အဖြစ် အပျက်တွေများလွန်းတဲ့ လောကကြီးထဲမှာ လူသားတစ်ယောက်အဖြစ် ရှင်သန်ခွင့်ရတာ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်။လူရယ်လို့ဖြစ်လာပြီဆိုရင် လောကဇာတ်ခုံပေါ်မှာစုံလင်စွာကပြရတော့ပါပဲ။ ကျွန်တော်တို့ဘဝတွေက တစ်ဦးနဲ့တစ်ဦး ခံယူချက်တွေ ရပ်တည်နေရခြင်းတွေဆိုရင်လုံးဝကွဲပြားလွန်းပါတယ်။(တရားနည်းလမ်းကြပြောရရင် သူ့ကံနဲ့သူပေါ့) သို့သော် ကံဆိုတာ အမှုကိစ္စ ပြုလုပ်သူလို့
အဓိပ္ပာယ်ဖွင့်ဆိုထားတော့ သဘောတရားကရိုးရှင်းပါတယ်။အဲ့ဒီလို သံသရာကြီးထဲမှာ ကျင်လည်
နေရတဲ့လူသားချင်းအတူတူ ဘာဖြစ်လို့များ ဆန်းပြားနေကြပါလိမ့် ? တစ်ချို့ဆိုရင် လူကို လူရယ်လို့မသတ်မှတ်ချင်ကြဘူးဗျ ( ဆိုးဝါးလွန်းပါတယ် )
ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုအထင်မြင်ခံရဖူးပါတယ်။ဒီတော့ ကျွန်တော်ဖတ်ဖူးတဲ့စာပိုဒ်လေးပါ ( ရေးသူနာမည်တော့သေချာမမှတ်မိပါဘူး ) သူက … " တိုင်းပြည်ကိုအုပ်ချုပ်တဲ့ရှင်ဘုရင်လည်းလူပဲ လမ်း
မပေါ်က ပြည့်တန်ဆာမလည်းလူပါပဲ"တဲ့ ဒီစာကြောင်းလေးကို ကျွန်တော်စဉ်းစားနေတာ အခုအချိန်ထိပါပဲ ။ လူတစ်ယောက်က ဘယ်နေရာမှာပဲဖြစ်ဖြစ် အားလုံးအတွက်အရေးပါတဲ့လူတစ်ယောက်ဖြစ်ပြီဆိုရင် သူ့မှာ power ( စွမ်းအား ) ဆိုတာရှိလာပြီ အဲ့ဒီ power နဲ့ပဲ ကိုယ်နဲ့ မတူညီတဲ့လူတွေ အရာတွေအားလုံးကိုအမြင်စောင်းမှာလာ ?လာကကြီးအတွကလူသားတွေအတွက်အကျိုးရှိအောင်အသုံးချ
မှာလား ? ဒါတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲတွေ့နေရတယ်ဆိုတာမမှားပါဘူး။
" အာဏာလေးရှိလို့ ပါဝါလေးပြလာရင်
အဲ့ဒီကောင်က အာဏာနဲ့မတန်တဲ့ကောင်ပဲ ပိုက်ဆံလေးရှိလို့ မောက်မာလာရင် အဲ့ဒီကောင်က ပိုက်ဆံနဲ့မတန်တဲ့ကောင်ပဲ ပညာလေးတတ်လို့ ဖင်
ခေါင်းကျယ်လာရင် အဲ့ဒီကောင်က
ပညာနဲ့ မတန်တဲ့ကောင်ပဲ " ။
( အောင်သင်း )
ဒါက စာရေးဆရာကြီးဦးအောင်သင်းရဲ့ စာပိုဒ်လေးပါ ( အရမ်းကောင်းမွန်တယ် တန်ဖိုးရှိပါတယ် )
ဒါဆို ကျွန်တော်တို့အားလုံးအဲ့ဒီတန်ဖိုးတွေကိုနားလည်ကြပြီလား?ဘယ်လိုခံစားချက်မျိုးတွေနဲ့ဆက်ပြီးရှင်သန်ကြမလည်း ? ။
လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တဝါလို့
အားလုံးဆိုကြတယ် ဒါဆိုကျွန်တော်တို့ရဲ့အသိဥာဏ်တွေကိုတန်ဖိုးရှိအောင် ကြိုးစားမွေးမြူသင့်ပါတယ်။iအောင်မြင်နေတဲ့လူတွေ လေးစားစရာကောင်းတဲ့လူတွေဟာ သူတို့ရဲ့အသိဥာဏ်တွေကိုတန်ဖိုးရှိအောင်ထားတယ်ဆိုရင်မမှားပါဘူး။
လောကကြီးမှာ လူကိုလူရယ်လို့မြင်ပေးကြပါ။တစ်ဦးနဲ့တစ်ဦးမေတ္တာတရား ကရုဏာတရားတွေထားရှိပေးပါ ။လေးစားမှုတွေထားရှိပေးကြပါ ။ (ကျွန်တော်အပါဝင်ပေါ့) ။
ကျွန်တော်တို့ရဲ့ myanmar steemitမိသားစုဝင်အားလုံးဟာ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီခြင်း လေးစားမှုရှိခြင်းမေတ္တာတရားထားခြင်းတွေကိုတွေ့မြင်
ရတဲ့အတွက် ကျွန်တော်ကိုယ်တိုင်လဲရရှိခံစားရတဲ့အတွက် steemit မိသားစုဝင်အားလုံးကိုယ်စား ကျွန်တော်ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါတယ်။လေး
စားရပါတယ်။ ဒီထက်လည်းပိုပြီး ကျွန်တော်တို့ steemit မိသားစုအားလုံးမေတ္တာတရားတွေထားရှိခြင်း အောင်
မြင်မှုတွေ အမြဲပိုင်ဆိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း …
အားလုံးကိုလေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
သားပြောချင်တာက သီချင်းလေးပါ
ရွှေလင်ပန်းနဲ့ အချင်းဆေး... မင်းမွေးတဲ့ မင်းသွေးဆိုသူ...
ဝတိံဖျားမှာ တိမ်းတိမ်းဖွားလို့... သိကြားမင်းနှင့် ဂုဉ်ပြိုင်ချင်သူ...
ကွက်ပျစ်ပေါ်မှာ ဗန်းစုတ်ကလေးနဲ့.. မွေးဖွားလာခဲ့သူ...
ခြေနှစ်ချေင်း၊ လက်နှစ်ချောင်း၊ ခေါင်းကလေးတစ်လုံးက အလယ်မှာပြူ...
လယထဲက ဖေါက်ဖွားလာကြသူ... ဘုရင်ခံကြီးလဲလူ... ရုံးစေလေးလဲလူ... အားလုံးအတူတူ ..ပါဗျာ။
ဟုတ်ကဲ့ဆရာ အခုလိုပြောပြပေးတဲ့ဆရာ့ကို အရမ်း
ကျေးဇူးတင်ပါတယ်ဆရာရေ
အမှန်ပါပဲ အကိုရေ...
တဦးအပေါ်တဦး မေတ္တာထား ဆက်ဆံသင့်ပါတယ်
ကျေးဇူးပါ bro
လူသားအားလုံး ကို လေးစားပါတယ်.....
#ကျော်ဟိန်း
😁😁😁😁
Fighting အရေးသားတွေအရမ်းလန်းနေတယ်
ခံစားချက်တွေလား
ဟုတ်ကဲ့ပါဆရာ
အမှန်တွေပါbro
ဟုတ် ကျေးဇူးbro
မှန်ပါတယ် အစ်ကို
ဟုတ်ကဲ့ပါအကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ
အရမ်းgood တယ် fri
ကျေးဇူးပါဗျ
ကောင်းတယ်ဗျာ့။
ကျေးဇူးပါအကို