Steemit မာရသွန် ( Henry Aung )

in #myanmar7 years ago

henry Aung.jpg

မင်္ဂလာပါ။ steemit Platform ပေါ်တွင် လျှောက်လှမ်းနေကြသော မြန်မာ လူငယ်မောင်မယ်များ အနေဖြင့် ယခုတလော အနည်းငယ် လက်ပန်းကျလာသယောင် ထင်ရပါသည်။ MSC အနေဖြင့် ယခင် Steem ဈေးတက်နေသော အချိန် တွင် နေ့စဉ် promotion post 30 ခန့်ရှိသော်လည်း ယနေ့အချိန်တွင်တော့ post 20 ခန့်သာ ကျန်ရှိနေပါတော့သည်။

ကျွန်တော့ အနေဖြင့် အပြစ်မြင်ခြင်း မဟုတ်ပါ။ စာရေးသားခြင်းဆိုသည်မှာ စိတ်လက်ကြည်လင်ခြင်း နှင့် စိတ်အားတက်နေသော အချိန်များတွင် ပို၍ ညာဏ်ကွန့်မြူးကာ ရေးအားလည်း ကောင်းပါသည်။ တနည်းအားဖြင့် မျော်လင့်ခြင်းဖြင့် စိတ်အားထက်သန်နေသော အချိန်များတွင် ပို၍ ရေးလို့ကောင်းပါသည်။

ဤကဲ့သို့ promotion တွင် SBD များအရနည်းလာ သောကြောင့် စိတ်အားလျှော့လာလျင် promotion မရှိတော့ရင် ဟူသော အတွေးသာ တွေးမိစေချင်ပါသည်။ လက်ရှိ MSC တွင် reputation 60 နှင့် 60 နား နီးလာသူတိုင် ဖြတ်သန်းခဲ့ရသော အချိန်တချိန်ရှိပါသည်။ ထို အချိန်မှာ Steem ဈေး ပြား ကဏာန်း သို့ ရောက်သွားသောအချိန်ဖြစ်ပါသည်။

ဤသို့ သော အခြေအနေ ကို ရောက်ရှိတိုင်း ကျွန်တော် ဖြတ်သန်းခဲ့ရသော ကာလတခုကို သတိရမိပါသည်။ လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဧပြီ လဆန်းပိုင်တွင် Steem ဈေးသည် သူ၏ စတင်ခဲ့သည့်ကာလမှ စ၍ အနိမ့်ဆုံး ဈေး ဖြစ်သော ၀.၀၇ ပြား သို့ ရောက်ရှိသွားခဲ့ပါသည်။

ထိုအချိန် တုန်းက အခြေအနေများ ပြန်ပြောပြရလျင် ကျွန်တော့ အနေဖြင့် steemit ကို စတင် ဝင်ရောက်ကတည်း Steem ဈေး 1$ သို့ ရောက်သည်ကို တခါမှ မကြုံဘူးခဲ့ပါ။ ပြား ၂၀ နှင့် အများဆုံး ပြား ၈၀ ကြားခန့်တွင်သာ ကျင်လည်နေခဲ့ရပါသည်။

01.jpg

ဆိုခဲ့သည့်အတိုင်း Steem ဈေးသည် သူ၏ အနိမ့်ဆုံး ဈေး ဖြစ်သော ၀.၀၇ ပြားတွင် steemit Platform ပေါ်တွင် သရဲခြောက်မှာပင် ကြောက်ခဲ့ရပါသည်။ post တင်သူများ မရှိသလောက် ဖြစ်သွားကာ ကျွန်တော်ကိုယ်တိုင်လည်း steemit ဈေး ၀.၁၀ ခန့်မှ စ၍ ဆောင်းပါးရေးသားခြင်းကို ရပ်လိုက်ပြီ ဖြစ်ပါသည်။

ဤသို့ ၅ လ ခန့် ရပ်လိုက်ခြင်း၏ အကျိုးကျေးဇူးမှာ မိမိနှင့် အတူ ဝင်ရောက်လာသူများမှာ Steem ဈေး 1$ ခန့် ရောက်သော အချိန်တွင် reputations 60 ကျော်နှင့် SP မှာ မိမိထက် အနည်း ဆုံး SP ၁၀၀၀၀ ခန့် သာသွားကြပြီ ဖြစ်ပါသည်။ ထိုအချိန်တွင် မိမိမှာ reputation 58 နှင့် SP 4000 ကျော်တွင် ကျန်နေခဲ့ပါသည်။

မိမိ မသိလိုက်သည်မှာ Steem ဈေးနည်းလေလေ SP ပိုများများရလေလေ ဖြစ်သည့် အပြင် SP အများအပြား ရှိသူများကလည်း ထိုဇွဲကောင်းကောင်းနှင့် post တင်နေကြသူများကို ဝိုင်း vote ပေးကြသဖြင့် SP အတက် မြန်သလို Reputation လည်း အမြန်တက်သွားကြခြင်းဖြစ်ပါသည်။

ထိုအချိန်တွင် မိမိလည်း trading လုပ်နေသော အချိန်ဖြစ်၍ အခြားသူငှာများ၏ SP ကို အမှီလိုက်ရန် SP ဝယ်ထည့် ရပါတော့သည်။ သို့သော် ထိုအချိန်တွင် Steem ဈေးမှာ ၀.၅၀ ပြား နှင့် ၀. ၈၀ ပြားအတွင်းသို့ ပြန်တက်လာပြီ ဖြစ်ပါသည်။ ထို့ အပြင် trading လုပ်ရန်အတွက် Power down ကာ Steem များ ထုတ်ရောင်း လိုက်သည့် အတွက် အခြားသူများကို မှီရန် အတော်ပင် နှောင့်နှေးသွားပြီုဖြစ်ပါ သည်။

မိမိအား SP ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးသူမှာ Ethereum ပင်ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ယခု လက်ရှိအချိန် ဈေးကျလာသည် ဆိုသည်မှာ ယခင်ကဲ့သို့ ပြား ဂဏန်း ပြန်ရောက်သွားသည် အထိတော့ မဆိုးသေးပါ။

02.jpg

ကျွန်တော်ဆိုလိုသည်မှာ Steem ဈေး ထိုကဲ့သို့ အောက်ဆုံး ရောက်နေသော်လည်း steemit Platform ၏ developers များက Steem ဈေးကျနေလို့ဟူ၍ Platform အား ရပ်မပြစ်ပါ။ သူတို့ ရည်ရွယ်ချက်အတိုင်း update လုပ်စရာရှိသည်များကို update လုပ်၍ ဖြေရှင်းစရာ ရှိသော ပြသနာများကို ဖြေရှင်းနေခဲ့ကြပါသည်။

ယခုလည်း Steem ဈေးသည် 2$ အောက်သို့ ရောက်သွားသည်မှာ အခြားသူများအတွက် တော့ ဈေးကျ ခြင်း ဖြစ်သော်လည်း နားလည်သူများအတွက်တော့ SP ဝယ်စုရန် အချိန်ကောင်းသာ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် Steem ဈေးသည် BTC နှင့် ETH များကဲ့သို့ ထိုးတက်သွားလိမ့်မည်ဟု အတပ်မပြောနိုင်ပါ။

မြန်မာလူငယ်များ အဖို့ ဤ Platform အား ကိုယ်ပိုင်အမြင်ဖြင့်သာ ဆုံး ဖြတ်ပါရန် အကြံပေးလိုပါသည်။ ကျွန်တော်နှင့် အတူ MSC စတင် ထူထောင်သော သူများ အစပိုင်းတွင် သတိထားမိပါလိမ့်မည်။ ဤ steemit သို့ စတင် ဝင်ရောက်လာသူတိုင်း၏ ပထမ အများဆုံး မေးခွန်းမှာ " ပိုက်ဆံဘယ်လို ထုတ်ရသလဲ" ဖြစ်ပါသည်။

ထို့ကြောင့် Steemit Platform နည်းပညာအကြောင်း ဆောင်းပါးများ မရေးခင် ပိုက်ဆံထုတ်နည်းကို အရင်ရေးပြခဲ့ရပါသည်။ ထိုသို့သော အခြေအနေများကို လွန်လာခဲ့ပြီးနောက် ယခု လက်ရှိ SP အတော်အတန် စုမိလာသော အခါ ( ဝါ ) မိမိ wallet မှ USD $ estimate တန်ဖိုးကို မြင်လာရသော အခါ မေးသောမေးခွန်းမှာ " အစ်ကို steemit site က ဘယ်လောက်သေချာ သလဲ ..? Scam ဖြစ်သွားရင် ဘယ်လို လုပ်မလဲ ..? " အစရှိသော မေးခွန်းများ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် မြန်မာ on line ငွေရှာ လောက အကြောင်းကို ကိုယ်တွေ့မကြုံဖူးသော်လည်း အခြားသူငှာများ ရေးသားထားသော ဆောင်းပါးများအရ ကိုယ်က အပေးသာရှိ၍ ယူချိန် ရောက်လျင် ပျောက်သွားကြသည်က များသည်ကို မှတ်သားရဖူးပါသည်။

03.jpg

ဆိုခဲ့သည့် အတိုင်း steemit တွင်လည်း တသိန်း နှစ်သိန်း မှ ငါးသိန်း ခန့် အထိ စုမိလာလျင် မိမိ ပိုက်ဆံပျောက်ဆုံးသွားမည်လား စိုးရိမ်စိတ်ဝင်သည်မှာ သဘာဝကျပါသည်။ ဤကဲ့သို့သော စိုးရိမ်စိတ်များအတွက် မိမိ သတိပေးလိုသည်မှာ မိမိ Steem Account မှာ မိမိ ပိုင်ဖြစ်သဖြင့် ရောင်းမစားရန် မည်သူမျှ တားမရပါ။

MSC မှ power up ခိုင်းသည်မှာလည်း MSC အကျိုးအတွက် တခုမှ မပါဝင်ပါ။ ယခု အချိန်တွင် power down ၍ ပိုက်ဆံထုတ်ယူထားလျင် မိမိ ပိုက်ဆံရမည်ကတော့ သေချာပါသည်။ သို့သော် မဝေးကွာ လှသော အချိန်တွင် မိမိ၏ နှမျှောစိတ်က မိမိကို နှိပ်စက်ပါလိမ့်မည်ဟုသာ သတိပေးလိုပါသည်။

မိမိ တို့ အနေဖြင့် ငွေရေးကြေးရေး တကယ်လိုအပ်လာသဖြင့် ရောင်းစားရခြင်း ဆိုလျင်လည်း မိမိသဘော အတိုင်းသာ ဖြစ်ပါသည်။ အချုပ်ဆိုရသော် လက်ရှိ steemit Platform တွင် ဝင်ရောက် ၍ SP စုနေကြသူများသည် ယခု အချိန် အတွက် မဟုတ်ပဲ အနာဂါတ်အတွက် ဟူသော ခံယူချက်ဖြင့် ဝင်ရောက် လုပ်ကိုင်နေကြသူများ ဟု ကျွန်တော့ အနေဖြင့် မြင်ထားပါသည်။

ထို့အတွက် ကြောင့်လည်း MSC မှ တတ်နိုင်သလောက် အကူအညီပေးလျက်ရှိပါသည်။ လက်ရှိအချိန်တွင် steemit Platform မြန်မာ tag အောက်တွင် MSC အမည်ဖြင့် မာရသွန် ပြေးနေကြသူ အများအပြားရှိပါသည်။ မည်သူတွေ ပန်းဝင်လာကြ မည်ကိုတော့ အချိန်တချိန်ရောက်လျင် သိလာပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

လမ်းတဝက်မှ လှည့်ပြန်သောသူသည် အောင်မြင်ရိုး မရှိသလို၊
ရပ်နေသူသည်လည်း ကျန်ခဲ့ပါမည်။
ကိုဟင် စာကို ဖတ်ရတော့ ကျွန်တော်တို့ group 1 ကို
ပြေးမြင်မိပါသည်။ အဖွဲ့ဝင် ၂၅ လောက်ရှိသည်တွင်
ယနေ့ Pro တင်သည်မှာ ၁၁ ဦးသာ ရှိပါသည်။ ယခင်အပတ်
တွင်လည်း ၁၅ဦးသာ ရှိခဲ့ပါသည်။ ထိုPro မတင်သူများသည်
ကြားရက်များတွင်လည်း post တင်သည်ကို သိပ်မတွေ့ရပါ။
အဘယ်ကြောင့်သော်ကား မိမိတို့ကိုယ်တိုင်သာ အတိအကျ
သိကြပါလိမ့်မည်။ Pro ပေးခြင်း၏ ရည်ရွယ်ချက်တစ်ခုမှာ
မြန်မာလူငယ်များ Steemit တွင် အကျိုးအမြတ်တစ်ခု ရဖို့နှင့်
အများအား ကူညီနိုင်ဖို့ ပါပါလိမ့်မည်။ သို့သော် မကြိုးစားသော၊
အဖွဲ့အစည်းစိတ်ဓာတ် မရှိသော၊ ရေရှည်မျှော်လင့်ချက် မရှိသော၊
ဂဏန်းလိုလူတွေဖြင့် ခရီးဆက်ရလျှင်ကား ခရီး မတွင်နိုင်သလို
ပန်းတိုင်ပျောက်တတ်ပါသည်။ စည်းလုံးညီညွတ်မှုအားကို
မည်သို့ယူလျှင် ပိုကောင့းပါမည်နည်း။
ကျွန်တော်အနေဖြင့်ကား မိမိတတ်နိုင်သည်ကို မိမိလုပ်၍
ခြေတစ်လှမ်းလှမ်း လှေကားတစ်ထစ်တတ် အမြဲမပြတ် လုပ်နေမိပါတော့သည်။ MSC အဓွန့်ရှည်ပါစေဟု ဆုတောင်းရင်းဖြင့်....
@billionairehein

စာရေးဖို့ အတွက်ကတော့ အတင်းကြီး မရေးမနေရ မတိုက်တွန်းလိုပါဘူး။ ရေးချင်စိတ်မရှိတဲ့ အခါ အတင်းတိုက်တွန်းလို့ ရေး ရင်လည်း ပေါ့ ပျက်ပျက်နဲ့ စာတွေပဲ ထွက်လာပါလိမ့်မယ်။ ကိုယ်တိုင်လိုလိုလားလားနဲ့ စေတနာပါ ပါ ရေးထားမှ ဖတ်ရတဲ့သူလည်း အကျိုးရှိမှာပါ။

Steemit သည် ရေရှည် လုပ်မှသာ အဆင်ပြေနိုင်ကြောင်း FAQ မှာလဲ ဖော်ပြထားပါတယ်အကို ဘာလို့ စိတ်မရှည် နိုင်ကြမန်း မသိဘူး ။

စိတ်မရှည်တာက စိတ်ဝင်စားမှုနည်းသွားလို့ပါ။ တချို့က စာရေးရင် ပိုက်ဆံရမယ်ဆိုတဲ့ မျော်လင့်ချက်ကြီး ကြီးနဲ့ ဝင်လာတာ။ ထင်တိုင်းမရတော့ အားပျက်သွားကြတာပါ။

"              " အဲ့ဒါတော့ အမှန်ပါပဲအစ်ကို...

သင်္ကြန်ရက်နား နီးလာလေ မနက်၈ ည၁၀ နာရီ အထိ အလုပ်များလာလေမို့    promotion    ကြိုးစားပြီးတော့ဖြစ်တ။

(အစ်ကို့စေတနာကိုလည်းအသိမှတ်ပြုပါတယ်ခင်ဗျာ)

စာရေးတဲ့ အလုပ်ကလည်း အချိန်လည်း ပေးရသလို စိတ်ကလည်းကြည်လင်နေမှ။ တခါတလေ စိတ်မကြည်ရင် နာရီဝက်လောက်ထိုင်စဉ်းစားရင်တောင် စာတကြောင်းထွက်မလာဘူး။

ကျနော်ကခုမှတာထွက်ဆိုတော့ တော်တော်ပြေးရအုံးမယ်

အားမငယ်နဲ့ ...ခုထိ တာမထွက်နိုင်သေးတဲ့သူတွေတပုံကြီး ကျန်သေးတယ်။ တချို့ကလည်း တာထွက်ပြီးတာနဲ့ ဘေးထွက် ထိုင်နေတာ။

ဟုတ်ကဲ့ပါ ဘဒိုဟင်
ခု သင်္ကြန်ကာလပြီးရင်တော့ အလုပ်ငြိမ်သွားရင် တစ်ရက်တစ်ပိုစ့်ပြန်ကြိုးစားရေးပါမယ် ဘဒို

ဟုတ်ကဲ့.. ကိုယ်ထမင်း စားရမဲ့ အလုပ်က ပို အရေးကြီး ပါတယ်။ steemit က ဒုတိယ ဝင်ငွေ မို့ စာရေးတဲ့ အလုပ်ကို တော့ ရပ်မပြစ်စေချင်တာပါ။

အခုလို ဝေမျှပေးတာကို ကျေးဇူးတင်ပါတယ်ဗျား။
ယုန်နဲ့လိပ် အပြေးပြိုင်ပွဲပမာ ကျနော်ကတော့ လိပ်လိုပြေးနိုင်အောင် ကြိုးစားနေပါတယ်ဗျား ညီအကိုများ အားလုံးလအောင်မြင်ကြပါစေ

တရွေ့ ရွေ့ သွားလည်း ရွေ့ နေတာပဲလေ... အရေးကြီးတာ လုံးဝ မရပ်သွားဖို့ပါပဲ။

စိတ်တော့လျော့ဘူး ကိုဟင် ဖြည်းဖြည်းချင်းတော့ ရောက်အောင်သွားမယ်

အကောင်းဆုံးပါ။

တစ်ခြားသူများလိုတစ်နေ့တစ်ပုဒ်မတင်နိုင်ပေမယ့် ကိုယ်ရတဲ့အချိန်လေးမှာ ကြိုးစားရေးပြီး ပန်းဝင်အောင်မှန်မှန်လေးသွားနေမှာပါအစ်ကိုရေ

အကောင်းဆုံးပါ။

ဖြေး​ဖြေး ​အေး​အေး ​ဆေး​ဆေးပဲ
ပန်းဝင်​​နေဆဲပဲ ကိုဟင်​​ရေ

အေးအေးဆေးဆေး သာသာယာယာပဲပေါ့ ။

မေးပါများစကားရ၊သွားပါများခရီးရောက်နဲ့၊တနေ့တလံပုဂံဘယ်ပြေးမလဲဆိုတာတွေဟာ....အလကားထားခဲ့တာမဟုတ်ဖူးဆိုတာ..ကလေးတွေသိစေခြင်လိုက်တာ။

သိတဲ့သူတွေက တော့သိနေကြပါပြီ။ မသိတဲ့ ခလေးတွေ ကျန်ခဲ့မှာ စိုးလို့ အန်တီ။

အကြံပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ် bro

ကျေးဇူးအများကြီးတင်ပါတယ်။

အခုလို ကိုယ်တွေ့ကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို ... အရင်ထက် pro တင်တဲ့သူ နည်းလာတာကိုလည်း အားမရစရာ မြင်နေရပါတယ် ... တစ်ချိန်မှာတော့ ဘယ်သူ ပန်းအ၀င်နှေးမလဲ ခန့်မှန်းလို့ ရနေပါတယ်

interesting....

Henry Aung ( Kachin )
Dear Please guide me how to promote my steemit programme
if you have any idea ! please!!!

ရှင်းပြ​ပေးတာ​ကျေူဇူးပါ အကို​ရေ့....

စာရေးခြင်းထဲကို စိတ်ပြန်နှစ်ပါတော့မယ်ဗျာ

ကျွန်တော်ကတော့ power ကို ဦစားပေးတယ်။လက်ရှိရနေတဲ့ steem ကိုလည်းpower upဖြစ်တာများပါတယ်။အခုမှစသုံးတာသိမ့်မကြာသေးတော့powerကိုဦးစားပေးစုမိတာလည်းပါပါတယ်။power များလာရင် အခြားသူကို သွားvote ပေးရင် vote ခံရတဲ့သူလည်းအားတတ်တာပေါ့ ။ခုလက်ရှိတော့ကိုယ်ကသူများကို vote ပေးရမှာကိုယ်တောင်အားမရှိသလိုဖြစ်နေတယ်။ကို henary ရေးတဲ့ဆောင်ပါးကိုဖတ်မိတော့ဗဟုသုတတစ်ခုရလိုက်တဲ့အတွက်ကျေးဇူးပါအကို။

တန်ဖိုးနည်းနည်းကျနေလို့ စိတ်အားနည်းနည်း လျော့နေပေမဲ့ ပြန်ပြန်အားတင်းပြီး ပန်းတိုင်တစ်ခုဆီတော့ ရောက်အောင်သွားမှာပါ။

မိမိရမယ့်အရာ၊ ရှိမယ့်အရာကိုတော့ လူတိုင်း ဈေးတတ်ချင်ကြတာပါပဲ။
ကိုယ်တိုင်ထုတ်လုပ်တဲ့ပစ္စည်း မဟုတ်တော့လည်း ဈေး အတတ်အကျက
ဈေးကွက်သဘောပဲ။ အလကားရတဲ့နွား သွားဖြဲကြည့်သလို ဖြစ်နေတော့တာပဲ။

ရောင်းစားဖို့မစဥ်းစားပါဘူး ကိုဟင်ရေ
Spတိုးဖို့ပဲ စဉ်းစားနေတာ
ကိုဟင်ပြောသလို postလေးတွေတင်ပြီးတော့ပဲ တဖြေးဖြေးယူပါတော့မယ် အကိုရေ။

Your article is very good. But some steem prices are falling daily.

ကြူံဖူးခဲ့ပီမို့မပြောလိုပါ ဒါပေမယ့်အကိုဟင် အခုတလော ပါတ်စ၀ခိုးခံရပီးအကောင့်တွေဆုံးရှုံးနေတဲ့သတင်းကအတော်လေးစိုးရိမ်မှု့မြင့်တက်နေတယ်အကိုဟင် ဒါနဲ့ minnowbooster မှာ ပါတ်စ၀ ထည့်မိတာ ပြသနာရှိနိုင်လားခင်ဗျအကို

ဟုတ်ကဲ့ပါ အကို ဟင်
ကျွန်တော်က သင်္ကြန်နီးနေလို့ အလုပ်မအားလို
ခုရက်ပိုင်း ပိုစ့်မတင်နိုင်ဘူးအကိုဟင်ရေ
ဈေးတွေကျလို့ မဟုတ်ပါဘူးအကိုရေ
ဘာဘဲပြောပြော အကိုအခုလို မျိုးပိုစ်ရေးပေးထားတော့
အားလုံးအတွက် ကောင်းတယ်လို့ ထင်မိပါတယ်ဗျာ

လပိုင်းလောက်နဲ့အားလျော့ခဲ့ရင်တော့
နောက်မှနောင်တရမှာပဲ

ဟုတ်ပ။
ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက တလလောက် ကျတော်လည်း စာမရေး ဘာမရေး ပစ်ထားဖူးတယ်။ တလဆိုပေမယ့် ရက် ၂၀ လောက်ပါ။ တော်တော် နောင်တ ရသွားတယ်။
အဲ့ကတည်းက မရပ်တော့ဘူး။ မမြန်ရင်တောင် ဖြည်းဖြည်းမှန်မှန်ပဲ။ အရေးကြီးတာက ရပ်မနေဖို့ပဲ။
တွန်းအား ဖြစ်စေတဲ့ အကို့စာအတွက် ကျေးဇူးပါဗျ။

စိတ်ကတော့မပျက်ပါဘူး ခင်ဗျာ။ပန်းတိုင်အတွက် ကြိုးစားလျှောက်လှမ်းနေပါတယ်။

ဟုတ်​ကဲ့အကို​ရေ​ကျေးဇူးပါခင်​ဗျာ

အကိုဟင် ရဲ့ အားပေးစကားများကြောင့် အားရှိသွားပြီဗျာ
ကျေးဇူးပါ ကိုဟင်

ကျေးဇူးပါဗျာ ခုလိုသိရတာကို
ကျွန်တော်တို့ကြိုးစားမယ်

စာရေးတော့ ရေးနေပါတယ် စာကောင်းမထွက်နိုင်လို့ ဖတ်ရသူတွေကို အားနာမိပါတယ် အစ်ကိုရယ်

တရွေ့ရွေ့တဖြည်းဖြည်းခရီးဆက်ကြဆဲပါ

ပုံမှန်​ပဲချီတက်​​နေပါတယ်​။စာ​ရေးစရာအ​တွေးရှိရင်​​ရေးတယ်​။မရှိရင်​​တော့မ​ရေးဖြစ်​ပါဘူးကျန်​တာ​တော့မ​တွေးပါဘူးအစ်​ကို။အတက်​ရှိရင်​အကျလည်းရှိမှာပဲ​လောကနိယာမတစ်​ခုပဲ​လေ။

 7 years ago  Reveal Comment

Hi Dan,

Thanks for stop by. Yes, I have been leading the Myanmar Steemit community Since last year August and posting about steemit platform for those people who weak in English. Again, thanks for your support.