ထိန်းသိမ်းကြမယ်

in #myanmar7 years ago (edited)

image
"ဥတုရာသီ ​တောကို မှီ၏၊ ​တော​တောင်​ စိမ်းမှ စမ်း​ရေရ၏ "တဲ့။ ကျ​နော်​တို့ ငယ်​ငယ်​က စာသင်​ခန်းထဲမှာ သင်​ခဲ့ဖူးတဲ့ ဆိုရိုး​လေး တစ်​ပုဒ်​ပါ။
တော​တောင်​ရဲ့စိမ်းလန်းရှင်​သန်​မှုနဲ့ သဘာဝစိမ့်​စမ်း​ရေတို့ အပြန်​အလှန်​ထိန်း​ကျောင်းမှု ရှိတဲ့အ​ကြောင်း​လေးကို ​ရေးထားတာ ဖြစ်​ပါတယ်​။သစ်​ပင်​တစ်​ပင်​စိမ်းလန်းစိုပြည်​​နေ​စေဖို့ ​တောထဲ​တောင်​ထဲမှာဆိုရင်​ စိမ့်​​ရေစမ်း​ရေကပဲ အ​ထောက်​အကူဖြစ်​သလို စိမ့်​​ရေစမ်း​ရေ​တွေ ​ပေါ​ပေါများများ စီး​နေနိုင်​ဖို့ကလည်း ​တော​တောင်​​သစ်​ပင်​​တွေ အုပ်​ဆိုင်း ကြီးထွား​နေဖို့လိုအပ်​ပါတယ်​။
ကမ္ဘာ​ပေါ်မှာ လူသား​တွေမရှိပဲ သဘာဝပတ်​ဝန်းကျင်​က ရှင်​သန်​နိုင်​ပါတယ်​။ လူသား​တွေက​တော့ သဘာဝပတ်​ဝန်းကျင်​ မရှိပဲ ၊သစ်​ပင်​​တွေမရှိပဲ ရှင်​သန်​​နေထိုင်​လို့ မရနိုင်​ပါဘူး။ သစ်​ပင်​တစ်​ပင်​ ရှင်​သန်​ကြီးထွားဖို့ နှစ်​နဲ့ချီ​စောင့်​ရတတ်​​ပေမဲ့ လူ့လက်​ချက်​နဲ့ သစ်​ပင်​တစ်​ပင်​ဘဝ အဆုံးသတ်​သွားဖို့က​တော့ နာရီပိုင်း စက္ကန့်​ပိုင်း​လောက်​ပဲ ကြာတတ်​ပါတယ်​။
image
အခု​ခေတ်​ဆို တစ်​ကမ္ဘာလုံးအတိုင်းအတာနဲ့တွက်​ကြည့်​တဲ့အခါ လူသား​တေိ​ကြောင့်​ သစ်​​တောပျက်​စီးမှုနှုန်းဟာ တစ်​မိနစ်​တိုင်းမှာ ပျှမ်းမျှ ဧက ၅၀ ​လောက်​ ပျက်​စီး​နေတယ်​လို့ သိရပါတယ်​။ ဘယ​လောက်​ နှ​မြောဖို့​ကောင်းတဲ့ အတိုင်းအတာလဲ။
ကျ​နော်​တို့လူသား​တွေ အသက်​ရှင်​​နေထိုင်​ဖို့ အနည်းဆုံး ကျ​နော်​တို့နားလည်​ထားသလို သစ်​ပင်​တစ်​ပင်​က​နေ ကာ​ဗွန်​ဒိုင်​​အောက်​ဆိုဒ်​ကို စုတ်​ယူတယ်​။ ကျ​နော်​တို့လူသား​တွေအတွက်​လိုအပ်​တဲ့ ​အောက်​ဆီဂျင်​ကို ထုတ်​​ပေးတယ်​။ အဲ့လို လူသား​တွေရဲ့အသက်​ရှင်​မှုကို ဖြည့်​ဆည်း​ပေး​နေတဲ့ သစ်​ပင်​​တွေကို သတ်​လိုက်​ပြီး လူသား​တွေက ကိုယ်​အသက်​ကို နုတ်​ယူ​နေကြသလို ဖြစ်​​နေပါပြီ။
အထူးသဖြင့်​ ကမ္ဘာမှာ သယံဇာတထွက်​ရှိမှု များပြားပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်​ငံစာရင်းဝင်​တဲ့ မြန်​မာနိုင်​ငံပါပဲ။ ကျ​နော်​တို့ မှတ်​မိသ​လောက်​ သစ်​​တော​တွေ သစ်​ပင်​​တွေက ဒီ ဆယ်​စုနှစ်​ နှစ်​ခု​လောက်​အတွင်းမှာကို အ​တော်​ကြီး​ ကုန်​စင်​​ပြောင်းလဲလာ​နေပါပြီ။ ​တောင်​​တွေဆို ကတုံး​တွေဖြစ်​လာတယ်​။ တချို့ သစ်​ထုတ်​ယူရခက်​တဲ့ ​နေရာ​တွေမှာ​လောက်​သာ အပင်​ကြီး တချို့ကိုပဲမြင်​ရ​တော့တဲ့အထိ ​တော​တွေ ​တောင်​​တွေက ကွက်​ကျားဆန်​လာ​နေပါပြီ။ ဖားကန့်​လို ​​​နေရာမှာလည်း ဘယ်​လို သဘာဝပတ်​ဝန်းကျင်​အ​ကြောင်းမှ ​ဟော​ပြောလို့ ရနိုင်​မှာ မဟုတ်​​​တော့ပါဘူး..။ တချို့ သစ်​ထုတ်​လုပ်​တဲ့​နေရာ​တွေမှာ သစ်​ပင်​ထိန်းသိမ်းမှုအ​ကြောင်း သွား​ပြောလိုက်​ရင်​​တော့ ကျ​နော်​တို့အတွက်​ ​ခေါင်းတစ်​လုံးပဲ လက်​​ဆောင်​ပြန်​​ပေးခံလိုက်​ရ​တော့မယ်​ ထင်​ပါရဲ့။
image
ကျ​နော်​တို့နိုင်​ငံဟာ ဆင်းရဲတဲ့နိုင်​င့်​ဖြစ်​တယ်​။ အဲ့ဒီအတွက်​ လူတစ်​​ယောက်​ဟာ သဘာဝပတ်​ဝန်းကျင်​ကို ချစ်​တတ်​ဖို့ထက်​ ကိုယ့်​ဝမ်း​ရေးသည်​သာ ကိုယ့်​ပြဿနာ ဖြစ်​​နေတတ်​တယ်​။
အိန္ဒိယကငြိမ်းချမ်း​ရေး​ခေါင်း​ဆောင်​ကြီး မဟတ္တမဂန္ဓီ​ပြောခဲ့ဖူးတဲ့ စကားတစ်​ခွန်းရှိပါတယ်​။
"လူ့လိုအပ်​ချက်​အတွက်​ကမ္ဘာကြီးမှာအလုံအ​လောက်​ရှိပါတယ်​။ ဒါ​ပေမဲ့ လူ့​လောဘအတွက်​​တော့မရှိဘူး " တဲ့။
ကျ​နော်​တို့ရှင်​သန်​​နေထိုင်​လို့ရတဲ့ အသက်​ရှင်​ဖို့အတွက်​သက်​သက်​ဆို ​ရေ.​မြေ.​လေ.​နေ.အစားအ​သောက်​.အဲ့ဒါ​တွေအားလုံးကို ကမ္ဘာကြီးက​နေ အလုံအ​လောက်​ရရှိနိုင်​ပါတယ်​..ဒါ​ပေမဲ့ လူ့​လောဘ​တွေ ချမ်းသာမှု​တွေအတွက်​က​တော့ ဘယ်​လိုလုံ​လောက်​ပါ့မလဲ..လူဆိုတာ ရ​လေလို​လေအမျိုး​တွေ မဟုတ်​လား....

ဒီ​တော့ ကျွန်​​တော်​တို့​တွေ သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်းခြင်းဖြင့်
တန်​ဖိုးမြင့်​ကြရ​အောင်
image

Linnthu
Msc 212
Photo crd google

Sort:  

ကဲ ထိန်ူသိန်းကြပါစို့ စိုက်ပ်ျုးကြပါစို့

ထိနိးသိမ်​ကြမယ်

မြန်မာပြည်မှာ သစ်ပင်တွေလည်းတော်တော်ကုန်နေပြီ။

ပြောင်​ကုန်​တာ...ရှိ​တော့ဘူး

"လူ့လိုအပ်​ချက်​အတွက်​ကမ္ဘာကြီးမှာအလုံအ​လောက်​ရှိပါတယ်​။ ဒါ​ပေမဲ့ လူ့​လောဘအတွက်​​တော့မရှိဘူး "
တကယ်မှန်ပါတယ်ဗျာ

ဟုတ်​​ကျေး ဇူးပါ

လူတိုင်းမှာတာဝန်ရှိ၊good

Hote kat

ဗဟုသုတ ရပါတယ်ဗျာ..plz v and c me back @mgtoetat

Thz . . Ok

ရိုးမတောကြီး မရှိတော့ဖူး 😞

Hote tel byarr

ထိန်းသိမ်ကြတာပေါ့

အ​ရေးအသား​ကောင်းပါတယ်​ရှင်​။

Good post

သစ်ပင်စိုက်ပါ့ကမ္ဘာ သာယာလှပ ကျန်းမယကျ..ဘာမှမဟုတိဘူး.စိတ်ထဲရှိတာရွတ်ကျိတယ

သဘာဝမရှိရင် ဘ၀ ဆိုတာတွေလဲ မရှိနိုင်တော့ပါဘူး။

မှန်​ပါတယ်

လူတိုင်းမှာတာဝန်ရှိပါတယ်

ဟုတ်​ အကို

ထိန်းသိမ်းနိုင်​ရင်​အ​ကောင်းဆုံး​ပေါ့ဗျာ။

ဟုတ်

သစ်ပင်တွေကိုချစ်တတ်တယ်၊ဒိထက် သစ်တောတွေကိုချစ်တတ်တန်ဘိုးထားတတ်ပြီဆိုရင်တော့ လေးစားပြီလေ

Hote bro