မင်္ဂလာပါ Steemitမှ ညီကိုမောင်နှမတို့ရေ။
လူ့ဘဝဆိုတာရခဲလှပါတယ်။ ရခဲလှတဲ့လူ့ဘဝကို အကျိုးရှိရှိအသုံးချတက်ဖို့လည်းလိုအပ်လှပါတယ်။ နေ့စဉ်နဲ့အမျှ ကုသိုလ်ကောင်းမှုနည်းနည်းစီပဲလုပ်မယ်ဆိုရင်တောင် ရက်ပေါင်း များလာတဲ့အခါ ကုသိုလ်ကောင်းမှုများစွာရရှိလာကြရတာပေါ့။
တချို့သောသူတွေပြောနေကြတာတွေလည်း တွေ့မြင်နေရတော့ ပြောချင်လာတာလေးတွေလည်းရှိပေမယ့် မပြောဖြစ်တာကများပါတယ်။ပြောလည်းမပြောချင်လို့ပါ။ ကိုယ်တိုင်မလုပ်နိုင်သေးပဲ သူများကိုအပြစ်ပြောတာကိုလည်း လက်မခံပါဘူး။
သူများအကြောင်းမပြောပေမယ့် ဇာတ်လမ်းလေးတော့ဖန်တီးလိုက်ပါအုံးမယ်ဗျာ 😁
Credit;google image
ကျနော်တို့ရွာထဲက မောင်မောင်ဆိုတဲ့ လူတစ်ဦးပေါ့ဗျာ။ သူကိုယ်တိုင်ကတော့ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ပါဘူး ရွာထဲလျှောက်သွားရင်း ရှိရာအလုပ်လုပ်ရင်း ရရစားစားနေနေတာပါ။ သူ့မှာ အောင်အောင်ဆိုတဲ့သူငယ်ချင်းတစ်ယောက်လည်းရှိနေပါသေးတယ်။ သူ့သူငယ်ချင်းကလည်းသူ့နည်းတူ ရွာထဲလျှောက်လည်ရင်း ရရစားစားပါပဲ။
ဒါပေမယ့် အောင်အောင်မှာထူးခြားတာတစ်ခုရှိပါတယ် အိမ်ပြန်ရောက်တာနဲ့စာပေတွေဖတ်ရှုပါတယ်။ ရွာထဲမှာ တွေ့ရာအလုပ်လုပ်ပေမယ့် လုပ်တဲ့အလုပ်ကို ဖြစ်သလိုမလုပ်ပဲ ဘယ်လိုလုပ်ရင် ဒီအလုပ်က ပိုပြီးကောင်းမလည်းစဉ်းစားတက်ပါတယ်။
သူတို့သူငယ်ချင်းနှစ်ယောက်မှာ တူညီတာဆိုလို့ ပညာ နည်းပါးတာပါပဲ။
အောင်အောင်ကတော့ သူဖတ်နိုင်သလောက်စာပေတွေကို တစ်နေ့နည်းနည်းစီ တက်နိုင်သလောက်ဖတ်ပါတယ်။ အချိန်ကြာလာတော့ မသိတဲ့စာတွေဟာ နည်းပါးလာပြီး ကျွမ်းကျင်လာတယ်။ အလုပ်လုပ်ရာမှာလည်း အမြဲတမ်းကြိုးစားတော့ နေရာတိုင်းမှာသူ့ကိုတွေ့ရတယ်။ လူချစ်လူခင်လည်းတဖြေးဖြေးများလာရတာပေါ့။
မောင်မောင်ကတော့ သူ့လုပ်စရာအလုပ်ပြီးရင် ဘာမှထပ်မလုပ်တော့ပဲ ဟေးလားဝါးလားပေါ့။
တစ်နေ့မှာတော့ အောင်အောင်ဟာ တခြားမှာအလုပ်သွားလုပ်မလို့ဆိုပြီး ရွာကထွက်သွားခဲ့ကာ အချိန်တော်တော်ကြာကြာ ရွာကနေပျောက်သွားခဲ့ပါတယ်။ မောင်မောင်ကတော့ သူ့သူငယ်ချင်းနဲ့သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်ပြီး စဉ်းစားနေတာက....
”သူလည်း ငါ့လိုပဲ ရရစားစားနဲ့ ရှိတဲ့အလုပ်လုပ်နေရတဲ့ကောင် ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးကွာ” ဆိုပြီး တွေးနေတာပေါ့။ အမှန်တစ်ကယ်လည်း သူတို့သူငယ်ချင်းနှစ်ယောက် ရရစားစားပဲလေ စုဆောင်းမိတာဆိုလို့ ဘာမှသိပ်မရှိလှပါဘူး။
Credit;google image
အချိန်တွေ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်ကုန်လာလိုက်တာ သုံးနှစ်ဆိုတဲ့အချိန်ကိုရောက်မှန်းမသိရောက်လာခဲ့ပါတယ်။
သုံးနှစ်ပြည့်ပြီးတဲ့နောက်တစ်နေ့ အောင်အောင်ရွာကိုပြန်ရောက်လာတယ်။ သူ့ရွာရဲ့စာသင်ကျောင်းလေးအတွက်ပြုပြင်နိုင်ဖို့ အလှူငွေထည့်ချင်လို့ပါတဲ့
ရွာထဲကလူတော်တော်များများ အောင်အောင်ကို ဂရုတစိုက်နဲ့ကြိုဆိုကြပြီး တစ်လေးတစ်စားနဲ့ကို ဆက်ဆံစကားပြောကြပါတယ်။ တစ်ကယ်တော့ အောင်အောင်ရဲ့ဘဝတိုးတက်ပြောင်းလည်းသွားခဲ့ပြီလေ။ အရာရာတိုင်းကို ကြိုးစားရင်း နိုးကြားတဲ့စိတ်နဲ့ တိုးပွားခဲ့တော့ အချိန်တွေကြာလာတဲ့အခါ အရာရာပြည့်စုံလာခဲ့ရပြီလေ။ သူ့သူငယ်ချင်းအောင်အောင် ပြေပြေလည်လည်ဖြစ်လာတာကိုကြည့်ပြီး မောင်မောင် အံ့ဩနေတော့တာပေါ့။ ဒါနဲ့ အောင်အောင်ကို ဘယ်လိုကနေကြီးပွားလာတဲ့အကြောင်းမေးတော့ အောင်အောင်က သူမြို့ပေါ်တက်ပြီးအလုပ်လုပ်ရင်း စီးပွားရေးအကြောင်းတွေကိုလေ့လာရင်းနေနေတာမို့အခုလိုမျိုးနေထိုင်နိုင်တာဖြစ်ကြောင်းပြောပါတယ်။ လူတော့သိပ်မချမ်းသာသေးပေမယ့် စိတ်ချမ်းသာနေရပြီဖြစ်ကြောင်းပြောပြတာပေါ့။
မောင်မောင်က. မင်းနဲ့ငါ ဒီမှာနေစဉ်ကတည်းက ရရာအလုပ်လုပ် စားသောက်ရင်းပြန်ကုန်သွားတာခြင်းအတူတူ မင်းက ဒီလို ပြည့်ပြည့်စုံစုံနေရတဲ့ဘဝကိုရလိမ့်မယ်လို့ငါတစ်ခါမှမတွေးဖူးဘူးသူငယ်ချင်း
....ဆိုပြီး ပြောပါတယ်။
အောင်အောင်က သူ့ဘဝအတွက် သူအောင်မြင်ရတဲ့အကြောင်းက အချက်တစ်ချက်တည်းကိုပဲ တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း မောင်မောင်ကို ပြန်လည်ရှင်းပြရင်း သူ့သူငယ်ချင်းကို အဲ့ဒီတစ်ချက်ကို လုပ်ဆောင်ဖို့လည်းပြောခဲ့ပါတယ်။
ဘာစကားလည်းဆိုတော့.....
”တစ်နေ့နည်းနည်းပဲပိုလုပ်ပါ အချိန်ကြာလာတာနဲ့အမျှ သင်ဟာ ဘာမှမလုပ်သူထက် အဆများပိုလာတဲ့အကျိုးကိုခံစားရပါလိမ့်မယ်” တဲ့.....
Credit;google image
လုံးဝမလှုပ်ရှားရင် နောင်တစ်ချိန်မှာ အလုပ်များလာနိုင်ပါတယ်။လှုပ်ရှားရင် အထုပ်များမယ် စုမိလာမယ်။
ပြင်ဆင်တဲ့သူတစ်ဦးအတွက် နောက်မကျသေးပါဘူး။
မပြင်တော့တဲ့သူတစ်ဦးအတွက်တော့ အချိန်တွေက ဝမ်းနည်းစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်။
ကျတော်ရေးသားသော စာကလေးကတော့ ဒီလောက်ပါပဲ။
အားလုံးပဲ စာကလေးကြော်စားကြပါကုန်။😁😁
ဖတ်ရှုသူ စာပေချစ်သူအပေါင်း ကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
ကိုယ့်ဟာကို သိပါပြီ ဘရို😁 နောက်ထပ် နောက်မကျတော့ဘူးနော်
ဟုတ် ဝမ်းသာပါတယ်ဗျာ ကျနော်လည်း မချန်ခဲ့ချင်ဘူးလေ
Broကို Editလုပ်ခိုင်းတာလည်း လုပ်မှမလုပ်တာ😁😁😁
ကျန်း
ကိုဇော်က
မရေးဘူးဆိုပြီး
ရေးချသွားတာ အလန်း
မောင်မောင်နဲ့အောင်အောင်
ဥပမာပေးသွားတာ ဂွတ်တယ်ဗျာ
ဟုတ်ကိုလင်းရေ စိတ်ထဲရှိတာရေးတာပဲ😁😁😁
steemit လမ်းကြောင်းပေါ်လည်း ထိုနည်းလည်းကောင်းပါပဲဗျာ ဖြည်းဖြည့်းမှန်မှန်လေပေါ့
ဟုတ်တယ် ဖြေးဖြေးမှန်မှန်သွားရင် ရောက်မှာပါ
လောကြီးလွန်းရင်လည်းမကောင်းဘူး
အရမ်းကောင်းတဲ့ စာပဲဗျာ ကျနော် ၂ ခါမက ပြန်ဖတ်မိပါတယ် ကိုမိုးဇော် အင်အားကိုဖြစ်စေသော စာပေတစ်ပ်ုဒ်လို့ မှတ်ချက်ပြုပါတယ်။ ဆက်ရေးပါ ဗျာ အားပေးနေပါတယ်။
ဟုတ် ဖတ်ရှုအားပေးလို့ ကျေးဇူးတင်ပါတယ် ကွီးရွှေရေ
စာကလေးကြော်နည်းလေးပါ တစ်ခါတည်း ရေးပေးလိုက်ရမှာ ကိုမိုး
😂😂😂
မရေးတက်တာခက်နေတာ ကိုစောရေ 😁😁
ကျနော်တို့ကိုတစိုက်စိုက်မက်မက်နဲ့ လုပ်ဖို့ တွန်းအားပေးလိုက်တာပဲ...
ဖန်တီးမှုကလည်းကောင်း...
ပြည့်စုံတဲ့စာလေးပါဗျာ...
ဟုတ် ကျန်နေခဲ့မှာစိုးတာ ညီရေ
နေ့စဉ်မရေးနိုင်လည်း Proတော့ရအောင်တင်နော်
မဟုတ်ရင်Sp500ပြည့်ဖို့သိပ်မလွယ်လှဘူး
Sar ka lay kyaw pho se lo tay tal. D tine kyaw sar lo ya bu.
AAနောက်မှ ဆီကိုပုံးလိုက်မလာခဲ့ပေးမယ်😵😵😵😛😛
ကျွန်တော်တို့လည်း steemit ပေါ်မှာ နေ့စဉ်အလုပ် နေ့စဉ်လုပ်ရင်း
မူးပဲအစက ထူးကဲဘဝ ရောက်အောင် တနေ့ကို ၁ % လောက် ပိုတိုးလုပ်
သွားနိုင်ရင် ကောင်းတာပေါ့ဗျာ
ဟုတ်ထူးကဲဘဝကို မြန်မြန်တော့ရောက်ချင်နေပြီ ကိုဟိန်းရေ😁😁
ပျက်အစဉ်ပြင်ခဏတဲ့ ပြုပြင်ယူလိုက်ရင်တော့ ခဏလေးနဲ့ရနိုင်မှာပါ ဒါနဲ့စာကလေးကြော်သည်က ဘယ်တုန်းက ဖြစ်သွားတာလဲဗျ။
အင်း
ပြင်ယူလိုက်ရင်တော့ခဏပဲကြာမှာကို
ခဏပဲပြင်ဖို့အချိန်ပေးပြီး ပြန်မိုက်နေကြတာခက်တယ်။
စာကလေးကြော်က စားကောင်းမလားလို့😁😁
ရောင်းတော့ရောင်းဘူး ဝယ်စားမှာ Sbdနဲ့😄😄
မှန်တယ်ဗျ တစ်ချို့က အလုပ်တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ချင်ကြဘူး ဟိုပြောင်းဒိပြောင်းလုပ်ကြတော့ ဘာမှရေရေရာရာဖြစ်မလာကြဘူး
ဟုတ်တယ်ကိုသန့်ဇင်ရေ
တစ်နေ့နည်းနည်းကို အလုပ်တစ်မျိုးတည်းကိုပဲလုပ်မယ်ဆိုရင် ပိုထိရောက်ပြီး ပိုခရီးရောက်နိုင်တယ်
ဖြေးဖြေးလေးသွားနေရမှာကို မကြောက်ပါနဲ့ ရပ်တန့်နေရမှာကိုသာကြောက်ပါတဲ့ ၊ တစ်နေ့တစ်လှမ်းချင်းလှမ်းကြတာပေါ့ဗျာ
ရွေ့ရင်း ရွှေ့ရင်း တဖြေးဖြေးနဲ့တော့ ခရီးပေါက်လာနေပါပြီညီရေ
ညီပြောတဲ့ စကားလေးကလည်းမှက်သားစရာလေးပါပဲ Thanks you.
နဲနဲပိုလုပ်ပါ
ဆိုတဲ့စကားလေး
အရမ်းကိုသဘောကျတယ်ဘဒို
ကိုယ်လုပ်တော့ ကိုယ်ပိုတတ်သွားတယ်လေနော့်ဘဒို
ပိုတတ်တော့ ပိုပြီးတာဝန်ယူလာနိုင်တော့ သူများက ကိုယ့်ကိုပိုယုံကြည်လာတာပေါ့
ဟုတ်တယ်ကိုစိုင်းရ
နည်းနည်းပိုသိတော့ ကိုယ်တိုင်အတွက်လည်း အကျိုးရှိလာရတာပေါ့။
အများကြီးပိုလုပ်နိုင်ရင်တော့ကောင်းပေမယ့် မနိုင်ဝန်ဖြစ်နေပြန်ရင်လည်း ဝန်ပိပြီးတေမှာ😁😁
အရေးအသားကောင်းပါတယ်အစ်ကိုရေ 😁
အေးပါကွာ ညီလည်းအရေးသားကောင်းပါတယ်
ပုဂံကတော့ ဘယ်မှမရွေးဘူး ကိုက သွားနေဖို့ပဲလိုတာ bro
ဟုတ်တယ် မရွေ့တဲ့နေရာဆီကို ရောက်အောင်သွားဖို့တစ်နေ့တစ်လံပဲလိုတာ
အောင်အောင် ရဲ့လုပ်ဆောင်ချက်တွေကို ဖတ်ရှု့ပြီး ကျွန်တော်နဲ့များတူနေသလားလို့ပါ ကိုမိုးရယ် ကိုမိုးရဲ့ ဇာတ်လမ်းဖန်တီးချက်ကို မလေးစားဘဲမနေနိုင်လောက်အောင်ပါ လေးစားပါတယ်
ဟုတ် ကျနော်လည်း ရေးစရာဘာရှိမလည်းတွေးရင်း ရေးမိတာမို့
ကိုညီနဲ့တူသွားခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ
ခုလိုပြောပေးလို့ကျေးဇူးတင်ပါတယ်ဗျာ
Congratulations! This post has been upvoted from the communal account, @minnowsupport, by KoMoeZaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ပုံမှန်လေးချီတက်မည် ဗျာ ကောင်းပါတ ယ်
ဟုတ် ပုံမှန်လေးချီတက်ကြတာပေါ့ဗျာ
ဒါပေမယ့် Cheetahတော့ ကြောက်တယ်😁😁😁
နာရီလက်တံလိုပေါ့ကိုမိုးရာ
သူ့ရဲ့ရွေ့လျားမှုကမိနစ် စက္ကန့်လက်တံတွေထက်နှေးသော်ငြား
သူ့ရဲ့ရွေ့လျားမှုကတစ်ဆိုတစ်ကွက်ဆိုသလောက်တန်ဖိုးကြီးတယ်
ဖြေးဖြေးနှင့်မှန်မှန်အောင်ပွဲခံပေါ့ဗျာ
ဟုတ်ပါတယ် အမှန်ပဲဗျာ
နာရီလက်တံနှေးနေတယ် ရွေ့မှန်းမသိရဘူးဆိုပေမယ့်
တစ်နေ့တာကုန်သွားရင် 24နာရီဖြစ်ပြီပဲ။
သင်ဒီနေ့လမ်းမလျှောက်လျှင်မနက်ဖြနပြေးရလိမ့်မည်
ဆိုတဲ့စကားအတိုင်းပါပဲ
ဖြည်းဖြည်းမှန်မှန်သွားရပါမည်
ဟုတ်
လျှောက်လှမ်းပါ မနက်ဖြန်အတွက် ပုံမှန်ပြန်ဖြစ်လာရမှာပါ။
မှန်မှန်လေး ဆက်လက်ချီတက်နေပြီ ကိုမိုးဇော်ရေ
ဟုတ်မစုရေ
မစုတို့blogဆီတောင် အလည်မရောက်ဖြစ်သေးဘူး ဟီး😁😁😁
ယှဉ်ပြချက်လေးတွေအရမ်းကောင်းတယ်....အတုယူထိုက်ပါတယ်အကိုရေ
ညီတို့လောက် အရေးအသားမကောင်းတာ ဆိုးနေတာ
ဒါဟာ ဘု လာစမ်းတာပါ sbd ရော steem ရော စိတ်မဝင်စားပါဘူး..လာ ဘု မဘု ကိုပဲ စိတ်ဝင်စားတာပါ လာမဘုရင်တော့ ကိုသိန်း ပြန်ပေးရမေ ပြင်ထားပါ😁
bot ထားတဲ့  လူတွေ post ကနေ $ ရစရာရှိတဲ့ လူတွေ အတွက်တော့ ဈေးကျတာ မကောင်းဘူးပေါ့ အရင် 1 sbd ကို ၁၀၀၀ကျပ်ထက် စာရင် ခုဈေးက မဆိုးသေးပါဘူး တနေ့ ပြန်တက်မှ ပါ ဈေးပြန်တက်တဲ့ အချိန်sbd လေးများများရှိအောင်သာ ကြိုစုထားပေါ့
Sbdစုစရာလည်းမျရှိနေသေးဘူး😁😁😁
တစ်နေ့နည်းနည်းပဲပိုလုပ်ပါ အချိန်ကြာလာတာနဲ့အမျှ သင်ဟာ ဘာမှမလုပ်သူထက် အဆများပိုလာတဲ့အကျိုးကိုခံစားရပါလိမ့်မယ်” တဲ့.....
လုံးဝမလှုပ်ရှားရင် နောင်တစ်ချိန်မှာ အလုပ်များလာနိုင်ပါတယ်။လှုပ်ရှားရင် အထုပ်များမယ် စုမိလာမယ်။
ပြင်ဆင်တဲ့သူတစ်ဦးအတွက် နောက်မကျသေးပါဘူး။
မပြင်တော့တဲ့သူတစ်ဦးအတွက်တော့ အချိန်တွေက ဝမ်းနည်းစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်။
ကျွန်တော်တော့ အခုစာစုလေးကို အရမ်းသဘော်ကြတယ်
ကိုမိုးရေ ကျေးဇူးပါဗျာ
ဟုတ် ကျေးဇူးတင်ပါတယ် ကိုဇော်ထွေးရေ
မလှုပ်ရှားပဲပျင်းနေကြမှာလည်းစိုးလို့လေ
သိပ်ကိုမှန်ပါတယ် ကိုမိုးဇော် မိုးရွာတာချင်းအတူတူ ခွက်ကလေးနဲ့ ခံယူတာနဲ့ ခွက်ကြီးနဲ့ ခံယူတာ ဘဲကွာတာပါ
တင်ပါ့ဘုရား
ပညာခံယူပုံခြင်းလည်းကွာသေးတာပေါ
တတေ့နဲနဲလုပ်မယ်ဆိုပြီး ပျက်ပျက်နေတာ
Bro ပြေါသလိုတော့ကြိုးစားနေတယ်ဗျာ
ဟုတ် ကြိုးစားပြီးရေးပေးပါဗျာ
ပညာပေးလေးပေါ့
ကောင်းတယ် ကိုမိုးဇော်ရေ
ဒါနဲ့ စာကလေးကြော်ဘယ်ဈေးလဲဗျ😁
ဟုတ် ပညာပေးလေးပါ
စာကလေ😦းကြော်တော့မပေးပါဘူးနော်
ရောင်းလည်းရောင်းဘူး😁😁😁
ဝါး energy drink သောက်လိုက်ရသလိုပဲ ရှေ့ဆက်ဖို့အားရှိသွားပြီ😁
ဝိုး ခွန်ားအားပြည့်ဝတဲ့ချိုရည်ပဲဖြစ်ရမယ်😁😁😁
လုတ်နေဖို့ ကြိုးစားပါ့မယ်ခည
လုပ်စရာရှိရင် လုပ်နေပါဒိုမီရာ😁😁😁
ဇာတ်လမ်းလေးကောင်းတယ် ကိုမိုးဇော်ရေ။ပေးချင်တဲ့မက်ဆေ့လေးကိုထင်းကနဲမြင်သွားတယ်။