ဘာလိုလိုနဲ့ သင်္ကြန် ရောက်ဖို့ကလည်း တဖြည်းဖြည်းနဲ့ နီးလာလေပြီ။ တူးပို့တူးပို့ သင်္ကြန် သီချင်းသံလေးများလည်း နေရာစုံမှ ကြားနေရပြီ ။ မြန်မာတို့၏ နှစ်သစ်ကူးအခါသမရ သင်္ကြန် ရေစင်မျာပက်ဖြန်းဖို့ အချိန်ကြလာလေပြီ ။ သင်္ကြန် ရောက်ခါနီးချိန်ရောက်လာလေလေ လူငယ်လေးများcolour ဆိုးကြလေပြီ။ အပျိုလေးတွေကလည်း colour ကိုယ်စီတွေနဲ့ သင်္ကြန် နဲ့ လိုက်ဖက်လို့နေသည်။ သူများတွေဆံပင်လေးတွေကို မြင်တော့ ကျနော်လည်း colour ဆိုးချင်လာသည်။ ကျနော်မှာ colour ဆိုးဖို့ အခက်အခဲ တစ်ခုရှိပါတယ်။ အရင်ကအနက်ဆေး ဆိုးထားတော့ အရောင်က ကိုယ်လိုချင်တဲ့ အရောင်မရဖူးလေ။ အရောင်ဆိုးရဖို့ ဖြောင့်ဆေးတွေသုံးပြီး ဆိုးခဲ့တယ်။ နောက်ဆုံးတော့လည်း ကိုယ်လိုချင်တဲ့အရောင် ရလာခဲ့ပါတယ်။ မနှစ်က သင်္ကြန် colour ကတော ခဲရောင်ဖြစ်ပြီး ဒီနှစ် သင်္ကြန် colour ကတော့ အစိမ်းရောင် ဖြစ်မယ်ထင်ပါတယ်။ တော်တော်များများ၏ခေါင်းပေါ်မှာ အစိမ်းရောင်များ မြင်တွေ့နေရလို့ ဖြစ်ပါတယ်။ ဒီနှစ် သင်္ကြန် ကိုတော့ မိစိမ်းကားတို့ ကဲတဲ့သင်္ကြံန်လို့ ဘဲ အမည်ပေးလိုက်တော့မည်။ ။
Fbacc:Nay Min Kha
msc:လျှောက်ထားဆဲ
@kyawwintun
Sort: Trending