photo credit by facebook
ပျော်စရာတွေယူဆောင်ပေးတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကိုရောက်လာခဲ့ချိန်မှာ အရာရာဟာနွေးထွေးနေခဲ့ပေါ့။သူ့အတွက်အစစအရာရာအဆင်ပြေအောင် ကြိုးစားခဲ့ရတဲ့အချိန်တွေမှာ ကိုယ့်စိတ်တွေလှုပ်ရှားနေခဲ့မိတယ်။ဘဝမှာပထမဦးဆုံး ကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေများလာမှာကိုတော့ ကိုယ်ကြိုတင်ရင်ခုန်မိနေတယ်။
ကိုယ်ငယ်ငယ်ကတည်းကနေ အရွယ်ရောက်လို့အိမ်ထောင်ပြုခဲ့တဲ့အချိန်အထိ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တာဆိုလို့ အိပ်တာ စားတာနဲ့ ခရီးတွေသွားတာပဲရှိခဲ့တာမို့ ကိုယ်အိမ်ထောင်ပြုတော့မယ်ဆိုတော့ ကိုယ့်အဖေကစိတ်ပူနေခဲ့သေးရဲ့။ကိုယ်ရဲ့အိမ်ထောင်ဖက်က ကိုယ်နဲ့အယူအဆသိပ်မကွာသူမို့ နားလည်မှုတွေတော့ အများကြီးမယူခဲ့ရတာ ကိုယ့်အတွက်ကံကောင်းမှုတစ်ခုပေါ့။
တစ်ခါတစ်လေတော့လည်း တစ်မိဘတည်းကမွေးထားတဲ့မောင်နှမတွေတောင် စိတ်သဘောထားတွေမတိုက်ဆိုင်ကြတာရှိကြတာမို့ ကိုယ်တို့နှစ်ယောက်လည်း စိတ်ဆိုးတာစိတ်ကောက်တာတွေရှိခဲ့ကြတာပေါ့။ဒါပေမယ့်လည်း တစ်အိမ်ထဲမှာနှစ်ယောက်တည်းရှိတာမို့ သိပ်အကြာကြီးတော့ စိတ်မကောက်ဖြစ်ခဲ့ကြပါဘူး။သူလွန်သွားတာရှိရင် သူအရင်စခေါ်ပီး ကိုယ့်ဘက်ကလွန်တာရှိရင်လည်း ကိုယ်ကစခေါ်ခဲ့ရတာပေါ့လေ။
photo credit by facebook
ဒီလိုနဲ့ ကိုယ်တို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ တစ်ခါပြည့်သွားပီးတဲ့အချိန်မှာတော့ ကိုယ်တို့ရဲ့ဘဝထဲကိုနောက်ထပ်လူသားလေးတစ်ယောက် ထပ်မံရောက်ရှိလာဖို့အတွက်အစပြုခဲ့တယ်။အဲဒီအချိန်ကစလို့ ကိုယ်တို့နှစ်ယောက်ရန်ဖြစ်ဖို့အတွက် အချိန်မရှိခဲ့ကြတော့ပါဘူး။လူ့လောကထဲရောက်မလာသေးတဲ့သူအတွက် ရောက်လာချိန်မှာအဆင်သင့်ဖြစ်အောင်ပြင်ဆင်ကြရင်း စိတ်တွေလှုပ်ရှားနေခဲ့ကြတယ်။
ကိုယ်တို့အစစအရာရာပြင်ခဲ့ကြတဲ့အထဲမှာ ပထမဦးဆုံးဘယ်အိုဂျီနဲ့အပ်ရမလဲပေါ့ ဒုတိယစဉ်းစားရတာကတော့ ဘယ်ဆေးရုံမှာမွေးရမလဲ တတိယစဉ်းစားရတာက ကလေးမွေးပီးအလုပ်ပြန်တက်ရင် ကလေးကိုဘယ်သူကကြည့်ပေးမှာလဲ အစရှိသည်ပေါ့။နောက်ပီးတော့ စဉ်းစားရတာက မီးဖွားခွင့်ကာလက ဘယ်နေ့ကနေဘယ်နေ့အထိလဲ ဆိုတာတွေပေါ့။
photo credit by facebook
အားလုံးစဉ်းစားပီးတော့ အဆင်ပြေအောင်စီစဉ်ပီးတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အိမ်ဦးနတ်ကသတိပေးလာခဲ့တယ် "မင်းစာမရေးတာတော်တော်ကြာနေပီနော်"တဲ့။အဲဒီတော့မှ ကိုယ်လည်းစာရေးဖို့ကိုပြန်သတိရမိတယ်။တစ်ဖြည်းဖြည်းပိုပီးပူပူလာတဲ့ ဗိုက်တစ်လုံးနဲ့ အလုပ်ရှုပ်နေတာနဲ့ စာရေးဖို့ဘက်ကို သတိမေ့သွားခဲ့မိတယ်။စာရေးမယ်လို့စဉ်းစားလိုက်ပြန်တော့လည်း ဘာအကြောင်းတွေရေးရမလဲဆိုတာ စဉ်းစားလို့မရလို့ ကိုယ့်ဗိုက်တစ်လုံးအကြောင်းကိုပဲ ဋီကာချဲ့ပီးရေးမိခဲ့ပြန်တယ်။
အတွေ့အကြုံရှိတဲ့သူတွေကတော့ ရယ်ချင်နေမလားမသိပေမယ့် ကိုယ့်အတွက်ကတော့ ဗိုက်တစ်လုံးနဲ့ တစ်ကယ်ကိုအလုပ်ရှုပ်နေမိတာတော့အမှန်ပါပဲ။စကားမစပ် steemit က မီးဖွားခွင့်ဘယ်လောက်ပေးလဲ သိချင်မိပါရဲ့။
MSC 230@leeshang
မေမေဖြစ်တော့မယ်ဆိုတော့ပျော်စရာပေါ့....
Posted using Partiko Android
ဟုတ်ကဲ့
ဟားး!မီးဖွားခွင့် ဘယ်လောက်လိုချင်လဲေ ပြာကြည့်၊မဗိုက်ရေ နီးပြီးမလား။ကျန်းမာပါစေ ညီမ။
တစ်နှစ်လောက်လိုချင်မိပါရဲ့
ဗိုက် ဗိုက် ဗိုက်
အာ့လို အာ့လို
အဆင်ပြေပါစေဗျာ
Posted using Partiko Android
ဆုတောင်းပေးတဲ့အတိုင်းဖြစ်ချင်ပါတယ်
အိမ်ရဲ ဆည်းလယ်လေးပေါ့ကွယ်
Posted using Partiko Android
ပြောကြတာပဲလေ
နာ့အမေ ဗိုက်ကြီးတုန်းက မဗိုက်လို့ခေါ်ကြတာ နံမယ်ကိုမခေါ်ကြတာသတိယတယ်
ဟုတ်တယ် ခုလည်း နာမည်ပျောက်တော့မယ်
ယောင်္ကျားဖောင်းစီး မိန်းမမီးနေတဲ့ ဂရုစိုက်ဦးနော် sis.

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.
ဟုတ်ကဲ့ ကျေးဇူးပါ
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community
Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။This post was shared in the #burmese-curation channel in the for curators, and upvoted and resteemed by the @c-squared community account after manual review.
ဂုဏ်ယူစရာမိခင်များပါဗျာ။
ဂုဏ်ယူစရာသားသမီးလေးများလည်း လိုချင်မိပါရဲ့
ဝမ်းသာပါတယ် ညီမရေ ခုလို စာပြန်ရေးတာမြင်ရလို့လဲ ဝမ်းသာတယ် ကလေးလေးကြီးလါရင် ပြလို့ရမယ်လေ ညီမ ကလေးတွက် ခံစားချက်တွေ များများရေးပါလို့😁
Posted using Partiko Android
ဟုတ်ကဲ့ ကြိုးစားပါ့မယ်
မိဘတစ်ယောက်ရဲ့ ခံစားမှုကို စတင်ခံစားလာမိပြီပေါ့နော်
ဟုတ်ကဲ့
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.
This post has received a 10.59% upvote from
Do you know, you can also earn daily passive income simply by delegating10SP, 100SP, 500SP, 1000SP or Another amount your Steem Power to @minnowhelper by clicking following links:
Defended (4.55%)
Everything You Need To Know About Sneaky Ninja
woosh Summoned by @leeshang Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Congratulations @leeshang! You received a personal award!
Click here to view your Board
Do not miss the last post from @steemitboard: