Photo myself
နှစ်တစ်ထောင့်ငါးရာ ချစ်သူ အပိုင်း-၂
သုံးရက်တောင်ရှိပြီ သူငါ့ဆီဖုန်းလည်း မဆက်ပါလား။ သူငါ့ဖုန်းနံပါတ် ရှာမတွေ့လို့များလား။ ဟင်း....ငါပဲ ဆက်လိုက်ရင် ကောင်းမလား.....
နှင်းဝတ်ရည်တစ်ယောက် သင်တန်းတက်ရင်း စိတ်က တခြားဆီသာ ရောက်နေ၏။
"တရုတ်မလေးကို ချစ်တယ်ပြောချင်လို့ပါ ရှောက်ကျင်း ဝေါ်အိုက်နီ...😂😂"
ဖုန်း မြည်သံဖြစ်သည်။....
"ဟာ....သူ့ဆီကပဲ...."
"ဟဲလို..အမိန့်ရှိပါရှင်"
"နှင်းဝတ်ရည်လား...ကျွန်တော် နေမျိုးပါ..."
"Aww...ဟုတ်ကဲ့....."
"ဟိုလေ.....နှင်း...အားရင် အပြင်ထွက်လာခဲ့ပေးပါလား.ကျွန်တော် နှင်း နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်။.." နေမျိုး၏ စကားကြောင့် နှင်းဝတ်ရည်တစ်ယောက်တော့ အပျော်ကြီး ပျော်ခဲ့ရသည်။...
"ဟိုလေ....ဆရာ....သမီး အဖေ ဆေးရုံတင်ရတယ်လို့ ခုဖုန်းဆက်လို့ အ့ သမီးကို သွားခွင့်ပြုပါဦးဆရာ...."
"Aww....အေး သမီး...ဒါဆို မြန်မြန်သွားပါ...."
"ဟုတ်ကဲ့...ဆရာ" တပည့်အလိမ္မာတုံးလေး ဆရာ့ကို လိမ်၍အပြင် ထွက်လာခဲ့တော့သည်။
အိုက်စ်ဘယ်ရီ ဆိုင်တစ်ဆိုင်၌ လှပကျော့ရှင်းသော မိန်းမပျိုတစ်ဦးနှင့် သန့်ပြန့်နေသော အမျိုးသားတစ်ဦး...မတုန်မလုပ် စကားပင်မပြောမိမိရှေ့က အအေးခွက်ကိုသာ ထိုင်သောက်နေကြလေသည်။ ထိုသူနှစ်ယောက်မှာ ကိုနေမျိုးနှင့် နှင်းဝတ်ရည်တို့ မဟုတ်ပါလား....
"နှင်း...ဟိုလေ...
နှင်းကို....ကိုယ်ချစ်မိနေပြီထင်တယ်...."
"ရှင်..."
"ဟုတ်တယ် နှင်း..နှင်းအကြောင်းပဲ ခေါင်းထဲရှိတယ်။..နှင်း ကိုယ့်ကို ပြန်စဉ်းစားပေးပါနော် နှင်း....
နှင်း အချစ်ကို ပိုင်ဆိုင်ဖို့ ဘာပဲပေးဆပ်ရ ပေးဆပ်ရ ကိုယ်ပေးဆပ်မှာပါနှင်း...."
"ဟိုလေ...ကိုနေမျိုး နှင်းကို တကယ်စိတ်ဝင်စားရင် နှင်းစဉ်းစားပေးမယ်....ဒါမယ့်...နှင်းကအရမ်းဆိုးတာနော်....😊"
"နှင်း...အဲ့လို ဆိုးတာလေးကိုက ချစ်စရာ ကောင်းတာ နှင်းရဲ့...."
"အဖြေတောင်မရသေး....အပိုတေ...သွားပါ.လူဆိုး...😂😂"
"ကိုနေမျိုး နှင်းကို ပုံပြင်တစ်ပုံလောက်ပြောပြပါလား....နှင်းက ပုံပြင်ကြိုက်တယ်..."
"ရတာပေါ့ နှင်းရဲ့....အ့ဆွင် နှင်းကို ဟာသပုံပြင် တစ်ပုဒ်ပြောပြမယ်...ဟိုလေ ပုံပြင်နာမည်က 'မြီးဆွဲထုတ်ထိုး'တဲ့."
နှင်းကို တခြားပုံပြင်တေပြောပြ....""ဟင်း....အ့ မကြိုက်ဘူး...အ့ပုံပြင်ကို...@konay1997 ရဲ့ steemit blog မှာဖတ်ဖူးပြီးတွားဘီ"😝😝😜
"ဟင်း...တကယ်ဆိုးတဲ့နှင်းပါလား....အ့ဆွင် ကိုယ်ညတိုင်းမက်တဲ့ အိမ်မက်တစ်ခု ပြောပြမယ်....."
ပုံပြင်က.....
ဟိုး...လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင့်ငါးရာလောက်က ဝေဒဝဟဆိုတဲ့ တိုင်းပြည်တစ်ပြည်မှာ..ဝေသိတ ဆိုတဲ့ဘုရင် မင်းမြတ် အုပ်ချုပ်သတဲ့....အဲ့ဒီတိုင်းပြည်ကို....ဗာရာ ဆိုတဲ့ သူရဲကောင်းတစ်ဦးက ကားကွယ် ဦးစီးတာပေါ့....ဗာရာသူရဲကောင်းဆိုပြီး တိုင်းပြည်တစ်ခွင် ကျော်ကြားသတဲ့...
"သူရဲကောင်း....ဗာရာ....သူရဲကောင်း ဗာရာ...."
ကျူးကျော်သူတို့ကို အောင်နိုင်၍...တိုင်းသူပြည်သားတို့ ချီးမွမ်းနေကြသည်။
အဲ့ဒီ သူရဲကောင်းနဲ့ မင်းသမီးတို့ဟာ ရည်ငံချစ်ချစ်ကြိုက်နေကြတာပေါ့....အမှန်တော့ မင်းသမီး ဒေဝီဟာ ငြိမ်းချမ်းရေးအတွက် အခြား တိုင်းပြည်တစ်ပြည်က ဘုရင်မင်းမြတ်ဆီ ဆက်သရမှာ ဖြစ်တယ်လေ။ တစ်ပြည်သား ဘုရင်ဟာ မင်းသမီးဒေဝီကို မရလျှင် ဝေဒဟ ပြည်ကို စစ်ကြေညာပြီး တစ်ပြည်လုံးကို သိမ်းပိုက်မှာ ဖြစ်သတဲ့။။ တစ်နေ့တော့ ဘူရင်ကြီးက သူရဲကောင်းနဲ့ မင်းသမီးတို့ အကြောင်းသိသွားတာပေါ့...
"ဝမ့်ဆွေ့ ဝမ့်ဆေီ့ ဝမ့်ဝမ့်ဆွေ့ 😝😝"
"ဗာရာ သူရဲကောင်း အသင်ရောက်ပြီလား..."
"ကျွန်တော်မျိုး ရောက်ကြောင်းပါဘုရား...."
"ဗာရာ သူရဲကောင်း အသင့်ကို ကျုပ်တစ်ခုမေးမယ်။အသင်ချစ်ရတဲ့သူကိဲု့ အသင့်နိုင်ငံနဲ့ အသင်လဲမယ်ဆိုရင် ချစ်သူကို ရွေးမလား နိုင်ငုံကို ရွေးမလား အသင်တစ်ခု ဖြေပါ။ ...."
"အမိနိုင်ငံကိုသာ ကျွန်တော်မျိုး ရွေးချယ်မိမှာပါ မင်းကြီး..."
"အသင်နဲ့ မင်းသမီး အကြောင်းကျုပ်ကြားပေတယ်.အသင်ဟာ နိုင်ငံရဲ့ သူရဲကောင်း ဖြစ်တယ်...သို့ပေမယ့်....တစ်ဖက် အင်အားကြီးတိုင်းပြည်မှ ဘုရင်မင်းမြတ်ဟာ ကျုပ်သမီးတော်အား စုံမက်နေလေတယ်..ထိုကြောင့်...ဗာရာ သူရဲကောင်းအနေနဲ့ နောက်ဆုတ်ပေးလိုက်ပါ..."
"မင်းကြီး အမိန်းတော်မြတ် အတိုင်း ကျွန်တော့မျိုးနာခံပါမယ့်...."
ထို အချိန်မှ စ၍ ဗာရာ သူရဲကောင်းဟာ မင်းသမီးနဲ့ အရင်လို ရင်းနှီးစွာ နေတော့သတဲ့။ မင်းသမီးကတော့ အချစ်ကြီး သူမို့ သူရဲကောင်းလေးကိုပဲ ချစ်နေမိတော့သတဲ့။..ဘုရင့်အမိန်ကိုတောင်လွန်ဆန်ရဲသတဲ့။..
မင်းသမီးဟာ ဗာရာ သူရဲကောင်း စိတ်နဲ့....စားမဝင် အိပ်မပျော် သူရဲကောင်းလေးကိုပဲ တမ်းတနေတာပေါ့။....ဒီသီတင်းဟာ ဟိုးဖက်တိုင်ပြည်မင်းကြီး ဆီထိ ပေါက်ကြားသွားတော့ မင်းကြီးက အမျက်ထွက်တာပေါ့။ ဒီတော့ အင်းအား အလွန်ကြီးမားတဲ့ အဲ့ဒီမင်းကြီးက စစ်သည် တစ်သိန်းအားနဲ့ ဝေဒဟပြည်ကို သိမ်းပိုက်ဖို့ လာတော့တာပေါ့။....ဒီလိုနဲ့ ဝေဒဟပြည်ဟာ ပြိုလဲသွားတော့သတဲ့....ဒီလိုနဲ့ ဗာရာ သူရဲကောင်းက မင်းသမီးကို ကာကွယ်ရင်း...ချောက်ကမ်းပါး တစ်ခုတို့ရောက်ရှိလာတယ်ပေါ့...
ဟိုဖက်မင်းကြီး စစ်တပ်ကလည်း....မင်းသမီးကို အရှင်ဖမ်းယူဖို့ လိုက်လာသတဲ့။...ဗာရာ သူရဲကောင်းရဲ့ တပ်သားအားလုံးလဲ ကျကုန်ပြီ မင်းသမီးကို အပိုင်းသိမ်းခံရတော့မယ်ပေါ့....
အကယ်၍ ဗာရာ သူရဲကောင်းက မင်းသမီးကို ချစ်တယ်ဆိုရင် မင်းသမီး အသက်ရှင်နိုင်မလား ဆိုတာ မသေချာဘူးလေ။...ဒီလိုနဲ့ မင်းသမီးကို ဗာရာသူရဲကောင်း ကိုင်တိုင် ဆက်သဖို့ကြံသတတဲ့။...မင်းသမီးကတော့ သူချစ်တဲ့သူမှ လွဲ၍ မည်သူ့ရင်ခွင်မှာမှ မနေနိုင်ပေါ့....။.
ဒီလိုနဲ့ မင်းသမီးဟာ ကိုယ့်ဘာ သာဓားနဲ့ အဆုံးစီရင်ပစ်သတဲ့...မင်းသမီးမသေခင်လေးမှာ...
ကျွန်မနဲ့အတူ လိုက်ခဲ့ပါ မောင်တော်ရယ်. ကျွန်မနဲ့အတူသာ လိုက်သေလိုက်ပါ မောင်တော်ရယ်...ဒီဘဝမှာ မောင်တော်နဲ့ မပေါင်းဖက်ရပေမယ့် နောင်ဘဝ ဒီလို အဖြစ်ဆိုးမျိုးနဲ့ မကြုံပါရစေနက်မောင်တော်....."
ချောက်ကမ်းပါး နံဘေးရှိ ခြတောင်ပို့ကို မှီလျက် မောင်တော်ကို တမ်းတလျက် ဝေဒဟ ပြည်ရှင်မင်းကြီး၏ မင်းသမီ မြနန်းဒေဝီသည် ရင်ဝ၌ ထိုးစိုက်နေသော ဓားမြောင်လေးကို ကိုင်လျက် အလွန်တရာ နက်နဲသည့် ချောက်ကမ်းပါးအောက် ကျသွားလေတော့သည်။
ဒီတော့ ဗာရာ သူရဲကောင်းက ကြေကွဲဝမ်းနည်းပြီး...မင်းသမီးနဲ့အတူ ချောက်ကမ်းပါးအောက် ခုန်ချသွားတော့တာပေါ့.....
"😢😢"
"..နှင်း ဘာလို့ ငိုနေတာလဲဟင်..."
"နှင်း.ဝမ်းနည်းလို့ပါ...ကိုနေရယ်..."
"နှင်း...လည်း ကိုနေလို အိမ့်မက်မျိုး ညတို်င်းလိုပဲ မက်နေတယ်...အိမ်မက်ထဲက မင်းသမီးက နှင်းကိုယ်တိုင်ပဲ....😢😢"
"ဒါဆို နှင်းက မောင့်ရဲ့ ဟိုးနှစ်တစ်ထောင့်ငါးရာက ချစ်သူပေါ့နော်...😢😢ချစ်လိုက်တာ နှင်းရယ်..."
"နှင်းလည်း..မောင့်ကို ချစ်တယ်..."
Credit google image
@konay1997 (Koany-Kawlin)
စာရေးတာတော့လက်ရည်တော်တော်တက်နေပီ အတွေးတွေလွန်ကုန်ပြီ
ညီရေ ကိုယ့်ဘာသာ ကိုယ့်ဖာသာ အဲလိုဆိုတာထက် ကိုယ့်ကိုကိုယ် ဆို ဖတ်ရတာပိုကောင်းမယ် ဗျ။ စာလုံးလေးတွေကို စစ်ပေးပါ စာရေးဆရာဖြစ်တော့မယ် အချစ်ဝတ္ထုလား အလွမ်းအဆွေးလိုင်းလား ဘာလားညာလားပေါ့။
ဟုတ်bro @ansoe
အရေးအသားကတော့ ဆရာဖြစ် အရေးအသားပဲ ။ အားပေးနေတယ်။
ဟု