ဒီတပတ်တော့ မယ်ကြည်တို့မြို့ငယ်လေးမှာ နတ်ပွဲဖစ်နေတော့ကာ မမကြည့်အိမ် ဧည့်သည်တွေ များနေရော..။ အဲ့ဒါနဲ့ ဒီတစ်ပတ် pro ကြိုတင်ဖို့ အနည်းငယ် အတိမ်းစောင်းလေးတွေ ဖြစ်နေရော..။ ဘာရေးမလဲ တွေးကြည့်တော့ ခေါင်းထဲ ဗလာဖြစ်နေတယ်။ ခုဖြစ်နေတဲ့ နတ်ပွဲအကြောင်း ရေးရအောင်ကြ ကိုယ်လဲ သေချာမသိဘူး..။ ဆိုင်တွေက ဟိုနေ့ကပဲ ပုံတွေ တင်ပြီးတော့ ရေးလို့ကမရ..။ နတ်ပွဲအကြောင်း ကိုယ်တွေသေချာမသိပဲ ရေးလို့ မဖြစ်ဘူးလေ..နော.။ အဲ့ဒီတော့ကာ အားလုံးသိကြတဲ့ အကျွမ်းတဝင်ရှိကြတဲ့ အချစ်အကြောင်းလေး ရေးချင်စိတ်ဖြစ်လာရော..။
LOVE တဲ့ဗျာ..။ အတော်လေး ခမ်းနားပြီး ဆန်းကြယ်ပါတယ်..။ အချစ်အကြောင်း ဘယ်သူတွေ သေချာသိကြပါသလဲ..။ အချစ် အဓိပ္ပာယ် လေးတွေကတော့ အမျိုးမျိုးဖွင့်ကြတာပဲလေနော့..😁😁။ တချို့က...LOVE IS FIRST SIGHT တဲ့ဗျာ..😍။ မြင်မြင်ချင်း ချစ်မိတယ် လို့ ဆိုလိုပါတယ်..။ သေသေချာချာတောင် မမြင်ရသေးဘူး ဇွတ်ချစ်ချင်ကြတာမလား😁😁။ ဟုတ်တယ်လေ မြင်မြင်ချင်းဆိုတော့ကား..သေချာမှ 😌😌မတွေ့သေးတာမဟုတ်လား။ အဲ့ဒါနဲ့ဗျာ နောက်တစ်ချို့က LOVE IS BLIND ဖြစ်သွားကြရော..။ ဘယ်လောက်တောင် Blind ဖြစ်ကြသလဲဆို အသားမဲတဲ့သူကို ဟယ် ရွှေရောင် လေးလို့ မြင်တယ်..။ ပိန်ညောင်ညောင်ကျ cute တယ်လို့ မြင်တယ်..။ ဖက်တီးကျတော့ smart ကျနေပြန်ရောမလား။ ထုံထုံအအကျ အော်..သူ လူရိုးလေးလို့ မြင်တယ်😁😁။ ကန်းနေကြပုံ ပြောပါတယ်😅😅။ အာ့လို မျက်ကန်း အချစ်သမားတွေလဲ ရှိတယ်နော့..။ ချစ်တာကိုးဗျ😋😋။
အဲ့ဒါမှာ နောက်ထက် ကြားဖူးတာက
IT IS IMPOSSIBLE TO LOVE AND BE WISE..တဲ့ ။ ချစ်မိတဲ့နောက်တော့ မျက်စိသာမဟုတ် စဉ်းစား ဥာဏ်ပါ မရှိနိုင်တော့ဘူးတဲ့..😌😌။ ဒါက မျက်ကန်းချစ်နဲ့ ချစ်တဲ့သူတွေကို သရော်တာပေါ့လေ..😊😊။ တချို့ ဟုတ်နေတာပဲ မျက်ကန်းချစ်နဲ့ ချစ်တယ် ချစ်မိတဲ့နောက်တော့ ဘာမ မတွေးနိုင်တော့ဘူး ဘာလို့ဆို သူမှသူ ချစ်နေမှကိုး😁😁။ နောက်ထက် အချစ်တစ်ခုက TO BE WISE AND LOVE, EXCEEDS MAN”S MIGHT လို့ ဆိုပြန်ရော..။ ချစ်လစ်လဲချစ် စဉ်းစားဥာဏ်လဲ ရှိဖို့ဆိုတာ လူ့စွမ်းအားနယ်ပယ်ကို ကျော်လွန်သွားတဲ့ကိစ္စ ပါတဲ့😁😁..။ ဟုတ်တယ် ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ နော့ ချစ်ရင်းနဲ့ စဉ်းစားဖို့ကကျ.. 😇😇။ ဒါကကျ မျက်ကန်းချစ်သမားတွေကို အားပေးထားတာမလား..။
အရူးအမူး ချစ်ကြသကိုးဗျ..။ LOVE THAT IS NOT MADNESS IS NOT LOVE တဲ့ မရူးရင် အချစ်စစ် အချစ်မှန် 😋😋မဟုတ်ဘူးတဲ့ဗျာ ။ ကဲ ရူးကြပေတော့😁😁။ နောက်ထက်က အများကြီးဗျ..။ မျိုးကြီးက ဆိုထားတယ် ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ တဲ့..😁😁။ ပိုးအိစံကကျ အချစ်ဆိုတာ ရယူခြင်းမှ မဟုတ်ပဲ မဏိစန္ဒာတဲ့.. 🤗🤗။ ဒုက္ခ ပဲ ဘယ်သူ့ ပြောတာ နားထောင်ကြရမလဲ 😂😂ဟင် ။အိမိထောင်တစ်ခုမှာတော့ အချစ်စစ် အချစ်မှန်ကို အုတ်မြစ်ချမှ အဆင်ပြေကြမယ်မလား😁😁။
အသည်းကွဲနေတဲ့ မိန်းကလေးတွေ အနေနဲ့ ယောက်ျားလေးတွေကို လွမ်းဆွတ်မနေကြပါနဲ့ ယောက်ျားဆိုတဲ့ အမျိုးက လိမ်လည်တတ်ကြသူတွေ ချည့် မဟုတ်ပါလား..။ တစ်ခုထဲ ဘယ်တော့မှ မဆွဲ မြဲဘူး..။ တွေ့သမျှ ရေအိုင် ခြေဆေးချင်သူချည့်ပါပဲလို့...😁😁။ အဲ...😁😁 အသဲကွဲနေတဲ့ ယောက်ျားလေးတွေ အနေနဲ့ကျတော့လဲ မိန်းမဟူသည် ဆောင်းလေပမာညီ...တဲ့ ပြီး မိန်းမမာယာ သဲကိုးဖြာတဲ့ဗျာ ဒီလောက် ဒီလောက် တော်သေးတာ လို့ ...ဖြောင်းဖြပေးတာပါလို့..။
တကယ်က ယောက်ျားနဲ့ မိန်းမ အပေါ် လွှမ်းမိုးတဲ့ အချစ်စိတ် မတူညီတဲ့အကြောင်း ကြားဖူးသေးတယ်ဗျာ..🙃🙃။
LOVE IS THE WHOLE HISTORY OF A WOMAN”S LIFE...😔
IT IS ONLY AN EPISODE IN MAN”S...တဲ့
အချစ်ဆိုတာ မိန်းမတွေအတွက် တစ်ဘဝစာပေမဲ့ ယောက်ျားတွေတွက်ကြ ဘဝရဲ့ ကဏ္ဍ တစ်ခုသာ ဖြစ်တယ်တဲ့..။ စိတ်မကောင်းစရာပါပဲ..😧😧။ မဟုတ်ပဲနဲ့ လည်း ရှေးလူတွေက ရေးခဲ့မယ် မထင်ဘူးလေ..။
တချို့ကကျ ကြယ်တွေအိုသွား လောကကြီးနောက်ဆုံးနေ့ထိ မင်းမှမင်း ချစ်မယ်လို့ အပြောကောင်းနေကြပေသိ တစ်ချို့ကကျ အချစ်စစ်ဆိုတာ တစ္ဆေတစ်ကောင်ပါတဲ့..။ ကြားသာကြားဖူးတာ 😜😜မမြင်ဖူးကြဘူးတဲ့ ။
အချစ်ရဲ့ စွမ်းအားဟာ သိပ်ကြီးပါတယ်..။ LOVE CONQUERS ALL THINGS..တဲ့ အချစ်ဟာ အရာရာ အောင်နိုင်တယ်တဲ့..။ အိမ်း...အချစ်အကြောင်း ပြောဖြစ်တော့ မူးတောင်သွားတယ်..။ အချစ်ကို အချစ်လို့မြင်ပြီး အလယ်အလတ်လေး ချစ်ကြပါလို့..😁။ စာဖတ်သူအပေါင်း ချစ်သူနဲ့ ညားကြပြီး ညားသူတိုင်း ချစ်ကြပါစေလို့ ဆုတောင်း ပေးရင်း 😍😍နိဂုံးချုပ်လိုက်ရပါတယ် ။
MSC 050Author @kyi
မမ. ပြောပြတဲဂန္တဝင်အချစ် တေက ခေးမူးလက်တာမမရာ😢😢တော်ပပြီး မမကိုပဲချစ်တော့မယ်.. တခြားဟာသွားချစ်. စိတ်မချရ😋😋😋😍😍မမ အာဘွား မွ မွ 😍😍😍😋😋
ဟားဟား အေးပါအေ 😍😍
ခေး မမကိုပဲချစ်တော့မယ် ဘူချစ်တော့ပု😋😋😋
😂😂
အချစ်တွေကအမျိုးမျိုးအစုံစုံဘဲနော့ကြည်😊
အစုံပဲ ဘာတေ ရေးမိမန်း မသိတော့ပု မူးတွားတေ😂
ကြည့် ရဲ့ တစ်ကိုယ်လုံးပဲလှတယ်
အဖိုးထိုက်ရတနာပေါင်းစုထားသလိုနှယ်
😠😠
အဟေးဟေး😁😁
မမလှလှ
သက်လေးလဲ လှလှ😍😍
အချစ်အကြောင်း ရေးချင်နေပြီလား။ အချစ်ဆိုတာ သူနဲ့ တွေ့ဆုံသူတိုင်း သူ့ကို နှုတ်ဆက်စကားတော့ေ ပြာကြတယ်။
အဟိ မင်ဂါပါလို့လား🤔🤔😊
ဘယ်လို ချစ်ရမလဲ မသိတော့ဘူးဗျ...😢😢
အေးဆို နှစ်သက်သလိုသာ ချ😌
နည်းမျိုးစုံပါလား မမရယ် များလိုက်တာ
စုံနာပဲ ဒါတောင် နဲနဲ လျော့ထားတာရယ်😊😊
မတ်မတ် လှ တယ်😁😁😁
အမ် လှပု😂😂
အပျို ကြီးက အချစ်အကြောင်းတော်တော်သိတာပဲ
မဟုတ်ရပါပုဗျာ 🤣🤣
အယ်
တို့ မမတောင် အချစ်အကြောင်းတွေဘာတွေ ရေးနေပီ ဟေးးး
ပိုးနဲ့ မမနဲ့ ဒီတစ်ပတ် ဆင်တူ သလိုလေး ဖြစ်နေရော🤣😊
တို့ မမကတော့ အမြဲလှနေတာဘဲ
ဟဲ ဟဲ ဆြာ မျက်မှန် မတက်နဲ့တော့😊😊
တစ်ယောက်တစ်မျိုးစီကတော့ရူးကြတာဘဲနော်
ဟုပါ့ ဟုပါ့ အရူးတေပါ ညီမရေ😁😁ဟိ
အလို သူပြောတာနဲ့ဘဲ့ လက်တွေ ခြေတွေ မရှိတဲ့ ချစ်သူလေးကျ ကိုယ့်ကို တစ်သက်လုံး မရိုက်မကန်မည့်သူလေး စကားမပြောတတ်သူကျတော့ စကားလုံးနဲ့တောင် နာကျင်အောင်ပြေမှာမဟုတ် မျက်လုံးမမြင်ပြန်တော့ ငါလှလှမလှလှ ချစ်နေမှာဘဲ နားမကြားပြန်တော့ ငါဘယ်လောက်ပြောပြော ခွင့်လွှတ်မည့်သူဆိုပြီး တွေးနေကြပုံ ပေါ်မလားဘဲ ။ အထက်ပါ အချက်လက်များနှင့် ပြည့်စုံသူ လဲ ရှာနဲ့ဦးနော် ။ သတိ - ပြည့်စုံသူ ဆွာ ဟို ပြည့်စုံ မဟုတ်ပါ ။
@pyaesonekhinkhin လာဖတ်ပါအုံး ခေးကို ပြောနာ သူက😉😉🙃🙃
ပြည့်စုံက ပြည့်စုံပေါ့အေ့ ဟိုတေဒီတေသိပုအေဒိုမီအိုပါး @domelay နာ့မမကို ဘာကျောတာယဲ
😂😂😍😍မမခေး မွ မွ😁
ဘာတွေပဲ ဖြစ်ဖြစ် မမရယ် ကျွန်တော် ကတော့ ချစ်လို့ ကို ချစ်တာ ဘာအကြောင်းပြချက်မှကိုရှိဘူး ဒီတိုင်းလေးပဲ ချစ်တယ် 😂😂
အယ်လဲ့ good ဟ😁