နားခြောက်ဖက်မျောက်သည် စကြာဝဠာမျိုးစိတ်ဆယ်မျိုးထဲမှာ အကျုံးမဝင်သည့် လေးမျိုးသော ဓာတ်ဝိညာဉ်လေးမျိုးထဲမှာ တစ်မျိုးဖြစ်ပါသည်။ နာမည်ကြီး စွန်းဝူခုန်း နှင့် ဖွားဘက်တော်ဖြစ်ပြီး မယ်တော်ကြီး နွီဝါး၏ သွေးသားမှ ဖြစ်တည်လာသည့် တန်ခိုးရှင်မျောက်ပဲ ဖြစ်ပါသည်။ အခြားလေးမျိုးသော ဓာတ်ဝိညာဉ်ရှင်လေးပါးကတော့ ကျောက်တုံးမျောက် ၊ မြင်းပုံသဏ္ဍာန် မျောက်ဖင်နီ နှင့် ခြေလက်တံရှည်သည့်မျောက်လွှဲကျော် တို့ပဲ ဖြစ်ပါသည်။ အဲ့အထဲမှာ လူသားတို့၏ဖန်ဆင်းရှင်မယ်တော်ကြီး နွီဝါးမှဖြစ်တည်လာသည့် သတ္တဝါအများကြီးထဲမှာလည်း နားခြောက်ဖက် နှင့် စွန်းဝူခုန်းလည်း အပါဝင်ဖြစ်ပါသည်။ မွေးဖွားသည့် မိဘချင်းအတူတူ အဘယ်ကြောင့် လျှို့အယ်မီဟိုက နေရာမရသလဲဆိုသည့်အချက်ကတော့ စွန်းဝူခုန်းကဲ့သို့ ရဲရင့်မှုမရှိခြင်း နှင့် ကြောက်တတ်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ အမှတ်မထင်မွေးဖွားခဲ့သည့်ဖြစ်ရပ်ကြောင့်မို့ လျှို့အယ်မီဟို နှင့် စွန်းဝူခုန်းမှာ တူညီသော တန်ခိုးအစွမ်းအချို့ရှိကြပါသည်။
ပြီးတော့ လျို့အယ်မီဟိုက အော့လန်ရှိန်နတ်ရဲ့တပည့်ဖြစ်ပြီးတော့ စွန်းဝူခုန်း၏ ဆရာက ထိုက်ရီကျန့်ရန် နတ်မင်းပါ။ အော့လန်ရှိန်ဆိုတာက ၀ူခုန်းနတ်ပြည်မှာ သောင်းကျန်းစဉ်က ၀ူခုန်းကို တစ်ကွက်အသာနဲ့ အနိုင်တိုက်ခဲ့တဲ့ နတ်မင်းပါ။ တတိယမျက်လုံးပါတဲ့ နတ်မင်းပါ။ သူဟာ သိုင်း (၇၃)မျိုး တတ်ကျွမ်းပါတယ်။ မိုးကောင်းကင်မှာ သိုင်း (၇၂)မျိုး တတ်တာ စွန်းဝူခုန်း ၊ ပါကျဲ့ ၊ နီကျား တို့ပဲ ရှိတာပါ။။ အဲ့ကြောင့် ကျောက်စိမ်းဧကရာဇ်နတ်မင်းက နီကျားထက်သာအောင်လို့ နဲကျာကို မရှုံးမိစေဖို့ မိုးနတ်မင်းလက်ဝါးသိုင်းကိုပါ သင်ပေးလိုက်တာပါ။ နီကျားတို့ စွန်းဝူခုန်းတို့ထက် တစ်ကွက်သာတယ်ပေါ့။
ပထမအမျိုးအစားကျောက်တုံးမျောက်ကတော့စွန်းဝူးခုန်းပါ။ ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းနိုင်တယ် သန်မာတယ် ဉာဏ်များတယ်။ တိုက်ရည်ခိုက်ရည်ကောင်းတယ် ကောင်းကင်နဲ့မြေကြီးရဲ့အကျိုးအပြစ်တွေကိုသိပြီးတော့ ကြယ်တွေကိုတောင်ရွေ့နိုင်တဲ့အထိအင်အားကြီးမားပါတယ်။ယ
ဒုတိယအမျိုးအစား မြင်းပုံသဏ္ဍာန် မျောက်ဖင်နီဟာ နွီဝါး၏ အကို ဖူရှီုး၏ ပါကွပညာကို တတ်ကျွမ်းပြီး ယင်နဲ့ယန်ကိုထွင်းဖောက်သိရှိပါတယ်။ လူတွေ၏ အရေးကိစ္စမှန်သမျှကိုနားလည်ကြပါတယ်။ သူတို့ဟာ ကမ္ဘာကြီးရဲ့ဘယ်နေရာကိုမဆိုဝင်ထွက်သွားလာနိုင်တဲ့အပြင်သေခြင်းတရားကိုရှောင်ကွင်းနိုင်လို့အသက်အရမ်းရှည်တဲ့မျောက်တွေပါ။ တတိယအမျိုးအစား ခြေလက်တံရှည် မျောက်လွှဲကျော်တွေကတော့ အချိန်တွေ ၏ အရှင်သခင်ဖြစ်ပြီးထိန်းချုပ်နိုင်ပါတယ် ထို့အပြင်အကွာအဝေးချုံ့ခြင်း၊တောင်တွေကိုအရွယ်အစားသေးခြင်းကြီးခြင်း၊ ဒီရေကိုလိုသလိုစေခိုင်းနိုင်တဲ့အပြင်နေနဲ့လကိုတောင်ဖမ်းယူနိုင်ပါတယ်။ ကာင်းကင်နဲ့မြေကြီး ၏ နိမိတ်ပုံရိပ်တွေကိုသိမြင်နိုင်ပြီးအဆိုးနဲ့အကောင်းအကျိုး အပြောင်းအလဲမြန်တဲ့အန္တရာယ်ကြီးမျောက်အမျိုးအစားဖြစ်ပါတယ်။ နောက်ဆုံးအမျိုးအစားကတော့ လျှို့အယ်မီဟို ခေါ် နားခြောက်ဖက်မျောက်ပါ။ ထူးခြားတဲ့အကြားနဲ့အမြင်ရှိပြီးတော့အတိတ်နဲ့အနာဂါတ်အပြင်ဖြစ်တည်မှုတွေအထိပါ သိရှိနိုင်ပါတယ်
ပုံမှန်အာရုံစူးစိုက်မှုမရှိတဲ့အနေအထားမှာတောင် သူဟာမိုင်တစ်ထောင်အတွင်း ဖြစ်ပျက်သမျှကို သိရှိနိုင်ပါတယ်
ဒါ့အပြင်အထူးအခြားဆုံးအနေနဲ့သူဟာအထက်ပါမျောက်သုံးမျိုးစလုံးကိုပုံသဏ္ဍာန်အရရောစွမ်းရည်အရပါတုပနိုင်ပါတယ်။ အတုခိုးနိုင်စွမ်းရှိပါတယ်။
ထိုအကြောင်းမှာ လျှို့အယ်မီဟို က ဆရာတော်ဆီသွား ဆရာတော်က စွန်းဝူခုန်းမှတ်ပြီးတော့ ဆူ အဲ့မှာ တုတ်နဲ့ သတိမေ့အောင် ဆော်ပလော်တီး ပစ္စည်းတွေကိုယူသွား ပြီးတော့ မျောက်တိုင်းပြည်ရှိတဲ့ ဟွာကိုးစန်းတောင်မှာ အေးဆေးနှပ် တကယ် စွန်းဝူခုန်းနဲ့တွေ့တော့ တိုက်ပွဲတွေဖြစ်ကြလေရော အဲ့မှာ စွမ်းအင်ကလည်းတူတော့ သူမသာ ကိုယ်မနိုင်တွေကဖြစ် ပါကျဲနဲ့ဝူကျင့်လည်း ဝူခုန်းနဲ့အတူတူကြုံတွေ့ခဲ့တာတွေမေးပြီးစမ်းသပ်ပေမဲ့ နားခြောက်ဖက်မျောက်က အတိတ်နဲ့အနာဂတ်ကိုသိမြင်နိုင်တဲ့အတွက်သူတို့မခွဲခြားနိုင်ပါဘူး။ နောက်ဆုံးဆရာတော်လည်းကွမ်ရင်မယ်တော် ပေးထားတဲ့ ဂါထာရွတ်ပေမဲ့ မျောက်နှစ်ကောင်လုံးအပေါ်ထိရောက်နေတဲ့အတွက် မခွဲခြားနိုင်ခဲ့ပါဘူး။ ဒါကြောင့်သူတို့လည်းကွမ်ရင်မယ်တော်ဆီမှာအဆုံးအဖြတ်ခံယူဖို့သွားပေမဲ့ ကွမ်ရင်မယ်တော်လည်းမခွဲခြားနိုင်ပါဘူး။ နောက်ဆုံးဗုဒ္ဓဆီရောက်တော့မှ ဗုဒ္ဓက မျောက်လေးမျိုးကိုခွဲခြားပြောပြတဲ့အတွက် နားခြောက်ဖက်မျောက်ဟာသူ့မူရင်းဘဝကိုဗုဒ္ဓသိတယ်ဆိုပြီး ကြောက်ရွံ့ကာထွက်ပြေးပေမဲ့ဗုဒ္ဓက ကြီးမားတဲ့ သပိတ်တော်နဲ့ပြေးမရအောင်အုပ်ထားလိုက်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဝူခုန်းက တောင်ဝှေးနဲ့ ခုတ်သတ်လိုက်တယ်ဆိုပေမယ့် တကယ့်သမိုင်းစာတွေ နဲ့ တရုတ်လိုရေးထားတဲ့ ကျမ်းအချို့မှာတော့ ဆရာဖြစ်သူ အော့လန်ရှိန်နတ်ဖြင့်အတူ ကောင်းကင်ဘုံမှာရှိနေတယ်လို့ ဆိုထားပါတယ်။ ဗုဒ္ဓကိုယ်တိုင်လွှတ်ပေးလိုက်တာဖြစ်ပြီး ဆရာဖြစ်သူကို ကူညီဖို့ စေခိုင်းထားပါတယ်။ အော့လန်ရှိန်နတ်မင်းက ကောင်းကင်ဘုံ အရှေ့နဂါးမုခ်ကို စောင့်ကြပ်ရသူပါ။ နတ်မင်းရာထူးအနေနဲ့က ကောင်းကင်ဘုံနန်းတော်အရှေ့တံခါးဝ ကြီးကြပ်ရေးရာထူးပါ။ ကြီးကြပ်ရေးရာထူးပါ။ အမြဲလိုလို မိစ္ဆာတွေကို နန်းတော်ထဲ မ၀င်လာအောင် တိုက်ထုတ်ရတဲ့အရေးဟာ တော်ရုံ အရည်အချင်းနဲ့မရပါဘူး။ လျှို့အယ်မီဟိုက
အော့လန်ရှိန်နတ်မင်းအနီးတွင် ရှိနေပါကြောင်း ကျမ်းစာအမျိုးရှာဖွေရင်း ဖော်ပြပေးလိုက်ရတယ်ဗျာ။
@လင်းညို့တာရာ
MSC - 226
@linnhyotaryar
အစုံအလင် ဖေါ်ပြထားတာပါလား ဝူခုန်း ဇာတ်လမ်းတွေ တော်တော်များများ ကြည့်ဖူးပါတယ်။ဟိုအရင်တုန်းက အပိုင်း 1,2,3 ဆိုပြီးလာတယ်။ခုနောက်ပိုင်း အဲလို အမဟုတ်တော့ပါ။ ဟုတ်သည်ရှိ ၊ မဟုတ်သည်ရှိ ကြည့်လို့ ကောင်းပါတယ်။ ဖတ်လို့ လဲကောင်းပါ၏
ဟုတ် ကျေဇူး ဝူခုန်ဇာတ်လမ်းက တကယ်ရှိတာလို့လညူ် ယုံလို့ရပါတယ်း
သြော်..ငယ်ငယ်ကဆိုထမင်းတောင်မစားနိုင်ပဲကြည့်ခဲ့ရတဲ့မျောက်။ခုတော့မကြည့်ဖြစ်တာကြာပြီဗျာ။အရင်ဝူခုန်းလောက်မကြိုက်တာလဲပါတယ်။
ဟုတ်တယ် စိတ်ဝင်စားလို့ ရေးလိုက်တာ
ဝူခုန်းဇာတ်လမ်းတွဲတော့ကြည့်ဖူးတယ်
ကြိုက်တယ်ဗျ
အွင်း ကျနော်တော့ စာအုပ်လည်းဖတ်တယ် ဇာတ်လမ်းလည်းကြည့်တယ်
This wukong
Fake Wukong. This is about Six Eared Macaque .
good post
Thanks You
Thanks
TVအစီအစဉ်က ပြန်လွှင့်နေလို့ ခုရက်ပိုင်းကြည့်ဖြစ်နေတယ်
imm ပြန်ကြည့်
ရုပ်ရှင်ကိုရေးထားတာထင်တယ်
ရုပ်ရှင်ထဲကရော သမိုင်ူဒဏ္ဍာရီရော စပ်ရေးထားတာပါ
မျောက်သမိုင်းကြောင်းပေါ့
ဟုပ
သူက ကျန်တဲ့မျောက်တွေနဲ့ တုပနိုင်တယ်.. ဆိုတော့ သူ့အရည်အချင်းကို ကျန်တဲ့မျောက်တွေက မတုပနိုင်တော့ သူက ပိုသာနေတာပေါ့ .. အဲ့လိုလားဗျ ...
ပိုသာနေတယ်လို့ ထင်စရာရှိပေမယ့် သူက နတ်အဆင့်ပဲ ကျန်ခဲ့တာ ဝူခနြူ်က တိုက်ခိုက်ရေးဗုဒ္ဓအဆင့်
သူက၀ူခုန်းထက် ပိုသာတာလား..
ဝူခုန်းက ဗုဒ္ဓအဆင့်ရောက်နေပြီ သူက နတ်အဆင့်မှာပဲ ရှိနေတုန်းပဲ
ဝူခုန်းကား ပြန်ကြည့်ဦးမယ်
ပြန်ကြည့်
ငယ်ငယ်ကအရူးအမူးကြည့်ခဲ့ဖူးတယ်
ဟဲဟဲ ပြန်ကြည့်အူး
Aww မျောက်ဇာတ်ခင်းနေတာကိုး ဟီးး။ ဝူခုန်းကားတော့ ကြိုက်လွန်းတယ်ဗျ။ ခုနောက်ပိုင်းကားတွေက မစွံတော့ဘူး
ဟုပ
အလယ် မိုက်သား ကိုဖြင့်ကြည့်သာကြည့်ဘူး ဂဂဏဏမသိ
ဟဲဟဲ
ဟာ မိုက်တယ်။
ဝူခုန်းနဲ့ ဟာနုမန်ပဲ အစွမ်းရှိတယ်ထင်နေတာ 😁
ဟီးဟီး