြည်းဖြည်းနဲ့ အရေထူ လာပါပြီ။

MSC registration number - 2 digit ထဲပါတဲ့ကျွန်တော်ကတော့ ဒီထဲအမြဲရှိနေမှာပါ အကိုဟင်။

အထွေးကို တော့ ယုံပြီး သားပါ။

MSCနဲ့ပဲ​ရှေ့ဆက်​သွားဖို့ပဲရှိပါတယ်​။
နောက်​တွင်​လဲMSCတွင်​ လူ​တော်​များထက်​ လူ​ကောင်းများပိုရှိဖို့ လိုအပ်​မယ်​ထင်​ပါတယ်​ ​ကျေးဇူးပါအကို​ရေ

ကောင်းလိုက်တဲ့ comment ညီလေးရေ... လူတော်တိုင်း လူကောင်း မဟုတ်တာတော့ အသေအချာပဲ။

ရည်မှန်းထားသော spပြည့်သော်လည်း MSC မှထွက်ခွာမည်မဟုတ်ပါခင်ဗျ။MSC အတွက် လိုအပ်သောအခန်း ကဏ္ဍမှ ပါဝင်ရှောက်လှမ်းနေမည် ဖြစ်ပါသည် ခင်ဗျ။

ကျေးဇူး အများကြီးတင်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ မည်သူတစ်ဦးတစ်ယောက်ကျန်ခဲ့သည်ဖြစ်စေကျွန်တော်ကို့က ရှေ့ဆက် ချီတက်နေကြပါအမည်။ ကျွန်တော်တို့ သွားရမည့်ခရီးသည် အရှည်ကြီးကျန်ပါသေးသည်။ လမ်းတ၀က်လဲကျသူကို တွဲခေါ်မည်၊ မောပန်းသူကို တွဲခေါ်မည်၊ ယက်ကန်ယက်ကန်ဖြစ်နေသူကို တွဲခေါ်ပါမည်။ သို့သော် ဂဏာန်းတစ်ကောင်လို့ ကန့်လန့်တိုက်လိုက်လိုသူတွေကိုတော့ လက်မနှင့်ညှပ်ထားလျှင်တောင် ဖြတ်ချထားခဲ့စေချင်သည်.

ဟုတ်ကဲ့, ရှေ့ဆက်ပြီးတော့လည်း ကန့်လန့် သွားသူများနှင့် ကြုံရအုံးမှာပါ။ သို့သော် MSC လည်း အတွေ့အကြုံ တွေများလာတော့ တဖြေးဖြေး ရင့်ကျက်လာ ပြီ လို့ထင်ပါတယ်။

ရည်​ရှည်​လက်​တွဲဖို့ဆုံးဖြတ်​ထားပါသည်​။လိုအပ်​​သောSpပြည့်​​သော်​လည်းထွက်​သွားမည်​မဟုတ်​ပါ။စည်းစနစ်​ကျ​သောအဖွဲ့အစည်းတခုဟုမြင်​မိပါသည်​။

အခုလို သိရတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ Steemit Platform နဲ့ပါတ်သက်လို့ကတော့ March ကုန်ပိုင်းလောက်မှာ အဖြေသိရပါလိမ့်မယ်။ MSC က တော့ budget တွေ ရ ရှိလာပြီမို့ အလှူအတန်း အတွက် အစီအစဉ် တွေ admin တွေရေးဆွဲ နေကြပါတယ်။

MSC အောင်မြင်ပြီး အဖွဲ့သားများလည်း ထပ်တူပျော်ရွှင်နိုင်ကြပါစေ ကိုဟင်

ကျေးဇူး အများကြီးတင်ပါတယ်။

တစ်ထောင့်တစ်နေရာကနေ MSC နဲ့အတူ လိုက်ပါကြိုးစားပါ့မယ်ဆရာ ။ MSC member တစ်ယောက်ပဲကျန်တော့တယ်ဆိုခဲ့ရင်တောင် အဲ့ဒီတစ်ယောက်က ကျနော်ဘဲဖြစ်ချင်ပါတယ်ဆရာ။ ဆရာကချင်၏ မေတ္တာစေတနာတွေကို တန်ဖိုးထားလေးစားလျက် ။ @thihakoko

ကျေးဇူး အများကြီး တင်ပါတယ်ညီလေး... MSC က ခရီး အဝေးကြီး လျှောက်ရမှာဆိုတော့ supports အများကြီး လိုအပ်ပါတယ်။

ကျနော်စာမေးပွဲကိစ္စတွေပြီးလို့ ပုံမှန် အလုပ်ထဲပြန်ရောက်ရင် MSC မှာ ကျနော်နဲ့သင့်တော်တဲ့ တာဝန်ကိုပေးပါဆရာ ကျနော် အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး MSC မှာကျရာတာဝန်ကို ထမ်းဆောင်ပါ့မယ်ဆရာ။ ခုလောလာဆယ် သင်တန်းတစ်ဖက် အလုပ်တစ်ဖက်ဖြစ်နေလို့ ပါဆရာ ။ ၂၀၁၉ နှစ်ဆန်းလောက်ဆိုရင်တော့ သင်တန်းစာမေးပွဲကိစ္စတွေပြီးလောက်မယ်လို့ခန့်မှန်းပါတယ်ဆရာ။ Thanks

အရင် acc တွေ သာ ရှိခဲ့ ပုံမှန်လေး လုပ်ခဲ့မယ်ဆို ဒီအချိန် vote တွေ စုပေါင်းအား အတော်လေး တက်နေမှာ

အမှန်ပဲ ညီလေးရေ.. အဲတာတွေ တွေးမိပြီး စိတ်မကောင်း ဖြစ်နေတာ

MSCရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ membersတွေလည်း ညီညွတ်စွာပါဝင်ဖို့လိုပါတယ်။အပြောင်းအလဲတွေစည်းမျဉ်းစည်းကမ်းတွေလုပ်တယ်ဆိုတာဟာလည်း အဖွဲ့အစည်းရေရှည်တည်မြဲဖို့လုပ်ရတယ်ဆိုတာကို သဘောပေါက်ထားတာကြောင့် အလိုက်သင့် လိုက်ပါရင် ကြိုးစားနေပါတယ်..အကို။

ကျေးဇူးအများကြီးတင်ပါတယ်။ အမှန်ကတော့ MSC ရေရှည် လျှောက်လှမ်း ရမဲ့ ခရီးမှာ အခက်အခဲ ကြီးပဲ မဟုတ်ပါဘူး။ ပရဟိတ လုပ်ငန်းဆောင်တာများနဲ့ , the best author ပေးအပ်ခြင်းများ အခြားသော activities အများကြီး ပါဝင်လာအုံးမှာပါ။ အခုမှ အရှိန်ယူ နေတုန်းမို့ အားလျှော့ သွားမှာ စိုးရိမ်လို့ပါ။

can I also join msc ? steemit is more of like business, if you don't have Steem power, you are actually nothing.. so ur idea and goal of making MSC members to have high SP is absolutely genius and the best way to earn regular earning for the long term. but the thing is there is always be someone who would be judging you.

If you really wanna join , warmly welcome form MSC. But MSC have tighten rules , if you enter into the Sub-group of MSC , some rules are compulsory to follow especially like attending meetings. Thus, may cause you uneasy because I know the feeling of a freelancer like you.

အားလုံး ရေးထားကြတာ အားရစရာကြီးပါ😁😁

@kyi ရဲ့ Group -3 ကလည်း အားရစရာ Group ပါ။

သူလာကြည့်တာ ကျလို့😊😊

MSC အဓွန်ရှည်ပါစေ ရှင့်။ တတိယ အုပ်စုထဲမှာရှိနေပါတယ်ဆရာ။ ပနာဂတ် MSC ခရီးစဉ်မှာ MSC လမ်းစဉ်နှင့် အညီလိုက်ပါရန်အသင့်ပါဆရာ ။ ဆရာ နှင့် Admin များကိုလည်းကျေးဇူးတင်ပါတယ်ရှင့် ။

အခုလို သိရတဲ့ အတွက် အများကြီး ကျေးဇူတင်ပါတယ်။ မကြာခင် admin များက activities တခုပြီး တခု အကောင်ထည် ဖေါ်လာကြပါလိမ့်မယ်။

ယခုဆောင်းပါးကိုဖက်လိုက်ရတော့ ကျွန်တော်ရရှိထားသော
MSC 19 အားဂုဏ်ယူမိပါသည် နောက်နှောင်တွင်လည်းအမှား
မရှိအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားပါမည် အကိုဟင်

ကျေးဇူးအများကြီးတင်ပါတယ် ညီလေးသာအေး

အကိုရာ ကျွန်တော်တို့ကပိုပီးကျေးဇူးတင်တာဘာ အကိုသာမရှိဘူးဆိုရင် ဒီလိုအခြေနေ ဒီလိုပါဝါရရှိဖို့ ၁နှစ်မပြောနဲ့ ၁၀နှစ်တောင်မှ ဖြစ်ပါ့မလားဘဲ အကိုရယ် အကိုကျန်းမာပါစေ အစစအရာရာ အကိုအဆင်ပြေနေပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ

Msc ကိုအစဉ်ထာဝရ လေးစားလျက်ပါ. Promotion ကြောင့်တော့မဟုတ်ပါ. တယောက်နဲ့တယောက်ကူညီကြလို့ပြီးတော့ စီနီယာတွေရဲ့လမ်းပြမှုတွေနှစ်သက်လို့ပါ. လောလောဆယ်တော့ msc ဝင်ခွင့် မရသေးတဲ့ အသစ်လေးတယောက်ပါဆရာ များများသင်ပြဆုံးမပေးပါ 😁

ဟုတ်ကဲ့ MSC မှာ ပါဝင်ဖို့ အတွက် စည်းကမ်းချက်လေးတွေရှိပါတယ်။ အကောင်း ဆုံးကတော့ MSC မှ admin တွေ ဖြစ်တဲ့ @tinhlaingoo @thatkozaw @nyinyiwin @donjaun @domelay @ansoe တို့နဲ့ ဆက်သွယ်ပြီး MSC အတွင်းကို ဝင်ရောက်နိုင်ပါတယ်။

mscဟာ ရည်ရွယ်ချက် ဦးတည်ချက်ကောင်းမွန်စွာနဲ့ ရပ်တည်နေတဲ့အတွက် စေတနာကို နားလည်နိုင်ကျမှာပါ အကိုဟင်

ဟုတ်ကဲ့၊ ကျွန်တော်နဲ့ Admin များကလည်း အဲဒီ အတိုင်းပဲ မျှော်လင့် ပါတယ်။

MSC နဲ့အတူရှိနေဖို့ ပဲ ဆဲုးဖြတ်ထားသလို complain ပိုင်းလည်းမရှိစေရပါဘူး

အားရှိလိုက်ပါဘိ။ ကျေးဇူးအများကြီးတင်ပါတယ် ကိုဗီး

MSC ရဲ့ရှေ့ရေးကို မြင်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အခုမှ့ MSC no. လျောက်ထားဆဲမို့ပြောတာ မဟုတ်ပါဘူးခင်ဗျာ။ MSC ရဲ့လျောက်တဲ့လမ်းမှာ တတပ်တအားပါဝင်ကူညီချင်ပါတယ်။

ဟုတ်ကဲ့၊ အချိန်နည်းနည်းလေး စောင့်ပေးပါ ။ ပါဝင်နိုင်အောင် admin များက လုပ်ဆောင်ပေးကြပါလိမ့်မယ်။

လိုအပ်သည်များကို လမ်းပြသွန်သင်ဆုံးမပေးပါ အစ်ကို ပြန်လာသောသူများသာ ဖြစ်စေရပါမယ်ဗျ

ကျေးဇူး အများကြီးတင်ပါတယ်။

ဆက်လက်လျှောက်လှမ်းနေဆဲပါအစ်ကို

ဟုတ်ကဲ့ ကိုမိုးဇော်တို့ လို SL တွေ ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။

လူအမျိုးမျိုးစိတ်​အ​ထွေ​ထွေဆို​တော့လည်း ​ပြောရခက်​သား အစ်​​ပြောတာ​တွေ ​မြေကြီးလက်​နဲ့ပုတ်​ရင်​ လွဲအုံးမယ်​ အမှန်​​တွေချည်းပါ ကျ​နော်​က​တော့ mscတည်​ရှိ​နေသ၍ ဘယ်​​တော့မှလက်​တွဲမဖြုတ်​ပါ ​ပေးထားတဲ့ကတိကိုလည်း တန်းဖိုးထားပါတယ်​အစ်​ကို

ကျေးဇူး အများကြီးတင်ပါတယ်။

အများအ ကျိုးရွက်​သယ်​ပိုးက ခနိုးခ့ နဲဆိုကဲ့ရဲ့လည်း
စိတ်​​ကောင်းနှင့်​ယှဉ်​လိုက်​ပါ ကိုဟင်
နောက်​လိုက်​​ကောင်းတစ်​​ယောက်​ဖြစ်​​စေပါ့မယ်

အကိုရေမွန်မြတ်တဲ့စိတ်ထားနဲ့မလျော့သောဇွဲရှိသောအကိုကိုလေးစားပါတယ်။အကိုရဲ့စေတနာကိုအဖွဲ့သားတိုင်းနာလည်းမှာပါအကို။သူတို့ရည်မှန်းချက်တွေရှိသောလည်းတစ်နေ့နေ့တစ်ချိန်ချိန်သူတို့တွေသိလာပါလိမ့်မည်။ဒါကြောင့်အကိုရေအားမလျော့ပါနဲ့။အကိုpostတွေဖတ်ရတာ အရမ်းလေးစားမိပါတယ်။

အားတော့ မလျှော့ပါဘူး၊ တခါ တလေ အားကုန် ကုန် သွားတာရယ်။ charging ပြန်ဖြည့် ထားရတယ်။

We are going together " MSC "

@kachinhenery ခဗျာ.. ညီငယ်တစ်ယောက်စတင်မိတ်ဆက်လို့ steemit အကြောင်းသိရပြီး လေ့လာခဲ့တာ.. january လကတည်းကပါ.. အလုပ်တစ်ခုနဲ့ တူလို့ သဘောကျမိတာပါ.. msc လည်းတွေ့ပါတယ်... အမှန်အတိုင်းပြောတာပါ.. မညီညွတ်ဘူးထင်လို့.. မပါဝင်ခဲ့ပါဘူး.. ဒါပေမဲ့နောက်ပိုင်း အစ်ကို့ post တွေကြည့်ပြီး.. မွန်မြတ်တဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်လေးတွေ ရှိနေတာသတိထားမိလာပါတယ်... English လိုဖတ်ဖို့ နားလည်ဖို့ သိပ်မခက်ပေမဲ့.. အဆင့်မှီတဲ့ အရေးအသားရေးနိုင်ဖို့တော့ အတော်ခက်တဲ့အလုပ်ပါ.မြန်မာလိုရေး.. ရတာဘယ်လောက်အဆင်ပြေသလဲဗျာ. . တစ်ခြားနိုင်ငံသားတွေ ညီညီညွတ်ညွတ် အလုပ်နဲ့တူအောင်လုပ်ပြီး steemit မှာအဆင်ပြေနေတာတွေ တွေ့တော့ အားကျမိပါတယ်... msc member ဖြစ်ဖို့ဘာတွေလိုမလဲ သိချင်ပါတယ်.. ပါဝင်ချင်ပါတယ်... အကြောင်းပြန်ပါဦးခဗျာ..

ဟုတ်ကဲ့ MSC မှာ ပါဝင်ဖို့ အတွက် စည်းကမ်းချက်လေးတွေရှိပါတယ်။ အကောင်း ဆုံးကတော့ MSC မှ admin တွေ ဖြစ်တဲ့ @tinhlaingoo @thatkozaw @nyinyiwin @donjaun @domelay @ansoe တို့နဲ့ ဆက်သွယ်ပြီး MSC အတွင်းကို ဝင်ရောက်နိုင်ပါတယ်။

ဟုတ်ကဲ့.. ကျေးဇူးပါ.. Admin တွေနဲ့ ဆက်သွယ်ဖို့က.. ဘယ်လိုဆက်သွယ်ရမလဲဗျ.. Post အောက်မှာ reply ရေးပြီးဆက်သွယ်ရမှာလား.. သို့မဟုတ် အခြား Chat application ရှိသလားဗျ.

သူတို့ ရဲ့ post အောက်မှာ comment ပေးခြင်းဖြင့် ဆက်သွယ်ပေးပါ။

ကျနော်တို့ blog post အောက်ကနေ ကွန်မန့်နဲ့လာလို့လဲရပါတယ် fb checkbox ကနေလာလဲရပါတယ်ဗျ

ကျန်း တို့ ရွာလူရီး သဘောကောင်းချက် 9+😊😊

ဟုတ်ကျေးဇူးပါခဗျာ.ဆက်သွယ်ပါ့မယ်ခဗျ.

အစ်​ကို့ရဲ့ ​စေတနာကို တန်​ဖိုးထား ​လေးစားလျှက်​ပါ အစ်​ကို .... အမြဲတမ်း MSC အ​ပေါ် သစ္စာရှိလျှက်​ပါ

ကျေးဇူး အများကြီးတင်ပါတယ်။

ကိုဟင်vote မပေးတော့တဲ့ အခါ SP3000ထိစုပီးကိုယ့်ဟာကိုယ်သာစာရေးစားတော့မည်😂

အဲဒီ အခါကြရင် ကိုဟင် ကိုလည်း vote ပေးအုံးနော်။

ဟုတ်ကဲ့ ပါ😂

Steemit မပျက်သ၍MSC နှင့်တူတူရှိပါမည်အကိုဟင်။စီနီယာစကားတွေကိုလဲလိုက်နာမှာပါ။အကိုဟင်နဲ့မရင်းနှီးပေမယ့်လေးစားပြီးသားပါ။MSCကိုတန်ဖိုးထားပါမည်။SP ရသည်ဖြစ်စေ မရသည်ဖြစ်စေ မည်သည့်အကြောင်းဖြင့်မှထွက်မည်မဟုတ်ပါအကိုရေ။ကျေးဇူးတင်ပါသည်။

အရင်​က Steemitကို online​ငွေရှာSite​တွေလိုပဲ ခဏ​လေးနဲ့ပျက်​သွားမယ်​ထင်​ခဲ့ဖူးပါတယ်​။Hyip တို့ဘာတို့​လောက်​ပဲသိပြီး Socialအ​နေနဲ့ဆိုရင်​ empowrလို Scam​တွေလုပ်​ခဲ့မိ​တော့ Steemitကိုလည်း အစပိုင်းမှာသိပ်​အယုံအကြည်​မရှိခဲ့မိပါဘူး။အကိုဟင်​ရဲ့စာ​တွေဖတ်​ပြီး​နောက်​ပိုင်းမှာမှ Steemitဟာ​ရေရှည်​အကျိုးအတွက်​ဆိုတာကိုသိလာရပါတယ်​။အခုMSCမှာကိုယ်​တိုင်​ပါဝင်​​နေ​တော့ ပိုပိုပြီးသိလာရပါတယ်​။MSCအဖွဲ့သားများဟာလည်း Family typeနဲ့သွား​နေကြတယ်​လို့ထင်​ပါတယ်​။အခုဆို ကျွန်​​တော်​​နေတဲ့ MSC-Group4က​နေထွက်​ရမှာ​တောင်​​ကြောက်​မိပါတယ်​။ညီအကို​မောင်​နှမ​တွေ အကုန်​စစ ​နောက်​​နောက်​နဲ့ Proမရှိ​တော့ဘူးဆိုရင်​​တောင်​ MSCမှာဆက်​လက်​ရှိ​နေဦးမှာပါ။

အမြဲတမ်း MSCမှာပဲ ရှိ​နေမယ်​ပါမည်​။
လိုအပ်​သည်​များကိုလည်း တစ်​ဖက်​တစ်​လမ်းက​နေ အကူအညီ​ပေးသွားပါ့မယ်​။

ဘယ်လိုအခြေနေတွေပဲ ရောက်ရောက် msc မိသားစုနဲ့ပဲ ဆက်လက်ရပ်တည်သွားမှာပါ လက်တွဲလာတာ ခြောက်လကျော်ကျော်ရှိသည် နောက်လည်းဆက်လက်လက်တွဲသွားအူးမှာပါဗျ
ဖိုက်တင်းပါ မိသားစုအားလုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အစ်​ကိုhenryရဲ့  စိတ်​ဓာတ်​​ကြောင့်​အားရှိသွားပါတယ်​အစ်​ကို။MSC နဲ့ကြိုးစာပြီးလက်​တွဲသွားပါမယ်​။

ခရီးရှည်ကြီးကို မပြီးဆုံးနိုင်တဲ့ အိပ်မက်တွေ ပိုက်ပြီး ဆက်လက် ချီတက်ရမှာပေါ့ ဗျာ။ကြယ်ငါး ၁ ကောင်ပဲ ပါလာလည်း နည်းလားဗျာ နော့်။
ကြယ်ငါးတွေ များများ ကောက်နိုင်ဖို့ မျှော်လင့်လျှက် ....

steemit ပေါ်မှ စာရေးသမျှ msc ကနေထွက်ခွာမသွားပါဘူး ။steemit သုံးခဲ့တာ အကို အမ ညီအကို တွေ အများကြီးတိုးလာပါတယ်