ကျွန်တော်နှင့် ဂျင်း - အပိုင်း (၁)

in #myanmar7 years ago

ကျွန်တော်နှင့် ဂျင်း - အပိုင်း (၁)
Ginger2.jpg

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော့ဖုန်းလေး firmware ကျသွားလို့ ဆိုင်သွားပြီး firmware ပြန်ရေးရတယ်။သွားနေကျဆိုင်ကို သွားတာပါပဲ။အဲဒီဆိုင်ကို firmware ရေးတဲ့ အကြောင်းကိစ္စနဲ့ပဲ အရင်က နှစ်ခေါက်သုံးခေါက် ရောက်ဖူးပါတယ်။
ဆိုင်ရောက်တော့ ဆိုင်ရှင်မရှိပါဘူး။ငှားထားတဲ့ တပည့်လေးပဲရှိတယ်။ညီလေးရေ firmware ကျသွားလို့ firmware လေး ပြန်တင်ပေးပါကွာ ဆိုပြီး ဖုန်းလေးပေးလိုက်တယ်။ငတိက ဖုန်းပါဝါဖွင့်ကြည့်ပြီး ဘာလုပ်ရင်းနဲ့ ဒီလိုဖြစ်သွားတာလဲ ဘာလဲ***စသဖြင့်ပေါ့ အကုန်လျှောက်မေးတော့တာပဲ။ကိုယ်လည်း ဖြေရမှာ ပျင်းလာတာနဲ့ ညီလေးရေ။firmware သာပြန်တင်လိုက်ပါ။ဘယ်လောက်ပေးရမလဲ လို့ သူ့ကို ပြန်မေးလိုက်ပါတယ်။ငတိက အကို ဒီဖုန်းက firmware တင်တာရယ် root ဖောက်တာရယ် မြန်မာဖောင့်သွင်းတာနဲ့ဆိုတော့ စုစုပေါင်း ၃ခု လုပ်ရမှာဆိုတော့ 6000 ပဲကျပါတယ်တဲ့။
10081.jpg

ညီလေးရေ။မင်းဆရာက firmware တင်တာ 4000 ပဲယူတာကွ။ဘယ်လိုဖြစ်လို့ 6000 ဖြစ်သွားရတာတုန်း လို့ ကျွန်တော်ထပ်မေးလိုက်တယ်။အဲ့ဒီတော့မှ ငတိက မျက်နှာပျက်သွားပြီး ဟုတ်ကဲ့ အကို အဲဒါဆိုလည်း 4000 ပဲပေးခဲ့ပါ တဲ့။အော်----- ဂျင်း----ဂျင်း----ဂျင်း----
နေရာတိုင်းမှာ ဂျင်းတွေချည်းပါလားဗျာ။
အပိုင်း(၂)ဆက်ပါဦးမည်။
author - Crypto Boy #photo is taken from google. #photo is taken from google.

Sort:  

ဂျင်းတွေ ရမယ် ဂျင်းတွေ ဂျင်းတွေ

ဟုတ်ပ နေရာတိုင်း ဂျင်းထည့်မယ် ဆိုတာချည်းပဲ

ဂိင်းလည်းရမယ် ငရုပ်လည်းရမယ် သံပုရာသီးပါ အဆစ်ပေးမယ်

မရမ်းသီးလေးကော မပါဘူးလား @thirimay

နေရာတကာ မသိတဲ့သူဆိုရင် ဂျင်းထည့်ကြတာ အကျင့်ကြီးကို ဖြစ်နေပါပြီလေ

ဂျင်းမကြိုက်ဘူး ကြီး ဟီးဟီး@thantzin

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 4.65% upvote!
I was summoned by @manuboy. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of @youarehope and @tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?