မိုးစက်များနှင့်ကျွန်တော်

in #myanmar7 years ago

black-and-white-clear-cool-459451.jpg

Credit Image >>>

အဆက်မပြတ်ရွာသွန်းသော
မိုးရေတွေ လေပြေတွေ ကိုယ့်စိတ်ကို
ဆွေးဆွေးမြေ့မြေ့ အငွေ့သက်တွေပြန်ပေါ်
လာအောင်နှိုးထလိုက်သလိုပါပဲလား ။

သူငယ်ချင်းတို့ရေ
ကိုယ်ကအလွမ်းဓာတ်ခံလေးရှိနေတော့
လွမ်းရပြီဆိုပါတော့ …
ဒီအချိန်ဆို ကျွန်တော်တို့ရွာအဝင်လမ်းလေးဟာ
ရွှံ့ဗွတ်တွေအစီအရီပေါ့ ။ဒီအချိန်ဆိုကျွန်တော်တို့
တောသူတောင်သားတွေ ခေါင်းခမောက်လေး
ကိုယ်စီနဲ့ ယာတောထဲဆင်းရပြီလေ ။
ဒီအချိန်ဆို အိမ်ကကျေးဇူးရှင် သူရဲကောင်း
နွားကြီးနှစ်ကောင်လည်း ရွှံ့နွံတွေထဲ
ရုန်းကန်နေပြီလေ ။
( အင်း မဆီမဆိုင် ရွာအလွမ်းများနဲ့ပေါ့ ) ။

စာတစ်ပုဒ် ကောင်းကောင်းရေးနိုင်ဖို့
မိုးကိုပဲ တိတ်ခိုင်းရမလား ။ ကိုယ်ကပဲ
ဆက်ကွေးနေရမှာလားဆိုတာ
အဖြေရှာမရတော့ပါ ။

ဒီလိုနဲ့ပဲ ကျွန်တော်အရမ်းကြိုက်တဲ့
သီချင်းတစ်ပုဒ် နားထောင်ဖြစ်လိုက်တယ် ။
ကိုဆောင်းဦးလှိုင် ရဲ့
' မိုးခါးရေ ' ဆိုတဲ့ သီချင်းလေးပေါ့ ။
တစ်ချို့လည်း နားထောင်ဖူးလိမ့်မယ်လို့
ထင်ပါတယ် ။ သီချင်းက တိုတောင်းပေမယ့်
အဓိပ္ပါယ်ပြည့်ဝစွာရှိလွန်းပါတယ် ။

car-drops-of-water-glass-1553.jpg

Credit Image >>>

" တကယ်ဆိုရင် လူ့ဘဝ
တိုတောင်းလွန်းလှပါတယ် စာနာစိတ်များ
နည်းပါးမသွားစေနဲ့ ။ မာန်မာနများ
ရန်ငြိုးများမရှိစေနဲ့ ။ လောကသစ္စာ အမှန်ဆိုတာ
ငုပ်လျှိုးလည်းခဏယုံကြည်ရာဆီအပြုံးမပျက်စွာ
ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ "

ကိုဆောင်းရဲ့သီချင်းထဲက ကျွန်တော်
ကြိုက်သော အဓိက စာသားများပေါ့ဗျာ ။
ဟုတ်ပါတယ် ကျွန်တော်တို့အားလုံးရဲ့
ဘဝတွေဟာ အရမ်းကိုတိုတောင်းလွန်းပါတယ်
မျက်စိတမှိတ် တဒင်္ဂအချိန်လေးတွေအတွင်းမှာ
ပြောင်းလဲမှုများစွာ ရှိနေတဲ့အရာတွေ
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
အစဉ်အမြဲဖြစ်ပေါ်နေတယ်ဆိုတာ
ကျွန်တော်တို့အားလုံး သတိထားပြုမှုသင့်ပါ
တယ် ( လက်ခံသင့်ပါတယ် ) ။

ဒီလိုဆို ကျွန်တော်တို့ရရှိပိုင်ဆိုင်ထားတဲ့
ဘဝတွေအတွက် အကျိုးအကြောင်းညီညွတ်စွာ
ဘာတွေလုပ်ဆောင်သွားကြမလည်း
ဘယ်လိုအတွေးခေါ်စိတ်ကူးမျိုးတွေနဲ့
ကျင့်ကြံတည်ဆောက်ကြမလည်း ။
တကယ်တော့
ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေဟာ
အကြောင်းရာမျိုးစုံ ခေါင်းစဉ်တွေမျိုးစုံနဲ့
အလုပ်တွေလုပ်နေကြရတာပါ ။
ကိုယ်စီကိုယ်စီအတွေးထဲမှာ
မျှော်လင့်ချက်ပေါင်းမျိုးစုံနဲ့
အသက်ရှင်နေရတာကိုက
ဘဝတွေပဲလို့ ထင်မြင်မိပါတယ် ။
တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေနည်းပါးသွားရင်
လူ့အသိုင်းဝိုင်းကြီးဟာ ရုပ်ဆိုးအကြည်းတန်
လာမှာပါ ။ တစ်ဦးနဲ့တစ်ဦးမာန်မာနတွေ
ရန်ငြိုးတွေများလာရင် လည်း
ကမ္ဘာမြေကြီးဟာ မီးခိုးမီးတောက်တွေ
တလူလူနဲ့ စစ်ပွဲတွေဖေါ်ဆောင်လာမှာပဲလေ ။

ဒီတော့ ကျွန်တော်ရှေ့ကပြောဆိုခဲ့တဲ့
' မိုးခါးရေ ' ဆိုတဲ့ သီချင်းစာသားများရဲ့
အဓိပ္ပါယ်ဖွင့်ဆိုမှုအတိုင်း
တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေပြည့်ဝစွာ
မာန်မာနရန်ငြိုးတွေမရှိခြင်းများစွာနဲ့
ကောင်းမွန်သော ကိုယ်ကျင့်တရားများနှင့်
ဘဝမှာ…
' မိုးခါးရေ ' တွေ မသောက်သုံးကြပါနဲ့လို့ …

blur-clear-close-up-144241.jpg

Credit Image >>>

" မစိုပြေသော မိုးခါးရေတွေအတွက်
ပျော်ဝင်နေသော နှလုံးသားတွေ
အဆိပ်သင့်လေပြီလား ။
ငါ ဆိုသော တေးသွားတွေသည်
ဖေးဖေးမမ ရှိခဲ့လေတော့
ရွာနေသော မိုးခါးရေတွေ
ချုပ်ငြိမ်းရစေသား "

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Sort:  

အန်တီအမြဲတန်းစဉ်းစားတဲ့အချက်တခုရှိတယ်..
လူတွေတော်တော်များများဟာ..မိုးခါးရေသောက်ကြတယ်
မက်မက်မောမောပါဘဲ...အဲဒါကို..အန်တီမုန်းတယ်။
စာနာစိတ်နည်းပါးကြလို့..အမှန်တရားနဲ့ကင်းဝေးနေကြလို့
အတ္တတွေကြီးစိုးလွန်းကြလို့...မုန်းလိုက်တာ..အဲဒါတွေကို။

ဟုတ်တယ်ဆရာမရေ သားတို့ပတ်ဝန်းကျင်တွေမှာ
လူတွေလူတွေ မိုးခါးရေအတွက် စောင့်ဆိုင်းနေကြ
သလိုပါပဲ ဆရာမ

လူ​တွေ​တော်​​တော်​များများမိုးခါး​ရေသာ​သောက်​သုံး​နေကြတာများပါ့။

မှန်တယ် မမအိ လူတွေက မိုးခါးရေကို နှစ်သက်သလို
ပဲနော်

ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်းနေဖို့ အဓိကပါပဲ

ကိုယ်ကျင့်တရားသည် ကိုယ်ကျင့်မှ ရသည်ဆိုတာ
ပေါ့ ကိုဟိန်း

မိုးခါးရေ အထူးသတိပြုဆိုပြီး လမ်းမတိုင်းမှာ ချိတ်ဆွဲထားလိုက်ချင်တယ်ဗျာ

ညီကိုနှစ်ယောက် အတူတူလိုက်ချိတ်ကြမယ် ဒါမှအ
ရိုက်ခံရမှာပေါ့

ကိုယ်တိုင် စဉ်းစားခြင်းတွေမရှိလို့ မိုးခါးရေသောက်ကြတာပါ

စဉ်းစားတွေးခေါ်နိုင်စွမ်းက အရေးကြီးလာတာပေါ့
ကိုကြီးသားပေါက်ရေ

လူတိုင်းကို မဆိုလို​ပေမယ့်​.. ​ခေတ်​ကြီးက မိုးခါး​ရေ​သောက်​တဲ့ ​ခေတ်​ဖြစ်​​နေပြီ

ဟုတ်ကိုလင်း တခါတရံ ကျွန်တော်တောင်ပါမိသလိုပါပဲ အရိုးသားဆုံးဝန်ခံခြင်းပေါ့ ကိုလင်းရေ

လူ့ဘဝက တိုတိုလေးပါပဲဗျာ။ အဲ့ဒီဘဝတိုတိုလေးမှာ အကျိုးရှိတာလေးတွေလုပ်သွားဖို့အရေးကြီးပါတယ်

ဟုတ်တယ်ကိုစော အချိန်တိုလေးမှာ ဘဝအတွက်အ
ကျိုးရှိတာတွေ ပြုလုပ်သင့်ပါတယ်

လူမမြင်သမျှ မိုးခါးရေ ခိုးသောက်ကြတယ်
လူမြင်ကွင်းမှာတော့ ကြောင်သူတော်ပေါ့
ပုတီးကြီးနဲ့ ကားယားမိတယ်
တကျွတ်ကျွတ် စုပ်သပ်သံက
ငွေစက္ကူရေတွက်သံအောက်မှာ ပျောက်သွားတော့
အမည်မသိဇာတ်လမ်းတစ်ပုဒ်သာ ပြောစရာရှိတော့တယ်

လောဘအရမ်းကြီးသောလူတွေ အမှားအမှန် မခွဲခြား
နိုင်လေသည်ပေါ့ ကိုကြီးစော

ဘဒိုက အဆန်းပါလား
ပရိုမှ ကဗျာတွေနဲ့
ခုမှမြင်လို့ပါ။
ဖိုက်တင်းဘဒိုရေ

ကဗျာရယ်တော့ မဟုတ်ပါဘူးကိုကြီးစိုင်းရေ အတွေး
စာသားလေးများကို လှလှလေးရေးဖွဲ့ထားတယ်ဆိုပါ
တော့

မိုးရွှာရင်​လည်း ကဗျာဖြစ်​သွားတာပါပဲ အ​ရေးအသားထိမိတယ်​ဗျာ

ဒီလိုပါပဲbro ရေ စဉ်းစားတွေးခေါ်စရာတွေက ကိုယ့်ရှေ့မှာ အမြဲတမ်းရှိနေပါတယ် ကဗျာရယ်တော့မဟုတ်
အတွေးမြင်များသာဖြစ်ပါတယ် bro

စာကောင်းတစ်ပုဒ်ရေးဖို့စဉ်းစားနေရင်းက
ကောင်းတဲ့စာတစ်ပုဒ်ဖြစ်သွားပြန်တာပေါ့နော်

တစ်ဦးနှင့်တစ်ဦးစာနာစိတ်ထား ရိုင်းပင်းသွားရင်
တိုင်းပြည် အနာဂတ် ထွန်းလင်းလက်မည်...ပေါ့...ကိုညီရာ

ဟုတ်တယ်ကိုမိုး တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေ ပို
ကောင်းလာစေဖို့ ရည်ရွယ်အားကိုး မျှော်ကိုးရင်းပေါ့
ကိုမိုးရာ

သူများတွေလည်းလုပ်တာပဲ ဆိုတဲ့စိတ်နဲ့လုပ်ရင်
ကိုယ်ဟာဘာသာတရားကိုအလေးမထားရာ
ရောက်သွားမယ်

ဘာသာတရားဆိုတာ နားလည်နိုင်မှ ကျင့်နိုင်စွမ်း ပို
ကောင်းလာတာပေါ့ bro

မိုးခါးရေလား မသောက်ပရစေနဲ့ ။ အော်တစ်ခုတော့ရှိတယ် တကယ်လို့ သောက်ချင်ပီဆိုရင် မိုးခါးရေမသောက်တာ ကိုတစ်ယောက်တည်းဖြစ်နေတဲ့ထိတော့စောင့်ပါနော်။

ဟုတ်ဦးညီ ညီလေးတို့ အားလုံးစောင့်နေပါမယ် အတူ
တူပေါ့ ဦးညီ

လူတွေကအခက်းဗျ မိုးပျိုအများနဲ့ အများမိုးခါးရေသောက်သောက်မယ်ဆိုတာချည်းပဲ အာ့လိုလူတွေအတွက် ကျွန်တော်သာမိုးနတ်မင်းသာဆိုရင် မိုးချိုရေတွေပဲရွာချပေးလိုက်ချင်တယ်

မှန်ပါတယ် ညီလေး