ခရီးတွေအများကြီးသွားခဲ့ဘူးပေမယ့် ဒီတစ်ခေါက်သွားရမယ့်ခရီးအတွက် ရင်ခုန်နေမိတယ်။မိဘတွေသူငယ်ချင်းတွေနဲ့ပဲ ခရီးတွေအမြဲထွက်ခဲ့ဘူးသူမို့ ဒီတစ်ခေါက်ချစ်တဲ့သူနဲ့အတူ ခရီးအတူထွက်ဖို့စီစဉ်ရတာ ကိုယ့်အတွက်တော့ စိတ်တွေအရမ်းလှုပ်ရှားနေခဲ့မိတယ်။အမြဲတစ်ယောက်စာပဲစီစဉ်ခဲ့ရပေမယ့် ဒီတစ်ခေါက်မှာတော့ နှစ်ယောက်စာကိုစီစဉ်ခဲ့ရတဲ့အတွက် နည်းနည်းတော့ ပိုပီးဂရုစိုက်ခဲ့ရတာပေါ့။သွားရမယ့်ခရီးကလည်း ကိုယ်တို့ရဲ့ ဟန်းနီးမွန်းလေ။
ဟန်းနီးမွန်းကို မင်္ဂလာဆောင်ပီး ၆လလောက်မှထွက်ဖြစ်တာကတော့ ပိုပီးအမှတ်တရဖြစ်ခဲ့တာပေါ့။အမတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပီးပီးချင်း ဘယ်ကိုမှဟန်းနီးမွန်းမထွက်နဲ့ မင်္ဂလာဦးအချိန်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ဟန်းနီးမွန်းပဲဆိုတဲ့စကားကို လိုက်နာခဲ့မိတာ ကိုယ့်အတွက်တော့တော်တော်မှန်သွားခဲ့တယ်။
ကိုယ့်သူငယ်ချင်းတစ်ယောက်ကလည်းပြောဘူးတယ် သူဟန်းနီးမွန်းသွားတုန်းက သူ့အမျိုးသားကဟန်းနီးမွန်းခရီးကို laptop ယူလာတယ်တဲ့။တစ်လမ်းလုံးသူ့ laptopကိုပဲ ပွေ့ပိုက်ပီးတော့ ကားစီးလာတယ်တဲ့လေ။ဒါနဲ့သူငယ်ချင်းကလည်း သူ့ကိုဂရုစိုက်စေချင်တော့ airconကလည်းအေးလိုက်တာလို့ပြောလိုက်တော့ သူ့အမျိုးသားကအနွေးထည်ယူမလားလို့မေးတယ်တဲ့လေ။ဖက်ထားပေးရမလားလို့မေးရင် သေသွားမှာစိုးလို့လားမသိဘူးဆိုပီး သူငယ်ချင်းကဒေါသတွေထွက်နေတာကိုကြည့်ပီး ကိုယ်တို့တွေအားရပါးရ ရယ်ခဲ့ချိန်တုန်းကတော့ ကိုယ့်အတွေးထဲမှာပေါ်လာတာကတော့ ကိုယ်ဟန်းနီးမွန်းထွက်ရင် သူငယ်ချင်းတွေကိုပါခေါ်သွားမယ်ဆိုပီးတော့ပေါ့။
ကိုယ့်စိတ်ကူးထဲကအတိုင်းထွက်ခဲ့ရတဲ့ ဟန်းနီးမွန်းမှာ သူငယ်ချင်းတွေနဲ့သွားခွင့်ရအောင် ခွင့်ပြုပေးခဲ့တဲ့ကိုယ့်အမျိုးသားကိုလည်း ကျေးဇူးတင်မိတယ်။သူကတော့ပြောရှာပါတယ် သူငယ်ချင်းတွေပါတော့ သူ့ဒုက္ခတွေကို ဝိုင်းခံမယ့်သူတွေနဲ့ဆိုတော့ သူသက်သာတာပေါ့တဲ့လေ။ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့အတူ သွားခဲ့ရတဲ့ဟန်းနီးမွန်းကတော့ ပျော်စရာကြီးပေါ့။
ပထမဆုံးကိုယ်တို့သွားတဲ့နေရာကတော့ ပြင်ဦးလွင်မြို့လေးပေါ့။အေးအေးချမ်းချမ်းနဲ့သာယာတဲ့မြို့လေးမှာ လည်ပတ်ရင်း မဟာအံ့ထူးကံသာဘုရားကြီးမှာ ဆုတွေအတူတူတောင်းတဲ့အချိန်မှာတော့ သူငယ်ချင်းတွေကို ကိုယ်တို့ဘေးနားကို မလာစေချင်ခဲ့တာကို သူငယ်ချင်းတွေသိရင်တော့ ကိုယ့်ကိုဝိုင်းပီးကောင်းချီးပေးကြမှာ အသေအချာပါပဲ။
ပြင်ဦးလွင်မြို့ပီးတော့ နောက်ထပ်ကိုယ်တို့သွားခဲ့တဲ့နေရာကတော့ မန္တလေးမြို့ပေါ့။မဟာမြတ်မုနိဘုရားကြီးကိုအတူတူဖူးပီး တောင်သမန်အင်းမှာ အကြော်သွားစားခဲ့ရတာကတော့ ပျော်စရာအကောင်းဆုံးပေါ့။ဦးပိန်တံတားပေါ်မှာထိုင်ပီး လေးညှင်းခံရင်း ကိုယ့်ရဲ့ကိုယ်ပိုင် ကင်မရာမင်းနဲ့ ရိုက်ခဲ့ရတဲ့ဓါတ်ပုံတွေကတော့ အများကြီးပေါ့။
နောက်ဆုံးကိုယ်တို့သွားခဲ့တဲ့နေရာကတော့ စစ်ကိုင်းတံတားကြီးကိုဖြတ်ပီးး သွားခဲ့ရတဲ့ ဆွမ်းဦးပုညရှင်စေတီနဲ့ ကောင်းမှုတော်ပုထိုးတော်ကြီးကိုပေါ့။ဆွမ်းဦးပုညရှင်ဘုရားရှေ့မှာစားခဲ့ရတဲ့ အရွက်စုံသုပ်ကလည်း မမေ့နိုင်တဲ့ထဲမှာတစ်ခုအပါပေါ့။ကိုယ့်အမျိုးသားက ခရီးစဉ်ပီးတဲ့အချိန်မှာတော့ ကိုယ့်သူငယ်ချင်းတွေကို ပြောနေသံကြားရပါတယ်။ဟန်းနီးမွန်းထွက်ရတာလား ကလေးထိန်းထွက်ရတာလား မသဲကွဲဘူးတဲ့လေ။
ဘယ်လိုပဲဖြစ်ဖြစ် မင်္ဂလာဆောင်ပီးခြောက်လအကြာမှ သူငယ်ချင်းတွေနဲ့ ထွက်ခဲ့ရတဲ့ ဟန်းနီးမွန်းကတော့ ကိုယ့်ဘဝရဲ့အမှတ်တရတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်ဆိုတာတော့ ကိုယ်ငြင်းလို့မရနိုင်ခဲ့ဘူးဆိုတာတော့ အမှန်ပါပဲ။
MSC - 230@leeshang
ပျော်စရာ
အမှန်ပါ
ကိုယ်လည်း ထွက်ချင်လာတယ် ဟန်းနီးမွန်း😁😁
ထွက်လိုက်ပါ
တစ်သက်လုံး ကလေးထိန်းလုပ်ရတော့မယ်ဆိုတာတော့ မစဉ်းစားမိတာနေမှာ ☺☺☺
နောက်ဆိုကလေးနှစ်ယောက်ထိန်းရတော့မယ်
အမျိုးမျိုးဘဲ ၊အ ပြစ်ေ ပြာလိုက် ချီးကျူးလိုက်။မနက် ဖြန် ပွဲရှိတယ်နော်။
အဲ့လိုပဲ ချစ်ရတာပေါ့
ပြင်ဦးလွင်မြို့လေးက ဟန်းနီးမွန်းထွက်ဖို့ အရမ်းကောင်းတဲ့ မြို့လေးပါ ပျော်ရွှင်ဖွယ်ခရီးဖြစ်ပါစေ ညီမရေ
ကျေးဇူးပါအမ
ဟန်နီးမွန်းထွက်နိုင်ဖို့ ကြိုးစားတုန်းပါဗျာ
ထွက်ဖြစ်အောင်ထွက်ပါ
ရုက္ခဗေဒဥယဉ်ကြီးထဲ ဓာတ်ပုံတွေရိုက်ခဲ့ဖူးလား
ရိုက်ခဲ့တယ်ဦး အများကြီးပဲ ဟဲဟဲ
သူငယ်ချင်းတွေလည်းပါဆိုတော့ပျော်စရာကောင်းမှာပါ....
သူငယ်ချင်းတွေနဲ့ဆိုတော့ မပျင်းရဘူးပေါ့
ပျော်စရာ အားကျစရာ ဟန်နီးမွန်းခရီးလေးပါ
ပျော်စရာတော့ကောင်းခဲ့တယ်
ပေိာ်ရွှင်စရာကောင်းသော ဟန်နီမွန်းလေးပေါ့နော်
ဟုတ်ကဲ့
Great post!
Thanks for tasting the eden!
This post has received a 3.73% upvote from
For more information, click here!!!!
If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots. thanks to: @leeshang!!!
This post has received a 5.07 % upvote from @boomerang.
အားကျဒေ
မတ်တယ် ဟန်းနီးမွန်းတဲ့ ကြည်နူးစြာကြီး အားကျလတ်တာ ဟီး