မျှော်လင့်ထားပေမယ့် မျှော်လင့်ထားခဲ့သလို
ဖြစ်မလာတဲ့အခါအားငယ်စိတ်တွေ ဝင်မိပေမယ့်လည်း
စိတ်မပျက်သွားအောင် ကြိုးစားအားတင်းထားရတယ် ။
"လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့" ဆိုတဲ့စကားလိုပဲ
ကိုယ်လုပ်တဲ့အလုပ်တိုင်း အဆင်ပြေနေမယ်ဆိုရင်
ဘဝဆိုတာ ပျင်းစရာကြီးလိုဖြစ်သွားမှာပေါ့လို့ပဲ
စိတ်ထဲက တွေးရင် ဖြေသိမ့်နေရတယ် ။
အကောင်းဆုံးတော့ ပြင်ဆင်ထားပါတယ်
ဒါပေမဲ့ အဆိုးဆုံးတွေနဲ့ကြုံတွေ့လာရင်လည်း
ရင်ဆိုင်ဖို့ အသင့်ပါပဲ ဆိုတဲ့စကားလေးကို
ငယ်ငယ်ကတည်းက ကြားဖူတယ် ။
ကိုယ်ကကိုယ်လုပ်တဲ့အလုပ်ကို
အကောင်းဆုံးကြိုးစားနေဖို့ပဲ လိုအပ်တာပါ
ဖြစ်မလာတော့လည်း ကံတရားပေါ့လို့တွေးရင်
ကိုယ်ညံ့ဖျင်းတာကို ညံ့ဖျင်းတယ်လို့မယူဆပဲ
ကံတရားကို ပုံချပြီးတော့
" ငါညံ့ဖျင်းလို့မဟုတ်ပါဘူး ကံတရားက
ငါ့ဖက်မှာ ရှိမနေသေးလို့ပါကွာ
နောက်တစ်ခါဆက်ကြိုးစားခဲ့ရင် ကံတရားက
ငါ့ဘက်မှာရှိမှာပါကွာလို့ တွေးရင်းနဲ့
ကျရှုံးခြင်းတွေကို ခွန်အားအဖြစ်အသုံးပြုကာ
ဆက်ကြိုးစားခဲ့မယ်ဆိုရင် တစ်နေ့တော့
ကိုယ်မျှော်မှန်းထား မျှော်လင့်ခဲ့သလိုဖြစ်လာမှာပါ ။
ကိုယ်လုပ်တဲ့အလုပ် မအောင်မြင်ခဲ့လို့ ကျရှုံးတိုင်း
စိတ်ညစ်ရမယ်ဆိုရင် ဘဝမှာ ပျော်စရာအချိန်တောင်
ရှိမယ်မထင်ပါဘူး ။
ဒါကြောင့်မို့ လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့ ဆိုတဲ့စကားလိုပဲ
စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားဖို့လိုအပ်တာပါ
ကျနော်တို့အားလုံးစိတ်ဓာတ်မကျဘဲ
အောင်မြင်ခြင်းတွေ တွေ့ရှိ ရရှိဖို့
ရှေ့ဆက်ကြိုးစားလိုက်ကြရအောင် ။
photo from facebook@letwethondara
အရေး အသားကောင်းပါတယ်
good
good
Good
အားပေးနေပါတယ်ဗျ
မညစ်ပါဘူး
မှန်ပါတယ်
ရေးထားတာလေးတေကောင်းတယ်bro
Sneaky Ninja Attack! You have been defended with a 1.26% vote... I was summoned by @letwethondara! I have done their bidding and now I will vanish...Whoosh