သဒ္ဓါ ပညာ သတိ တရားလက်ကိုင်ထား

in #myanmar7 years ago (edited)

image
၁ ။သဒ္ဓါတရားသည်
ကုသိုလ်အားလုံး၏ အခြေခံဖြစ်၏။
၂။ပညာတရားသည်
ကုသိုလ်အားလုံး၏ လမ်းညွှန်ဖြစ်၏။
၃။သတိတရားသည်
ကုသိုလ်အားလုံး၏ အချုပ်ဖြစ်၏။

သဒ္ဓါမရှိရင် ဘယ်ကုသိုလ်မှ မလုပ်ဖြစ်ဘူး။
ပညာမပါရင် ကုသိုလ်လုပ်ပေမယ့်
လမ်းလွဲနေတာမျိုး ဖြစ်တတ်တယ်။
သတိက အားလုံးရဲ့ အချုပ်ပဲပေါ့။
သတိရှိနေရင် အကုသိုလ်ကို မလုပ်ဖြစ်ဘူး။
ကုသိုလ်တရားနဲ့ နေဖြစ်တယ်။
သတိရှိနေတဲ့စိတ်ဟာ ကိလေသာ မဖြစ်ဘဲ ဖြူစင်နေတယ်ပေါ့ ။

ဒါကြောင့် သဒ္ဓါတရားကို အရင်ခံ
ပညာလေးနဲ့အရာရာစဉ်းစားဆင်ခြင်သုံးသပ်
ဆုံးဖြတ်လို့ သတိတရားလေးကို
အမြဲမလွတ်စေဘဲ
တတ်နိုင်သမျှ ကုသိုလ်ကောင်းမူလေးပြုပါ ။

@letwethondara
photo from google