ထိုးကွင်းဆေးမင်ကြောင်ထိုးသော အလေ့အထသည် မည်သည့်ခေတ်ကာလက စတင်ပေါ်ပေါက်သည်ကို အတိအကျမသိရသော်လည်း ခန့်မှန်းချေ ၁၄ရာစု၊၁၇ရာစု ကတည်းက ရှမ်းပြည်နယ်တွင် ပေါ်ထွန်းခဲ့ပါသည်။ထိုမှတဆင့် ဗမာ၊ကရင် အမျိုးသားများ ထိုးကွင်းဆေးမင်ကြောင်ထိုးကြသည်ကို သိရလေ၏။
ရှေးခေတ် မြန်မာယောကျာ်းများသည် အရွယ်ရောက်လာသည့်အခါ ထိုးကွင်းထိုးကြလေ၏။ထိုးကွင်းဆေးမင်ကြောင်ထိုးခြင်းမှာ ရှေးခေတ် အယူအဆအရ ယောကျာ်းများအတွက် ဂုဏ်ယူလောက်သော ယောကျာ်းပီသကြောင်း၊လူလားမြောက်ကြောင်း မှတ်ကျောက်တင်ပြခြင်းဟု ဆိုနိုင်၏။ထိုးကွင်းရှိမှသာ ယောကျာ်းပီသသည်ဟု အယူရှိကြရာ အမျိုးသမီးများကပင် ထိုးကွင်းမရှိသောယောကျာ်းဆိုလျှင် မကြိုက်ဟု ဆိုးရိုးရှိလေ၏။ထိုးကွင်းအထိုးခံသည့်လူငယ်သည် နာမှန်းမသိအောင် ဘိန်းစိမ်းမျိုကြသလို ကွမ်းသီးခပ်မာမာကို ကိုက်၍ အထိုးခံကြသည်။
ထိုးကွင်းဆေးမင်ကြောင်ထိုးခြင်းသည် ကာယသိဒ္ဓိဆေး၊ပီယသိဒ္ဓိဆေး၊ဓားခွက်နှိုက်ဆေး၊ပေါရိသာဒဆေး၊မြွေဆေး၊တုတ်ပီးဓါးပီးဆေး၊အာဋ္ဌဝကဆေးထိုးခြင်းနဲ့ မတူချေ။ထိုးကွင်းဆေးမင်ကြောင်ကို ထိုးရာတွင် ငါးကျင်းပါးဟက်ပုံ၊ဓနုကွက်ပုံ၊မန်ကျည်းရွက်ဖက်ပုံ၊ကန်စွန်းနွယ်ပုံ၊ယိုးဒယားပန်းစက်ပုံ သာမက ကျားရုပ်၊ကြောင်ရုပ်၊အရုပ်များနှင့် ပေါင်းလုံးပြည့်အောင် ထိုးကြသည်။ထိုကြောင့် မြန်မာအမျိုးသားတို့သည် ယောကျာ်းဖြစ်ကြောင်း မှတ်ကျောက်အတင်ခံရလေအောင် ရှေးက ထိုးကွင်းမင်ကြောင်ထိုးလေ ဓလေ့ရှိကြပါသည်။
writer-ဒေါ်အုန်းကြည်သား
@kanesious(SMT-15)
photo credit google image
What is this?
myanmar tradition tattoo
Ti is tattoo loing loing a go myanmar country in tattoo AD16 to AD18.
SMT-18
SMT14 @soppyman
SMT-1
SMT-8
DONE
SMT-11
SMT-28
Done
SMT-19
SMT 32 done
SMT 3
Done
SMT 12
Done
dome
good
SMT 23 done
SMT 5
Good letter
SMT-24 done
SMT-34