ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅
ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅
ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(4)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(5)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(6)အား ဖတ်ရူပါရန် Link✅
ရင်နင့်ကြွေ(7)အား ဖတ်ရူပါရန် Link✅
အပိုင်း (၈)
အလုပ်တတ်ရမည်မလို့ နေ့လည်ခင်း ဖယ်ရီနှင့် အလုပ်သာ လိုက်လာရသည်။ စိတ်ကမပါချေ။ တာဝန်အရမို့သာ အလုပ်က လုပ်နေရသည်။ အလုပ်အတူလုပ်ကြသူချင်း စကား အော်ပြောလိုက်ကြ၊ ရယ်စရာ ပြောလိုက်ကြ၊ ငြင်းခုံလိုက်ကြနှင့် စိတ်အနည်းငယ် သက်သာရရလေသည်။ ညဘက် အလုပ်က အနည်းငယ်စောသိမ်းရသဖြင့် မိမိတို့ ၉နာရီကျော်ခန့်တွင် အလုပ်အနောက်ဘက်ရှိ သန့်စင်ခန်းသို့ အဖော်နှင့်ထွက်ခဲ့ပြီး ထွက်ပေါက်အနီးသို့ ပြန်ဝင်လာခဲ့သည်။
မိမိထိုင်နားနေသည်က ထွက်ပေါက် တံခါး မျက်စောင်းထိုးတွင် ထိုင်လျှက် အဖော်ပါလာသူနှင့် စကားစမြည် ပြောဆိုနေချိန် အပြင်ဘက်မှ ခွေးက သူတို့နှစ်ယောက် ထိုင်နေရာသို့ ထိုးဟောင်နေလေသည်။ ဒေါ်မိုးမိုးမှ
"မငွေသိန်း ခွေးက ကျုပ်တို့ကို ဟောင်နေတာလား”
"အေး မိုးမိုး ဟုတ်တယ်အေ့ ဘာလို့ပါလိမ့် ဘေးဘီကြည့်ဦး အကောင်ရှည်တွေ့လို့ ဟောင်နေတာလား မသိဘူးအေ”
ဒေါ်မိုးမိုးနှင့် ဒေါ်ငွေသိန်းတို့ ထိုင်နေရာမှ ဘေးဘီ ကြည့်မိကြသည်။ မည်သည့်အကောင်မှ မတွေ့ရပေ။
ဒေါ်ငွေသိန်းမှ
"မိုးမိုးရာ ကင်းပုစွန်ကောင်တွေ ဘာတွေ တွေ့တာနေမှာပါ..”
"အင်း ဟုတ်မှာ မငွေသိန်း ကျုပ်တို့ ဝင်ကြစို့လေ ”
စကားပြောရင်း အလုပ်ထဲ ပြန်ဝင်ခဲ့ကြလေတော့သည်။ အပြင်ဘက်တွင်တော့ ပိန်းပိတ်အောင် မှောင်ကြလျှက်..။
ညဘက် ဖယ်ရီနှင့် အိမ်ပြန်ရောက်လာသော်လည်း မအိပ်နိုင်သေးပေ။ သမီး မိမိတို့ ရှိလျက် မည်သို့ ထွက်သွားသနည်း တွေးနေမိသည်။ မိမိအိမ်သည် ပေလမ်းမနှင့် နီးသည်။ သူ့အချိတ်ဆက်များအား ပေလမ်းမှ စောင့်ခိုင်းပြီးထွက်ဟန်တူသည်။ တစ်ခါက သမီးဖုန်းလာနေ၍ သူမ မရှိ၍ တစ်ခါ ကိုင်လိုက်ဖူးသည်။
"ဟဲလို”
တစ်ဘက်မှ
"ဟဲလို မ ကျွန်တော် မတို့ ရွာထိပ်နားမှာ ထွက်ခဲ့အုံး”
မိမိမှာ အမလေးဟု ရင်ဖိလျက်
"ဟဲ့ မင်းက ဘယ်သူတုံး ဘယ်ကတုံးကွဲ့”
မိမိ အသံရှည်ကြားသည်နှင့် တီကနဲ ဖုန်းချသွားလေတော့သည်။
ထို့နောက် သမီးပြန်လာတော့ ပြောပြ ဆူပူတော့
"အမေကလဲ ဖုန်းမှားဝင်တာနေမှာပါ ကျုပ်ဆီ ဘယ်သူမှ အာ့လိုပြောမဲ့သူ မရှိပါဘူး လာလည်း မလာပါဘူး တော်..”
ဟုသာ နှုတ်ခမ်းတလမ် ပန်းတလမ်နှင့် ရန်တွေ့ခံရလေသည်။ ယခု စဉ်းစားနေသည်က မည်သူက ခေါ်သွားပါသနည်း။
သမီးပျောက်နေတာ စနေညကဆိုတော့ ယနေ့ တနင်္လာညမလို့ .သမီးပျောက်နေတာ ၂ရက်ခန့် ရှိလေပြီ...။ သမီးပျောက်နေကြောင်း ရွာလူကြီး အား အသိပေးမှ ဖြစ်အုံးမည်ဟုလည်း တွေးမိသည်။ မိမိသမီးကြောင့် ကိုယ်ပေါင်ကိုယ်လှန်ထောင်းရ သလို ဖြစ်မှာလဲ စိုးလှသည်။ သားသမီးချင်းတူတူ မိမိသမီးကျမှ မည်သို့ ထိုသို့ ဖြစ်ရသနည်းဟု တွေးရင်း ဖြေမဆည်နိုင်ပေ။ မိမိ အဆုံးအမ မတတ်လို့လား သူမကိုယ်တိုင်က ညာဉ်ဆိုး ပါလာသလား မတွေးတတ်တော့ပါချေ။
ညတာရှည်လွန်းလှသည် ထင်မိသည်။ မနက်တော့ ရွာမှာ သူငယ်ချင်း ဆုံးလို့ နာရေး သွားရအုံးမည်။ ကြိတ်မှိတ်အိပ်မှ ဖြစ်အုံးတော့မည် တွေးရင်း နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် သာ .....😔
ဆက်ရန်......
(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)
Msc 050Author @kyi
သူငယ်ချင်းဇွဲကောင်းတယ်နော် အရှည်ကြီးဘဲ
ငါ့အထင် တကယ့် အဖြစ်ကို ရေးနေလို့ ရှည်နေတာပါဟ ၁၀ဆို ပီးပါပီ
ပြီးထပြီလား cb ကနေ ပို့ပေးချင်ဘူးလားဟင် ။
အကောင်ရှည်က ဘာမှန်းမသိလို့  သူငယ်ချင်းမေးကြည့်တော့ မြွေကို ခေါ်တာတဲ့ ကင်းပုစွန်ကတော့ သူလည်းမသိဘူးတဲ့ ဦးဇင်းလည်း မကြားဖူးဘူး မကြည်ရေ အဲ့ဒါလေးနားမလည် ကျန်တာကတော့ ဆွဲဆောင်မှုအပြည့်ပဲ
ကင်းမြီးကောက်လို့လဲ ခေါ်တေလေ ဦးဇင်း ပုစွန်လို လက်တေနက်မလို့ ကင်းပုစွန်လို့လဲ ခေါ်ပါတယ်😊
ခွေးဟောင်တယ်ဆိုတော့ သေပြီထင်တယ်။
ခွေးတွေက သရဲ မြင်တယ်တဲ့ အဲ့ဒီညက အာ့လိုဖြစ်တယ်တဲ့ အန်တီကြီးပြောပြတယ် ကိုမဟော်
နာလဲဝင်ဘုတယ်နော်
ကျေးဇူးပါတော်😁
ရုပ်ရှင်ရိုက်လို့ရနေပြီ
မင်းသား မင်းသမီး ရွေးပေးပါအုံး😁
အလိမ်ခံရတာကလေ မသိလို့မဟုတ်ပဲ သိသိကြီးနဲ့ အလိမ်ခံနေကြတဲ့ခေတ်ရောက်နေသလားတောင် အောက်မေ့မိပါတယ်ဗျာ တကယ်ပါ
ဆိုးတယ် ဥစိုး😔
Congratulations @kyi ! You received a 0.67% upvote from @kryptoniabot & @kryptonia for your task of 10 SUP Today.
Remember to receive votes from @kryptoniabot
Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.
Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP
Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.
ဒါဆိုသူ့သမီးပျောက်နေတာဘယ်သူမှမပြောဘဲကျိတ်ပြီးနေရတာပေါ့...သနားပါတယ်ဒေါ်မိုးမိုးကို...
သနားစရာပါ ညီမ😔
ဘာတွေဆက်ဖြစ်အုံးမလဲ မယ်ကြည်
ဘာတေ ဖြစ်အုံးမလဲ😔
နိမိတ်ပြစကားလေးထည့်ပြသွားတာမို့ ဇာတ်သိမ်းတော့ နီးပြီထင့် ... ရင်မှာ တနင့်နင့် ...
စိတ်မကောင်းစရာပါ ညီမ😟
ဟူး . ရင်မောလိုက်တာမမရာ😓😢😢
အင်းဆို 😞
ဒေါါ်မိုးမိုးသမီးများ တစ်ခုခု ဖြစ်နေရော့သလား မမရေ
😞😞