သတ္တိဆိုတာ ဘာလဲ။ သူဟာ လူတစ်ယောက်မှာ မရှိနေတဲ့ အရာလား။ ရှိပြီးတော့ ငုပ်နေတာလား။ ငုပ်တာဆိုရင် ဘယ်လို အစွမ်းထပြတာလဲ။ ဘယ်အချိန် ထအလုပ်လုပ်သလဲ။ ဒါနဲ့ ကြောက်စိတ်နဲ့ ရော ဘယ်လို ဆက်သွယ်မှု ရှိနေသလဲ။ စသဖြင့် သတ္တိဆိုတာကို ကျွန်တော် မေးခွန်း ထုတ်ခဲ့ဖူး ပါတယ်။
သရဲအရမ်းကြောက်တတ်တဲ့ အစ်ကိုတစ်ယောက် ည အချိန်မတော် သင်္ချိုင်းထဲက ဖြတ်သွားတာ မြင်ခဲ့ဖူးတယ်။
ထူးဆန်းနေလို့ နောက်တစ်နေ့ မေးကြည့်တော့ ညီဖြစ်သူ ကားတိုက်ခံရတယ် ဆိုလို့ အနီးဆုံး လမ်းကနေ သွားခဲ့ခြင်းသာ ဖြစ်ကြောင်း သိခဲ့ရတယ်။
ကျွန်တော်က "သင်္ချိုင်းထဲက သွားတာ အစ်ကို သရဲ မကြောက်ဘူးလားဗျာ" လို့ မေးတော့ အဲ့ဒီ အစ်ကို ရယ်တယ်။
"ဟိုမှာ သေမလား ရှင်မလား မသိ စိတ်ပူနေရတာကို... ဘယ်နားသွား ကြောက် ရမှာ လဲကွာ။" တဲ့။
နောက်တစ်ခါ အအိပ် အရမ်းမက်တဲ့ သူငယ်ချင်း တစ်ယောက်က ပြောပြဖူးတာ တစ်ခု ရှိတယ်။
မနက် ၄ နာရီ လောက်မှာ ဘေးအိမ် မီးလောင်လို့ ချက်ခြင်း အိမ်ထဲကနေ ဘေးကင်းရာကို သူ ထွက် ပြေးခဲ့ ဖူးသတဲ့။
"ပြေးနေရင်းနဲ့ မင်းအိပ်ချင်စိတ် ပေါ်မလာဘူးလား" လို့မေးတော့ သူကလည်း ရယ်တယ်။
"အသက် လုပြေး နေရတာကို... ဘယ်လိုလုပ် အိပ်ချင်မလဲကွာ။" တဲ့။
အဲ့ဒီမှာ ကျွန်တော်လိုချင်တဲ့ အဖြေကို ရလိုက်တယ် ထင်တာပဲ။
တကယ်တော့... သတ္တိဆိုတာ ကိုယ်ကြောက်တဲ့ အရာထက် တခြားဟာ က ပိုအရေးကြီးနေပြီလို့ သိလိုက်တဲ့ စိတ်ကလေး... ကိုယ် သွားနေကျ ပုံစံဟာ အခုပြောင်းမှ ရတော့မယ်လို့ သိလိုက်တဲ့ စိတ်ကလေး ဖြစ်ပါတယ်။ အဲ့ဒီလို ပိုအရေးကြီးတာကို ရွေးချယ်မှုသည် သတ္တိဖြစ်တယ်။
တစ်နည်း အကြောက်တရား ပုံစံ ပြောင်းသွားတာ ဖြစ်ပါတယ်။ မဟုတ်ဘူးလား။ ကိုယ့်အတွက်ကိုယ် ကြောက်ရင်းကနေ သူ့အတွက် ကြောက်ပေးမှုက ပိုလာတယ်။ ကိုယ့်နေရာလေး ပျောက်မှာ စိုးရိမ်ရင်း ကနေ ကိုယ့်အသက် ပျောက်မှာ စိုးရိမ်မှုက ပိုလာတယ်။ ဒီမှ သတ္တိ ပေါ်တာပဲ။
ဒါ့ကြောင့် လူတွေမှာ တကယ် မိမိ အကျင့်နဲ့ စရိုက်တွေထဲ စီးဝင်နေတာသည် ကြောက်စိတ်တွေ ချည့် ပဲ။ လူတိုင်း သွားရမှာ ကြောက် တယ်။ ပြောရမှာ ကြောက်တယ်။ နေရမှာ ကြောက်ကြတယ်။ သေရ မယ့် ကိစ္စထိကို လူတိုင်း ကြောက်တတ်ကြပါတယ်။
ဆိုတော့ စဉ်းစားကြည့်စမ်းပါ။ အကယ်၍သာ ခင်ဗျားဟာ သိပ်မကြာခင် သေရတော့မယ့် လူ ဆိုပါစို့။ နောက်ဆုံး အချိန်တွေ ကို ဘယ်လို ဖြတ်သန်းမလဲ။ ထိုင်ကြောက်နေဦးမှာလား။ ဘယ်ကြောက် တော့ မှာလဲ။ သေရမယ့် ကြောက်စိတ်ထက် မလုပ်လိုက်ရမှာစိုးတဲ့ ကြောက်စိတ်က ပိုလာပြီ မဟုတ်လား။ ခင်ဗျား ပတ်ဝန်းကျင် အတွက် တကယ် အကျိုးရှိ ကျန်ခဲ့မှာတွေကိုပဲ လုပ်တော့မယ်။ တန်ဖိုးထားမိတဲ့ လူတွေနားပဲ နေတော့မယ်။ ဒီလိုမဟုတ်လား။
လူဖြစ်တဲ့ ခင်ဗျားဟာ သိပ်မကြာခင် မသေလည်း တစ်နေ့နေ့တော့ သေရမှာပဲ မဟုတ်လား။ ဆိုတော့ သေရမှာ ထိုင်ကြောက်နေဦးမှာလား။ ဘာတွေ မလုပ်ရသေးဘူးလဲ စဉ်းစားသင့်ပြီ မဟုတ်ဘူးလား။
Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.
Spam is discouraged by the community, and may result in action from the cheetah bot.
More information and tips on sharing content.
If you believe this comment is in error, please contact us in #disputes on Discord
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.jcpenney.com/