အစားအသောက်နှင့်ကျန်းမာရေး

in #myanmar7 years ago

FB_IMG_1511097868044.jpg
<ကျန်းမာ​ရေးနှင့်​အစားအစာ>
သတ္တဝါရယ်​လို့အစပြုဖြစ်​​ပေါ်လာသည်​နှင့်​လူမှအစ
ပြုကာသတ္တဝါတိုင်းအစာစားသုံးကြရသည်​။တစ်​​ယောက်​နဲ့တစ်​​ယောက်​၊တစ်​ဦးနှင့်​တစ်​ဦးစား​သောက်
နေထိုင်​မှုပုံစံများသာကွဲပြားခြားနားသွားကြပြီး၊အစာစား​သောက်​​သောအချက်​မှာမူအတူတူပင်​ဖြစ်​ကြသည်​။တရုပ်​လူမျိုးကတရုပ်​အစားအစာ၊ကုလားလူမျိုးကကုလားအစားအစာ၊အင်္ဂလိပ်​လူမျိုးများက
အင်္ဂလိပ်​အစားအစာအစရှိသဖြင့်​ကမ္ဘာ့အနှံ​နိုင်​ငံအလိုက်​​နေထိုင်​ကြ​သောလူမျိုးများစွာတို့ဟာ၊မိမိတို့​နေထိုင်​ရာပတ်​ဝန်းကျင်​၊​နေရာ​ဒေသအလိုက်​အစာစားပုံနှင့်​စားသုံး​သောအစားအစာများကွဲပြားခြားနား
ကြ​သော်​လည်း၊တူညီ​သောအချက်​မှာလူတိုင်းအစာကိုကျန်းမာ​ရေးအတွက်​အ​ထောက်​အကူဖြစ်​​အောင်​စား​သောက်​​နေထိုင်​ကြခြင်းပင်​ဖြစ်​၏။ကမ္ဘာဦး​ကျောက်​​ခေတ်​မှအစပြုကာ၊ယ​နေ့မျက်​​မှောက်​​ခေတ်​ကာလအထိလူတို့သည်​အစားအစာကိုရှာ​ဖွေကာ၊ပုံစံမျိုးစုံဖြင့်​စား​သောက်​​နေထိုင်​ကြပါတယ်​။ထို့ကဲ့သို့​နေထိုင်​စား​သောက်​ရာတွင်​ရှေးလူကြီးများဆုံးမခဲ့သလိုအစာလဲ​ဆေး​၊​ဆေးလဲအစာဟူ​သောဆုံးမစကားအတိုင်း​နေထိုင်​စား​သောက်​လျှင်​​ရောဂါဘယများ​တော်​ရုံနှင့်​မဖြစ်​​ရောက်​နိုင်​ပဲသက်​ရှည်​ကျန်းမာစွာ​နေထိုင်​နိုင်​ပါမည်​။``အာ​ရောဂျံပရမံလာဘံ´´ဟူ​သောစကားအတိုင်းကျန်းမာ​ရေးသည်​လာဘ်​ကြီးတပါးဖြစ်​သည့်​အတွက်​၊လူုတိုင်းကျန်းမာနိုင်​​စေရန်​အစားအ​သောက်​သည်​လဲအ​ရေးကြီးပါသည်​။အလွယ်​​နေထိုင်​စား​သောက်​ကြ​သောလူတို့မှာအသက်​တိုကာ၊​ရောဂါဘယများမကြာခနဖြစ်​ရ်ျ​လူမှု​ရေး၊စီးပွား​ရေးများတွင်​ဆုံးရှုံးထိခိုက်​မှုများဖြစ်​​ပေါ်လာနိုင်​ပါတယ်​။FB_IMG_1515564435961.jpgFB_IMG_1515564354143.jpgမတ်​စွာဘုရားလက်​ထက်​​တော်​အခါ​ကောသလမင်း
ကြီးဟာအစာစားရာတွင်တခါစား​သောက်​လျှင်​၊ဆန်​တစိတ်​ယခု​​ခေတ်​အချိန်​အတွယ်​(၄)ုပြည်​ချက်​နှင့်​ဆိတ်​တ​ကောင်​စား​သောက်​၏။ထိုကဲ့သို့အစားကြီး​သော​ကြောင့်​မကြာခန​ရောဂါဖြစ်​ခါ၊အစာမ​ကြေဖြစ်​၍ကိုယ်​လက်​မအီမသာဖြစ်​ပါတယ်​။မြတ်​စွာဘုရားရှင်​နန်း​တော်​သို့ကြွ​ရောက်​လာ​သောအခါ၊​ကောသလမင်းကြီးကထိုကဲ့သို့အစားကြီး၍​နေမ​ကောင်းမကြာခနဖြစ်​ပုံကို​လျှောက်​ထားပါသည်​။ထိုအခါမြတ်​စွာဘုရားရှင်းကမြတ်​​သောမင်းကြီးသင်​သည်​ဝမ်း၏အလိုကိုလိုက်​၍​၊တွေ့သမျှမြင်​တိုင်းစားလျှင်​​အစာမ​ကြေ​သော​ကြောင့်​​၊ဘေးဖြစ်​ခါအသက်​တိုလိမ့်​မည်​။အစာစားရာတွင်​​လျော့စားပါဟုမိန့်​​တော်​မူ၏။ကောသလမင်းလည်း​လျော့စားမည်​ဟုကြံတိုင်း၊အစားကိုမ​လျော့ဖြစ်​ပဲဝင်​တိုင်းစားမိ​နေပါသည်​ဘုရား။လျော့စားလို့မည့်​နည်းလမ်းမိန့်​ကြား​တော်​မူရန်​​လျှောက်​ထားပါသည်​။မြတ်​စွာဘုရားရှင်​ကစားဖိုမှူးအား​ခေါ်ယူ​စေခါ၊ထမင်းတစ်​ပန်းကန်​စားတိုင်းတစ်​လုပ်​စား​လျော့၍၊ချန်​စားဖို့မင်းကြီးအားသတိ​ပေးပါဟုမိန့်​​တော်​မူပါသည်​။ကောသလမင်းလဲထိုအချိန်​မှစ၍၊မြတ်​စွာဘုရားမိန့်​ကြား​တော်​မူသည့်​အတိုင်းထမင်းတစ်​ပန်းကန်​စားတိုင်း၊သတိထားခါတလုပ်​စာ​လျော့ပြီးစား​သောက်​၏။ထိုကဲ့သို့တလုပ်​စာ​လျော့၍စားလာရာမှကြာ​သောအခါ၊ယခင်​အချိန်​လိုဆန်​(၄)ပြည်​ချက်​မစား​သောက်​​တော့ပဲ၊ဆန်​(၁)ပြည်​ချက်​အထိ​လျော့စားလာနိုင်​​သော​ကြောင့်​အစာမ​ကြေမဖြစ်​​တော့ပါ။ရောဂါဘယများလဲကင်းရှင်း၍​၊နေထိုင်​စား​သောက်​မှု​ကောင်းမွန်​​သော​ကြောင့်​ကျန်းမာ​ရေးအတွက်​အစားအ​သောက်​သည်​အ​ရေးကြီး​ကြောင်းသိသွားပါ​၏။FB_IMG_1515564200654.jpg
FB_IMG_1515564176535.jpgထိုအဖြစ်​အပျက်​အားသာဓကယူ၍၊မြတ်​စွာဘုရားမိန့်​ကြား​တော်​မူသည့်​အတိုင်းအစားအ​သောက်​စား​သောက်​ရာတွင်​​လောဘကြီးခါ၊ဝင်​တိုင်းမစား​သောက်​ဖို့အ​ရေးကြီးပါသည်​။ရှေးမြန်​မာဘုရင်​များလက်​ထက်​မှစ၍၊ကျွန်​​တော်​တို့ဘိုးဘွားများလက်​ထက်​ထိအစားအ​သောက်​စားရာတွင၊်​ရိုး၂ရှင်း၂နှင့်​အာဟာရဖြစ်​​စေမည့်​သစ်​သီး၊သစ်​ရွက်​များ၊အသား၊ငါးများသာစား​သောက်​​နေထိုင်​ကြ​သော​ကြောင၊့်ကြီးမား​သော​ရောဂါများမကျ​ရောက်​ပဲ​ရောဂါကင်းရှင်းကြခါ၊
ကျန်းမာအသက်​စွာ​နေထိုင်​နိုင်​ကြပါသည်​။ယခုမျက်​​မှောက်​​ရောက်​​သောအခါတွင်​မူ၊မိရိုးဖလာအစားအ​သောက်​များအပြင်​၊တိုင်းတစ်​ပါးမှထူခြား​သောစား​သောက်​ဖွယ်​ရာအမျိုးစုံ၊​ပေါ်​ပေါက်​ဝင်​​ရောက်​လာ​သော​ကြောင့်​​တွေ့သမျှ၊မြင်​သမျှအကုန်​စား​သောက်​မိ၍၊​ရောဂါဘယများအဖြစ်​များထူ​ပြောလာကြတာကို​တွေ့မြင်​​နေရပါသည်​။အသားကင်​များ၊တခါသုံးReademakeအစားအစာများကို​ဖော၂သီစား​သောက်​​နေထိုင်​ကြ​သော​ကြောင့်​၊ကင်​ဆာဟုဆို​သော​ရောဂါဆန်းများအဖြစ်​များလာကြ၏။အသီးအနှံများအားလည်းယခင်​မိရိုးဖလားရိုးရှင်းစွာမစိုက်​ပျိုးကြ​တော့ပဲ၊​ခေတ်​​ပေါ်ပိုးသတ်​​ဆေးများ၊အရွက်​ဖြန်း​ဆေးများ၊အသီးအားတိုး​ဆေးများသုံးကာစိုက်​ပျိုးလာ​သော​ကြောင့်​၊ထိုအသီးအရွက်​များအားကြာရှည်​စွာစား​သောက်​သုံးစွဲလာလျှင်​၊ကင်​ဆာအစရှိ​သော​ရောဂါဆန်းများစွဲကျ​ရောက်​လာနိုင်​မယ့်​အဖြစ်​သို့ကျ​ရောက်​နိုင်​ပါတယ်​။ထိုကဲ့သို့မဖြစ်​​စေရန်​အတွက်​လတ်​ဆတ်​​သောအသီးအနှံ၊အသား၊ငါးများကို​ရွေးချယ်​စားသုံးဖို့လိုအပ်​လာပါ၏။ဈေးမှဝယ်​လာ​သောအသီးအနှံ၊အရွက်​၊သားငါးများဟာစိတ်​မချရသာ့်​အတွက်​ဝယ်​ယူလာပြီးလျှင်​၊အလွယ်​​ရေနှင့်​​ဆေးကာမချက်​ပြုတ်​ပဲ၊ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ကြီးမှညွှန်​ကြားထားသည့်​အတိုင်း၊ရှာလကာရည်​စားပွဲတင်​ထမင်းစားဇွန်း၁ဇွန်​မျှအား​ရေထဲတွင်​ထည့်​​ဖျော်​ခါ၊ဝယ်​ယူလာ​သောအသီးအနှံနှင့်​အသားငါးများအား(၃)မိနစ်​ခန့်​​ရေစိမ်​ပီး​ပြောင်​စင်​​အောင်​​ဆေး
ကြော၍ချက်​ပြုတ်​စား​သောက်​​ပေးဖို့လိုအပ်​ပါသည်​။သို့မှသာအသီးအနှံ၊အရွက်​များ၊သားငါးများတွင်​အသုံးပြုထား​သော​​ခေတ်​​ပေါ်တာရှည်​ခံ​ဆေးများ၊ပိုးသတ်​​ဆေးများ၏အန္တာရယ်​မှကင်း​ဝေးပြီးကင်​ဆာအစရှိ​သော​ရောဂါဆန်းများမကျ​ရောက်​ပဲကင်း​ဝေး​စေနိုင်​မည်​ဖြစ်​ပါသည်​။အစားအ​သောက်​ချက်​ပြုတ်​ရာတွင်​လည်းဟင်းချက်​ရာတွင်​ဆီကိုအလွန်​အမင်းသုံးစွဲခြင်းမှ​ရှောင်​ကြဉ်​ရန်​လိုအပ်​သည်​။ဆီကိုအလွန်​အမင်းချက်​ပြုတ်​စားသုံးပါက၊အသဲအဆီဖုံးခြင်း၊
လေးဘက်​နာ​ရောဂါ၊အဆစ်​အမြတ်​​ရောဂါ၊​သွေး​ကြော​လေ​ကြောပိတ်​ဆို့၍​လေဖြတ်​ခြင်း၊ခန္ဓာကိုယ်​အဝလွန်​ခြင်းအစရှိ​သော​ရောဂါများဖြစ်​ပွား​စေနိုင်​ပါသည်​။သင့်​တင့်​မျှတရုံသာဆီကိုအသုံးပြုရ၍ချက်​ပြုတ်​စား​သောက်​လျှင်​၊အထက်​ပါ​ရောဂါများကင်း​ဝေးကာ၊ကျန်းမာစွာ​နေထိုင်​စား​သောက်​နိုင်​ပါတယ်​။အဓိကအားဖြင့်​အ​ကြော်​များ၊အကင်​များ၊ဆို​ဆေးသုံးထား​သောအစားအစာများ၊တာရှည်​ခံ​ဆေးသုံးထား​သောအသီးအနှံ၊အသားငါးများအား​ရှောင်​ကြဉ်​၍၊မိမိတို့နှင့်​သင့်​​တော်​မည့်​လတ်​ဆတ်​​သောအသီးအနှံနှင့်​အရွက်​များ၊သားငါးများအားပုံမှန်​သတိပြုကာ​နေထိုင်​စား​သောက်​​ပေးပါက၊အစားအ​သောက်​နဲ့သက်​ဆိုင်​​သော​ရောဂါများမကျ​ရောက်​ပဲ၊သက်​ရှည်​ကျန်းမာကာစိတ်​ချမ်းသာ​စေနိုင်​မည့်​အ​ကြောင်း
ကျန်​မား​ရေးအတွက်​အ​ရေးထားကာ၊​ရေးသားတင်​ပြလိုက်​ရပါသည်​။
Steemit myanmar Leaderများနှင့်​တကွsteemitမိသားစုအဖွဲ့ဝင်​အ​ပေါင်း၊အစားအ​သောက်​နှင့်​ပတ်​သက်​၍​ရောဂါဘယများကင်း​ဝေးကြပီးအမြဲ​ပျော်​ရွှင်​ချမ်း​မြေ့ပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
Photo:google
Writing by@komoewaiFB_IMG_1515564318244.jpg
FB_IMG_1515564418630.jpg

Sort:  

အာရောဂျံ ပရမံလာဘံ တဲ့
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါ

ဟုတ်​ကဲ့ပါခဗျ။

ကျန်းမာရေးအတွက်အစားအသောက်ကို သတိပြုဆင်ခြင်သင့်ပါတယ်

ဟုတ်​ကဲ့ပါ။အား​ပေးလို့​ကျေးဇူးတင်​ပါတယ်​ခဗျ

Congratulations @komoewai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Good post bro

အား​ပေးတာ​ကျေးဇူးပါ။

ကျန်းမာရေး ဗဟုသုတ ရပါတယ် ကျေးဇူပါ

အား​ပေးတာ​ကျေးဇူးပါခဗျာ

ဟုတ်​ကဲ့ပါ

အချဉ်တွေမြင်တော့ သွားရည်တောင်ယိုတယ်

ဟုတ်​ကဲ့ပါခဗျ။

ကျန်းမာခြင်းသည်လဒ်တစ်ပါးတဲ့
ဂရုစိုက်မှပါ 😁

ဟုတ်​ကဲ့ပါခင်​ဗျာ။

၂အခုလိုကျန်းမာရေးဗဟုသုတshareပေးတဲ့အတွက်ကျေးဇူးပါဗျာရေးပေးရသောအကျိကြာင့်အကိုလည်းရောဂါဘယကင်းဝေးပါစေဗျာ

ပေး​သောဆုနဲ့ပြည့်​ရပါလို၏ခင်​ဗျာ

အစာလည်းဆေး ဆေးလည်းအစာတဲ့

ဗဟုသုတရပါတယ်​ အကို

ဟုတ်​ပဲ့ပါ

ဆေးလည်းအစာ အစာလည်း​ဆေး

ဟုတ်​ကဲ့ပါ။

Thank for shairing

ဘာလာလာဒေါင်းတယ် ငယ်သေးလို့လားမသိ ဘာစားစားအဆင်ပြေနေတယ်😁😁

အာ့ဆိုသိပ်​မကြာ​တော့ဘူး😂😂😁

ကျန်းမာရေးသည်လာဘ်တစ်ပါး

ဗဟုသုတရရပါတယ်ခင်ဗျာ အောင်မြင်ပါစေဗျ fightingပါ