လူလေးသို့ ပေးစာ

in #myanmar7 years ago

သို့ 
လူလေး
အဝေးတနေရာမှာ မိဘတေနဲ့ဝေးနေချိန်
လိမ်လိမ်မာမာနေပါ
အပေါင်းအသင်းသူငယ်ချင်းဆိုတာ
ဘယ်နေရာရောက်ရောက်ရှိသင့်ထားသင့်တယ်
သူငယ်ချင်းမိတ်ဆွေရှာပါ
ဒါပေမယ့် လူလေးရဲ့ မိတ်ဆွေတေက
လူကောင်းတေတော့ဖြစ်စေချင်တယ်

သို့ 
လူလေး
အရွယ်ရောက်လာတဲ့အချိန်မှာ
လူငယ်သဘာဝ လူလေးလည်း
အပျော်အပါးတော့ ဝါသနာပါမှာပေါ့
ပျော်ပါ ပါးပါ
ဒါပေမယ့် ကောင်းသာပျော်ရွှင်ခြင်းဘဲ
ဖြစ်စေချင်တယ်

သို့ 
လူလေး
ဒီနေ့  မနက် လက်ဘက်ရည်သောက်ရင်း
လူတယောက် ပြောသံကြားခဲ့တယ်
သူ့ သားက အရင်ကသိပ်လိမ်မာတာ
မိဘတေကိုလည်းလုပ်ကျွေးခဲ့တာတဲ့
အခု လောင်းကစားတေလုပ်လို့ 
အကြွေးတေတင်ပီး မိဘကိုလည်း
ပြန်မထောက်ပံ့နိုင် အကြွေးတေကြောင့်
စိတ်ညစ်ပီး အရက်သမားဖြစ်နေပီ
ကျနော်လည်း သားကြောင့်စိတ်ညစ်နေရပီလို့ 
ပြောလိုက်တဲ့ အဖေတယောက်ရဲ့ရင်ဖွင့်သံကို
ကြားခဲ့ရတယ်
မိဘတေနဲ့ဝေးနေချိန်မှာ
ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အကောင်းအဆိုးကို
ဝေဖန်ပိုင်းခြားနိုင်ပါစေ လူလေး

သို့ 
လူလေး
နောက်ဆုံးမှာချင်တာကတော့
ဘယ်ကိုပဲရောက်ရောက်
အပျော်အပါးကြောင့် ဘဝမပျက်ဖို့ 
လောင်းကစားကြောင့် ဘဝမပျက်ဖို့ 
အပေါင်းအသင်းမမှားဖို့ 
အရက်သေစာ မူးယစ်ဆေးဝါးတေ
မသုံးစွဲမိစေဖို့  ဆိုဆုံးမရင်း လူလေးကို
အဝေးတနေရာကနေ စိတ်ပူပေးနေပါကြောင်း

                                        လူလေးရဲ့ဖေဖေ

FB_IMG_1515490750976.jpg

Sort:  

ကျွန်တော့်အဖေ ကျွန်တော့်ကို မှာနေသလားအောက်မေ့ရပါတယ်
ကျွန်တော့်အဖေလဲ ဒီလိုအမြဲမှာပါတယ်။ အနားမှာရှိတဲ့အချိန်ရော ဖုန်းပြောတဲ့အချိန်ရောပါ

ဟုတ်ကဲ့ပါ အကိုရေ ဆက်ပီးကြိုးစားပါ့မယ်

Congratulations @kyawlay! You received a personal award!

1 Year on Steemit

Click here to view your Board

Do not miss the last post from @steemitboard:

SteemWhales has officially moved to SteemitBoard Ranking
SteemitBoard - Witness Update

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @kyawlay! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!