To the successful goal

in #myanmar7 years ago

Capture.JPG
Every man living in the world is going to the successful goal from skillful areas of him. When going to it like this, the spirit is most important. What all of people decided to carry out work, is their mind. After the mind decided it, what begins to act, is the body. But, all action of the body is suggestion of the mind. The creation of appearing things on our human life is the only mind and it will be major. Really, if the mind is discriminated, it will see conception and ideas.
blogger-image-1784477174.jpg
Once the conception or ideas motivate to carry out results, aims are very important. If it gets aims good, it will become real results. Probably, if having bad aims, it will become nefarious results. Conception and then fancy can produce ability. They organize the ability and so it fulfills ability form organization to act the body. So, using the ability right is the key to success.
b84c5756f6a889fa332015e4458021f9_L.jpg
You can also see what could create the earth to improve by ability appearing from our body. But, the universal world is challenging to make as much as possible.
as15-88-11866.jpg
Like this, the Steem Social Media Platform also is challenging to take SBD and Steem Power for some young men who are making Online Digital money. Every man applying his ability and sharing Original Creations, can take Seem Dollar. But, what I want to remind the new users beginning in Steemit especially, is that it shall not save the mind wanting to change Dollar to his money. Drop it as soon as becoming into mind.
734634_575120335840986_1915963129_n.jpg
Some users not ready to start, usually ask many questions about how much we can get at one day and month and then how we can change etc. Though these are questions that should asked by new users, they not understanding principles of Steem, cannot belong to success in his Steemit if having the changing mind to money.
Feelind-sad-key-success-755249.jpg
If I will say by my view, I want to suggest that will take Steem Myanmar new including to the goal and organize Steem Power without changing SBD. The Steem always will exist with challenge. From universal countries, many professions of music, belles-lettres, photos, literature and travel etc from areas include and then are sharing original creations of their hobbies in the Steem Platform.
Sales-Job-Interview-2.jpg
There are many rules to be known for us in the Steem. Make and study and study and make. By Myanmar Steemit, what has the helping, sharing and true mind, is most important. Induce going to the successful goal together by cohesion with this mind.
DARMOS-AS-MÃOS.jpg

photo = google imange

@kyawhlaing

For Myanmar "အောင်မြင်မှုပန်းတိုင်ဆီသို့"

လူ့ဘ၀၌ရပ်တည်နေသူတိုင်း မိမိကျွမ်းကျင်ရာနယ်ပယ်အသီးသီးမှ အောင်မြင်မှုပန်းတိုင်ဆီသို့ လျှောက်လှမ်းနေကြသည်။ ထိုသို့အောင်မြင်မှုပန်းတိုင်ဆီ လျှောက်လှမ်းရာ၌ စိတ်ပိုင်းဆိုင်ရာသည် လွန်စွာမှအရေးကြီး၏။
မည်သူမဆို အလုပ်တစ်ခုကို အကောင်အထည်ဖေါ်တော့မည်ဟု ဦးစွာအာရုံပြုပြီးနောက် ပိုင်းဖြတ်လိုက်သည်မှာ စိတ်ပင်ဖြစ်သည်။ စိတ်ပိုင်းဖြတ်ပြီးသည့်နောက် လှုပ်ရှားဆောင်ရွက်ခြင်းသည် ရုပ်၏အလုပ်ဖြစ်သည်။ သို့ရာတွင် ရုပ်တရား၏လှုပ်ရှားဆောင်ရွက်မှု မှန်သမျှသည် စိတ်၏လက်အောက်ခံသာဖြစ်သည်။
လူ့ဘ၀၌ ဖြစ်ပေါ်လာသည့် အရာဝတ္ထုများရှိကြရာ ထိုသို့ဖြစ်ပေါ်လာရလေအောင် အရင်းခံလက်သည်သည် စိတ်ပင်ဖြစ်ပေသည်။ ထိုစိတ်ကို ခွဲခြားစိပ်ဖြာကြည့်ပါက အကြံအစည်များ စိတ်ကူးစိတ်သန်းများကို တွေ့ရပေလိမ့်မည်။
အကြံအစည်သော်၎င်း စိတ်ကူးစိတ်သန်းသော်၎င်း အကျိုးရလာဒ်ကို အကောင်အထည်ဖေါ်ရန် ပင့်နှိုးသည့်အခါ ရည်ရွယ်ချက်သည် လွန်စွာအရေးပါလှ၏၊ ရည်ရွယ်ချက်ကောင်းမွန်လျှင် ကောင်းကျိုးရလာဒ်များဖြစ်ထွန်းစေ၍ ရည်ရွယ်ချက်ယုတ်ညံ့ပါက မကောင်းသောရလာဒ်တို့ ဖြစ်ထွန်းစေပါသည်။

ကြံစည်စိတ်ကူးမှု စိတ်ကူးစိတ်သန်းကပင် စွမ်းအင်များကို ထုတ်ပေးနေသည်၊ ကြံစည်စိတ်ကူးမှု၊ စိတ်ကူးစိတ်သန်းများသည် စွမ်းအင်သတ္တိများကို သိုလှောင်ထားကြသည်။ ထိုသိုလှောင်ရုံကြီးထဲမှ စွမ်းအင်လောင်စာတို့အား ကာယ လှုပ်ရှားမှုအတွက် ဖြည့်ဆည်းပေးရ၏၊
သို့ဖြစ်၍ စိတ်စွမ်းအင်ကို မှန်ကန်တည့်မတ်စွာ အသုံးချနိုင်မှုသည် အောင်မြင်မှုအတွက် သော့ချက်ပင်ဖြစ်ပေသည်။
မိမိတို့ခန္ဓာကိုယ်မှ ပေါက်ဖွားဖြစ်တည်လာသော စိတ်စွမ်းအင်ဖြင့် ကမ္ဘာကြီးကို တိုးတက်အောင် ဖန်တီးနိုင်ခဲ့သည်မှာ မျက်ဝါးထင်ထင်ပင်။ သို့သော်ငြားလည်း လောကဓာတ်စကြာဝဠာကြီးကတော့ " စွမ်းအားရှိသရွေ့လုပ်ဆောင်ကြကုန် "ဟု စိတ်ခေါ်နေဆဲပင်။
ထို့အတူ steem social media platform သည်လည်း online digital money ရှာဖွယ်နေကြသော လူငယ်များအား '' စွမ်းအားရှိသရွေ့ SBD များ Steem Power များ ထုတ်ယူကြကုန်'' ဟု စိန်ခေါ်နေဆဲပင်ဖြစ်သည်။ မည်သူမဆို မိမိတို့၏စိတ်စွမ်အင်များကိုအသုံးပြု၍ original creations များကိုတင်ပြကာ steem dollar များထုတ်ယူနိုင်ပါသည်။ သို့သော် စလုပ်ခါစ ရက်ပိုင်း လပိုင်းလောက်သာရှိသေးသော user အသစ်များအား သတိပေးလိုသည်မှာ ငွေထုတ်ချင်သောစိတ် ခေါင်းထဲဝင်မလာသင့်ပါ။ အာရုံထဲဝင်လာပါကလည်း ထုတ်ပစ်သင့်ပါသည်။
တချို့သောသူများသည် စတောင်မလုပ်သေး " Steemit လုပ်ရင် တစ်နေ့ဘယ်လောက်ရမှာလဲ၊ တစ်လဘယ်လောက်ရမှာလဲ၊ အနည်းဆုံးဘယ်လောက်ရရင် ငွေထုတ်လို့ရလဲ၊ ငွေဘယ်လိုထုတ်ရသလဲ" စသည်ဖြင့် မေးခွန်းပေါင်းမြောက်များစွာ မေးလေ့ရှိကြသည်။ new user များအနေဖြင့် အဆိုပါမေးခွန်းများမှာ မေးသင့်သောမေးခွန်းများဖြစ်သော်လည်း steem ၏ အလုပ်လုပ်ပုံ အခြေခံသဘောတရားလောက်မှ မသိသေးပဲ ငွေထုတ်ချင်သောစိတ်က လွှမ်းမိုးနေမည်ဆိုလျှင်တော့ steem မှာ အောင်မြင်မှုရနိုင်မှာမဟုတ်ပေ။
ကျွန်တော့်အမြင်ဖြင့် ပြောရမည်ဆိုလျှင် ရရှိလာသော SBD များကိုမထုတ်ပဲ Steem Power များစုဆောင်းပြီး အသစ်ဝင်ရောက်လာသော steem myanmar new များအား လက်တွဲခေါ်ဆောင်သွားဖို့ အကြံပြုလိုပါသည်။
Steem သည် စိန်ခေါ်မှုများဖြင့် ရပ်တည်လျက် ရှိနေဦးမည်ဖြစ်ပါသည်။ Steem Platform မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိပညာ အတတ်ပညာရှင်များ ဂီတ ဆောင်းပါး စာပေ ဓာတ်ပုံ ခရီသွား စသောနယ်ပယ်အသီးသီးမှ ပညာရှင်များမြောက်များစွာ ၀င်ရောက်ကာ မိမိတို့ဝါသနာပါရာ၌ original creations များဖြင့်ခရီးဆက်နေကြသည်။ မိမိကျွမ်းကျင်ရာ နယ်ပယ်အသီးသီး၌ အောင်မြင်မှုရနေကြသည်။
ကျွန်ုပ်တို့သည် steem မှာ လေ့လာစရာ သိစရာ များစွာရှိနေပါသေးသည်။ လုပ်ရင်းလေ့လာ လေ့လာရင်းလုပ်ရမှာပါ။ Myanmar steemit များအနေဖြင့် မခိုမကပ်ပဲ အချင်းချင်းကူညီလိုသောစိတ်၊ ဖေးမလိုသောစိတ်၊ ပညာချင်းဖလှယ်လိုသောစိတ်ဓာတ်များရှိဖို့ အလွန်အရေးကြီးပါသည်။ ထိုစိတ်ဓာတ်တို့ကိုအခြေခံကာ စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်မှုပန်းတိုင်ဆီ လက်တွဲလျှောက်လှမ်းကြပါစို့လို့ နှိုးဆော်တိုက်တွန်းရင်းးးး

ရေးသားသူ = @kyawhlaing

Sort:  

ဟုတ် ကဲ့ thanks you ပါ ကျေးဇူးတင်ပါတယ်
vote လဲ 100 •/• နဲ့ ပေးနိုင်ပါစေ

များများပေးလို့ရအောင်လို့ဘာအေ

Really good post for new users to study much.

Very nice post,sorry for late voting of me.

Nic Post and Every time i see your post, i always feel happy and happy. and I Follow u and U Follow Me and Upvote...!!


thanks for supportwelcome @nomanijaz

follow back

done follow and Upvote

ကျန်း...ကချစ်​..မိုက်​​နေတာ😃😃

ကြွေပြီ​လေ

အကြွေတလိုင်း :-D

ဘိုလိုဒေဆိုတော့ ဖတ်တတ်ပုလို့ပြောမလို့ အောက်ကျမှ ကိုယ်ဖတ်တတ်တာတွေ့တော့တယ်😀😀

ဆာကီးကယဲ အာ့လိုပြောနက်ယေ
အကြံပြုပေးဘာလို့စ်

အီးလိုတွေက ယေဘုယျသဘောနားလည်းနိုင်ပါတယ်။
ဒါပေမယ့် ဝါကျပုံစံတွေ၊ အနေအထားတွေ သိပ်မမှန်သလိုပဲ ဆာ

done follow and upvote

nice post,bro!

ကျေးဇူးပါ bro

Upvoted frnd.....

Sir ကြီးမှန်း အခုမှ သိတော့တယ်ဗျာ..😃

တိန် sir ကြီးဟုပါဘူးဗျာ

thanks for sharing bro. good post.

thanks for bro

nice post mate, upvoted. think it is wise advice to not create content for money. It usually is also good to not check your cryptoportfolio too often if in it for the long term. I am having trouble with both though as i want my posts to be successful, especially when i put so much work in it. Same with investing. Anyway will keep trying. cheers!

@attalis, thanks for your support