ယုံကြည်မှုနဲ့ အယူအဆ

in #myanmar7 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

ယုံကြည်မှု.....
ယုံကြည်မှုဆိုတာ လွယ်လွယ်နဲ့တော့ မရရှိနိုင်ပါဘူး။ သို့ပေမယ့် ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ ယုံကြည်မှုရှိနေတယ် ကြိုးစားလုပ်ကိုင်နေတယ်ဆိုရင်တော့ လျှင်မြန်စွာနဲ့ အလုပ်အကိုင်တွေကိုလုပ်ကိုင်နိုင်စေမှာပါ။ ကိုယ့်ရဲ့အလုပ်အပေါ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှုရှိဖို့ဆိုတာကတော့
ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေကလည်း စကားပြောပါသေးတယ်။

ကျွန်တော်တို့ အရင်ကဆိုရင်.ရိုးရာနတ်စားတဲ့ဓလေ့တစ်ခုရှိပါတယ်။ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကနေ တဆင့်ခြင်းဆင်းသက်လာခဲ့တယ်လို့ ပြောလို့ရတဲ့ ဓလေ့တစ်ခုပေါ့။ အဖိုးတို့ရှိစဉ်အချိန်အခါအထိကို အဲ့ဒီ ရိုးရာနတ်စားတယ်ဆိုတဲ့
အလေ့းအကျင့်က ရှိနေတုန်းပါပဲ။ နတ်စားတယ်ဆိုတာ ဘယ်လိုမျိုးလည်း ကျွန်တော် အတိအကျမသိပါဘူး၊ သိလည်းမသိချင်ခဲ့ပါဘူး။ ဘာလို့လည်းဆိုရင် သူတပါးရဲ့အသက်ကို သတ်ပြီးမှ မိသားစုတွေစားကြရတယ်ဆိုတာ ကောင်းတာလား.ဆိုးတာလားဆိုတာ မိတ်ဆွေတို့သာ စဉ်းစားကြည့်ပါတော့ဗျာ။
ကျွန်တော်ကိုယ်တိုင်လည်း သူတပါးအသက်ကိုမသတ်မဟုတ် သတ်ပါတယ်။ သို့ပေမယ့် သတ်ချင်လို့သတ်ခြင်းလုံးဝမဟုတ်ပါဘူး။ အလှူပွဲတွေမှာ ဝိုင်းဝန်းကူညီလို့ လုပ်ကိုင်ပေးတယ်ဆိုပေမယ့် ငါးတွေ ကြက်တွေကို သတ်ဖြတ်ခိုင်းရင် လုံးဝမသတ်ပါဘူး ကျွန်တော် သူတပါးအသက်ကိုသတ်ရင် ကိုယ်လည်းပြန်ခံရမယ်လို့အမြဲတွေးထားမိလို့ပါ။
မလွှဲမရှောင်သာမှသာ အဲ့ဒီအလုပ်ကိုလုပ်ပါတယ်။
အဲ့ဒီလို မလွှဲမရှောင်သာလို့ သတ်ရပြီဆိုလျှင်လည်း
တစ်ချက်တည်းနဲ့ အသေသတ်ပါတယ်။ ငါးတွေကိုသတ်ရရင် သိသာပါတယ်။ တစ်ချက်တည်းနဲ့ အသေပါပဲ။ ဘာလို့ဆိုရင် ကျွန်တော်ဒီလိုတွေးတယ်ဗျ
နောင်ဘဝများမှာ သူကတလှည့်ကိုယ့်ကိုပြန်သတ်မယ်ဆိုရင် တစ်ချက်တည်းနဲ့အသေသတ်မယ်ပေါ့။ ကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမယ်ဆိုတာကို ယုံတယ်။ သူလည်း ဆန့်ငင်ဆန့်ငင်မခံစားစေနဲ့ ကိုယ်လည်း မခံစားချင်ဘူး။ တစ်ချီတည်း အသက်ထွက် သေ၊ အေးရောမဟုတ်လားဗျာ။

image
Credit;google image

အသက်တွေသတ်ရာမှာ တစ်ခြို့က လက်အတော်ယဉ်တယ် ကြောက်ရွံ့မှုလည်းမရှိဘူး၊ ဝဋ်ကြွေးဆိုတာကိုလည်း သိပ်မစဉ်းစားကြလို့ သတ်ရဲဖြတ်ရဲတာလို့ထင်ပါတယ်။ ယခုလို သူ့အသက်သက်ခြင်းအကြောင်းကိုပြောရတာကလည်း ကျွန်တော့အဖိုးလက်ထက်အထိပါပဲ။ အခုအချိန်မှာ အဖိုးမရှိတော့တဲ့အတွက် ကျွန်တော့အဖေလက်ထက်မှာ နတ်စားခြင်းလည်း မရှိတော့ပါဘူး။ အဖေကလည်း သူ့အသက်သတ်တာကို မကြိုက်လို့ပါပဲ။ ကျွန်တော်ကတော့ အဲ့ဒီလို ဓလေ့အစွဲကို ဖြတ်လိုက်တာကိုကြိုက်ပါတယ်။ တခြို့တွေလည်း ရှိအုံးမှာပါ နတ်မစားရင် နတ်ကိုင်မှာတို့ဘာတို့ပေါ့၊ ဒါဟာ စွဲလမ်းခြင်းတစ်ခုလို့ပဲ မြင်မိပါတယ်။ သူ့ရိုးရာကိုမယုံလို့လည်းမဟုတ်ပါဘူး တစ်ကယ်လည်းရှိခဲ့ဖူးတဲ့ ဓလေ့တွေပါ နတ်မစားရင် ဝင်ပူးတာတို့ဘာတို့ဆိုတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ သို့ပေမယ့် သူ့အသက်သတ်စားမှ ရမယ်ဆိုတဲ့အလေ့ကြီးကိုမကြိုက်လို့ ကိုင်ချင်လည်း ကိုင်ပါစေလို့ပဲပြောရတော့မှာပါပဲ။
ဟုတ်တယ်လေ သူ့အသက်သတ်လို့ရှိရင် နောင်ဘဝမဟုတ် ယခုဘဝတင်ပဲ ပြန်ခံရနိုင်တာ။
အဲ့ဒီပြန်ခံရမှာတွေထက်စာရင် နတ်ကိုင်ခံရတာကမှတော်အုံးမယ်ထင်ပါတယ်။ တစ်ကယ်လည်းလာမကိုင်ပါနဲ့ တားတားကြောက်ကြောက်ပါ😁😁။

အဲ့ဒီနတ်စားတဲ့အချိန်သတ်ဖြတ်ရပြီဆို ကျွန်တော်နဲ့ ဘယ်လိုအမျိုးတော်တယ်ပြောရမလားပဲ လူတစ်ယောက်က သတ်ဖြတ်တဲ့အလုပ်ကို လာရောက်လုပ်ကိုင်ပေးပါတယ်။ ဘယ်လို အမျိုးတော်လည်းလို့ဆိုရတာကတော့ ကျွန်တော့ အဖေရဲ့ အစ်ကိုရဲ့ သမီးရဲ့ယောက်ျားဖြစ်ပြီး ၊ ကျွန်တော့ အမေရဲ့ အကိုရဲ့ မိန်းမနဲ့ ညီမတော်စပ်သူကို ယူထားတာဖြစ်လို့ပါပဲ။😂😂😂😂
တစ်ခါတစ်လေ သူ့ကို ဦးလေးလို့သူ့ကိုခေါ်သလို တစ်ခါတစ်လေမှာ အကိုလို့လည်းခေါ်ရတာပါ။
ဦးလေးလို့ပဲ သဘောထားလိုက်ပါမယ်။
အဲ့ဒီဦးလေးကဆိုရင် လူကသာအရက်သမား အသက်သတ်တဲ့အခါမှာ လက်ညိမ်သလားမမေးနဲ့ဗျာ။
ဝက်ဆိုရင် သတ်ပြီးလို့ အသားဖျက်တဲ့နေရာမှာ အသားတွေကိုခုတ်ရင် သူ့လက်နဲ့ အသားလှီးတဲ့ ဓားမဆိုတာ တစ်လက်မတောင်မခြားပါဘူး ကပ်ကပ်လေးခုတ်တာပါ ကျွန်တော်ဆိုကြည့်ပြီးအသည်းတွေကိုယားနေရောပဲဗျာ၊ စဉ်းစားကြည့်ဗျာ ဓားမထက်ထက်က ဝက်ရဲ့အသားမပြောနဲ့ အရိုးကိုတောင် သာသာလေးပြတ်တာပါ။ အဲ့ဒီဓားကိုမြှောက်တင်ပြီးအားနဲ့ခုတ်ရတဲ့နေရာမှာ ဒီလက်ဘေးနားကို နည်းနည်းရွေ့တာနဲ့ လက်ပြတ်မှာပါ။ ဒါဟာ သူလုပ်တဲ့အလုပ်အပေါ် ကျွမ်းကျင်မှု ယုံကြည်မှုနဲ့ သတ္တိရှိတယ်ဆိုတာကိုပြတာပါပဲ။ ကျွန်တော်ဆို ဝါးလုံးတွေခုတ်ရင် တောင်ကိုယ့်လက်နဲ့ ခုတ်တဲ့နေရာနဲ့က လက်နဲ့တစ်ထွာ တစ်မိုက်စာ အမြဲခွာပြီး ခုတ်ပါတယ်။ အန္တရာယ်ဆိုတာ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာမမှားဘူးလို့ထင်လို့ပါ။ အလုပ်တစ်ခုမှ ကိုယ့်လက်ဆကိုယ်ယုံလို့ သတ္တိရှိနဲ့လုပ်ဆောင်နေသူတွေကိုလည်း လေးစားပါတယ် သူတစ်ပါးက သွေးဆောင်ဖြားယောင်းလို့ သွေးထိုးလို့ဆိုပြီး လမ်းကြောင်းလွဲမသွားပဲ ကိုယ်လျှောက်ရမယ့်လမ်းကို ရောက်အောင် လျှောက်လှမ်းနိုင်သူဟာ လူကောင်းပါ။ ကိုယ်ရည်ရွယ်တဲ့ပန်းတိုင်ကို ရောက်ရှိခဲ့ပြီဆိုရင်တော့ လူတော်ဖြစ်လာရမှာပါ။ ဘာလို့လည်းဆိုရင် ခုန ကျွန်တော်ပြောတဲ့ ဦးလေးဟာဆိုရင် ကျွန်တော်ကနေပြီး... ဦးလေး အဲ့ဒီဓားမက ဟိုဘက်ကိုလွဲသွားနိုင်တယ် မခုတ်နဲ့လို့ ကျွန်တော်ပြောတယ်။

လက်ဆလွဲပြီးကိုယ့်လက်ကိုယ်ခုတ်မိမှာမကြောက်ဘူးလားလို့ ကျွန်တော် မေးခဲ့ဖူးပါတယ်။ သူကပြန်ပြောပါတယ် ဒီအလုပ်ကိုငါလုပ်တာ ငါ့ကိုယ်ငါ ယုံကြည်တယ် အလုပ်လုပ်နေချိန်မှာ ငါဟာအရက်သမားဆိုပေမယ့် ရဲဆေးတင်တယ်ဆိုပြီးအရက်မသောက်ဘူး အလုပ်ပြီးသွားရင်တော့သောက်မှာပါတဲ့။ ကျွန်တော်တို့ဆိုရင် ကျွန်တော်တို့ကို ဒီဟာမဖြစ်ပါဘူးကွာဆိုပြီး လာဖျက်တဲ့သူရှိရင်၊ ဟိုအလုပ်ကပိုကောင်းတယ် ငါပြောသလိုလုပ်ဆိုပြီးလာပြောရင် တွေဝေငေးမောနေပြီး ချီတုံချတုံဖြစ်နေမည်လား စဉ်းစားစရာပါ။ သူကတော့ သူလုပ်တဲ့အလုပ်ကို ကျွန်တော့ရဲ့စကားတွေကြောင့် လုံးဝပျက်စီးမခံပါဘူး
ခုတ်မြဲတိုင်းခုတ်တယ် လုပ်မြဲတိုင်းလုပ်တယ်။
ဒီတော့ သူလုပ်တဲ့အလုပ်က ပြီးစီးတယ်အောင်မြင်တယ်ပေါ့။

image
Credit;google image

သူများရဲ့စကားကိုရောင်ပြီးသူများပြောသလိုသာတွေးခဲ့မယ်ဆိုရင် ကျွန်တော်ထင်တယ် အဲ့ဒီဦးလေး
ကိုယ့်လက်ကိုယ်ခုတ်မိမှာပါ။

နောက်တစ်ခုပြောချင်တာက အရက်သမားတိုင်းမပျက်စီးဘူး။ အရက်ကြောင့်ပျက်စီးသွားသူများသည်လည်း လူတော်မဟုတ်ဘူး။
အရက်က ကိုယ့်ကို နိုင်သွားတယ်ဆိုကတည်းက လူညံ့စာရင်းဝင်သွားပြီလို့သတ်မှက်ပါတယ်။
သူ့အတိုင်းအဆနဲ့သူရှိရမှာပါ။ အချိန်တိုင်းအရက်ပဲသောက်ချင်နေရင်တော့ သေရွာသွားရဖို့က နီးစပ်လာနေပါပြီ။ Steemitပေါ်က အရက်သမားတွေကိုပြောတာ မဟုတ်ပါဘူးဗျာလို့...ဟီးး 😁😁😁😂😂။

ဖတ်ရှုပေးသူ ဆရာသမား ညီကိုမောင်နှမအပေါင်း
ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျာ။........

image

@komoezaw

MSC-030

Sort:  

ကျွမ်းကျင်ရာ ယုံကြည်တာပါ
ယုံကြည်ရာ လုပ်ဆောင်ကြတာပါ
လုပ်ဆောင်ရာ ဖြစ်ပေါ်မှာပါ

ဟုတ် ယုံကြည်မှုကလည်းစွမ်းအင်တစ်မျိုးပဲနော် ကိုဟိန်း

နတ်ကိုင်တာထက် နတ်ကတော်ကိုင်တာကပိုဆိုးမယ် hee hee

ဟီး ကိုင်ခံဘူး ပြေးမှာ😁😁😁

ဟုတ်ပါတယ်အကိုမိုးဇော် ပါနာတိပါတာကို အထူးရှောင်ကြည်နိုင်ရင် ကျတော်တိုအတွက် သံသရာမှာယော ခုလက်ရှိအချိန်မှာယောအကောင်းဆုံးပါဘဲ

ဟုတ် ရှောင်ကျဉ်ပါတယ်ကိုညီရေ ကျေးဇူးပါဗျာ

အရက်သမားတွေဆိုလို့ကိုယ့်နံမည်များ ပါလာမလားလို့ ရင်ကိုထိတ်သွားတာပဲ။

ဟဟား😁😁

😂😂😂

ဟား
ဟုတ်သားပဲ ကိုထွေးအမည်လေးထည့်ရေးလိုက်ရမှာ😁😁😂😂

တရုတ်ရှိခိုးတာပြောတာလား bro

ဟုတ်ဘူး bro
အဖိုးက ကရင်ဘက်နည်းနည်းပါတော့
ကရင်နတ်စားတယ်ဆိုပြီးစားကြတာ

ဟုတ်ပါတယ် ကိုမိုးရေ
ကျွမ်းကျင်ရာလိမ်မာရာဆိုပေမယ့်လည်း
သတိမမူဂူမမြင်ဆိုတာလည်းရှိနေတော့
ဘယ်လောက်ပဲကိုယ့်ရဲ့ကျွမ်းမှုကိုယုံကြည်နေပါစေ သတိကတော့လွတ်လို့မရပါဘူးဗျာ

ဟုတ်တယ် broရေ
သတိတော့ထားနေမှ အဆင်ပြေမှာ မဖြစ်ခင်ကကြိုတင်ကာကွယ်တာကောင်းတာ

ကိုယ် ကျွမ်းကျင်ရာ အလိမ္မာပေါ့ဗျာ
တလက်မခြားခုတ်တာဆိုတော့ နည်းတဲ့စကေးလား

စတိမစ် က ရက်သမားဒေကို သွားမထိနက်နော် အကိုင်ခံရလိမ့်မယ်
😁

ဟီး သွားထိဘူးလေ
အကိုင်ခံရရင်လွယ်ဘူး😁😁😁

ခုတ်တာကတော့လက်ဆ အတော်မှန်တယ်ပြောရမယ်ဗျ
ကိုယ်တေဆို နှစ်ချက်ခုတ် နှစ်နေရာပဲ😂😂

မိမိကိုယ်​ကို ယုံကြည်​ခြင်းက ​အောင်​မြင်​ခြင်းရဲ့တဝက်​ပါပဲဗျာ ဘယ်​အလုပ်​မဆို ​ပေါ့

ဟုတ်တယ်broရေ ယုံကြည်လေရဲရင့်လေပဲ

ကိုယ်တွေသောက်ပြီးရင် ဝက်သားခုတ်ဖို့ မပြောနဲ့ ကြက်သွန်တောင် မလှီးရဲဘူး 😁

😂😂😂
လုပ်နဲ့ သောက်ပီးရင် သတ္တိရှိတာထက် တလွဲတေပဲပိုဖြစ်ရော😁😁

တရုတ်နတ်တွေကိုပြောတာလား

မဟုတ်ဘူး ဘုရာ့
ကရင်နတ်ကိုပြောတာပါ ဘုရာ့

ကောင်းတယ်ဗျာ ယူကြည်မှုမှာ အယူအဆလွဲသွားရင် အန္တရယ် များကြောင်း ယနေ့ခေတ်လူငယ်များ သတိထား သိရှိထားသင့်တဲ့ အချက်ပါပဲ။

ဟုတ် အကိုရွှေဘိုရေ ဖတ်ရှုပေးခို့ ကျေးဇူးတင်ပါတယ်ဗျာ
.....
ယုံကြည်မှုတွေလွဲမှားနေရင် ဒုက္ခရောက်ရနိုင်တယ် ကိုရွှေရေ

ကြားတော့ကြားဖူးတယ် အကိုင်တော့မခံရဖူးဘူး ဟီး

အကိုင်မခံရစေနဲ့နော် 😁😁

ဪ ယုံကြည်မှူ လွယ်လွယ်နဲ့မရ

ဟုတ်တယ် ယုံကြည်မှုတစ်ခုရယူဖို့အချိန်တွေအများကြီးလိုမယ်ထင်တယ်

မိမိကိုယ်ကိုယုံ ကြည်စိတ်ပေါ့နော်။တွေ့ဖူးပါတယ်..အဲ့လိုလူမျိုးတွေလည်း။ကိုယ်ကဘေးကကြည့်ပီးလန့်နေတာ။သူတို့ကတော့ ကိုယ့်ကျွမ်းကျင်မှုအပေါ်ယုံကြည်မှုရှိကြတယ်။အေးဆေးပဲ...

ကျွန်တော်တော့လုပ်ရဲဘူး အမှန်ပြောတာ 😁😁
တစ်ခါတစ်လေများ လက်မနဲ့ လက်ညှိုးကို ဟိုဘက်သည်ဘက်ထောက်ပြီး လက်မနဲ့ လက်ညှိုးကြားကနေခုတ်တာ
အသဲယားစရာကြီး လုပ်ရဲဘူးဗျိုး😂😂

အသိတစ်ခုတိုးပါတယ်ဗျာ

ဟုတ် ကျေးဇူးပါဗျာ

ပေးချင်တဲ့ Message လေးကို မြင်ရပါတယ်ခင်ဗျာ (ထူးတော့ထူးခြားပြီ ဒီတစ်ပါတ် အရက်အကြောင်းတွေ ဖတ်နေရသလိုပဲ မကြာခင်သောက်ရတော့မယ်ထင်တယ် အာရုံတွေရနေပြီ ဟီး )

ဟီး အရက်သောက်တယ်မပြောပါနဲ့ ဗျာ မိတ်ဆွေအပေါင်းသင်းတွေနဲ့ မိတ်ဖွဲ့တာပါ.....ဟီး 😂😂😂

ယုံကြည်မှုရှိရှိ သောက်ရမှာပေါ့ Bro 😁😁😁

အင်းပေါ့.......အာ....
အရက်သောက်ဖို့ လားဟ😁😁😂

ယုံကြည်​ရာကို လုပ်​​ဆောင်​ဖို့အတွက်​ အနည်းဆုံး​တော့သတ္တိကို
မွေးထားရမယ်​ထင်​တယ်​ဗျ အဲ့ဒါမှလဲ အယူဆကို စိတ်​က​ဝေဖန်
ပေးလို့ရမှာ​လေ

ဟုတ်တယ် သတ္တိကြောင့်လည်း ယုံကြည်မှုတွေပိုဖြစ်လာရတာလို့ ထင်တယ်

Believe is powerful.

Thanks you, Ko Don.

Belief makes you strong.

ဟုတ် Thanks bro

သူ့အယူအဆက အတုယူစရာပါပဲ ဘာမဆိုယုံကြည်ချက်ရှိဖို့ လိုတယ်ဆိုတာ

ဟုတ်တယ်ကိုစောရ ယုံကြည်မှုနဲ့ တည်ဆောက်မှ တိုးတက်အောင်မြင်မယ်ထင်တယ်

ယုံကြည်မူ့ကို ထားပြီး လုပ်လိုက်တဲ့အလုပ်တိုင်းကျရှံးရတာပဲ ကောင်းတယ်ဘဒိုရေ

ဟုတ် ကိုစိုင်း
ယုံကြည်မှုကို ပစ်ပယ်မိရင် ဆုံးရှုံးမှုတွေများရတာပေါ့

ကြားစကားများမယုံနဲ့​ဘေးဖယ်​ထား..........
Fighting bro

သီချင်းကြီးလားဟင်😁😁😁

အခုတော့လည်း အဲ့ဒီနတ်ဓလေ့က တေတော်နည်းပါးလာနေပါပြီ။

ဟုတ် အခုတော့ သိပ်မရှိတော့ပေမယ်မယ့်
တောရွာဘက်တွေမှာတော့ရှိနေဆဲပဲ ကိုဗီးရေ

You got a 0.97% upvote from @postpromoter courtesy of @komoezaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

This post has received a 0.27 % upvote from @booster thanks to: @komoezaw.

Good တယ်ဗျား