Binnace ရဲ့ WOTD ထဲကအကြောင်းအရာတချိူ့

in #myanmar6 months ago

World of the day ဖြေနေတ user တွေအနေနဲ့လဲ အဖြေတွေက ဘယ်လိုအနေအထာရှိနေတယ်ဆိုတာ သိနေကြမယ်လို့ထင်ပါတယ်။ binance မှာ အဖြေတစ်ခုခုကို ရိုက်ချလိုက်တာနဲ့ အဖြေမှန်တယ်ဆိုတော့ အစိမ်းရောင်လေးတွေ ထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။

အစိမ်းရောင်မဟုတ်ပဲ တခြားအရောင်တွေဖြစ်တဲ့ အမည်း၊အဝါတွေဆိုရင်တော့ အဖြေကမှန်ကန်မှုမရှိပါဘူး။ ထပ်ဖြေဖို့အတွက် အခွင့်အရေးရှိရင် ထပ်ဖြေလို့ရပါသေးတယ်။ ထပ်ဖြေဖို့အခွင့်အရေးမရှိရင်တော့ နောက်ထပ်တစ်ရင်ထပ်စောင့်ပေးရမှာပဲ ဖြစ်ပါတယ်။

binance ရဲ့ချပေးထားတဲ့ စကားလုံးတွေထဲမှာ အမည်းရောင်တွေချည်းပဲ ဖြစ်နေခဲ့မယ်ဆိုရင်တော့ အဲနေ့အတွက် အဲစကားလုံးက ပါဝင်ခြင်းမရှိဘူးဆိုတာ သိထားရမှာပဲဖြစ်ပါတယ်။ စကားလုံးက လိမ္မော်ရောင်လေး ဖြစ်နေခဲ့မယ်ဆိုရင်တော့ အဲစကားလုံးက ပါဝင်ထားတာကို နားလည်းသိရှိထားရပါမယ်။

နောက်တစ်ချက်အနေနဲ့ကတော့ စကားလုံးတစ်ခုက ဒုတိယအကွက်မှာ သူတစ်ခုတည်းကွက်စိမ်းနေမယ်ဆိုရင်တော့ အဲစကားလုံးရဲ့အထားအသိုးက ဒုတိယနေရာမှာ ကျိန်းသေးပေါက် ရှိနေတယ်ဆိုတာကို နားလည်းထားဖို့လိုအပ်ပါလိမ့်မယ်။ ဒါကိုအသုံးချပြီးတော့ ကိုယ်အနေနဲ့က အဖြေမှန်ကို စဥ်းစားတတ်ဖို့လိုအပ်ပါတယ်။

ဒီနေ့ကတော့ ကျတော်ရဲ့ World of the day မှာတော့ 6 letters word ပဲ ဖြစ်ပါတယ်။ 6 letters word နဲ့အတူ အခွင့်အရေး ၆ကြိမ်ထိပေးထားပါတယ်။ကျွန်တော်အနေနဲ့ အဖြေမှန်ဖို့အတွက် 5ကြိမ်တိတိဖြေဆိုခဲ့ရတာပဲဖြစ်ပါတယ်။ အားလုံးပဲ ကံကောင်းကြပါစေ။

Sort:  
Loading...