အလုပ်လေးပါးတုန်း internetဖွင့်ပြီး facebookပေါ်ဟိုကြည့်ဒီကြည့် ကြည့်နေမိသည်။မထင်မှတ်ပဲ ပုံပြင်လေးတစ်ပုဒ်တွေ့လိုက်မိသည်။မူလတန်းတုန်းက သင်ရတဲ့ ''မပုကြွယ်နှင့်ခရုငယ်'' ဆိုသော ပုံပြင်လေးတစ်ပုဒ်။
ပျင်းပျင်းရှိတာနဲ့ ပုံပြင်လေးကိုဆုံးအောင်ဖတ်နေမိသည်။ စ ဆုံး ဖတ်ပြီးသွားသည့်အခါ ကျွန်တော့် ဦးနှောက်ထဲ စဉ်းစားစရာတွေအပြည့်ကျန်နေခဲ့သည်။ စာညံ့လှပါသည်ဆိုသည့် မပုကြွယ်လေး တစ်ရွေ့ရွေ့နှင့် တိုင်ထိပ်ကိုဖြည်းဖြည်းချင်းတက်နေသည့် ခရုလေးကိုကြည့်ကာ ငါလဲတစ်နေ့ကိုနဲနဲချင်းကျက်ရင် ရမှာပဲဆိုသည့်ကောင်းတဲ့ဘက်က တွေးယူပြီး ကြိုးစားလိုက်တာ အတန်းထဲမှာစာတော်တဲ့ကလေးတစ်ယောက် ဖြစ်လာတယ်။
ဒီနေရာမှာ တစ်ချက်စဉ်းစားမိတာက 'အတွေး' ပေါ့နော်။ အတွေးက ယေဘုယျအားဖြင့် နှစ်မျိုးရှိတာကို။ ကောင်းတဲ့ဘက်ကတွေးတဲ့အတွေးနဲ့ ဆိုးတဲ့ဘက်ကတွေးတဲ့ အတွေး ။ မပုကြွယ်လေးက ကောင်းတဲ့ဘက်ကတွေးမိလို့သာ စာတော်တဲ့ကလေးတစ်ယောက်ဖြစ်လာတာ။ အဲ့လိုမဟုတ်ပဲ သူကဆိုးတဲ့ဘက်တွေးလိုက်မယ်ဆိုရင် 'ဟာ ဒီခရုလေးက နှေးလိုက်တာ ဘယ်လိုလုပ်တိုင်ထိပ်ရောက်တော့မှာလဲ ငါလဲ ဒီခရုလေးလိုလဲ လေးလံနှေးကွေး ဥာဏ်ထိုင်းလို့သာ အတန်းထဲမှာစာညံ့နေတာ အဲ့လောက်ထိုင်းနေမှတော့ ကျက်လဲရမှာမဟုတ်ဘူး ကျက်မနေတော့ပါဘူး ' ဆိုတဲ့ ဆိုးတဲ့ဘက်ကသာ တွေးခဲ့ရင် သူဟာ စာတော်တဲ့ကျောင်းသူကလေးဖြစ်လာစရာအကောင်းမရှိဘူး။
အဲ့လိုပဲဗျ ခဗျားတို့ ကျွန်တော်တို့နေထိုင်တဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလဲ အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေတာပဲ။ကောင်းတာတွေရှိသလို ဆိုးတာတွေရှိမယ်။ အဲ့တော့ ကျွန်တော်တို့က ကိစ္စရပ်တစ်ခုအပေါ်မှာအကောင်းဘက်ကဖြည့်တွေးတတ်ဖို့လိုတယ်။ ဒါမှသာ လူသားဆန်တဲ့လူတွေဖြစ်လိမ့်မယ်။အဲ့လိုမဟုတ်ပဲ အဆိုးဘက်ကချည်းတွေးနေမယ်ဆိုရင် လူ့ပတ်ဝန်းကျင်အသိုင်းဝိုင်းဟာ အနိဌာရုံတွေနဲ့ပြည့်နေမှာပေါ့။အဲ့တော့ ဒီပုံပြင်လေးဖတ်ပြီး ပထမတစ်ချက် သင်ခန်းစာရလိုက်တာက ကိစ္စရပ်တစ်ခုဖြစ်ပျက်လာတဲ့အခါ အကောင်းဘက်က ဖြည့်တွေးတတ်ရမယ်ဆိုတာပါပဲ။
နောက်တစ်ချက်က ပုံပြင်လေးဖတ်ပြီးကိုယ့်ကိုကိုယ်ပြန် သုံးသပ်မိတယ်။အသက်က လူလတ်ပိုင်းအရွယ်ရောက်လာပေမဲ့ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘူး။ ဘာအောင်မြင်မှုတစ်ခုမှ လက်ဆုပ်လက်ကိုင်မပြနိုင်သေးဘူး။အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကိုယ့်ကိုကိုယ်သိမ်ငယ်မိသည်။သို့သော် ''မပုကြွယ်နှင့်ခရုငယ်''ဆိုသော ပုံပြင်လေးကို ဖတ်မိတဲ့အခါ အားတွေတက်လာမိသည်။ယုံကြည်မှုတွေအသစ်တစ်ဖန် ပြန်ရှိလာသည်။ ယခုအချိန်ကပြန်စလျှင် မှီသေးသည်။ မပုကြွယ်လေးလို မပျင်းမရိကြိုးစားလျှင် လူလတ်ပိုင်းအရွယ်မကုန်ခင် အောင်မြင်မှုတစ်ခုရနိုင်သေးသည်။ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ပညာရေးခေတ်ဖြစ်သည်။ကမ္ဘာကြီးသည် အလွှာပေါင်းစုံမှ လျှင်မြန်စွာတိုးတက်လျှက်ရှိသည်။ကျွန်ုပ်တို့သည် တိုးတက်နေသည့်နည်းပညာတွေ ခေတ်ရေစီးကြောင်းတွေကို အမောတကောမှီအောင်လိုက်နေရသည်။နေ့စဉ်နေ့တိုင်း သင်ယူစရာတွေများပြားလွန်းလှသည်။သင်ယူလေ့လာချင်သည့် ပညာရပ်တစ်ခုကို ဖုန်းတစ်လုံးနှင့် ထိုင်ရာကမထ အိမ်မှာနေရင်းသင်ယူလို့ရနေပြီ။ အံသြထူးဆန်းလွန်းလှ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်ဝါသနာပါသော ကိုယ်လေ့လာသင်ယူချင်သောပညာရပ်တစ်ခုကို ဖြည်းဖြည်းမှန်မှန် ကြိုးစားသင်ယူလျှင် တစ်နေ့နေ့မှာ ရည်ရွယ်ချက်ပန်းတိုင်သို့ မလွဲမသွေရောက်ကိုရောက်ရဖြစ်သည်။
ဤသည်မှာ ပုံပြင်လေးတစ်ပုဒ်မှ ဆွဲထုတ်သွားသော ကျွန်ုပ်၏အတွေးအမျှင်အပိုင်းအစလေးများသာဖြစ်တော့သည်။ကျွန်ုပ်တစ်ဦးထဲ၏ အတွေးအမြင်သက်သက်သာ ဖြစ်ပါသည်။လွတ်လပ်စွာ သဘောထားကွဲလွဲတော်မူကြပါကုန်။ ![IMG_20180610_091134-01.jpeg](https://cdn.steemitimages.com/DQma4KsBJNzbMac81putSWLRPVs5XcazCD1m2XDPF6qvJdS/IMG_20180610_091134-01.jpeg)![KKKK.jpg
မှန်ပါသည်
ဟုတ်ကဲ့ ခုမှsteemitစသုံးတာဆိုတော့ အမှားပါရင်နားလည်ပေးပါဗျ
ကြိုးစားလျှင်ပန်းတိုင်အမြဲရှိမှာပါ
ဟုတ်ကဲ့ကျေးဇူးပါဗျ