World Environment Day & Myanmar

in #myanmar7 years ago (edited)

World Environment Day
& Myanmar
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ နှင့် မြန်မာ

34524864_2043954145845083_1461790955257462784_o.jpg
လွန်ခဲ့တဲ့ဇွန်လ ၅ရက်နေ့ ဟာဆို ရင်ဖြင့်
ကမ္ဘာ့ပတ်ဝန်းကျင်နေ့ပါ ။ ကျွန်တော် တို့ဟာ
ကမ္ဘာကြီးကို မစောင့်ရှောက် လို့မရ တော့ပါဘူး
ဒီတိုင်း ပစ်ထားမယ် ဆိုရင်ဖြင့် ဆိုးကျိုးတွေကို
ကျွန်တော်တို့ဘဲ ခံစားရမှာဖြစ်ပါတယ် ။

34412926_2043941469179684_1035325424596418560_o.jpg

ဥပမာအနေနဲ့ပြရရင် ကျွန်တော်နေထိုင်တဲ့
စီးပွားရေး မြို့တော် ရန်ကုန်မှာ ဆိုရင်
ပလပ်စတစ် အမှိုက်တွေကို ရေမြောင်းထဲသို့
စည်းကမ်းမဲ့ ပစ်တာတွေများလာတော့ အခုလို မိုးရာသီဆို ရန်ကုန်ကလူတွေ ရေကြီးရေလျှံမှုကို စတင်ခံစားရနေပါပြီ။ ပလပ်စတစ်အိတ်တွေနဲ့ လက်ဖက်ရည် /မုန့်ဟင်းခါးနှင့်အခြား အပူမုန့် တွေကို ထည့်ပြီး သယ်ယူစားသောက်တာတွေ များလာတော့ ကျွန်တော်တို့တွေ ကင်ဆာဆိုတဲ့ စကားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ခွင့် ရခဲ့ကြတာကြာမြင့်ခဲ့ပါပြီ။

ဟိုးအရင် ကဆို မုန့်တွေကို သတင်းစာ စက္ကူ
/သစ်ရွက်များဖြင့် ထုတ်ပိုးသယ်သူခဲ့ကြပါသည် ။
လက်ဖက်ရည် နှင့် မုန့်ဟင်းခါးတို့ကို
ချိုင့် ဖြင့် သယ်သူ စားသောက်ခဲ့ကြပါတယ်။
ထိုအချိန်က စားရသောက်ရသော အစားအစာများမှာလည်း ဓာတုဆေးများမပါသဖြင့်ကျန်းမာရေးနှင့် ညီညွှတ်ပြီး အားလုံးရောဂါကင်းခဲ့ကြပါသည် ။

အခုလိုသဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ပြုန်းတီးသောလူနေမှု တို့ ဖြစ်နေတာတွေ ကို ကျွန်တော်တို့ကထိန်းသိမ်းမှုမလုပ်ရင်ဖြင့် နောက်အနာဂတ်များတွင်ပိုပို၍ ဆိုးလာနိုင်ပါသည် ။
blue_2.jpeg

{ ပြုန်းတီးသောလူနေမှုဆိုသည်မှာ
ညအခါတွင် အထပ်မြင့်အဆောက်အအုံများ
လှပစေရန်တစ်ညလုံးမီးထွန်းထားခြင်း / ပြန်လည်အသုံးပြုရန်မစဉ်းစားဘဲသုံးပြီး ပစ္စည်းအများများ ကိုစွန့်ပစ်ခြင်း စသောလုပ်ရပ်များကိုပြုန်းတီးသောလူနေမှုဟု
ခေါ်ဆိုပါသည် }

IMG_1302.jpg
မြန်မာပြည်တွင် သစ်တောများပြုန်းတီးလာမှုကြောင့် မိုးခေါင်ခြင်းဒုက္ခကိုလည်းအချို့ဒေသများတွင်ခံစားနေရပါသည် ။ ယခုအစိုးရသစ်လက်ထပ်တွင်တော့ ယခင်ထက်
သစ်ထုတ်လုပ်မှုကို ထိန်းချုပ်ထားသည်ဟုသိရှိရပါသည်။ ဒုတိယကမ္ဘာစစ်က မန္တလေးမြို့ကြီးသည် သစ်ပင်များ လုံးဝမရှိတော့လောက်အောင် စစ်ဘေးဒဏ်ကိုခံစားခဲ့ရသည်ဟု ကျွန်တော် စာအုပ်များတွင်လေ့လာမှတ်သားခဲ့ရပါသည် ။ ကျွန်ုပ်တို့ဘိုးဘေးများ၏ ကြိုးစားအားထုတ်စိုက်ပျိုးခဲ့မှုကြောင့်အခုအခါတွင် မန္တလေးရွှေမြို့တော်ကြီးသည်သစ်ပင်ပန်းပင်များဖြင့်စိမ်းလန်းစိုပြေနေသည်ကို ချစ်စဖွယ်တွေ့မြင်နိုင်ပေသည် ။ထိုအချက်ကိုကြည့်ခြင်းဖြင့် ကျွန်တော်တို့ဘိုးဘေးများသည် မိမိနိုင်ငံတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုကြိုးစားအားထုတ်ခဲ့ကြပါသည် ကိုလေ့လာတွေ့ရှိနိုင်ပါသည် ။
IMG_1272.jpg

ယခုမျက်မှောက်ခေတ်ကာလတွင်
ကျွန်ုပ်တို့ လက်လှမ်းမှီသော
နည်းလမ်းလေးများဖြင့် တစ်ပိုင်တစ်နိုင်သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ပေသည်။လက်လှမ်းသိသလောက်သစ်ပင်လေးများကို စိုက်ပျိုးသင့်ပေသည် ။ သစ်ပင်စိုက်သော အခါတစ်ခုပြောချင်တာကတော့ ကျွန်တော်တို့
နိုင်ငံတွင် သစ်ပင်စိုက်ပျိုးပွဲများ အမြဲမပြတ်သတင်းစာ
ဂျာနယ်များတွင် ကြားရမြင်ရတွေ့ရပါသည် သို့သော်
ထိုစိုက်ပျိုးထားသော သစ်ပင်များကို ထိန်းသိမ်း
စောင့်ရှောက်မှု မရှိသည်ကိုတော့ စိတ်မကောင်းစွာ
တွေ့မြင်ရပါသည် ။
ကျွန်တော် အနီးရှိကျောင်းများတွင် တွေ့မြင်ရသည်မှာ
သစ်ပင်စိုက်ပွဲ၌ စိုက်ထားသောသစ်ပင်များကို နောက်လတွင် သွားကြည့်ပါက သေဆုံးနေသည်ကိုတွေ့ရပါသည် ။
စောင့်ရှောက်သူမရှိ၍ ဖြစ်ပါသည်။
34470497_2043936019180229_8840201348495441920_o.jpg

အချုပ်အနေဖြင့် ဆိုရပါလျှင် ပလပ်စတစ်အသုံးပြုမှုလျော့ချခြင်း / အမှိုက်များကို ပုံးထဲသို့စနစ်တကျ စွန့်ပစ်ခြင်း/
သစ်တောသစ်ပင်များကို စောင့်ရှောက်ခြင်း/ မြေဆီလွှာများကိုထိန်းသိမ်းရေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်
ဓာတုဆေးအသုံးပြုမှုကို လျော့ချခြင်း/အကျိုးပြု အဏုဇီဝ အီးအမ် ကိုစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်အသုံးပြုစေခြင်း စသည်ဖြင့် မိမိတို့လက်လှမ်းမှီသလောက်သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါလို့အကြံပြုဆွေးနွေးလိုက်ရပါသည်။

IMG_20180605_2336-picsay.jpg

IMG_20180524_014722-picsay.jpg
source photo
မြန်မာ့အလင်းသတင်းစာ & www.google.com

စာရေးသူ
@kyawthuhein
MSC 260

Sort:  

သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်းသိမ်းဖို့ လူသားတိုင်းတွင် တာဝန်ရှိပါသည် 😃👍

ဟုတ်ကဲ့ဆရာမ နိုင်သလောက်လေးလုပ်သွားနော်
အရင်လိုထုတ်ပိုးမှုစနစ်တွေကိုအသုံးပြုခြင်းဖြင့်
ကိုယ့်ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်တယ်

နောက်တစ်ကြိမ် MSC ပြိုင်ပွဲကြရင် ၀င်ပြိုင်ပါညီ..ဆုရနိုင်တယ်..SP100 ရမှာဗျာ..အရေးသားကောင်းတယ်။အကျိုးလဲပြုတဲ့post ပါဗျာ။

ဟုတ်ကဲ့ချစ်ကိုကြီး ပြောပြပေးတာကျေးဇူးတင်ပါတယ်

ပြင်စရာရှိတာတွေလည်း သင်ပြပြောဆိုပေးအုန်းနော်

ကိုယ့်​ပတ်​ဝန်းကျင်​ကို​ယ့်​တာဝန်​ပါ။
ထိမ်းသိမ်းဖို့လူတိုင်းမှာတာဝန်​ရှိပါတယ်​ဗျာ။

ဟုတ်ကဲ့တစ်ပိုင်တစ်နိုင်လေးတွေလူတိုင်းလုပ်သွားရင်တော့အဆင်ပြေပါတယ်အစ်ကို

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ သစ်ပင်စိုက်ကျ စို့

စိုက်ပြီးရင်ဂရုလည်းစိုက်နော်ဆရာမ အဲ့တာမှသူတို့လေးတွေကြီးလာမှာ

သဘာဝပတ်​ဝန်းကျင် ​ဝိုင်းဝန်းထိမ်းသိမ်​ကြပါစို့

ဟုတ်ကဲ့အတူတူထိန်းသိမ်းကြပါစို့

အခုထဲက ထိန်းသိမ်းထားနိုင်မှ အနာဂတ်အတွက်စိတ်အေးရမယ်

အခုကစပြီးတစ်ပိုင်တစ်နိုင်ထိန်းကြပါနော်

ငှက်ပျောဖက်နှင့် ထုပ်ထားသည့် ဒံပေါက်လေးစားချင်မိ😁

အာဒေ အာကိုကြီး ကုလားဆိုင်မှာ ရပါတယ်

V M မပြည့်တဲ့ဘဝတူချင်း ရှိတ်လိုက်ပါခင်ဗျ

ရှိတ်ပြီဗျာ

လူသားအားလုံး အဆင်ပြေဖို့
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့

ဟုတ်ကဲ့များများထိန်းပေးပါနော်

ကောင်းပါတယ်သားရေ

ဟုတ်ကဲ့မကြီး

ငယ်ငယ်တုန်းက ဈေးသွားရင် ဆွဲခြင်းနဲ့အခုဈေးသွားရင်တော့ ကျွတ်ကျွတ်အိတ်တွေနဲ့ပေါ့။

ဟုတ်တယ်အစ်ကိုရာ အရင်ကနံပြားဝယ်ရင်တောင်နှီးနဲ့

Congratulations @kyawthuhein! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

သဘာဝပတ်ဝန်းကျင်က ကမ္ဘာ့ရာသီဥတုနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်