Myanmar Steemit Community နှင့် သန့်ရှင်း ရေး ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ MSC ၏ သန့်ရှင်းရေး လုပ်ခြင်းအပေါ် အချို့က အကောင်းမြင်ကြသလို အချို့ကလည်း သို့လော သို့ လောဖြင့် စောင့်ကြည့် နေကြပါသည်။ အချို့ကလည်း စောင်းပါးရိပ်ချည် ဖြင့် ကဲ့ရဲ့ ပြစ်တင်ကြပါသည်။ MSC သည် ခိုးကြောင်ခိုးဝှက် ဖွဲ့စည်းထားသော အသင်းအဖွဲ့ မဟုတ်ပါ။ MSC ဖြတ်သန်း လာသော ၅ လ သက်တမ်းတလျှောက်တွင် စည်းကမ်းချက်များ ၊ Admin များ၏ ဖွဲ့စည်းပုံများ အခက်အခဲများကို မည်သို့ မည်ပုံ ရင်ဆိုင် ကျော်ဖြတ်ခဲ့ပုံများကို June , July , august 2017 တွင် ဝင်လာကြသူတိုင်း သိကြပါသည်။

MSC သည် ရည်ရွယ်ချက် ဦးတည်ရာမဲ့ ပရမ်းပတာ သွားနေသော အဖွဲ့အစည်း မဟုတ်ပါ။ ဤ Platform ပေါ် မြန်မာလူငယ် မောင်မယ်များအား ကူညီနိုင်ရန်အတွက် MSC Admin များမှ မိမိတို့၏ အချိန်များ ၊ ဖုန်း bill များ အကုန်ခံကာ မည်သို့ ကြိုးစားခဲ့ရသည်ကို အကျယ်ချဲ့၍ မပြောတော့ပါ။ ဤ တွင် MSC တွင် Leader လုပ်နေသော ကျွန်တော် Henry Aung ၏ project plan များကို MSC admin team များပင် မသိရပါ။

ပေးမသိသည် မှာ အကြောင်း ရှိပါသည်။ ရှေးယခင်က ဤ သို့ ဤပုံ သွားကြ မည် ဟု members များအားချပြလိုက်လျင် ထိုplan အား ဖျက်ဆီးမည့် အဖျက် အမှောင့် က ရှေ့က ကြို ရောက်နေလေ့ရှိပါသည်။ ထို့ ကြောင့် နောက်ပိုင်း ဆက်သွားမည့် plan များကို Admin များပင်မသိရပါ။ အကောင်အထည် ဖေါ်ချိန် ရောက်လာလျင် Admin များအားချပြ၍ ဆွေးနွေးတိုင်ပင်ပြီး မှ ထို plan ကို အကောင်ထည် ဖေါ်ပါသည်။

MSC ၏ ရေရှည် အကျိုး ကို မမြင်တတ်ပဲ မျက်စိပိတ် အော်နေကြသူ အချို့အားလည်း အသိပေးလိုပါသည်။ လက်ရှိ အချိန်အထိ MSC မှ post promotion ပေးနေသော အကောင့် များတွင် ယိုးဒယား အကောင့် တခုမှ မပါသလို ၊ ဘင်္ဂလား အကောင့် လည်း တခုမှ မပါဝင်ပါ။ မြန်မာ အကောင့် သီးသန့်များကို promotion ပေးနေခြင်းဖြစ်ပါသည်။

ဤသို့ အကူအညီ ပေးရာတွင် အကန့်အသတ်ရှိသည်ဖြစ်၍ ဝင်ဝင်လာသမျှသော အကောင့် အားလုံးအား ကူညီပေးရန် မဖြစ်နိုင်ပါ။ ဘာဖြစ်လို့ မဖြစ်နိုင်ရသည်ဆို သော် ဤကဲ့သို့ သန်းရှင်းရေး လုပ်လုပ် နေရသောကြောင့် ဖြစ်ပါသည်။ Steemit Platform သည် MSC ပိုင်သော Platform မဟုတ်ပါ။ ဤ Platform ပေါ်တွင် အဖွဲ့ အစည်းပေါင်းများစွာရှိ နေသလို ရှိနေကြဆဲလည်း ဖြစ်ပါသည်။

ကျွန်တော်ဆိုလိုသည်မှာ နှစ်ရက် တပိုင်းနှင့် Steemit Platform ပေါ်သို့ ရောက်လာပြီး MSC ဘာဖြစ်သည် ညာဖြစ်သည် ပြောမနေပါနှင့် ။ ကျွန်တော့ ဆောင်းပါးပေါင်း များစွာတွင် ရေးသားခဲ့ဘူးပါသည်၊ တဦး တယောက်ချင်း စွမ်းလျင် ဖေါက်ထွက်ပါ ၊ ထိုထက် ပို စွမ်းသည်ဆိုလျင် အဖွဲ့ အစည်း ဖွဲ့၍ မြန်မာတို့ကို ဆွဲတင်ပါ။ စကားအများကြီး မပြောပါနှင့် အလုပ်နှင့် သက်သေပြရန်သာ တိုက်တွန်းလိုပါသည်။

ယခုအချိန် ထိ MSC သည် မြန်မာလူငယ်များအား ပျက်စီးစေသော၊ အဆိပ်အတောက် ဖြစ်စေသော စာ၊ ဆောင်းပါးတို့ အား စည်းကမ်းချက်တွင်ထည့်၍ ငြင်းပယ်ထားသလို ၊ မြန်မာလူငယ် မောင်မယ်တို့ အကျိုးယုတ်စေသော အလုပ်များကိုလည်း တခုမှလုပ်ခဲ့ခြင်းမရှိပါ။ မိမိတို့ MSC Admin များကလည်း member တို့အပေါ် ငါတို့ promotion ပေးထားရတာ ရသမျှ SP များ ငါတို့ကို delegates လုပ်ပေးရမယ်ဟူ သော ဂုတ်သွေး စုပ်ထားခြင်းလည်း မရှိပါ။

ထို့ ကြောင့် MSC ၏ leader တယောက် အနေဖြင့် MSC ၏ လုပ်ဆောင်မှုများကို လုံးဝတာဝန်ယူပါသည်။ MSC ၏ လုပ်ငန်းဆောင်တာနှင့် ပါတ်သက်၍ မရှင်း လင်းပါက သို့မဟုတ် မကျေနပ်ပါက ကျွန်တော် leader ထံသို့ ကျွန်တော့ ဆောင်းပါးများတွင် comment ပေးခြင်းဖြင့် မေးမြန်နိုင်ပါသည်။ ဖြေကြားသင့်သည်များကို ပြန်လည် ဖြေကြားပေးပါမည်။ သို့ရာတွင် မထော်မနန့် မေးခွန်းများနှင့် ပုဂ္ဂိုလ်ရေး ထိခိုက်စေ သော မေးခွန်းများအတွက်တော့ Feeling is Mutual ဟုသာ ကြို ပြောထားလိုပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ပေါင်းမြတ်တွေကင်းရှင်းမှသာ ပျိုးပင်တွေရှင်သန်ကြီးထွားမှာဖြစ်လို့
အစ်ကို့လုပ်ဆောင်မှုတွေတိုင်းက ကြိုးစားနေသူတွေအတွက် အားဆေး
တိုက်ကျွေးသကဲ့သို့ဖြစ်စေပါတယ် ခေါင်းဆောင်နှင့်အတူတစ်သားတည်း
ရှိနေပါမယ်

ဘယ်​သူ​တွေဘာ​ပြော​ပြော​ ၅လ​ကျော်​ လက်​တွဲ​ခေါ်​ဆောင်​ခဲ့တယ့်​ အကိုဟင်​ စိတ်​ဓာတ်​ကို ကျ​နော်​တို့ အသိဆုံးပါ.......။

အကိုဟင်အားလေးစားလျှက်ပါခင်ဗျ

Good bro

Steemit platform သည် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် အောင်မြင်အကျိုးဖြစ်ထွန်းနိုင်သော နေရာမဟုတ်ဟု ယူဆမိပါသည်။ Team Work အဓိကကျသော နေရာဟု မြင်ပါသည်။ ထို့ကြောင့် MSC အသင်းအဖွဲ့တိုးတတ်ရေးကိုသာ ပန်းတိုင်ထားရပေလိမ့်မည်ဟု ယုံကြည်မိပါသည်။ MSC တိုးတတ်အောင်မြင် ခိုင်မာပါစေဟု ဆုမွန်တောင်းရင်း တဘက်တလှမ်းမှ ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်သန်ပါသည်။ ကျေးဇူးတင်စွာဖြင့် @billionairehein

စိတ်​ရှည်​သီးခံခွင့်​လွတ်​အနစ်​နာခံ​သော ကိုဟင်
နှလုံးစီတ်​ဝမ်းငြိမ်းချမ်းပါ​စေ

သီးခံနိုင်တဲ့ အစ်ကိုစိတ်ဓာတ်ကိုတော့ အရမ်းကိုလေးစားပါတယ်အစ်ကို လူလိုနားမလည်သေးတဲ့သူတွေကိုတော့ ဥပေက္ခာပြုထားလိုက်ပါ

လူ့သဘာဝအတိုင်း ဘယ်နေရာမဆို သဘောထားမတူညီမှုများရှိတတ်ကြလို့ အများ ဆန္ဒအတိုင်းလုပ်ရမယ် ဆိုတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပေါ်လာတာပေါ့။ အများဆန္ဒဆိုပေမယ့် ခေါင်းဆောင်က အများအကျိုးရှိမယ် ကောင်းမယ်လို့ယူဆလို့ စီစဉ်တဲ့အခါ အများက လက်ခံကြတာလည်း အများဆန္ဒပါပဲ...

အ​ကောင်းဆုံး​ရေရှည်​စီမံကိန်းဖြင့်​အ​ကောင်​အထည်​​ဖော်​​ဆောင်​​နေမှန်း​တော့သ​ဘော​ပေါက်​ပါတယ်​။စေတနာကိုလည်း​လေးစားပါတယ်​။သို့​ပေမယ့်​မရှင်းလင်းသည့်​အချက်​များလည်းများစွာရှိ​နေပါ​သေးသည်​။မေးသင့်​မ​မေးသင့်​စဉ်းစား​နေပါသည်​။အလှမ်းမှီသ​လောက်​လည်းSteemitနဲ့ပတ်​သတ်​ပြီး google​တွင်​​လေ့လာ​နေပါသည်​။
ကျွန်​မသည်​ငယ်​ငယ်​ကတည်းကမည်​သည့်​ကိစ္စမဆို ယုံကြည်​​လောက်​သည့်​အ​ကြောင်းပြချက်​လုံလုံ​လောက်​​လောက်​ရှိမှယုံကြည်​တတ်​ပါသည်​။
ကျွန်​မ၏commentနှင့်​ပတ်​သတ်​၍အမှားအယွင်းများရှိပါက​တောင်းပန်​ပါသည်​။

ျန်တော်ဲ msc groupှာ ပါဝင်ချင်ပါတယ်

စိတ်ထားဖွေးလက် အသိဥာဏ်ပိုထက်ပါစေအကို…

ဂတိအများကြီးမပေးတော့ပါဘူး အစ်ကိုဟင်ကို ယုံကြည်စိတ်နဲ့ MSC မှာ ဆက်ရှိနေပါမယ်

လေးစားလျက်ပါ ဗျ

MSC ကို ဝင်ဖို့အတွက်တော့ လျှောက်ထားဆဲပါရှင့်
ရတော့မရသေးပါဘူး
MSC သွားနေ့တဲ့လမ်းကို အထူးသဘောကျမိပါတယ်ရှင့်

ပြောရလွန်းတော့ စကားလုံးတွေထပ်နေပါပြီ ဘယ်လိုထပ်ပြောရမှန်းမသိတော့ဘူး

ဟုတ်ပါတယ်
ဒီလိုအဖြစ်တွေရှိနေလို့ bro တို့လို ဦးဆောင်သူတွေ Adminတွေ စိတ်ပျက်မသွားဖို့နှင့် စိတ်ရှည်ရှည်ထားဖို့ လိုအပ်မယ်ထင်တယ်ဗျာ

ကူညီပေးနေသည့်စေတနာအပေါ်တော့နှစ်နှစ်ကာကာ တန်ဖိုးထားသလို အကူအညီပေးခဲ့တဲ့စိတ်ကိုလည်း လေးစားမိပါတယ်။ အနာဂတ်အချိန်မှာ bro ကျေးဇူးပြာထားတဲ့ပုဂ္ဂိုလ်တွေထဲကပဲ စေတနာစော်ကားပြီး စော်ကားတိုက်ခိုက်လာခြင်းမျိုးတွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။
တလသာသာ အသုံးပြုပြီးနောက်ပိုင်း bro ကျေးဇူးဘယ်လောက်ကြီးကြောင်းနားလည်ခဲ့ပါပြီ။ ဆက်လက်ပြီးလည်ဒီးထက်မကကူညီနိုင်ပါစေ။ လူတွေက လက်ကိုပြန်ကိုက်တတ်ကြလို့။ ကြော်ငြာ ဝင်အုံးမယ် (ကျွန်တော်မပါဘူးနော် ) (ကွကိုယ်တော့ ရှောင်ထားမှရမယ်) အခုနောက်ပိုင်း steemit က ပိုစ့်တွေက နောက်ခံ တွေတော်တော်ကြိုးစားနားလည်ရတယ် ရည်ရွယ်ချက်တွေကို။

အဖျက်စိတ်ထားတွေ ကြောက်ဖို့ကောင်းပါဘိ အကိုဟင်

ဆရာ့ လမ်းညွှန်မှု ကိုအစဉ်မပျက်လိုက်နာပါ့မယ်ဗျ

သန့်​ရှင်း​ရေးလုပ်​တာ​တော့​ကောင်းပါတယ်​ဗျာ။

အဖျက်စိတ်ထားတွေ ကြောက်ဖို့ကောင်းပါဘိ အကိုဟင်
Great content

အဖျက်စိတ်ထားတွေ ကြောက်ဖို့ကောင်းပါဘိ အကိုဟင်

Hy friend, what is your articl yang talk about..?? Lets be friend

Great content!

great to share..

love it.........

@upvoted

အဖျက်စိတ်ထားတွေ ကြောက်ဖို့ကောင်းပါဘိ အကို

ဟုတ်ကဲ့ ကောင်းပါတယ်

သန့် ရှင်းရေး လုပ်တာ ကောင်းပါတယ်

ဘယ်လိုဘဲအဖျက်စိတ်ထားရှိသူတွေရှိရှိ သန့်သန့်ရှင်းရှင်းကြိုးစားသူတွေကိုရွေးလက်တွဲပြီးရှေ့ဆက် ကြရမှာဘဲ မဟုတ်လား ကိုဟင်နရီရေ

MSCမရသေးသော်ငြား MSCနှင့်ဆရာဟင် ဆရာတင်တို့ကို လေးစားမှုသည်ဖော်ပြမတတ်အောင်ပါပဲ့ခင်ဗျ

အကိုဟင်​ရဲ့စာအုပ်​​ကြောင့်​ steemit ကိုစသိလာခဲ့ရတာပါ follower ​ကောင်းတစ်​​ယောက်​ဖြစ်​​စေရပါမယ်​ ခင်​​ဗျာ

Good post par

အစဉ်လေးစားရသော အဖွဲ့ပါ. ကျနော်လည်းအဖွဲ့ဝင်ဖြစ်ချင်လို့ ကိုယ်ပိုင်စာတွေရေးနိုင်အောင်ကြိုးစားဆဲပါ

အကို အောင်မြင်ပါစေ 😁

 7 years ago  Reveal Comment