လိုက်နာပါ့မယ်ဆရာ
ဆရာ ကျွန်တော်တို့ကို သင်ပြပေးချင်တဲ့အဓိက အကြောင်းအရင်းက
သူများတွေအပျော်လိုက်ချိန်မှာ ကိုယ်ကကြိုးစားနေရမယ်
သူများတွေပျော်ရွှင်ရယ်မောနေချိန်မှာ ကိုယ်မပျော်သေးဘူး
သို့ပေမယ့် သူများတွေကျရှုံးပြီး ဝမ်းနည်းနေချိန်မှာတော့ ကိုယ်ဟာအောင်မြင်သူတစ်ဦး၊အောင်ပွဲခံနိုင်သူတစ်ဦးဖြစ်နေပြီဖြစ်လို့ အများတကာတွေအရင်ကပျော်ရွှင်တာထက်ကို ပိုမိုပြီး
ဝမ်းသာပျော်ရွှင်သူတစ်ဦးဖြစ်နေစေလိမ့်မယ်။
ကြိုးစားမှုကြောင့်ကိုယ်ပြန်ရလာတာကပျော်ရွှင်ရမှုအောင်မြင်မှုတစ်ခုတည်းမဟုတ်ပဲ ဘဝရဲ့အခက်ခဲတွေကိုလည်း အတားဆီးနည်းပါးစွာဖြတ်ကျော်နိုင်လိမ့်မယ်။
ပညာရည်ပြည့်ဝနေပြီဖြစ်လို့ တစ်ခြို့အရာတွေကိုပြန်လေ့လာစရာမလိုတော့တဲ့အတွက် အချိန်ပို မကုန်တော့ဘူး၊
မိမိကိုယ်ကို ကောင်းအောင်ကြိုးစားခဲ့တာဖြစ်လို့
အလိုလိုနေရင်း ကိုယ်ဟာတန်ဖိုးရှိသူတစ်ဦးအဖြစ် လူအများရဲ့ လေးစားအားထားမှုကိုခံလာရမယ်။
အဲ့ဒီလိုမျိုး ဟုတ်လားဆရာရေ
ဟော့သည် လူဆိုးလေးကို
ဆက်လက် လမ်းညွှန်ပေးပါအုံးဆရာ😍😍😍😍
အောင်မြင်မှုဆိုတာ ဆုံးရှုံးမှုလှေကားထစ်များစွာကိုနင်းကျော်ခဲ့ရတာပါ၊ ဆုံးရှုံးမှာကိုကြောက်ရွံ့နေခဲ့မယ်ဆိုရင် အောင်မြင်မှုကိုဘယ်တော့မှမရပါဘူး။ အမြဲတမ်းသွားနေသူမှသာ ခရီးရောက်ပါတယ်သားရေ။