"ကဲ စားကြနော် အားရပါးရစား မဝရင် ဒီမှာ ထမင်းဟင်းတွေ ကျန်သေးတယ် တူလေးတို့"
အနိမ်ရဲ့ ဦးလေးဖြစ်သူမှ ကျနော်တို့အား ဖော်ရွေစွာပင် ဧည့်ခံကျွေးမွေးလေသည်
ခရမ်းသီးငပိထောင်း မြစ်တာလဘော ငါးလေးအိုးကပ် ဟင်းတွေနဲ့ စားရသည်မှာ မြိန်လွန်းလို့ ခေါင်းတောင်မဖော်နိုင်ပါ
အနိမ်တို့ ဦးလေးဆီကို ညမိုးချုပ်ခါနီးမှ ရောက်တာဖြစ်သ၍ ရေမိုးချိုး ထမင်းစားသောက်ပြီးသည်နှင့် ခရီးပန်းတာနဲ့ ထမင်းမြိန်တာကြောင့် ဘာမှတောင် မလုပ်နိုင် မျက်လုံးကလည်း မှေးလာတာနဲ့ ကြုံတဲ့နေရာ ခေါင်းချပြီး တန်းအိပ်လိုက်လေသည်
"ထကြတော့ ငါတူတို့ရေ"
မနက်မိုးသောက်လင်းလာပြီ မဟာချိုင်ရဲ့ မနက်အာရုဏ် နေ့သစ်မှာတော့ အလုပ်သွားဖို့အတွက် အလုပ်သမားများမှာ လမ်းမပေါ်မှာ စီကားနေသည်
အနိမ်တို့ဦးလေးနေတဲ့ တိုက်က ကားလမ်းမနဲ့ နီးသလို စက်ရုံ အလုပ်ရုံတို့နှင့်လည်း နီးလေးသည်
"ကဲ ငါ့တူတို့က မနေ့ညနေကမှ ရောက်လာတာဆိုတော့ ဒီနေ့တော့ ခဏ အနားယူလိုက်ကြအုံး ဒီနေ့တော့ ဦးကတော့အလုပ်မဆင်းတော့ဘူး ငါ့တူတို့ အလုပ်လုပ်ဖို့အတွက် ဦးအလုပ်ထွက်ရှာပေးမယ်"
အနိမ် "အဒေါ်ကော ဦးလေး"
ဦးလေး "မင်းအဒေါ် ငါ့မိန်းမကတော့ မင်းတို့တွေ အိပ်ယာမထခင်ကတည်းက အလုပ်သွားပြီ"
မဟာချိုင်ကို အခုမှ စရောက်တဲ့ ကျနော်တို့ကို အနိမ်ရဲ့ ဦးလေးဖြစ်သူမှ အခုလို ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံရုံတင်မက အလုပ်လုပ်ဖို့အတွက်ပါ စီစဉ်ပေးအုံးမည်ဆိုတော့ အင်မတန်မှ စိတ်သဘောထားကောင်းလိုက်တဲ့ ဦးလေးကြီးလင်မယားကို ကျနော့်စိတ်ထဲတွင်တော့ ကျေးဇူးတွေ တင်နေမိသည်
"ဒာနဲ့ ဦးအပြင်သွားတုန်း အိမ်ထဲမှာပဲနေကြနော် အခုမှ စရောက်တာဆိုတော့ ဒီနားတစ်ဝိုက်မှာ ပုလိပ်တွေက အမြဲကျက်စားနေတာ လူစိမ်းဆိုရင် မသင်္ကာတာနဲ့ စုံစမ်းမေးမြန်းပြီး ဘာဒ်မရှိရင် ဖမ်းခံထိနေအုံးမယ် ကဲ ဦးသွားလိုက်အုံးမယ်နာ်"
ဦးလေးကြီးဖြစ်သူမှာ ကျနော်တို့အား သေချာမှာပြီး အပြင်သို့ ထွက်သွားလေသည်
နေ့လည် ထမင်းစားချိန်လောက်တွင် ဦးလေးကြီး ပြန်ရောက်လာသည် လက်ထဲမှာလည်း ထမင်းဟင်းထုတ်တွေလည်း ဆွဲလည်းသည်
"ရော့ ငါ့တူတို့စားဖို့အတွက် အပြင်ကနေပဲ ဝယ်လာလိုက်တော့တယ် မင်းတို့အဒေါ် အလုပ်က ပြန်လာမှပဲ ကောင်းကောင်းချက်ကျွေးတော့မယ် အခုတော့ ဆိုင်ထ္မင်းဟင်းပဲ စားလိုက်ကြတော့"
"ဟာ ရပါတယ်ဦးလေးရယ် အားစရာကြီးဗျာ"
"ရပါတယ်ကွာ အားနာစရာမလိုဘူး ကြုံတုန်းကျွေးရတာ ဟဲဟဲ"
ဦးလေးကြီးမှာ သဘောလည်း ကောင်းသလို ပျော်တတ်ပုံလည်းရသည်
အနိမ် "ဦးလေး အလုပ်သွားရှာတာ ရခဲ့လာဗျ"
ဦးလေး "ရခဲ့တာပေါ့ကွာ ဒီမှာ အလုပ်တွေများ ပေါလို့"
အနိမ် "ဘာအလုပ်ရခဲ့လည်းဟင်"
ဦးလေး "အလုပ်တွေကတော့ စုံလို့ပါပဲ စက်ရုံ/အလုပ်ရုံကြီးတွေ လုပ်ချင်ရင်တော့ စမက်ခ တက်နိုင်မှရမယ် စမက်ခမတက်နိုင်ရင် တစ်ခြားရတဲ့ အလုပ်တွေလည်းရှိတယ်"
အနိမ် "စက်ရုံ/အလုပ်ရုံကြီးတွေမှာ လုပ်မယ်ဆိုရင် စမက်ခက ဘယ်လောက်တောင် ပေးရလည်းဦး"
ဦးလေး "ဘတ်ငါးထောင်ကျော်တယ် ငါ့တူတို့ ပေးနိုင်လို့လား"
အနိမ် "ဟာ စမက်ခက များလှချည်လား စမက်ခ မပေးရတဲ့ အလုပ်တွေကော ရှာမတွေ့ဘူးလားဦး"
ဦးလေး "စမက်ခ မပေးရတဲ့ အလုပ်တွေလည်း ရှာတွေ့ပါတယ်ကွာ ဒါမယ့် ငါ့တူတို့ လုပ်နိုင်ပါ့မလား"
"ဘာအလုပ်လဲဟင်"
စိတ်ဝင်စားလို့ ကျနော်ဝင်မေးမိသည်
ဦးလေး "ငါးရုံတွေမှာ ငါးရွေး ငါးတင် ငါးချ ငါးဆွဲ ပင်တော့ပင်ပန်းတယ် ပြီးတော့ လှေလိုက်တာ ငါးလှေ ခရုလှေတွေ လှေလိုက်တာက ငါ့တူတွေ မလုပ်ပါနဲ့ကွာ ရေထဲ အန္တရာယ်များပါတယ်"
ကျနော် "ဒါနဲ့ စမက်ခတွေက ဘယ်သူ့ပေးရနာလဲ"
ဦးလေး "အလုပ်ရုံ မန်နေဂျာနဲ့ အလုပ်စမက်ပေးတဲ့ ဝဏ္ဏ(အလုပ်သမားခေါင်းဆောင်) သူတို့တွေကိုပေးရတာ ပြီးရင် သူတို့တွေ တစ်ယောက်တစ်ဝက် ခွဲပြီးတော့ ယူကြတယ်)
ဟူးး စိတ်ဓာတ်ပါကျသွားတယ် အလုပ်တွေကလည်း မဟာချိုင်မှာ ပေါတော့ပေါပါတယ် အလုပ်ကောင်းကောင်း လုပ်ချင်ရင် ပေးရတဲ့ စမက်ခကလည်း များလိုက်တာ....
နေ့လည် 12နာရီကျော်လောက်တွင် ဦးလေးကြီးရဲ့ မိန်းမဖြစ်သူ ရောက်ချလာသည်
ဦးလေး "ဟာ မိန်းမ ဘာလို့ပြန်လာတာလဲ"
"ဟုတ်တယ် တော်ရေ ကလေးတွေအတွက် အလုပ်ရှာခိုင်းထားတာ ငူတူတူ အတတနဲ့ တော့်ကိုစိတ်မချလို့ ပြန်လာတာ"
ဦးလေး "ဟာာ ဒီမိန်းမ ငါလုပ်လိုက်ရ ငါ့ကိုများ ကလေးတွေရှေ့မှာကွာ"
"ကျွန်မတို့ အလုပ်ရုံမှာလည်း အလုပ်သမားခေါ်နေတယ် ကလေးတွေ လုပ်မလား မေးမလို့ အ့ာကြောင့်ပြန်လာတာ"
ဦးလေး "ဟ မိန်းမ မင်းတို့အလုပ်ရုံမှာ စမက်ခ 7ထောင်ကျော်တောင်ပေးရတာ ဒီလောက်များတာ ကလေးတွေက မတက်နိုင်ဘူးလေကွာ"
"ဒါဆို ဘေးနားအိမ်က မင်းထင်တို့ညီ သွားလုပ်တဲ့ ပုစွန်ရုံမှာလည်း အလုပ်သမားခေါ်နေတယ်"
ဦးလေး "တယ် ဒီမိန်းမ မင်းကွာ ကြောင်တောင်တောင်နဲ့ မင်းထင်တို့ညီ သွားလုပ်တဲ့ ပုစွန်ရုံမှာ ပုဒ်ပြတ်လုပ်ရတာ နေ့စားနဲ့မရဘူး ပုစွန်မခွာတတ်ရင် နေ့စားတောင် မကိုက်ဘူး ပြီးတော့ အဲ့အလုပ်ရုံ သရဲခြောက်လို့ဆိုပြီး မင်းထင်တို့ညီ မလုပ်ပဲနဲ့ ပြန်လာတယ်လေကွာ"
"တော်ကလည်းရှင် သရဲခြောက်တယ်ဆိုတာ ကောလဟာလတွေပါ သူတို့ဟာသူတို့ မလုပ်ချင်လို့ ပြန်လာတာနေမှာ ပြီးတော့ အဲ့မှာက အခန်းတွေဘာတွေလည်း အလကားပေးတယ်ရှင့် ကလေးတွေက အပြင်မှာ တစ်ခြားအလုပ် ရှာလုပ်မယ်ထားအုံး သူတို့တွေ အခန်းငှါးနေရမယ် စမက်ခလည်း ပေးရဦးမယ်"
အနိမ် "ဦးလေးတို့ လင်မယား ပြောနေတာကို နားထောင်နေတာနဲ့တင် ခေါင်းတွေပါမူးလာပြီ ခုနက အဒေါ်ပြောတဲ့ မင်းထင်တို့ညီ သွားလုပ်တဲ့ ပုစွန်ရုံ စိတ်ဝင်စားတယ် သွားလုပ်မယ်ဗျာ"
"ကဲ မင်းတို့ကော ဘယ်လိုသဘောရလည်း စိတ်ဝင်စားလား သရဲကြောက်ရင်တော့ မသွားနဲ့"
အနိမ်ဖြစ်သူမှာ ကျနော်တို့အား တိုင်ပင်လေသည် သေချာစဉ်စားကြည့်သည် အခုမှ မဟာချိုင်ကို စရောက်တာဆိုတော့ ရရာအလုပ်ကို လုပ်မှဖြစ်မည် ရှေ့လ အိမ်ကို ပိုက်ဆံမပို့နိုင်ရင် အဖေနဲ့အမေ မျှော်နေရှာတော့မည် ဒီလလည်း ပို
က်ဆံမပို့နိုင်တော့ အကျိုးအကြောင်း ဖုန်းဆက်ပြောထားရသည်
ကျနော် "အေးး စမက်ခမကုန် အခန်းမကုန်ဘူးဆိုတော့ ဖြစ်ချင်ရာဖြစ်သွားလုပ်မယ်ကွာ"
ကျနော်တို့ သူငယ်သုံးယောက်ထဲတွင် အနိမ်နဲ့ကျနော်ကလွဲရင် ကျန်တဲ့တစ်ယောက်က သရဲကြောက်တတ်သည် သူကတော့ အင်တင်တင်နဲ့ သိပ်မသွားချင်ပေ ခွိခွိ ဒါမယ့် ကျနော်နဲ့အနိမ်သွားရင် သူလည်းမလိုက်လို့မရပါ လိုက်ရတော့သည်
အနိမ် "ဒာနဲ့ အဲ့ဒီ့ပုစွန်ရုံက အခုနေတဲ့နေရာနဲ့ ဝေးလား နီးလား ဦးလေး"
ဦးလေး "နီးတော့လည်း သိပ်မနီးသလို ဝေးလည်းမဝေးဘူး ဒီကနေ ဆိုင်ကယ်နဲ့သွားရင် ဆယ်မိနစ်လောက်ပဲကာတယ်"
အနိမ် "ဟာ ဒါဆိုလည်း အလုပ်ရှုပ်ခံမနေနဲ့တော့ ဦးလေး အဲ့ဒီမှာပဲ ကျနော်တို့တွေ သွားလုပ်လိုက်တော့မယ်"
"ကဲ ဒါဆိုရင် ငါ့တူတို့ အဲ့ပုစွန်ရုံမှာ သွားလုပ်ချင်ရင် ညနေ နေအေးတာနဲ့ ဦးလေးလိုက်ပို့ပေးမယ်"
ဒီလိုနဲ့ ကျနော်တို့တွေကို အနိမ်ရဲ့ ဦးလေးဖြစ်သူမှ ပုစွန်ရုံ ကီလိုစား ပုစွန်အခွံ့ ပုဒ်ပြတ်ခွာရန် လိုက်ပို့ပေးလေသည်
ကျနော်တို့တွေ အလုပ်ရှေ့သို့ရောက်သည်နှင့် အနိမ်ရဲ့ဦးလေးမှာ တံခါးဝတွင်ရှိသော ဘဲလ်ခလုပ်အား နှိပ်လိုက်လေသည် ခဏလောက်အကြာတွင် လူတစ်ယောက်ထွက်လာလေသည်
"ဘယ်သူတွေလည်း ဘယ်သူနဲ့ တွေ့ချင်လို့လည်းခင်ဗျ"
အလုပ်ရုံထဲမှ ထွက်လာသောသူမှာ မြန်မာအလုပ်သမားပြဲဖစ်လေသည် ကျနော်တို့အား တံခါးမဖွင့်ပေးမှီ အထဲကနေပြီး အရင်ဆုံး စစ်လား မေးလား လုပ်သေးသည်
ဦးလေး "ဒီမှာ အလုပ်လုပ်ဖို့အတွက် အလုပ်လာစမက်တာပါ ဒါနဲ့ မြန်မာအလုပ်သမားခေါင်းဆောင်(ဝဏ္ဏ)ရှိလားမသိဘူး ဝဏ္ဏက ဦးရဲ့မိတ်ဆွေပာပဲကွယ်"
"သြော် ဟုတ်လား ရှိပါတယ် ခဏစောင့်နေ ကျနော် ဝဏ္ဏကို သွားခေါ်ပေးမယ်"
တံခားမဖွင့်ပေးသေးပဲ ကျနော်တို့အား အပြင်မှာ စောင့်ခိုင်းပြီး အထဲသို့ ပြန်ဝင်သွားလေသည်
"ဟာ ဘာတုန်းဟ အထဲမဝင်ခိုင်းပဲ အပြင်မှာ စောင့်ခိုင်းထားသေးတယ်"
"အဲ့လိုလည်း မထင်နဲ့လေကွယ် ဒီမှာ လုပ်နေတဲ့ လူတွေအကုန်လုံးက ဘာဒ်မရှိကြဘူးလေ အပြင်ကလာတဲ့လူစိမ်းကို ဘယ်သူဘယ်ဝါဆိုတာ မသိပဲနဲ့ သူလည်း ဘယ်တံခါးဖွင့်ပေးရပါ့မလဲ မတော်လို့များ ပုလိပ်(သို့)ပုလိပ်ခွေး ဘာညာဖြစ်နေမှာ စိုးလို့ပါ"
"သြော် အဲ့လိုလား"
ဦးလေးကြီးရှင်းပြမှပဲ တံခါးမဖွင့်ပေးသေးသည့်အကြောင်းရင်းကို ကျနော်နားလည်သဘောပောက်သွားသည်
တစ်အောက်လောက်အကြာတွင် အသက်လေးဆယ်ကျော်အရွယ် ဗိုက်ရွဲရွဲနဲ့ လူတစ်ယောက် ထွက်လာလေသည် ကြည့်ရတာ ဝဏ္ဏဆိုတာ သူလားမသိပေ
"ဟာ ကိုမောင်ပါလား ဘာလာလုပ်တုန်းဗျ"
ဦးလေး "ဟုတ်တယ် ဝဏ္ဏရေ ဒီမှာ ကောင်လေးတွေ အလုပ်လုပ်မယ်ဆိုလို့ လာပို့ပေးတာဗျာ"
"သြော် ဟုတ်လား ဒါဆိုလည်း လာလေဗျာ အထဲဝင်ကြချည်"
မြန်မာဝဏ္ဏဖြစ်သူမှ ကျနော်တို့အား အထဲပေးလေသည်
အထဲသို့ရောက်သည်နှင့် အလုပ်ရုံရဲ့ အနထေား ဘေးဘီဝဲယာကို ကျနော်တစ်ချက်ရှိုးကြည့်လိုက်သည်
အလုပ်ရုံနဲ့ အလုပ်သမားများ နေတဲ့အဆောင်ကို အလယ်တည့်တည့်ရနေပြီး အုတ်တံတိုင်းကာထားသည် ထိုအုတ်တံတိုင်းရဲ့ အလယ်မှ တစ်ခါ လူဝင်လူထွက်ပေါက် ဖောက်ထားသည် ခုနက ကျနော်တို့ဝင်လာခဲ့တဲ့ ခြံဝင်းတံခါးကတော့ အလုပ်ဘက်ခြမ်းတွင် တစ်ခုထဲထားထားသည် အလုပ်သမားတွေနေဖို့ ပေးထားတဲ့အဆောင်ကတော့ လုံးချင်းနှစ်ထပ်တိုက်နှင့် အောက်ဘက်တွင်လည်း တိုက်ခန်းတန်းလျားအဆောင်တွေလည်း သီးသန့်ပေးထားသည် အရင်က ဘန်ကောက်မှာ ပန်းရံလုပ်တုန်းက နေခဲ့ရတဲ့ အဆာင်ထက် ဆီနဲ့ရေ ကွားခြားလှသည် ပြီးတော့ အလုပ်သမားများနေတဲ့အဆောင်ဘက်ခြမ်းတွင် ကုန်စုံဆိုင် တစ်ဆိုင်လည်းရှိသေးသည်
ဝဏ္ဏ "အလုပ် လုပ်ကြမှာ ညီလေးတို့တွေလား"
"ဟုတ်ပါတယ် ကျနော်တို့သူငယ်ချင်း သုံယောက်ပါခင်ဗျာ"
ဝဏ္ဏ "အေး အေး ဟုတ်ပြီ အလုပ်ကတော့ ရပါတယ် ဒါမယ့် ဒီမှာက ပုဒ်ပြတ်လုပ်ရမှာနော် နေ့စားနဲ့မရဘူး ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ရမယ် အစပိုင်း မလုပ်တတ်ခင်တော့ ပိုက်ဆံတော့ သိပ်ရမှာမဟုတ်ဘူး နောက်ပိုင်းတတ်သွားရင်တော့ အေးဆေးဖြစ်သွားလိမ့်မယ်"
"ဟုတ်ကဲ့ ပုဒ်ပြတ်လုပ်ရလည်း ရပါတယ် အဓိက အလုပ်နဲ့ နေဖို့ အဆင်ပြေရင် ရပါပြီ"
ဝဏ္ဏ "နေဖို့ကတော့ ဟော ဟိုက နှစ်ထပ်တိုက်က အပေါ်မှာ အခန်းလွတ်တစ်ခန်းတော့ရှိတယ် ကြိုက်ရင်တော့နေပေါ့ အကယ်၍ မကြိုက်ဘူးဆိုရင် တစ်ခြားအခန်းလွတ်တွေ မရှိသေးတော့ တစ်ယောက်ချင်းစီ လူခွဲပြီးတော့ သူများနဲ့ စုပေါင်းပြီး နေမှပဲရမယ်"
"ဟုတ်ကဲ့ ကျနော်တို့နေမယ့် အခန်းကို တစ်ချက်တက်ကြည့်လို့ ရမလားခင်ဗျာ"
ဝဏ္ဏ "အေး တက်ကြည့်လေကွာ ရပါတယ်ကွ"
ကျနော်တို့တွေ တိုက်ပေါ်တက်ပြီးတော့ အခန်းတက်ကြည့်လေသည်
"ဟာ မဆိုးဘူးပဲကွ အခန်းက အကျယ်ကြီးပဲကွ ရေချိုးခန်းတွေပါ အပြီးပါတယ် တို့သုံးယောက်တင်မဟုတ်ဘူး အခန်းက လူ7ယောက်လောက်တောင် နေလို့ရတယ်"
ကျနော်တို့တွေ နေမယ့်အခန်းကိုကြည့်ပြီးတော့ ကျေနပ်နေမိသည် ထိုချိန်တွင် ဘေးချင်းကပ်ရပ်အခန်းက လူတစ်ယောက် ထွက်လာပြီး ပြောသောစကားမှာ....
"မင်းတို့တွေ ဘယ်နှရက် နေနိုင်မလည်း စောင့်ကြည့်ရတာပေါ့ကွာ"
"ဟာ ဟင် အမ်"
ကျနော်တို့ သူငယ်ချင်း သုံးယောက်သား ကြောင်သွားသည်
ဝဏ္ဏ "ကဲ ဘယ်လိုလဲ အခန်းနေဖို့ အဆင်ပြေလား"
"ဟုတ်ကဲ့ ပြေပါတယ်ခင်ဗျ"
အဆင်မပြေလည်း ပြေရတော့မှာပဲ တစ်ခြားနေဖို့ အခန်းလွတ်လည်း မရှိပါ
"ကဲ ငါတူတို့ ဒါဆိုလည်း ဦးပြန်တော့မယ်နော် မကြာ မကြာလည်း ဦးဆီလာလည်ပေါ့ကွာ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဦး"
အနိမ်ရဲ့ဦးလေးဖြစ်သူမှာ ကျနော်တို့အား ထားခဲ့ပြီးတော့ ပြန်သွားလေတော့သည်
"
"
"
"
"
အပိုင်းငားအား
ဆက်လက်အားပေးကြပါရန်
ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)
Good post
Thank you
သူရဲခြောက်တဲ့အခန်းနေမိပြီထင်ပ
တတ်နိုင်ဘူး ရတဲ့အခန်း နေရမှာပဲ😁😁😁
ဆက်အားပေးနေမယ် broရေ
ဟူတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
အားပေးနေပါတယ်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
စောင့်မျှော်လျှက်ပါ bro
ကျေးဇူးတင်ပါခင်ဗျာ
Good good စိတ်ဝင်စားဖို့ ကောင်းလာပီ
ကိုရီးယားဇာတ်ကားတွေအတိုင်းပဲ မျှော်လင့်ချက်လေးပေးပေးထားခဲ့တယ်
တက်နိုင်ဘူး မျှော်ပီ😐😐
proရက်ဆိုတော့ ကမန်းကတန်းအမှီရေးလိုက်ရတာ ဖုန်းကလည်းကြောင်နေပြီ ရေးနေရင်းနဲ့  စာတွေက တောင်တစ်လုံး မြောက်တစ်လုံး ရောက်ကုန်လို့  အပိုင်းဆက်လေး ချန်ထားရတာ ကိုဇော်ရေ😁
😂😂😂
သရဲအခန်းမပါဘူးနော်
မပါဆို သရဲကြောင်းရေးရမှာ လန့် နေတယ်😁
အဆက်လေး မြန်မြန်လုပ်လိုက်တော့
😁😁😁😁
ဗဟုသုတရပါတယ်ကျေးဇူးပါ
😁အသက်အရွယ်ကြောင့်လား မပြောတတ်ဘူး
အတွေ့အကြုံနှင့် ဘဝအတွက် ရုန်းကန်လှုပ်ရှားနေတဲ့
စာတွေကို သဘောကျသဗျ
ရသတွေဘက်တော့ လှည့်နိုင်သေးဘူး😁
အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ😁
ရေမြေခြားအတွေ့အကြုံတွေဆိုတော့ ဗဟုသုတလဲရပါတယ်ဗျာ အားပေးနေပါတယ်
အားပေးတာ ကျေးဇူးတင်ပါတယ်bro
ဆက်လက်အားပေးလျှက်ပါ ဗျို
ကျေးဇူးတင်ပါတယ်ခင်ဗျာ
အရေးအသားကောင်းတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
မျှော်နေမယ် ကိုလင်းရေ သရဲခန်းလေးရောက်တော့မယ်
ရေးသမျှကို ကောင်းနေတော့တာပဲ Bro
အားပေးတာ ကျေးဇူးတင်ပါတယ်bro
ဆရာသမားတွေကိုတော့ မမှီသေးပါဘူး😁
အားပေးစောင့်မျှော်နေလျှက်ပေါ့ အစ်ကိုရေ
အားပေးတာ ကျေးဇူးတင်ပါတယ်bro
အပိုင်းဆက်လေးမျော်နေပါတယ်ဗျာ
ဘာတွေဆက်ဖြစ်မလဲ
ကြိုးစားပြီးရေးပါမယ်ခင်ဗျာ😁
တန်းလန်းထားသွာူပြန်ပြီ
ဖတ်လို့ကောင်းနေကာမှ
😁😁😁😁😁
အတော်ရုံန်းကန်ခဲ့ရတဲ့ ဘဝ ဆိုတော့ စာမရှားပါပဲလေ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်bro
အစွဲကြီးစွဲနေမိပီဗျာ
ဆက်ပါဦးမြန်မြန်လေး
အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ😁
သရဲတွေပါ ပါလာပြီပေါ့ ကိုလင်း
ဖြစ်ရပ်မှန် အတွေ့ ကြုံထဲမှာ သရဲနဲ့ လည်ကြုံခဲ့ဖူးတယ် ကိုစောရေ နောက်အပိုင်းဆက်မှာ ထည့်ရေးဖြစ်ပါမယ်😁
ကိုလင်းတော့ သိချင်နေပြီဆိုရင်စောင့်ခိုင်းပြီ 😂
😁😁😁😁
အားပေးတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
You got a 0.69% upvote from @mercurybot courtesy of @kolinn!
Thanks you