မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့
ဂျာမန်လူမျိုးတစ်ဦးက အဆောက်အဦးလေးတစ်ခုကို
မြင်တော့ သူ့ကိုလိုက်ပို့တဲ့တိုးဂိုက်လေးကိုမေးတယ်
ဂျာမန် - ဒီအဆောက်အဦလေးကို ဘယ်လိုခေါ်သလဲ
ဂိုက် - ဇရပ်လို့ ခေါ်ပါတယ်
မန် - ဘာရည်ရွယ်ချက်နဲ့ လမ်းဘေးမှာဆောက်တာလဲ
ဂိုက် - ခရီးသွားတွေ နားနားနေနေ နေရအောင်ပါ
မန် - ကပ်လျက်က ဘာလေးလဲ
ဂိုက် - သောက်ရေအိုးစဉ်လေးပါ
မန် - ထားရတဲ့ ရည်ရွယ်ချက်လေး
ဂိုက် - ခရီးသွားတွေ မောပန်းလာရင် ရေသောက်ရအောင်ပါ
မန် - ကောင်းတယ်ဗျာ။ရေသောက်ပြီး အဆင်သင့် နားဖို့  ခင်ဗျားတို့ လူမျိုးတွေရဲ့ စေတနာ ကောင်းမှု ရက်ရောမှု ဖော်ရွှေမှု တွေကို အတိုင်းသား မြင်တွေ့ ရတာပါဘဲ
ဂျာမန်နိုင်ငံသား ကို ရှင်ပြနေတဲ့ မြန်မာဂိုက်လေး ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေလို့ -----
မန် - ဒါနဲ့ ဒီသောက်ရေခွက်လေး ကို ဘာလို့ ကြိုးချည်သော့ခတ် ထားတာလဲ
ကျွန်တော့် မိတ်ဆွေပြောပြတဲ့ ၁၉၉၆ မြန်မာ့ ခရီးသွားနှစ် က အဖြစ်အပျက်လေးပါ
ကျွန်တော်တို့ သာ တိုးဂိုက်လေးနေရာမှာဆိုရင်ဘယ်လို ဖြေမှာ ပါလဲ
တိုးဂိုက်လေးကတော့ ချွေးပြန်အောင်စဉ်းစားပြီး ဖြေလိုက်တာက လေတိုက်ရင် လွင့် မပါအောင်လို့ ပါတဲ့ - - - - -
မနေ့ က အထိလည်း ရေခွက်မှာ ကြိုးတန်းလန်းလေးနဲ့ ပါ - - -
ဒီနေ့...မနက်ဖြန်....နောက်ထပ်
သောက်ရေခွက်လေးတွေ ကြိုးချည်မခံရအောင် ကျွန်တော်တို့ တွေ ဝိုင်းဝန်းကြိုးပမ်းကြပါဖို့ လိုအပ်လာပါပြီ - -
အမှန်တကယ်ကကြိုးချည်ရခြင်းအကြောင်းမှာ
@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!