လက်ရှိအချိန် ဈေးကွက် အတွင်း၌ ဖြစ်ပေါ်နေသော SBD ဈေး နှုန်း အပြောင်းအလည်းကြောင့် အများကလည်း သို့လောသို့ လော ဖြစ်နေကြပါသည်။ အစတော့ ကျွန်တော်လည်း SBD တွေ ဈေးမြင့်တက်လာခြင်းကို ဘူပေါင်း တခုဟုသာထင်ထားခဲ့ပါသည်။ သို့သော် Steemit မှ ဆရာကြီးများက သွေးအေးအေးဖြင့် ရှင်းပြသောအခါ ကျွန်တော် မလိုချင်သော နေ့ရက်သို့ ရောက်လာကြောင်းကို သတိထားမိပါတော့သည်။
အကျယ်ရှင်းပြပါမည်။ လွန်ခဲ့သော လ အနည်းငယ်ခန့်က မိမိတို့ အခြားသူများ၏ အကူအညီဖြင့် Voting များ ရယူကြသောအခါ ကျွန်တော့ အနေဖြင့် တောက်လျှောက် သတိပေးနေခဲ့သည်မှာ SP ကို များနိုင်သမျှများအောင်စုကြပါ ရန် ဖြစ်ပါသည်။ နာထောင်သူများရှိသကဲ့သို့ မိမိတို့ ရရှိလာသော SBD များကို ဈေးကွက်အတွင်းသို့ ချရောင်းစားလိုက်ကြသူများလည်း ရှိကြပါသည်။ ကျွန်တော့ အနေဖြင့် တိုက်တွန်းရုံသာတတ်နိုင်၍ ထိုထက်လည်း ပိုမတတ်နိုင်ခဲ့ပါ။
ယခု SBD ဈေး 10$ နားသို့ ကပ်လာပြီ ။ Steem ဈေးမတက်၍ ပူစရာမရှိပါ။ အလိုလို ဖြေးဖြေးချင်းလိုက်တက်လာပါလိမ့်မယ်။ အားလုံး သိသည့် အတိုင်း မိမိ ဆောင်းပါး ရေးသား၍ ရသော SBD မှ ၂၅% ကို vote ပေးသူထံ ပြန်ပေးရ၍ ကျန် ရှိသော ၇၅% မှ Steem SP 50% နှင့် SBD 50 % တို့ မိမိ wallet သို့ ရောက်ရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။
SBD သည် လက်ရှိ USD 1$ ထက်ပိုသော ငွေကြေးအဖြစ်ရပ်တည် နေသည်မှာ အားလုံးအမြင်ဖြစ်ပါသည်။ ကျန်ရှိသော 50% Steem Power မှာ လည်မိမိ ရရှိထားသော SBD ပေါက်ဈေးအတိုင်း SP ပြောင်းပေးခြင့် ဖြစ်သဖြင့် ယခင်ကထက် SP ပိုများများ ရနိုင်တော့မည် ဖြစ်ပါသည်။ ထို့ကြောင့် Steem ဈေးတက်ခြင်း နှင့် SBD ဈေးတက်ခြင်းတို့ သည် Steemit ကိုထိခိုက်စရာမရှိပါ။ ထိခိုက်သည်မှာ မိမိတို့ ဖြစ်ပါသည်။
အားလုံးသိသည့် အတိုင်း ယခု Steemit မှ ငွေဖေါ်လို့ ရနေပါပြီ။ တန်ဖိုးရှိလာကြောင်း သိလာကြပါပြီ။ SBD များ Steem များလိုချင်လာကြပါပြီ။ ၂ မျိုးသာရှိပါသည်။ ဆောင်းပါးရေးပြီးရှာမလား ? ဝယ်စု မလား..? အများသူငှာ free ကြိုက်ကြသည့် အတိုင်း ဆောင်းပါးရေးသူများ ထွက်ပေါ်လာကြပါလိမ့်မည်။
မိမိတို့ လက်ရှိ MSC ၏ အားလုံးပေါင်း SP ဖြင့် vote လျင်တောင် SBD 1$ မရနိုင်သေးပါ။ curie ကလည်း power down နေသဖြင့် အကူအညီ လည်း မရနိုင်သေးပါ။ သို့သော်လည်း အချိန် ကတော့ ရောက်လာပါပြီ။ ကျွန်တော့ ပိုစ်လေး vote ပေးပါအုံး ကျွန်မ ပို့စ်လေး vote ပေးပါအုံး။ ကျွန်တော် အစောပိုင်းတင်သော ဆောင်းပါးများတွင် ဖေါ်ပြခဲ့ သည့် အတိုင်း ဇွဲ ကောင်းသူတို့ ဝရိယ ကောင်းသူတို့ အကျိုးခံစားရချိန်တော့ နီးလာပါပြီ။
ထင်သည့် အတိုင်း မိမိ တို့ SP မများခင် ဈေး တက်လေပြီ။ SBD ဈေးတက်လျင် SP ပိုများများရမည်။ Steem ဈေးတက်လျင် voting power များလာမည်။ မိမိတို့ အတွက် အရှုံးမရှိပါ။ အခွင့်အရေးရပါလျက်နှင့် ဆောင်းပါးမရေးသူများသာရှုံးပါလိမ့်မည်။ ကံမပါတောင် ဝရိယ အကျိုး ခံစားနိုင်ကြသော်လည်း ဝရိယ မရှိပါက ကျွန်တော်ပေးထားသော ခေါင်းစဉ်အတိုင်းသာ ။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
Amazing Henry!
Thanks Dubi
Myanmar Steemit Community ရဲ့ကျေးဇူးကြောင့် steem power 100 ကျော်စုမိနေပါပြီရှင် 😊
ဆက်ပြီးတော့ ကြိုးစားပါ။ ဆောင်းပါးတွေမှာ MSC no ဖေါ်ပြပေးပါ။ MSC no မပါရင် vote နည်းပါလိမ့်မယ်။
ဟုတ်ကဲ့ပါအစ်ကို၊ နောက်တစ်ခါ ဆောင်းပါးရေးရင် MSC နံပါတ်ထည့်ပါ့မယ်။
စုဆောင်းထားပါတယ် အများကြီးမစွမ်းပေမဲ့ တတ်နိုင်သလောက် စုထားတာလေးတော့ ရှိနေဆဲပါ တစ်ကယ်ဆိုရင် ရထားတဲ့ steem power တွေဟာ အကိုဟင်တို့ကျေးဇူး ကြောင့်ပါ
အစ်ကိုဟင်ရဲ့ကျေးဇူးနဲ့ bro domeတို့ရဲ့ ကြိုးစားမှုပေါင်းစည်းလိုက်တာမှာ
အကျိုးတစ်ခုဖြစ်ထွန်းလာတာပါပဲ
.
ကြိုးစားရေးနေသူတွေကိုတွေ့ရတာဝမ်းသာတယ်
ချီးကြူးပါတယ်ဗျာ.. အက်မင်တွေအရမ်းကြိုးစားကြတယ်❤❤❤
ကျွန်တော်စိုးရိမ်တာ အခုလို ဈေးတက်လာရင် Curie ရဲ့ အကူအညီ မရတော့မှာ စိုးရိမ်နေတာ။ curie ကလည်း သူတယောက်တည်း မဟုတ်ဘူး ကူညီသူ အားလုံးရဲ့ SP ပေါင်းထားတာဆိုတော့ ။
ဘာပဲပြောပြော သုံးလအတွင်း SP 308 စုမိတာအမြတ်ပဲ၊ လိပ်သွားတော့သွားနေ ဦးမှာပါပဲ၊ တစ်နှစ်ဆို SP ၁၂၀၀လောက်တော့စုမိမှာပါ။ အရှုံးမရှိပါဘူး၊ အမြတ်ကြီးပါပဲ။ ကိုဟင်နဲ့ ကတော့ ဆရာသေသည်အထိလက်တွဲဖေါ်ပါပဲဗျာ။
စိတ်ချပါဆရာ။ Steemit က မြန်မာတွေအတွက် အရှုံးမရှိပါဘူး။
အမှန်ပဲဗျာ
မှန်တာပေါ့ဆရာ
အမှန်တွေပဲ တောက်လျှောက်ပြောနေခဲ့တာပါ။
ဆရာ ပြောခဲ့တဲ့ အတိုင်း ကွက်တိပါ ခင်ဗျ
ကြိုးစားရေးသားနေပါတယ်ဗျာ
ဆက်ပြီးတော့ ကြိုးစားပါ။ ဆောင်းပါးတွေမှာ MSC no ဖေါ်ပြပေးပါ။ MSC no မပါရင် vote နည်းပါလိမ့်မယ်။
Trade ဈေးကွက်ပေါက်ဈေးကတော့ 13.5$ ထိရောက်သွားပီအကိုဟင်ရေ
အဲတော့ ဝမ်းသာစရာပေါ့။
သေချာတာပေါ့အကိုရယ် ကြိုးစားသူတိုင်းအတွက်ထိုက်တန်တဲ့အကြိုးခံစားရမှာပေါ့အကိုရေ လေးစားပါတယ်ခင်ဗျာ
ဟုတ်တယ်အစ်ကို ကျွန်တော်ဆို Spလေး123ပဲ စုနိုင်တယ်
ကြိုးစားပမ်းစားနဲ့ ရေးနေကြတဲ့သူတွေကတော့
SP300လောက်ရနေကြပါပြီ
ကြိုးစားမှုရဲ့ရလဒ်က အချိန်ကြာလာတာနဲ့အမျှ စကားပြောလာပါပြီအစ်ကိုရေ
MSC ကိုဖွဲ့တာ နောက်ကျ သွားတာ။ တကယ်ဆို ၂၀၁၇ March လောက် စသင့်တာ
မင်္ဂလာ ရှိပါပေ့ ဗျာ
ဝမ်းသာစရာပေါ့။
thanks ပါ ဒီရက် ပိုင်း မရေးဖြစ်တာက pro post မရှိလို့
မဟုတ်ပါဘူးရှင်
ဝယ်ထားတဲ့ coin တွေ ဘက် လှည့် ကျိနေရလို့ဘာ
အခုလိုပြောပေးတဲ့ အတွက် အားတက်စေပါတယ်
ကျေးဇူးပါ
သူဌေးဖြစ်ရင် ကူညီအုံးနော် ၊ SP တွေအများကြီး ဝယ်ပြီး vote ပေး
ဟ်ဟ် …ဝယ်မိသမျ က ဂျင်းcoin တွေဖြစ်
ဆိုးလိုက်တဲ့ ဘဝ
အရင်ကတည်းက ဆရာပြောခဲ့တာတွေ အခုချိန်အရမ်းမှန်နေပီဗျာ
ဖြေးဖြေးမှန်မှန်သွားနေသူတို့ နေရာရလာပါလိမ့်မယ်
အခုလို သိခွင့်ရတဲ့အတွက် ကျေးဇူးပါ အကို
ကြိုးစားသူတိုင်းအတွက်ထိုက်တန်တဲ့အကြိုးခံစားရမှာပေါ့
မင်္ဂလာပါအကိုကြီး
လေ့လာဖတ်ရှုလိုသိရှိခဲ့ရသလိုကျေဇူးလည်းတင်မိပါတယ်အကိုကြီး
ဆောင်းပါရှည်လေးတွေကိုလည်းရေးနိုင်အောင်ကြိုးစားသွားပမယ်ဗျ…steemitနဲ့ပတ်သတ်သောကျန်တဲ့
အကြောင်းအရာတွေကိုတော့အကိုကြီးရေးသားခဲ့ပြီး
ဖြစ်သောအရင်ကpostများအား အားလပ်သောအချိန်မှာလေ့လာဖတ်ရှုနေပါတယ်ဗျ။
ဒီထက်သိအောင် နားလည်လာအောင် လေ့လာဖတ်ရှုနေပါတယ်လို့ပြောကြားရင်ဖွင့်ရင်း
လေးစားခင်မင်တဲ့(သူရ)
ဆက်ပြီးတော့ ကြိုးစားပါ။ ဆောင်းပါးတွေမှာ MSC no ဖေါ်ပြပေးပါ။ MSC no မပါရင် vote နည်းပါလိမ့်မယ်။
ဟုတ်ကဲ့အကိုကြီး
သတိပေးလို့ကျေးဇူးတင်ပါတယ်
mscနံပတ်တွေလိုက်ထည့်လိုက်ပမယ်အကိုကြီး
ကျေးဇူးတင်စွာဖြင့်(သူရ)
50 သာသာလောက်ဘဲရှိသေးတော့လည်း သူများတွေကို ကြည့် အားကျရတော့မှာပေါ့။
ဖြေးဖြေးမှန်မှန်သွားနေသူတို့ နေရာရလာပါလိမ့်မယ်
ရေးနိုင်သလောက်တော့ကြိုးစားပြီးရေးနေပါတယ်အကို။သူများတွေလိုတစ်ရက်တစ်ပုတ်မရေးနိုင်ပေမယ့်တစ်ပတ်တစ်ပုတ်လောက်တော့ကြိုးစားရေးပါတယ်။ဝယ်စုဖို့ကျတော့ ကျတော်တို့အနေနဲ့ကမဝယ်နိုင်ပါဘူးဗျာ။
Steemit က မြန်မာတွေအတွက် အရှုံးမရှိပါဘူး။
ဟုတ် အကိုပြောသလိုပဲဖြေးဖြေးမှန်မှန်တော့သွားနေပါတယ်။
စုထားတာလေးတွေရှိနေပါသေးတယ်ဗျာ
သူဌေးဖြစ်ရင် ကူညီအုံးနော်
တစ်နေ့တစ်ပုဒ်လောက်တော့ ကြိုးစားရေးနေပါတယ်။ Post promotion မရှိရင်လဲ ပြဿနာမရှိပါဘူး။ဒီလောက်အကူအညီရတယ်ဆိုရင် ကျေနပ်ပါပြီ။ SBD ဈေးကတက်သွားတော့ မဝယ်နိုင်တော့ဘူး။
ဒီလိုပဲ နည်းလမ်းတွေရှာရမှာပေါ့။ ဘယ်လိုလုပ်ရင် SP မြန်မြန်ရနိုင်မလဲ ဆိုတာစဉ်းစားရင်းပေါ့လေ။
Curie ဆီကနေ promotion ပြန်ရဖို့ ကြိုးစားနေပါတယ်။ ပုံမှန်လေးသာရေးပြီး ရသလောက်ယူထားကြတာပေါ့။ Steemit ကို အခုအချိန် ဝင်လာလည်း နောက်မကျသေးပါဘူး။သူများနိုင်ငံမယ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြိုးစားနေကြတာ။ ကိုယ်တွေလူမျိုးက ဆက်တိုက်ရနေမှ ။ နည်းသွားပြီ ဆိုရင် ရပ်ပလိုက်ကြတာ။
ဟုတ် steem ဈေးလည်း တက်လာပြီး
အစ်ကိုဟင် လည်း reputation 64 ကို တက်သွား
ပါပြီ။အခုအချိန်ထိ စိတ်ရှည်ရှည် စုဆောင်းခဲ့သူတွေ ကို လေးစားအားကျမိပါတယ် ခင်ဗျာ။
Steemit က မြန်မာတွေအတွက် အရှုံးမရှိပါဘူး။
Steem on, good luck
Steem had reached a lot. I do not think so. This will be less
Sip