MM Philosophy Writing Knowledge

in #myanmar7 years ago (edited)

လူနှင့်​တာဝန်​၊ဝတ္တရားများအပိုင်း(၁)
လူရယ်​လိုဖြစ်​တည်​ရှင်​သန်​လာပြီးလျှင်​ကျွနု​ပ်​တို့အားလုံးသည်​အသက်​ရှင်​သန်​​နေသမျှကာလပတ်​လုံးတာဝန်​ဝတ္တရားများကိုထမ်း​ဆောင်​လုပ်​ကိုင်​ကြရမှာဖြစ်​ပါတယ်​။ဆင်းရဲသားလဲဆင်းရဲသားအလုပ်​တာဝန်​နှင့်​ဝတ္တရားများလုပ်​​ဆောင်​ကြရသလို၊ချမ်းသာကြွယ်​ဝသူများလည်​သူ​ဌေးတာဝန်​ဝတ္တရားများကိုထမ်း​ဆောင်​ကြရပါသည်​။လောကုတ္တရာဘက်​တွက်​လည်းရဟန်း၊သီလရှင်​အစရှိ​သောသာသနာ့ဝန်​ထမ်းများသည်​လည်းသာသနာ့တာဝန်​ဝတ္တရားများကိုမပြတ်​ရွက်​​ဆောင်​ကြသည်​သာဖြစ်​၏။ထိုကဲ့သို့မိမိတို့နှင့်​ဆက်​စပ်​သက်​ဆိုင်​သည်​တာဝန်​ဝတ္တရားများကိုမရွက်​​ဆောင်​၊​မ​ကျေပွန်​သူတို့အားမြတ်​စွာဘုရားရှင်​ကလူမိုက်​´´ဟူ၍မိန့်​​တော်​မူပါသည်​။၎င်းအပြင်​ကိုယ့်​တာဝန်​မဟုတ်​ပဲသူများတာဝန်​ကိုဝင်​​ရောက်​စွက်​ဖက်​လျှင်​လူမိုက်​၊ကိုယ့်​တာဝန်​ဝတ္တရားများကို​ကျေပွန်​​အောင်​ထမ်း​ဆောင်​လျှင်​လူလိမ်​မာပညာရှိ၊သူများတာဝန်​ကိုဝင်​​ကောက်​စွက်​ဖက်​မှုမပြုလျှင်​လူလိမ္မာပညာရှိဟူ၍လည်း​ဟောကြားဆုံးမ​တော်​မူခဲ့ပါတယ်​။မြန်​မာစကားမှာတာဝန်​နှင့်​ဝတ္တရားကိုတွဲ​ခေါ်သုံးစွဲ​နေကြ​သော်​လည်းအနက်​အဓိပ္ပါယ်​မှာတစ်​ခုစီသာဖြစ်​ပါသည်​။တာဝန်​ဆို​သောစကားရပ်​နှင့်​ဝတ္တရားဟူ​သောစကားမှာအဓိပ္ပါယ်​မတူညီပါ။ ![image](https://img.esteem.ws/h44zc930wg.jpg)မဖြစ်​မ​နေလုပ်​​ဆောင်​ရမည့်​ကိစ္စများကိုတာဝန်​´´ဟု​ခေါ်ဆိုနိုင်​ပြီး၊လုပ်​သင့်​လုပ်​ထိုက်​၍လုပ်​ရ​သောကိစ္စရပ်​များကိုဝတ္တရား´´ဟူ၍မှတ်​ယူနိုင်​ပါသည်​။အထက်​ပါစကားရပ်​နှစ်​ခုတွင်​တာဝန်​´´ဟူ​သောစကားရပ်​မှာ​အဓိပ္ပါယ်​ပို​လေးနက်​ခါအ​ရေးကြီးပါသည်​။ဝတ္တရား´´ဟူ​သောစကားရပ်​မှာ​တော့အဓိပ္ပါယ်​အနဲငယ်​​ပေါ့၍သိပ်​အ​ရေးမကြီးဟုယူဆလျှင်​လဲရနိုင်​ပါသည်​။တာဝန်​´´ဟူ​သောစကားရပ်​သည်​အဘယ်​​ကြောင့်​အဓိပ္ပါယ်​​လေးနက်​၍အ​ရေးကြီးသနည်းမူတာဝန်​´´ဆိုသည်​မဖြစ်​မ​နေလုပ်​ရမည့်​အလုပ်​များကိုဆိုလိုခြင်းဖြစ်​၍၊စိတ်​ပါသည်​ဖြစ်​​စေ၊မပါသည်​ဖြစ်​​စေ၊မလုပ်​မ​နေရ၊မဖြစ်​မ​နေလုပ်​ကိုင်​​ဆောင်​ကြရ​သော​ကြောင့်​တာဝန်​´´ဟု​ခေါ်ပါသည်​။တာဝန်​´´ကိုမလုပ်​ချင်​၍​ရှောင်​လွှဲပြီး​နေလို့မရနိုင်​ပါ။တာဝန်​´´ကျလာပါမဖြစ်​မ​နေရွက်​​ဆောင်​ရမည်​ဖြစ်​ပါသည်​။ဥပမာပြရလျှင်​​ကျောင်းဆရာမတစ်​​ယောက်​သည်​​ကျောင်းဆရာမဖြစ်​သည်​နှင့်​က​လေးများကိုစာသင်​ကြားပြသရမည့်​တာဝန်​´´ကိုမဖြစ်​မ​နေထမ်း​ဆောင်​ရမည်​ဖြစ်​သည်​။စစ်​သားတစ်​​ယောက်​သည်​လည်းတပ်​မ​တော်​တွင်​အမှုထမ်းသည့်​နှင့်​ကာကွယ်​​ရေးတာဝန်​များကိုရွက်​​ဆောင်​ရပါမည်​။ရှောင်​လွှဲ၍မရနိုင်​ပါ။အိမ်​​ထောင်​တစ်​ခုတွင်​လည်းလင်​​ယောက်​ကျားဖြစ်​သူအိမ်​​ထောင်​ဦးစီသည့်​အိမ်​၏စားဝတ်​​နေ​ရေးအတွက်​စီးပွားရှာရန်​မဖြစ်​မ​နေ​ဆောင်​ရွက်​ရသလို၊အိမ်​ရှင်​မသည်​လည်းချက်​ပြုတ်​၊​လျှော်​ဖွပ်​သိမ်းဆည်းခြင်းတာဝန်​များကို​ရှောင်​လွှဲ၍မရပဲ​ဆောင်​ရွက်​ကြရပါသည်​။ထို့​ကြောင့်​မဖြစ်​မ​နေ​ဆောင်​ရွက်​လုပ်​ကိုင်​ရ​သောကိစ္စများကိုတာဝန်​´´ဟု​ခေါ်ပါတယ်​။ဝတ္တရား´´က​တော့မလုပ်​ချင်​လဲ​နေလိုရသလို၊လုပ်​ချင်​လျှင်​လည်းလုပ်​ကိုင်​​ဆောင်​ရွက်​လို့ရသဖြင့်​တာဝန်​´´​လောက်​အ​ရေးမကြီးပါ။နောက်​အပိုင်းများတွင်​``တာဝန်​နှင့်​ဝတ္တရား´´များအ​ကြောင်းကိုဆက်​လက်​​ရေးသားတင်​ပြ​ပေးသွားပါမည်​ခင်​ဗျာ။စာရှုသူမိတ်​​ဆွေသူငယ်​ချင်းများအားလုံးကျန်းမာချမ်းသာကြပါ​စေ။
Photo-google
Writing by@komoewaiFB_IMG_1519293572806.jpg

Sort:  

You got a 11.11% upvote from @brupvoter courtesy of @komoewai!

ကောင်းပါတယ်​ဗျာစာသား​တွေ

pictute is very beautiful.

Good bro

Nice post