ပြန်လွှတ်ခဲ့တယ်နော် ငှက်ကလေး😂

in #myanmar7 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

အကြိမ်ကြိမ် ကြိုးစားလည်း
ကျွန်တော့အတွက် အရာမထင်မဖြစ်ခဲ့ပေမယ့်
တစ်ချို့သောသူတွေအဆင်ပြေပျော်ရွှင်နေကြတာကိုမြင်တော့ အတော်လေးကို စိတ်ထဲပျော်ရွှင်နေမိပါတယ်။
စေတနာသည် တစ်နေ့အကျိုးပေးမယ်ဆိုတာယုံတယ်။

image

တချို့သောအရာတွေကြတော့လည်း မျှော်လင့်လို့မရဘူးပေါ့ဗျာ။ ကျွန်တော် ငယ်ငယ်ကဆိုရင် ငှက်လေးတစ်ကောင်ကို ခြေထောက်ကျိုး တောင်ပံကျိုးပြီး လမ်းမလျှောက်နိုင်မပျံနိုင်ဖြစ်နေတာကိုတွေ့လို့
အိမ်ကိုပြန်ယူလာခဲ့ပြီး လူကြီးတွေကိုပြတော့ လူကြီးတွေက သေသေချာချာ နနွင်းတွေလိမ်း ဘာတွေလိမ်းတာပေါ့၊ အတောင်ပံဆိုလည်း ရွံ့တွေပါပေကျံနေတာမို့ ရေသေချာဆေးရသေးတယ်ဗျာ။
ငှက်ကလေးက ချစ်စရာလေးလေ။ သတ္တဝါလေးတွေအရမ်းကိုသနားစရာကောင်းတာပါ။ လူတွေရဲ့ လက်ထဲကိုရောက်သွားရင် လူတွေပြုသမျှသူတို့ခံရတော့တာပါပဲ။ အဲ့ဒီငှက်ကလေးကဆိုရင် ကျွန်တော်လယ်ကွင်းထဲကို သွားနေလာနေကြလမ်းလေးမှာ အမြဲတမ်းနားနေတက်တယ်ဗျ။
သူ့ခမျာလေးခွစာမိပြီးပြုတ်အကျမှာ ချေထောက်ပါထပ်ကျိုးသွားပုံရပါတယ်။
ကျွနော်က သူ့ကိုတွေ့တွေ့ခြင်း အရမ်းကိုသနားသွားမိတာပေါ့ ဒီလိုချစ်စရာသတ္တဝါလေးလည်း လူတွေရဲ့ ရက်စက်မှုကြမ်းကြုပ်မှုတွေကိုခံရတာပါလားဆိုပြီးတော့ သံဝေခလည်းရပါတယ်။ တစ်ယောက်ကိုတစ်ရာလောက်တော့ရမှာပါ သံဝေခကလေ😁😁

သံဝေဂရမိတာက လှပတဲ့ချစ်စရာ့အရွယ် ငှက်ငယ်ပင်ဖြစ်သော်လည်း သစ်ပင်တွေအများကြီးမှာမှ ဒီတစ်ပင်ထဲကိုပဲအားကိုးနေတာကို သတိထားမိတယ်။ အဲ့ဒါကြောင့်သူ လေးခွစာမိခဲ့တာလေ။ သူ့မှာလည်း ပျံသန်းနိုင်တဲ့အတောင်အလက် စုံလင်တာပဲ သူဘာလို့အခြားကိုမပျံသန်းသလည်း။
ကျွန်တော်စဉ်းစားကြည့်သလောက် အသိဥာဏ်ပဲ သက်ဆိုင်လိမ့်မယ်ဗျ။ လူတွေမှာတောင် အသိဥာဏ် စဉ်းစားမှုမရှိရင် အဲ့ဒီငှက်ကလေးလိုပဲ တစ်နေ့ကျရင် လေးခွစာမိရမယ်။ စဉ်းစားတွေးတောနေပါမှလူပီသမယ်လို့ မြင်တယ်။ တစ်ဦးတစ်ယောက်တည်းနဲ့လည်း ဘဝကြီးကိုဖြတ်သန်းလို့မဖြစ်နိုင်ပါဘူး။ပြောင်းလည်းနေတဲ့အချိန်တွေတိုင်းမှာ ကျွန်တော်တို့စိတ်ကူးလေးတွေကို အမြဲတမ်း ဆန်းသစ်တဲ့
အောင်မြင်နိုင်တဲ့ စိတ်ကူးစိတ်သန်းလေးတွေဖြစ်နေအောင် မွေးမြူသင့်တယ်။

ဦးတည်ချက်တော့ပြောင်းလည်းလို့မဖြစ်ဘူးပေါ့ ကိုယ်သွားတဲ့ဆီကိုရောက်ဖို့ ဘယ်နည်းလမ်းက ပိုအဆင်ပြေမလည်းစဉ်းစားကြရမယ်။
အမှန်ပြောရရင် ကျွန်တော်လည်းမစဉ်းစားတက်၊ မစဉ်းစားနိုင်သေးပါဘူး။ အတွေ စိတ်ကူးဆိုတာကလည်း တစ်ဦးတစ်ယောက်တည်းတွေးတော ကြံစည်တာနဲ့အဖွဲ့အစည်းနဲ့ ဆွေးနွေးပြီး ကြံစည်တာနဲ့မတူပြန်ပါဘူး။ လူတစ်ယောက်စိတ်ကူးတစ်မျိုးဖြစ်နေနိုင်တာမို့ စိတ်ကူးတွေကိုပေါင်းစပ်ပြီး အကောင်းဆုံးသော နည်းလမ်းကိုရှာဖွေသင့်ပါတယ်။

အတောင်ပံကျိုးတဲ့ငှက်ကလေး တစ်ကောင်တည်းအဖော်မဲ့စွာပျော်ခဲ့တာကြောင့်လည်း
နောင်ဘဝမရောက် ယခုဘဝတွင်ပင် ပျောက်ရပေတော့မည်လေ....(အသက်)။

သနားစရာငှက်ကလေးကို သေသေချာချာရေဆေးလို့ နနွင်းလေးနဲ့လိမ်းပြီး ဒယ်အိုးထဲ ဆီလေးထည့်လို့ကြော်စားလိုက်ပါတယ်။
ငှက်လေးကို မဟုတ်ဘူးနော်😀😀😄
ကြော်စားတာ ကန်စွန်းရွက်တွေကိုပါဗျာလို့ 😁😁
ငှက်ကလေး သနားပါတယ်လေ......😇😇😇

image

image
မကြောက်ပါနဲ့နော် ငှက်ကလေး😁😁😁

ဆေးထည့်ပြီး အခြေနေကောင်းသွားတဲ့ တစ်နေ့
ငှက်လေးကို ပြန်လွှတ်ပေးလိုက်ပါတယ်ခင်ဗျာ။

စာဖတ်သူမိတ်ဆွေအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။ကျန်းမာပျော်ရွှင်ကြပါစေ။

@komoezaw

MSC-030

Credit;google images

Sort:  

bro အရေးအသား ကအရမ်းလန်းတယ်

ကျေးဇူးတင်ပါတယ်ဗျာ

This post has received a 1.13 % upvote from @booster thanks to: @komoezaw.

တူ‌သော အကျိုး ခံစားရမှာပါ။‌မေတ္တာတရားဟာ ‌ပေးသူ‌ကော ရသူပါ ‌အေးချမ်းပါတယ်‌။

ဟုတ်တယ်broရေ တူသောအကျိုးကိုပြန်ခံစားကြရမှာ။

good creation

Thanks Brother😍😍

😁😁😁
ဟုတ်တယ် ကန်စွန်းရွက်ပဲကြော်စားတာနော့😂😂