မင်္ဂလာပါ Steemitမှ ညီကိုမောင်နှမတို့ရေ။
လူသားတွေဟာ အသိဥာဏရှိတယ်လို့ ဆိုကြတယ်။ သို့ပေမယ့် တခြို့လူတွေက မေတ္တာတရားကင်းဝေးကြတယ်ဗျ။ မိမိရဲ့သားသမီးကိုတောင် စွန့်ပစ်ကြတာလေ။ ဒါပေမယ့်မယ့်လည်း အနည်းအကျဉ်းသော ပမာဏလောက်သာရှိကြတာပါ။
ကျွန်တော်က မိဘမေတ္တာအကြောင်းနဲ့ပတ်သတ်ပြီး အနည်းငယ်ရေးသားပေးချင်ပါတယ်။ မိဘကျေးဇူး မြင့်မိုရ်ဦးဆိုတာအသာထားအုံး။ဘာလို့အသာ ထားခိုင်းလည်းဆိုရင် မိဘကျေးဇူးဆိုပြီးစာတွေရွတ် ကဗျာရွတ်နေတာ တစ်ကယ်တမ်းရော မိဘကျေးဇူးကိုသိနေခဲ့ကြပြီလားလို့မေးကြည့်ချင်ပါတယ်ဗျာ။ မိဘကျေးဇူးဆိုတာ ပြောရရင်ဆပ်လို့ဘယ်တော့မှ မကုန်ပါဘူး။ ဒီတော့ မဆပ်တော့ပါဘူးဆိုပြီး ဒီတိုင်းနေကြမှာလားဗျာ။ ခရီးတစ်ခု စတင်မလှမ်းကြည့်ပဲ မရောက်ဘူးမပြောပါနဲ့။ မစတင်ပဲနဲ့တော့ ခရီးဆုံးအမှက်ကိုရောက်နိုင်မယ်မဟုတ်ပါဘူး။ မိဘကျေးဇူးလည်းထို့အတူပါပဲ ဘယ်တော့မှဆပ်လို့မကုန်ဘူးဆိုပြီး မဆပ်ပဲနေမယ်ဆိုရင် အကြွေးယူတဲ့သူနဲ့ အကြွေးချပေးတဲ့သူတွေလိုမျိုးပဲ အကြွေးကအယူပဲရှိပြီး အတိုးမသတ်ပြန်မဆပ်ခဲ့ရင်
ဘယ်လိုမှမကျေတဲ့အပြင် အတိုးပေါ်အတိုးဆင့်ပြီး ကိုယ့်အပေါ် ပိုပိုပြီးတင်လာနေမှာပါ။
Credid;google image
မိဘမေတ္တာကို လူသားတွေတင်မဟုတ်ပဲ တိရစ္ဆာန် တွေမှာတောင်ရှိနေကြပါတယ်။ သိပ်မကြာခင်အချိန်လေးမှာပဲဖြစ်သွားတဲ့အဖြစ်အပျက်လေးတစ်ခုရှိပါတယ်။သူများအိမ်မှာမွေးထားတဲ့ ကြောင်လေးတွေရဲ့အကြောင်းပါ။ မွေးလာကတည်းက အားအင်ချိနဲ့နေတဲ့ ကြောင်သားပေါက်ကလေးတွေဟာ မိခင်ကြောင်မကြီးရဲ့ နို့ကို မစို့နိုင်၊မသောက်သုံးနိုင်ဖြစ်ရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့အမေကအဲ့ဒီအိမ်မှာအလည်ရောက်နေတဲ့အချိန်ပေါ့။အဲ့ဒီအိမ်ဆိုတာကလည်း ကျွန်တော့အဖွားလေးရဲ့အိမ်ပါ။အဖိုးရဲ့ညီမအရင်းပေါ့။ ကြောင်သားပေါက်လေးတွေဟာ မိခင်နို့ကိုမစို့နိုင်ဖြစ်နေတော့ မေမေက ကြောင်မကြီးရဲ့ နို့သီးခေါင်းနဲ့ ကြောင်သားပေါက်လေးတွေရဲ့ နှုတ်ခမ်းကို တေ့ပေးပြီး နို့စို့စေပါတယ်။ အဲ့ဒါက သိပ်အကြာကြီးလည်းမဟုတ်ပါဘူး။အမေက အဖွားလေးတို့အိမ်မှာ နှစ်ရက်သုံးရက်ပဲ နေခဲ့တာပါ။ ကြောင်မကြီးဟာ ကြောင်လေးတွေကို နို့စို့စေအောင် လုပ်ဆောင်ပေးတဲ့သူရှိမှန်းသိတော့ သူ့ကလေးတွေ နို့စို့ခါနီးကျရင် သူ့ကလေးတွေကို လည်ဂုတ်ကနေချီပြီး ကျွန်တော့အမေရှိတဲ့ဆီကို ချီချီလာတော့တာပေါ့။ ဒါဟာ တိရစ္ဆာန်တွေမှာလည်း အသိဥာဏ်မရှိပေမယ့် မေတ္တာတရားနဲ့ သဘာဝတရားကြီးကို လုံးလုံးမဆန့်ကျင်ဘူးဆိုတာကို ပြသနေသလိုပါပဲ။ သို့ပေမယ့်ကြောင်မကြီးရဲ့ကလေးတွေက လောကကြီးထဲမှာ ကြာရှည်စွာနေထိုင်ခွင့်မရှိခဲ့ပါဘူး။ တစ်ကောင်ပြီးတစ်ကောင် သေဆုံးခြင်းနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။
တစ်ကယ်တော့ တိရစ္ဆာန်တွေမှာတောင် အဲ့ဒီလိုအသိရှိနေခဲ့ရင် လူသားမိဘတွေဟာ ပိုပြီးအသိဥာဏ်ရှိနေကြမှာပါ။ ဘယ်တော့မှ မိခင်ဖခင်တို့ကို မပြစ်မှားကြနဲ့ မစော်ကားမိကြစေနဲ့။ တစ်ချိန်မှာ ဝမ်းနည်းခြင်းတွေကိုဖြစ်ပေါ်နေစေရတာက မိဘကျေးဇူးကိုမဆပ်ခဲ့ကြလို့ပါ။ သင်တို့တွေ.မိဘကိုဂရုစိုက်ပြီး ပြုစုစောင့်ရှောက်တာဟာ မိဘကျေးဇူးဆပ်တာပါ။ လူဆိုတာ တစ်နေ့သေရမှာပါ။ မိဘတွေပဲဖြစ်ဖြစ် ကျနော်တို့တတွေပဲဖြစ်ဖြစ် သေခြင်းတရားကို မလွန်ဆန် အံမတုနိုင်ကြပါဘူး။ အချိန်တစ်ခုရောက်လို့ မိဘတွေရဲ့ လူ့ဘဝမှာနေရမယ့်သက်တမ်းကုန်ဆုံးသွားခဲ့လို့ တမလွန်ခရီးကိုသွားရတော့မယ်ဆိုရင် သူတို့ကို လမ်းဖြောင့်ပြီး ကောင်းရာမွန်ရာဘဝရောက်အောင် ပို့ဆောင်ပေးနိုင်တာ သားလိမ္မာ၊သမီးလိမ္မာတွေကသာလုပ်ဆောင်နိုင်တာပါ။
တခြို့မိဘတွေဆို သားသမီးတို့ကို စိတ်မချလို့ မကျွတ်မလွတ်ဘဝတွေရောက်ကြရတယ်။ ဒါဟာလည်း သားသမီးတွေရဲ့အပေါ်မှာ လုံးဝသက်ဆိုင်ပါတယ်။
Credit;google image
မိဘကျေးဇူးကိုဆပ်ချင်ရင် မိဘကို အပျော်ရွှင်ဆုံးဖြစ်အောင် စိတ်ချမ်းသာအောင်ထားပါ။ သူတို့ရဲ့စိတ်မှာ ပျော်ရွှင်မှုတွေစီးကူးပြီး တရားဘာဝနာတွေကို အေးအေးချမ်းချမ်းလုပ်နိုင်အောင်ထိ ဂရုစိုက်စောင့်ရှောက်ပေးနိုင်ကြစေဖို့ ကြိုးစားပါလို့ အကြံပြုတိုက်တွန်းရင်း ယခုရေးသားသော မေတ္တာတရား ဆိုတဲ့ postလေးကိုအဆုံးသတ်လိုက်ပါတယ်ဗျာ။
ဖတ်ရှုသူ စာပေချစ်သူအပေါင်း ကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
မေတ္တတရားနဲ့ယှဉ်ကာ သစ္စားပါ့မယ်ကွယ် အဲ ယောင်ပြီးသီချင်းလာဆိုပြနေမိပြီ😁😁😁😁
သီချင်းတွေလာဆိုပြတာကောင်းတယ် ဒီမှာ minnow က အဆင်မပြေဘူးဖြစ်နေတာheee
ကြွေးဟောင်းကိုလည်း ဆပ်ရ၊
ကြွေးသစ်လည်း ချရပေဦးမည်။
ကျေးဇူးတရား မမေ့ငြားဘဲ ဧကန်ဆပ်သင့်ပါသည်။
အမှန်ပါပဲကိုဟိန်းရေ
မေတ္တာတရားဆိုတာဘာနဲ့မှ နှိုင်းတုလို့မရတဲ့ အရာတစ်ခုပါဗျာ
ဟုတ်ပါတယ်ဗျာ
ကောင်းတယ်ဗျာ မိဘကျေးဇူး သိတတ်ကြပြီး၊မိဘကျေးဇူး ဆပ်နိုင်ကြပါစေ။
ဟုတ်
မိဘကျေးဇူးဆပ်နိုင်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာများ တိုးပွားလာနိုင်ကြပါစေလို့ လူအများအတွက် ထပ်ဆင့်ဆုမွန်ကောင်းတောင်းပေးပါတယ် Broရေ
အရင်ငယ်တုန်းကတော့ မသိလို့ဆိုးတယ်
ခုတော့ အမေ့ကို အားနာပြီး နားလည်လာတော့
အမေ့ကိုပြန်ကြည့်နိုင်ဖို့ကြိုးစားနေပါတယ် 😁
အခုလည်းဆိုးတာပဲမဟုတ်လားကိုစိုင်းရ 😁😁😁
ကိုမိုးလဲ မိဘကျေးဇူးဆပ်နေတာနဲ့ ကိုယ့်အတွက်မရှာတော့ဘူးထင်တယ် hee hee
ဟား
ရှာလို့လည်းမရလို့မရှာတာBroရေ😁😁
နောက်ပြီး အဲ့ဒီရှာဖွေလို့ရလာရင် ရစ်တာမခံနိုင် ကွိုင်နေမှာလေ😂😂😂
ကြောင်ကလေးတွေ အသက်မရှည်တာ ကြားရတော့ စိတ်မကောင်းပါဘူးဗျာ
ဟုတ်တယ် အကုန်သေကုန်တယ်ပြောတယ်
မွေးကတည်းက မသန်စွမ်းတာ သူ့ကံကြမ္မာကိုက မကောင်းခဲ့လို့ပဲလား
ကုသိုလ်ကောင်းမှုအရင်ဘဝကပြုခဲ့ဖူးလို့
ဒီဘဝမှာ တိရစ္ဆာန်ဘဝကိုခဏပဲနေခွင့်ရတာလားဆိုတာ သိနိုင်ဖို့လည်းမလွယ်ဘူးလေ
ဘာပဲဖြစ်ဖြစ် Mentကိုတော့ ရှည်အောင်ရေးတာပဲ😁😁😁
ကောင်းတယ် ကိုမိုးဇော် မိဘမေတ္တာ ကို သိတတ်ကြပါစေ။
ဟုတ် ကွီးရွှေ မိဘကျေးဇူး ဆပ်ဖူးနိုင်ကြပါစေ....
ကျေးဇူးသိတတ်ဖို့လိုပါတယ်။ တိရစ္ဆာန်တွေတောင်မှ ကျေးဇူးသိတတ်ကြပါတယ်။ လူသားတွေဆို ပိုပီး သိနားလည်ဖို့လိုပါတယ်။
ဟုတ်တယ် broရေ ဒါပေမယ့်
လူသားတွေက ပိုပြီး အသိတရားနည်းနေသလားပဲ
လူတိုင်းလိုမှာတော့ မိဘအတွက်လို့ အမြဲလိုလို စဉ်းစားမိတတ်တယ်
သို့ပေမဲ့ တကယ်မလုပ်ပေးဖြစ်တတ်ကြပါဘူး
လုပ်နိုင်အောင်ကြိုးစားသင့်ပါတယ်
ဟုတ်ပါတယ် တစ်ကယ်လက်တွေ့မှာ လုပ်နိုင်သူ အင်မတန်နည်းနေပါသေးတယ်
အရမ်းလေးစားဖို့ကောင်းပါတယ်
အမြဲတမ်းပျော်ရွှင်နိုင်ပါစေ
Postမှာ upvotတွေအများကြီးရပါစေ
လို့ဆုတောင်းပေးလိုက်ပါတယ်
အားပေးလျှက်ပါ
ကိုယ့်ကိုလည်းvotပေးကြအုံးနော်
ကျေးဇူးတင်ပါတယ်
ဟုတ်ကဲ့ပါဗျ
အခုလိုဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ
အလည်လာခဲ့ပါအုံးမယ်ဗျာ
မိဘကျေးဇူး မဆပ်သူ
ခွေးနှင့် အလားတူး
ဆပ်သလောက်လဲမကြေ
ကြေသလောက်လဲ မဆပ်ကြ
သွားကြ ငရဲသို့ 
ဟုတ် အဲ့ဒီစာသားအတိုင်းပါပဲ
မဆပ်နိုင်ရင် ငရဲကိုရောက်ဖို့သေချာပါတယ်
တစ်ခုရှိတာက မိဘတွေကို မစော်ကားမပြစ်မှားရင်တော့ ဘာမှမဖြစ်နိုင်လောက်ဘူးပေါ့
မိဘကျေးဇူးဆပ်ချင်လို့မိန်းမ မယူဘဲလူပိျုကြီးလုပ်နေတာလေ
မိဘကိုလုပ်ကျွေးပြီးမှ မိန်းမယူမယ်
ကျွှန်တော်လဲ အဲ့လိုနေနေတာ မိန်းမလဲရသေးဘူး မိဘလဲ လုပ်ကျွှေးရသေးဘူး ။
ဟုတ်လို့လား ဒိုမီရာ
ဟိုနေ့က ကောင်မလေးက လာပြီးခိုးတာ ဟိုဟာပါသွားတယ်ဆို😁😁
ဆရာတွေကကျားတွေလေ
ဆရာမလေးတွေကမှသနားစရာ
ဘယ်ကဆရာမလေးတွေလည်းညီရ နောက်ရဘူးနော့😁
ကျေးဇူးပါဗျာ သတိရအောင်ပြန်လည်တူစွပေးလို့ ကျေးဇူးကိုမိုးဇော်
ဟုတ် သတိရတာကောင်းပါတယ် broရာ
post တော့ တင်တော့ပါဘူး ကျွှန်တော်လဲ အရမ်းသနားစရာကောင်းတဲ့ ကြောင်မလေး တစ်ကောင်တွေ့ဖူးတယ် ဘယ်လိုဝဋ် လဲမသိ နို့တစ်လုံးမှမပါ ကလေးမွေးပြီးတိုင်း တညောင်ညောင်နဲ့ ပတ်ပြေးနေရတာ
အင်းမလွယ်ပါလားဗျာ
သူလည်းဝဋ်ကအတော်ကြီးတာပဲ
Postရေးတင်ပေါ့ ဒိုမီရ
ရေးစရာရသွားတာပေါ့😁😁😁
ဆပ်၍မကုန်တာ မိဘကျေးဇူးပါ
ဟုတ်ကိုလင်း အမှန်ပါပဲဗျာ
မေတ္တာရဲ့နောက်ဆက်တွဲက သစ္စာတဲ့ဗျ မေတ္တာရှိပီးသစ္စာရှိဖို့လဲ လ်ုပါတယ် ဟုတ်လားသိဘူး ကိုမိုးဇော် စိတ်ထဲရှိရာ ရေးလိုက်တာ ဟီးဟီး
တင်ပါ့ဘုရား ရီးစားထားရင် သစ္စရှိနိုင်လားအရင်မေးအုံးမယ်ဟီး😁😁
မိဘနှစ်ပါးကကျွန်တော်တို့ သားသမီးငါးယောက်ကို အတောင်စုံအရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစုမြေတောင်မြှောက်ပေးနိုင်ပေမယ့်သားသမီးငါးယောက်ကတော့မိဘနှစ်ပါးကိုခုချိန်ထိမပူမပင်မကြောင့်မကြဘဲမထားနိုင်သေးတာကိုဝမ်းနည်းမဆုံးဖြစ်နေရပါတယ်ဗျာ
တဖြေးဖြေးကြိုးစားယူပေါ့ broရာ
ဝမ်းနည်းစရာတွေးရင် ဝမ်းနည်းမှုပဲထပ် ဖြစ်လာရမှာ
ဟုတ်ကဲ့ကိုမိုး မိဘကိုကျေးဇူးကိုမဆပ်နိုင်သေးတဲ့သားတစ်ယောက်ဖြစ်သေးပေမဲ့ ဘယ်တော့မှာ စော်ကြားဖို့တော့မကြိုးစားဘူး၊ စိတ်နဲ့တောင် အတတ်နိုင်ဆုံးမပြစ်မှားဖြစ်အောင်နေပါတယ်bro။
ကောင်းပါတယ်ကိုညီ
မိဘကျေးဇူးဆိုတာ အလုပ်တစ်ခုလို အချိန်ပေးဖို့လိုတယ်
နောက်မှကျေးဇူးဆပ်မယ်မတွေးနဲ့
ယခုပင်လျှင် ဆပ်နိုင်အောင်ဆပ်
ရပ်ဝေးမှာနေလည်း မိဘကိုပျော်ရွှင်မှုဖန်တီးပေးနိုင်ရင် ကျေးဇူးဆပ်တာနဲ့အတူတူပါပဲဗျာ။
မိဘကျေးဇူးကိုသိတတ်ပြီးဆပ်နိုင်အောင်ကြိုးစားရဦးမယ်ဗျာ
ဟုတ် ကြိုးစားပါဗျာ
မိဘကို လုပ်ကျွေးသောသားသမီး ဘယ်တော့မှ မဆင်းရဲဘူး Bro
ဟုတ်တယ် အနည်းဆုံးတော့ စိတ်ချမ်းသာရမှာပါ
မေတ္တာတွေပုံစံမျိုးစုံရှိတဲ့ထဲကမှမိဘမေတ္တာလေးကိုနမှုနာလေးနဲ့ပြောပြပေးတာပေါ့အရမ်းကောင်း😍
ဟုတ် တွေ့ရှိတာလေးရေးတာပါ ညီရာ
ကိုယ်မှဇာတ်လမ်းသရုပ်ဖော်မရေးနိုင်တာလေ
အနှစ်သာရပြည့်ဝလွန်းလှပါလား ကိုမိုးဇော်ရေ