Myanmar Steemit မှ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ကျနော်တို့် မြန်မာနိုင်ငံသူ/သား တိုင်းရင်းသား ညီအစ်ကို မောင်နှများ အားလုံးဟာ မရှိလို့မလှူ မလှူလို့မရှိဆိုတာကို လက်ဆုပ်လက်ကိုင်ထားကြပြီး သာရေး နာရေး ဘယ်အရေးဖြစ်ဖြစ် အလှူအတန်းရက်ရောပြီးတ့ာ စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် အလွန်မွန်မြတ်ကြပါတယ်၊ ဘယ်နေရာ ဘယ်ဒေသ ဘယ်လူမျိုး ဘယ်ဘာသာမို့လို့ အဆင့်အတန်းမခွဲခြားတာကိုလည်း ကျနော့်အနေနဲ့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်...
လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကျနော့်အဖေနဲ့ ပက်သက်ပြီးတော့ "စိတ်ညစ်ရတဲ့ နေ့တစ်နေ့ (To day)" ဆောင်းပါးတစ်ပုဒ်အား ရေးသားခဲ့ပါတယ်၊
ဤနေရာတွင် ဝင်ရောက်ဖက်ကြည့်နိုင်ပါသည်
ထိုဆောင်းပါးရေးသားပြီး နောက်တစ်နေ့တွင်တော့ ကျနော့်အဖေ ဆေးကုသစရိတ်အတွက် Myanmar Steemit မှ ညီအစ်ကို မောင်နှမများမှ သဒ္ဒါတရားထက်သန်စွာဖြင့် ဝိုင်းဝန်း၍ အလှူငွေများ ထည့်သွင်းပေးကြပါတယ်၊
ဤနေရာတွင် ဝင်ရောက်ဖက်ကြည့်နိုင်ပါသည်
ထိုကြောင့် ကျနော်တို့ Myanmar Steemit မှ ညီအစ်ကို မောင်နှမများ အားလုံးကို ကျနော့်ရင်ထဲကနေပြီးတော့...
စစ်မှန်သော နှလုံးလှ ပိုင်ရှင်များ
ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးသားဂုဏ်ပြုအပ်ပါသည်ခင်ဗျာ...
အခုဆိုရင် ကျနော့်အဖေ ခြေထောက်ရဲ့ အခြေနေဟာ ဖြတ်ရမယ့် ဘေးအန္တယ်ရယ် ကနေပြီး လွတ်ကင်းသွားပါပြီ၊ အချိန်မှီ ဆေးရုံတက်ရောက်၍ ကုသခြင်းဖြစ်သလို ညီအကို မောင်နှမများရဲ့ စစ်မှန်သော ဆုတောင်းပေးခြင်း နှင့် ဆေးကုသရန် လိုအပ်သောငွေများအား တတ်နိုင်တဲ့ဘက်ကနေ စစ်မှန်သော သဒ္ဒါတရားဖြင့် ဝိုင်းဝန်းကူညီ လှူဒါန်းပေးခြင်းတို့ကြောင့် Myanmar Steemit မှ ညီအစ်ကို မောင်နှများ အားလုံးကို ကျနော့်အနေနဲ့ ထပ်မံ၍ ကျေးဇူးတင်ရှိပါကြောင်း ပြောပါရစေခင်ဗျာ...
လက်ရှိကျနော့်အဖေရဲ့ ခြေထောက်က ဖြတ်ရမည့်အခြေနေမှ လွတ်ကင်းသွားပြီ ဖြစ်ပေမယ့်၊ ဆေးရုံတွင် နောက်ထပ် နှစ်ပတ် မှ သုံးပတ်အထိ ဆက်နေ၍ ကုသရမည်ဖြစ်ကြောင်း သိခဲ့ရပါတယ်၊ ဆရာဝန်တွေ ပြောပြချက်အရ ခြေထောက်ရဲ့ အနာဟာ အရိုးအား ထိခိုက်မှု့ မရှိသဖြင့် ခြေထောက်အနာအား နေ့စဉ်ပုံမှန် ဆေးကြောသန့်စင်ပြီးတော့ ခြေထောက်အနာတွင်း ဝင်ရောက်နေသော ပိုးများသေသွားမှ ထိုမှတစ်ဆင့် အနာမှ အသားနုတက်သည်အထိ စောင့်ပြီးတော့ အသားနု တက်သည်နှင့် ပေါင်မှအသားအားယူ၍ အသားအစားထိုး ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်ခင်ဗျာ...
ကျနော့်အဖေရဲ့ ခြေထောက်အား ခွဲစိတ်မကုသမှီအချိန်တွင်း လက်တစ်လော အခြေနေတွင် တစ်ရက်တာ ဆေးကုစရိတ်နှင့် ဆေးရုံမှ ညွှန်ကြားသောဆေးများကို အပြင်မှာထွက်ဝယ်ရတဲ့ စရိတ်စကများမှာ ၃သောင်းကျပ် မှ ၅သောင်းကျပ်အထိ ကုန်ကျနေကြောင်း ကျနော့်အဖေအား ဆေးရုံတက်ရောက်နေစဉ် ဆေးရုံတွင် လူနာစောင့်ပေးနေသော ကျနော့်ရဲ့ ဒေါ်လေးဖြစ်သူမှ ပြောကြား၍ သိရှိခဲ့ရပါသည်.။
သို့သော် ဟိုတစ်တစ်နေ့က ကျနော့်ပို့ပေးထားသော ငွေများနဲ့ MSC မှ ညီအစ်ကို မောင်နှမများ ဝိုင်းဝန်းကူညီ လှူဒါန်းထောက်ပံ့သော ငွေနှင့်ဆိုရင် ခွဲစိတ်မကုသမှီအချိန်တွင်း ဆေးဖိုးဝါးခများအတွက် အတော်လေးကို အဆင်ပြေသွားပါတယ်ခင်ဗျာ... (ယခုလို ကျနော်ရေးသားခြင်းမှာ MSC မှ ညီအစ်ကို မောင်နှမများထံမှ ထပ်မံပြီးတော့ အလှူခံလို၍ မဟုတ်ပါခင်ဗျာ)
ကျနော့်ရဲ့အဖေ ခြေထောက်မှ အနာ အသားနုတက်မှ ခွဲစိတ်ကုသရမည်ဆိုလျှင် ဒီကြားရက်ထဲတွင် ကျနော့်အတွက် ငွေရှာဖို့အတွက် အချိန်အလုံအလောက် ရသွားခဲ့ပါပြီ၊ လကုန်လျှင်လည်း ကျနော့်ရဲ့ လစာထုတ်မည်နဲ့ဆိုရင် အတော်လေးကို အဆင်ပြေပါပြီခင်ဗျာ...
ကျနော့်အဖေအတွက် နောက်ထပ် ထပ်မံ၍ ကျနော်ကျေးဇူးတင်ရမည့် လူနှစ်ဦးရှိပါသေးတယ်၊ ထိုလူနှစ်ဦးမှာ ကျနော်တို့ရဲ့ MSC မှ အစ်ကို @kachinhenry နဲ့ @thatkozaw ဖြစ်ပါတယ်ခင်ဗျာ....
ကျနော့်အဖေအတွက် MSC မှ ညီအစ်ကို မောင်နှမများထံမှ အလှူငွေများအား ကောက်ခံပေးခြင်းနှင့် ရရှိသော အလှူငွေများအား ကျနော့်အဖေဆီ ငွေများအား တိုက်ရိုက်ရောက်ရှိအောင် (ကျနော်က ဘန်ကောက်မှာမို့ပါ) အစစအရာရာ စ/ဆုံး ကူညီပေးခဲ့သော အစ်ကို@thatkozaw အား ကျနော့်အနေနဲ့ ထပ်မံ၍ ဒီနေရာကနေ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေခင်ဗျာ....
Myanmar Steemit မှ Admin များနဲ့တစ်ကွ အဖွဲ့သား အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။အစ်ကို@kachinhenry ကတော့ ပြောစရာမလိုအောင်ကိုပါ ညီအစ်ကို မောင်နှများ အားလုံးလည်း သိပြီးတဲ့အတိုင်းပါ၊ ကျနော်တို့ MSC မှာ ဘယ်အရေးဖြစ်ဖြစ် အစ်ကိုဟင် မပါရင် မပြီးဆိုသလိုပါပဲ၊ ကျနော့်အဖေအတွက် အလှူငွေဆိုရင်လည်း အများဆုံး ကူညီထောက်ပံ့ပေးသူလည်းဖြစ် နောက်ထပ်တစ်ဖန် ညီအစ်ကိုမောင်နှမများ ဝိုင်းဝန်းကူညီ လှူဒါန်းပေးသော အလှူငွေများကိုလည်း ပေါက်ဈေးထက်ကို ပိုပေး၍ sbdများကို ပြန်လည်လက်ခံဝယ်ယူပေးခြင်းဖြစ်ပါတယ်၊ ထိုကြောင့် အစ်ကို@kachinhenry အား ကျနော့်အနေနဲ့ နောက်ထပ် ထပ်မံ၍ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားပါရစေခင်ဗျာ...
MSC 160
Author @kolinn
အနာက တော်တော်ကောင်းနေပါပြီ...ရဲနေတာဆိုတော့လေ...
အပေါ်မှာကပ်နေတဲ့ ပြည်စတွေကို ဆေးနဲ့စားပစ်အောင်လုပ်ဖို့က
၃.. ၄ ရက်လောက်ပဲကြာတော့မှာပါ...အမြန်ကျန်းမာပါစေ
ဟုတ်ကဲ့ ကိုဟိန်းရေ.. ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ...
အဆင်ပြေသွာူတာဝမ်းသာပါတယ်ဗျာ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်bro
ဖြတ်ပစ်စရာမလိုတော့တဲ့ သတင်းကြားရတာ မင်္ဂလာ သတင်းပါပဲဗျာ။ လူတစ်ယောက်ခြေတစ်ဖက် ဆုံးရှုံးရမဲ့ အရေးက ကိုယ်ချင်းစာပါတယ်။ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေဗျာ။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုထွေးရေ...
အခုလိုကြားရတာ ဝမ်းသာပါတယ်ကိုလင်းရေ
ရောဂါဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ...
သားဖတွေလည်း ရန်မဖြစ်ပါစေနဲ့ဗျာ😁😁😁
ကိုဇော်ကတော့ လုပ်ပြီဗျာ..😊
ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဇော်ရေ...
အမြန်သက်သာပျောက်ကင်းပါစေဗျာ
ကျေးဇူးတင်ပါတယ် အယ်ဒိုရေ...
ကောင်းနေပြီဆိုတာသိရတာ ဝမ်းသာမိပါတယ် စိတ်
ဓာတ်တော့မကျပါနဲ့ အားတင်းထားပါ ကိုလင်း
ဟုတ်ကဲ့ အခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ကိုညီညီထွန်းရေ...
အခုလိုအမြန်သက်သာလာတာမြင်တော့ဝမ်းသာပါတယ်ကိုလင်းရေ
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
စိတ်မကောင်းလိုက်တာဗျာ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေဗျာ
ဆုတောင်းပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ညီ
ဝမ်းသာပါတယ်ဗျာ
ဟုတ်ကဲ့ ကိုစော
အစဉ်ပြေင်္သွားလို့ထက်တူဝမ်းသာမိတယ် ကိုလင်း
ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ
ဝမ်သာစရာသတင်းပါပဲဗျာ ..ဖြတ်မပစ်ရဘူးဆိုတော့
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
အမြန်ဆုံးသက်သာပျောက်ကင်းပါစေ
Congratulations @kolinn! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP