Image from google
လူတွေဟာ လူတွေကို ကြောက်တယ်... ဒီအချက်ကို ဘယ်နေရာမှာ သိနိုင်သလဲဆိုတော့ ပရိသတ်ရှေ့မှာရှိတဲ့ စင်မြင့်ပေါ်ကို တက်ကြည့်ရင် သိနိုင်သဗျ...
တက်ဖူးတက်စ မရှိရင် ဒူးတွေတုန် ဇောချွေးတွေပျံနတတ်ကြတယ်... အချို့လည်းကြုံဖူးကြမှာပါ...
ကျုပ်ကျောင်းသားဘ၀တုံးက ကျဘမ်းစကားပြောပြိုင်ပွဲဝင်ခိုင်းလို့ ၀င်ပြောကြည့်တယ် ကျောင်းသားကျောင်းသူတွေကြည့်ပီး ချွေးတွေပျံ ဒူးတေတုန်ပီး ဒါပါဘဲခင်ဗျာ ဆိုဆင်းပြေးလာခဲ့ရတယ်... အဲလောက်ကြောက်တတ်တာ...
မျက်လုံးပေါင်းများစွာကို မျက်လုံးတစ်စုံနဲ့ ပြန်ကြည့်ပီး တည်တည်ငြိမ်ငြိမ်ဖြစ်နေဖို့ဆိုတာ အတော်မလွယ်တာကိုးဗျ... ဒါကြောင့် လူတွေက လူကိုကြောက်တယ်လို့ပြောထာ...
စာရေးဆရာမတယောက်ရေးထားတာဖတ်ဖူးတယ်... သူဆယ်တန်းအောင်ပီးတော့ဆရာမအလုပ်ရှောက်တယ်....
ဆရာမကြီးက အစမ်းစာသင်ခိုင်းတယ် စာသင်စင်ကနေဆင်းပြေးရတယ်... ဒီအခါမှာ ကျောင်းသူတစ်ယောက်က ပြောလိုက်တဲ့စကား တခွန်း အင်မတန် ကောင်းတယ်...
ဆရာမ နောက်တကြိမ်လောက်ကြိုးစားကြည့်ပါလားဟင် တဲ့ မထင်မှတ်တဲ့သူတွေထံက မထင်မှတ်တဲ့ အားပေးစကား
ဆရာမလုပ်ချင်သူကလည်း အတင်းငြင်းတယ် အားပေးသူကလည်း ထပ်ခါထပ်ခါပြောတယ် နောက်ဆုံးတော့ အောင်မြင်စွာ စာသင်နိုင်ခဲ့တယ်
ဒီမှာကျောင်းသူလေးထပ်ပြောခဲ့တယ်စကား အင်မတန်အတုယူစရာကောင်းသား
ဆရာမ သမီး ကျောင်းသားကိုယ်စားလှယ်ရွေးပွဲမှာ သမီး ၃ ကြိမ်တောင်စင်ပေါ်တက်ခဲ့ရတယ်
ပထမအကြိမ်မှာ စကားတလုံးမှပြောမထွက်ခဲ့ဘူး
ဒုတိယအကြိမ်မှာ မျက်နှာတစ်ခုလုံးနီရဲပီး ကိုယ့်နှလုံးခုန်သံပဲ ကိုယ်ကြားနေခဲ့ရတာ စကားပြောမထွက်ခဲ့ဘူး
ဒါပေမယ့် တတိယအကြိမ်မှာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတွေကို ရရှိခဲ့ပါတယ် တဲ့....
ကဲ ကျုပ်တို့လည်း ကိစ္စအတော်များများကို တကြိမ်လောက်လုပ်ပီး လက်လျော့ခဲ့ကြတာများတယ်
နောက်ထပ်မကြိုးစားမိခဲ့တာတွေ များပါတယ်...
အခုချိန်ကစပီး ကျောင်းသူလေးရဲ့
နောက်တစ်ကြိမ်လောက်ကြိုးစားကြည့်ပါအုံး
ဆိုတဲ့စကားကို စမ်းကြည့်ရအောင်လား...
မှန်ပါပေတယ်ဗျာ အားမလျော့သင့်ပါဘူး
အခုလို အားပေးတာ ကျေးဇူးပါခင်ဗျ