အကြောင်းရှာတော့ ဂိမ်းကိုမြင်တာပေါ့😁

in #myanmar7 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

မင်္ဂလာပါခင် သူငယ်ချင်းတို့ရေ ဟိုတစ်နေ့ကတော့ steemitမှာ 8ballကစားလို့ရတယ်ဆိုလို့ ဗာရီဖိုင်းဖို့အတွက် ပုံတစ်ပုံတင်ပြီး ဗာရီဖိုင်းခွင့်တောင်းခဲ့ပါတယ်ဗျာ။သိပ်မကြာပါဘူး လက်ခံသွားပါတယ်။ ကျနော့ကို လူဆိုတာ သိသွားခဲ့လို့ဖြစ်မယ်ထင်ပါတယ်😂😂😂
စက်ရုပ်တွေ အကောင့်တုတွေဆို လက်ခံမှာမဟုတ်ဘူးလို့ပြောချင်တာပါ။😁😁 ဆယ်ဖီဆွဲတယ် ဆိုလား အဲ့ဒါကိုလုပ်ရတာပါ။ ရိုးရိုးတော့မရပြန်ပါဘူး ကိုယ်တိုင်ရိုက်တဲ့ပုံဖြစ်စေရန်အတွက် သက်သေအဖြစ် စာရွက်ပေါ်မှာ 8ballက profile Nameနဲ့ steemitက ကိုယ့်ရဲ့ user nameကို ထည့်ရေးပေးရတာပါ။ ကျနော့ steemit user nameကတော့ @komoezawပေါ့။ 24hour မပြည့်ခင်မှာပဲ ကျနော့အတွက် ဗာရီဖိုင်းဖို့အတွက် mentတစ်ခုကို..... မှ လာရောက် mentပေးသွားခဲ့ပါတယ်။ အဲ့ဒီMentမလာခင် အရင်ဦးဆုံး ကျနော့ကို commentပေးသွားသူကတော့ မြန်မာနိုင်ငံရဲ့ 8ballဘုရင်များထဲမှ ဘုရင်တစ်မူးဖြစ်တဲ့ ကွီးရွှေလို့ လူအများသိကြတဲ့ @nyinyiwin ပဲဖြစ်ပါတယ်ဗျ။

Screenshot_2018-05-11-10-30-14-585_com.creativestudio.super8ballclub.png

တစ်ခုပြောချင်တာက ကျနော် ဗာရီဖိုင်းခွင့်တောင်းတဲ့အခါမှာ 8ball မှာ အကောင့်က ဖွင့်ပြီးသားကြီးဖြစ်နေခဲ့တဲ့အတွက် Refဆိုတဲ့နေရာမှာ အခြား 8ballအသုံးမပြုတဲ့ nameကြီးထည့်မိခဲ့ပါတယ်ဗျာ။ ဒီအတွက်လည်း ကွီးရွှေ ကွီးသက်တို့ကိုတောင်းပန်ပါတယ်ဗျာ။ စောစောက သိခဲ့ရင် ကွီးရွှေ ကွီးသက်တို့ကိုထည့်ပါတယ်ဗျာ။ အခုတော့ သူလည်းအကျိုးမဖြစ် ကိုယ်လည်း ဒုံရင်းပဲဖြစ်နေရတော့တာပေါ့။ အဲ့ဒါကြောင့် steemitမှာ 8ballအတွက် ဗာရီဖိုင်းခွင့်လျှောက်တဲ့အခါ @nyinyiwin, @thatkozaw တို့ရဲ့ steemit nameတွေကို ထည့်ပေးကြပါလို့ပြောချင်ပါတယ်ဗျာ။ ကိုယ်လည်းအဆင်ပြေ ကိုယ့်လူတွေအကျိုးရှိ ဖြစ်သွားစေတာပေါ့ဗျာ။

လူဆိုတာကလည်းခက်ပါတယ်ဗျ။အကျိုးရှိမယ့်အရာတစ်ခုကိုရှေ့ကလူက ချပြသွားရင် အဲ့ဒီလူကို အကျိုးမဖြစ်စေချင်ကြပြန်ပါဘူး။ Refရရှိရင်အကျိုးရှိမယ့် ဆိုက်တွေကို ရှေ့ကလူတွေကချပြလို့ နောက်လူတွေလည်း လိုက်လုပ်ကြပါတယ်။ တစ်ကယ်တမ်းမှာတော့ လိုက်လုပ်တဲ့ကောင်တွေက သူတို့ရဲ့အကျိုးအတွက်ပဲကြည့်ကြတဲ့အခါ ရှေ့ကလူတွေက နောက်ထပ် နည်းလမ်းတွေချပြဖို့ရာ တွန့်ဆုတ်သွားကြရပါတယ်။ ဘာကြောင့်လည်း.......
အကြောင်းအရာကတော့ ရိုးရှင်းပါတယ်။
တန်ပြန်အကျိုးသက်ရောက်မှုမရှိကြလို့ပါပဲ။

Refလုပ်ခိုင်းတာကို နောက်ကလိုက်လုပ်တဲ့သူတွေက သူတို့ပဲသိနေသလိုလို သူတို့ပဲတက်နေသလိုလိုနဲ့ Refမဝင်ပဲ တစ်လမ်းထပ်ဖောက်ကြပါတယ်။ ဒီတော့ အရှေ့က နည်းပေးလမ်းပြသူက သူလက်အောက်မှ နောက်လိုက်တစ်ရာရှိတယ်ဆိုပေမယ့် refက 50တောင်မရရှိပါဘူး။သို့ပေမယ့် သူလမ်းပြလိုက်ပြီးတဲ့နောက်မှာတော့ အရင်က myanmarကနေ မလုပ်တဲ့ ဆိုက်တစ်ခုဟာ သူ့ရဲ့လမ်းပြပေးမှုကြောင့် ရာကျော်တက်သွားခဲ့ရပါတယ်။ ဟုတ်ပြီ ဒါဆိုရှင်းလင်းနေပါပြီလေ။ သူ့အတွက် နောက်ထပ်စဉ်းစားစရာအများကြီးမကျန်နေတော့ပါဘူး။ ငါဖောက်တဲ့လမ်းငါပဲလျှောက်တော့မယ် အလကားအချိန်ကုန်တယ် ဆိုတာကြီးပဲဖြစ်လာရတော့မှာပေါ့။ တစ်ကယ်တမ်းလည်း အဲ့ဒီအတွေးတွေကို မရှုတ်ချ၊ အပြစ်မတင်ပါဘူး။ ဒီလိုဖြစ်လာရတာတွေဟာ စည်းလုံးမှုမရှိ စည်းကမ်းမရှိတဲ့လူတွေကြောင့်သာ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ အဓိကဖြစ်နေရတဲ့အကြောင်းအရင်းကတော့ လူတွေရဲ့လောဘကြီးမှုတွေကြောင့်လို့ပဲပြောရတော့မှာပေါ့။

ကိုယ်အမြတ်အစွန်းရဖို့အတွက်နည်းလမ်းပေးသူ လမ်းပြသူကို ပြန်လည်အမြတ်အစွန်းတွေရရှိနေပါစေ။ ဒါဆို သူ့အတွက်လည်း အချိန်ပေးရတာတွေအကျိုးရှိနေစေတာမို့ နောက်ထပ် နည်းလမ်းတွေကိုချပြဖို့ အင်အားတွေရရှိသွားစေမှာပါ။ လူ့ဘဝဆိုတာမှာ မြဲမှက်ထားလို့မရပေမယ့် သတိချပ်ရမယ့်အရာတစ်ခုကအမြဲတမ်းရှိနေပါတယ်။ ဘာလည်းဆိုရင်တော့ ဘဝဆိုတာ မှန်တစ်ချက်လို ရောင်ပြန်ဟပ်ပါတယ် ဆိုတာပါပဲ။ မေတ္တာပေးရင် မေတ္တာပြန်ရမယ်။ သစ္စာပေးရင် သစ္စာပြန်ရမယ်ပေါ့။
အမြဲမှက်ထားလို့မရဘူးလို့ ဘာကြောင့်ပြောရသလည်းဆိုပြန်တော့၊ ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ.....အို......ထူးအယ်လင်းပါ...😁😁😁

ကိုယ်ကပေးပေမယ့် ပြန်ရချင်မှရမှာပါ။ သိုပေမယ့် ကိုယ်ကမပေးရင်တော့ ပြန်ရရှိဖို့မမျှော်လင့်နေပါနဲ့တော့လို့ပဲပြောချင်ပါတယ်ဗျာ။

ရှေ့ကလမ်းပြပေးသူတွေလို့ ဆိုရာမှာ ကိုယ့်အတွက် အကျိုးဖြစ်ထွန်းစေတဲ့သူရှိသလို ၊ သူတို့အကျိုးအတွက် ကိုယ့်ဆီက အသားဖဲ့ယူသူတွေလည်းရှိပါတယ်။ ကျနော်တို့အတွက် အကျိုးဖြစ်ထွန်းစေပြီးမှ သူ့အတွက် အကျိုးအမြတ်များစွာရရှိသွားတယ်ဆိုရင် ဒီကိစ္စဟာ လုံးဝကိုဖြစ်သင့်ပါတယ်။ ခေါင်းဆောင်တွေ ဆယ်ဆ ရလို့၊ ကျနော်တို့ တစ်ဆ ရရင်ကို အဆင်ပြေပါတယ်။

အသားဖဲ့စားတယ်ဆိုတာကိုက ဥပမာပြရင် MMMလိုအရာတွေက အသားဖဲ့စားတာပါ။ အရင်ဦးဆုံးလုပ်တဲ့သူတွေက Refကြေးတွေရသလို သူတို့အတွက် ဆိုက်ပျက်သွားခဲ့မယ်ဆိုရင်တောင် အရင်းကျေပြီး မရှုံးနိုင်တော့ပါဘူး။ ဒီလိုအရာတွေကတော့ အရင်းအနှီးထည့်ရတာမို့ အသားဖဲ့စားတဲ့အလုပ်လို့ပြောရခြင်းပါ။ အချိန်အခါသင့်ရင်တော့မြတ်မယ် ၊ မသင့်ရင်တော့ ဆုံးရှုံးရမယ့်အလုပ်ကြီးပေါ့ဗျာ။
MMMလို့ပြောရခြင်းက ဥပမာတစ်ခုအနေနဲ့ပြောပြလိုခြင်းပါ။ MMMရဲ့ masterတွေ Steemitမှာရှိနေကြပါတယ်။ သို့ပေမယ့် ကျနော့ကိုအပြစ်မမြင်ကြဘူးလို့လည်းထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် MMMကိုစတင်လုပ်တဲ့အခါမှာ လုံးဝကြီးမြတ်ပါမယ်လို့ အာမမခံထားလို့ပါပဲ။ ကိုယ့်စိတ်သဘောနဲ့သာဆုံးဖြတ်ရတဲ့ကိစ္စတွေမို့ပါ။

အခုပြောပြခဲ့ရတာတွေက..
Freeပေးတဲ့သူကို အကျိုးဖြစ်ထွန်းစေဖို့ရာပြောပြလိုခြင်းဖြစ်ပါတယ်။ သူ့အကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်ပါတယ်။
အရာရာမှာ မေတ္တာတရားထားပြီး အချင်းချင်း ကူညီရိုင်းပင်းရင်းလုပ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း Postလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

reflection-quotes-about-life-3-reflective-quotes-on-life.jpg

Credit image source

ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာချမ်းသာကြပါစေ.....

@komoezaw

MSC-030

Sort:  

ဂိမ်းလေးခေတ်စားနေတယ် ကိုယ်တေက မဆော့တတ်တော့ ခက်တယ် with you guys

You got a 1.67% upvote from @postpromoter courtesy of @komoezaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ဂိမ်းလေးခေတ်စားနေတယ် ကိုယ်တေက မဆော့တတ်တော့ ခက်တယ်

မဆော့တက်တာကောင်းတာ
မဟုတ်ရင် လိုင်းမကောင်းတာနဲ့ ရှုံးလည်းရှုံးရ အချိန်လည်းကုန်ရ ဖြစ်နေမှာဘုရာ့😁

ကိုမိုးနဲ့တော့ အဲ့ဂိမ်းမကစားရဲတော့ဘူး ကိုမိုးကလွှတ်ကျွမ်းတာကြီး။

ဟုတ်ပါဘူးကိုထွေးရာ ကံကောင်းသွားတာပါဗျာ😁

ဂိမ်းကို အခုမှသိတယ်၊​ ကစားဖို့ အချိန်​မရလို့ မလုပ်​​ဖြစ်​​သေးဘူးကို​ဇော်​...

မကစားတာလည်းကောင်းပါတယ်ကိုလင်းရယ်
အလုပ်တစ်ခုပိုတိုးလာရင် အလုပ်ပိုရှုပ်ရတယ်

ကျ​တော်​လည်း ဘာမှမထည့်​လိုက်​ရဘူး

ဟုတ်
ကျနော်က လောလောနဲ့ဆိုတော့မသိလိုက်ဘူး😁😁

ငွေရချင်တာပဲ သိတယ်ဗျာ😁😁😁

ဟုတ် ရရင်တော့ကောင်းတယ် ကိုဟိန်းရေ
ဆော့လည်းဆော့ရ ပိုက်ပိုက်လည်းရပေါ့😁😁

လူတစ်ကိုယ် စိတ်တစ်မျိုး လို့ ဆိုရိုးစကားလဲရှိတာပဲ ကိုမိုးဇော်ရယ် ref ထည့်မပေးလို့လဲစိတ်မဆိုးပါဘူး ။ 8ball မှာ ref ထည့်ပေးရင် game coin 1000 ရပါတယ်ဗျ။ အများက အားပေးကြလို့ ကျနော် game coin 5000 ရပါတ်ဗျာ ။ ဒါမို့လို့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ကျနော်နဲ့တွေ့တဲ့ မြန်မာ ကစားသမားဆို ပနိုင်ပေးလိုက်ပါတယ် ။ အဟီး တကဟ်တော့ ကျနော်က မနိုင်ဘူးရယ် လူကြားကောင်းအောင် လျော့ပေးတယ် လုပ်တာ ငိငိ။ ကိုယ့်ထက်စွမ်းတဲ့ လူတွေကြည့်ပါပဲဗျာ။

ဟုတ် ကွီးရွှေရေ မသိလိုက်လို့ဗျာ
သိရင် ကွီးရွှေဆီက coinတွေ ပြန်တောင်းပါတယ်😂😂😂

အနာဟောင်းကို ပြန်ဆွနေပြန်ပြီ အဲဒီ ၃လုံးကို မကြားပါရစေနဲ့ hee hee

အဲ့ဒါဆို ပြောတော့ဘူး
M တစ်လုံးပဲမှက်တော့😁😁

အဲ့ဒါတော့ အမှန်အကန်ပဲဘဒိုရေ
ကိုယ့်အိတ်ထဲကနေပေးရတာမဟုတ်တာတောင်
မရစေချင်တာက ကျန်တော်တို့မြန်မာပြည်က အကျင့်တွေပါ

ဟုတ်တယ်ကိုစိုင်းရ
တွေ့မြင်လိုက်ရရင် ဒေါထချင်စရာတွေကြီး😁😁

ဟုတ်တယ်ဘဒို
ဒါနဲ့ညေးလည်း ref ရှိရင် ကိုမိုးကိုပို့ဦးမယ်နော့် 😁

ကျော်လဲ ဆော့ချင်တယ် အားပေးပါအုံးဗျာ😊

အားပေးမယ်ဗျာ
အကောင့်ဖွင့်လိုက် မကြည်ရေ😂

ဂိမ်း​ပေါင်းစံ​ဆော့ဖူး​ပေမဲ့ အဲဂိမ်း​တော့မ​ဆော့ဖူးဘူး😁😂

အဲ့ဒါဆို ပိုစုံအောင် ဆော့အုံးညီရေ😂😂

ကျွန်တော်လည်းမဆော့တတ်ဘူးဗျာ

ဟုတ် မဆော့တက်တာကောင်းတယ်ဗျ အချိန်မကုန်တော့ဘူး😁😁

Rer ​ပေးရင်​ ဝင်​ပါတယ်​ သူလည်း အကျိုးရှိ​အောင်​​ပေါ့​လေ

ဟုတ် ကိုစော ကျနော်က မသိလိုက်တာ Refက အဲ့လိုဆို အခြားအမည်မထည့်ဘူး

ဆော့ရဲဘူးဗျာ ဒါမျိုးဆိုကံကသိပ်ကောင်းတာမဟုတ်တော့

😁😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by KoMoeZaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

MMM အကြောင်းကပါလာပြန်ပြီ။စိတ်ဆွနဲ့နော် ဟင်း ဟင်း

😂😂😂

သွေးတိုးသလိုဖြစ်လာပြီ M ၃လုံးမြင်လိုက်တာနဲ့

😁😂😂😂