တခဏအတွင်းမှာပဲ
ငါ့ရဲ့ဝန်းကျင် တိတ်ဆိတ်လို့ပေါ့။
ကျေးငှက်လေးတကျီကျီမြည်နေပေမယ့်..
ဆိတ်ညိမ်ခြင်းကိုတော့ အနှောက်အယှက်မဖြစ်စေခဲ့ပါဘူး။
သူတို့က သဘာဝလေ...
ဖန်တီးမှုနဲ့ရသတွေမြောက်နေပေမယ့်..
ဖန်တီးမှုတွေရဲ့ နောက်က တခဏတွေကတော့
ငါ့ရဲ့ဝန်းကျင်ညိမ်သက်ခြင်းနဲ့ဆန်ကျင်စွာပဲဖြစ်နေပါတယ်။
အမှောင်တွေအတွက်အလင်းတွေပေးခဲ့တယ်..
အလင်းတွေရဲ့အင်အားက အပူရှိန်ကိုဖြစ်လာစေတယ်။ ဒီတော့ အလင်းတွေနဲ့ခက်ဝေးဝေး သင့်တော်တဲ့တနေရာမှာသာ နေထိုင်ကြရတယ်။
ဘယ်သူကမှ အစနဲ့အဆုံးကို သေသေချာချာမသိကြဘူး။
စတင်ဖြစ်တည်မှုကအရင်လို့ပဲပြောကြလိမ့်မယ်။
ဘဲနဲ့ ဘဲဥ ၊ ကြက်နဲ့ ကြက်ဥ ၊ လူနဲ့ 😁😁....
ဘယ်ဟာအရင်ဖြစ်တည်လည်း ဘယ်သူအတက်ပြောနိုင်မှာလည်း။
ကျနော်အဲ့ဒီလိုအရာတွေကို တွေးတောစဉ်းစားခဲ့ဖူးပေမယ့် တွေးလေဝေးလေပါပဲ။ မိတ်ဆွေတို့လည်း သိပ်မစဉ်းစားကြနဲ့ဗျ ရူးသွားမှာဗျ😁။
တိတ်ဆိတ်ခြင်းနဲ့ အဆင်ပြေတယ် ကျနော့ဘဝလေးမှာပေါ့။
ဒါပေမယ့် တရားထိုင်ဖို့အတွက်သာ တိတ်ဆိတ်ခြင်းက ကောင်းတာဆိုတော့ ။ တောထွက်တရားထိုင်သူတွေကို တစ်ကိုယ်ကောင်းသမား တကိုယ်ကောင်းဆန်သူလို့များပြောလေမလား။
ကျနော်ဒီစာတွေရေးနေတာ ကိုယ်တိုင် တရားထိုင်နေလို့တော့မဟုတ်ဘူးနော် အေးအေးချမ်းချမ်းလေးနေချင်လို့ အေးအေးဆေးဆေးလေးဂိမ်းဆော့ချင်လို့.....အဲအဲ....အေးဆေးစွာနဲ့ စာပေတွေဖတ်ရှုမှက်သားခြင်လို့ပါ။😁
တစ်ယောက်တည်းလည်း ခရီးမသွားနဲ့ အဖော်အပေါင်းရှာတဲ့.။..ဘယ်လိုလုပ်ရမလည်းဗျနော်... အပေါင်းအသင်းများရင်လည်း မလွယ်ပြန်ပါဘူးဗျာလို့ပဲပြောချင်ပါတယ်။ ဆိတ်ငြိမ်ခြင်းကိုနှစ်သက်သူအဖို့ကတော့ အပေါင်းအသင်းမရှာတာကောင်းတဲ့အလုပ်လို့ပဲမြင်ပါတယ်။ ထမင်းမငတ်ခဲ့ရင်ပေါ့။ 😁
အလုပ်မရှိလို့ ထမင်းငတ် စားစရာမရှိရင်တော့ စကားတွေဆူညံနေအောင်ပြောရတော့မှာမလွဲပါဘူး။
ဘာပဲဖြစ်ဖြစ် ဖန်တီးမှုတိုင်းဟာ ကောင်းကျိုးတွေရှိနေပေမယ့် နောက်ကနေ ဆိုးကျိုးတွေကလည်း လိုက်ပါလာနေမြဲမို့ သုံးတက်လျှင်ဆေးဖြစ်သလို မသုံးတက်လျှင် ဘေးအန္တရာယ်ကိုဖြစ်စေပါတယ်။
ဒီလောက်ပါပဲဗျာ
ဖတ်ရှုပေးသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။....
Defended (35.71%)
Summoned by @koayezaw
Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Everything You Need To Know About Sneaky Ninja
woosh
@koayezaw purchased a 87.96% vote from @promobot on this post.
*If you disagree with the reward or content of this post you can purchase a reversal of this vote by using our curation interface http://promovotes.com