ဒီနေ့တော့ ကျောင်းသားတွေ ကျောင်းပြောင်း ကျောင်းတက်ဖို့အတွက် ပတ်စပို့ ဓါတ်ပုံ ရိုက်ပေးရင်း ပုံထုတ်တာ Error တက်ပြီး printer စက်ပျက်ပါလေရောဗျာ။
printer က Canon G1000 Printer စက်လေ ပြစ်ချက်က power ခလုတ်နေရာက မီးနဲ့
stop နေရာက မီးနဲ့ တစ်လှည့်စီပေါ်နေတာပါ။
Computer မှာတော့ Error code နံပတ်က 5B00 ဆိုပြီးပြနေတယ်။
Print လဲထုတ်လို့မရတော့ဘူး။
ဒါနဲ့ Facebook youtube ကနေ ဘယ်လိုလုပ်ရမလဲဆိုပြီးလိုက်ရှာတယ်။
Service mode ဝင်ရမယ်တဲ့လေ။
တွေ့ပြီ ပထမအဆင့်
stop key ကို အရင်နိပ် ပြီးရင် မလွတ်သေးပါဘဲနဲ့ power key ကိုနိပ်။
power မီး လင်းတာနဲ့ power ခလုတ်ကို မလွတ်ပဲ stop ခလုတ်ကို ၅ ချက်နိပ် ။
ဒါဆို reset ချတာ ပြီးသွားပြီ။
ဒါပေမယ့် ဒါနဲ့ မပြီးသေးဘူး
online မှာ ကြည့်တာ
WIC Reset Utility tool ကနေစစ်ကြည့်တော့ key တောင်းနေတာ မရှိ ဝယ်ရမယ်တဲ့။
ဒါနဲ့ ဝယ်နည်း ထပ်ကြည့် Youtube မှာလေ။
reset တစ်ခုကို Paypal 9.9$ တဲ့ ။
ဒါနဲ့ သူ့ အကောင့်ကိုဖောက်ပြီး
paypal email နဲ့ ဝင်ဝယ်လိုက်တယ်။
Paypal 9.9$ သာ ပျောက်သွားတယ် key ကကျမလာဘူး။
သူ့ဆိုက်ကနေ mail ပို့လာပါတယ်။
order မရှိပါဘူး ထပ်ဝယ်ပါတဲ့။
သူ့ကို ပို့ထားတဲ့ ss တွေနဲ့ reply ပြန်တော့လည်း မရပါဘူး။
Paypal 9.9$ လေထဲမှာ ပျောက်သွားတယ်။
ကုန်ပါစေတော့ အလုပ်ရူပ်တယ် မပြောတော့ပါဘူး။
နောက်တော့ မန်းလေးက ဆိုင်ကြီးတွေကို ဖုန်းဆက်ပြီး အကူ အညီ လှမ်းတောင်းတော့
ဒါအတွက် canon service tools ဝယ်ရမယ် ၃၀၀၀၀ ကျပ် ကုန်မယ်လို့ပြောတယ်။
ကုန်ချင်ကုန် ကုန်လက်စနဲ့ မရ ဆိုင်သွားအပ်တာပေါ့ဆိုပြီး လှမ်းဝယ်လိုက်တယ်။
ပိုက်ဆံရှာရတာ လွယ်တာဗျာ သူများတွေပြောပါတယ်။
3MB လောက်ရှိတဲ့ tools ကို ၃၀၀၀၀ ပေးလိုက်ရတယ်။
အရောင်းဆိုင်က tools ကို လှမ်းပို့ပြီးတဲ့ အခါမှာတော့ Computer မှာ တင် ထားလိုက်တယ်။
Printer ကို service mode ပြန်ဝင် လိုက်တယ်။
ပြီးတော့ Computer ပေါ်က Service tools ကို ဖွင့်လိုက်တယ်။
tools ထဲက Eprom ဆိုတဲ့ဟာကို ဝင် Save ရတယ်။
ပြီးတော့ Cancel reset counter ကို ဝင်ပြီး ကလစ်နိပ်လိုက်တာနဲ့
Printer က စာရွက်တစ်ရွက်ထွက်ခဲ့ပြီး ကောင်းသွားရောဗျာ။
ပုံလေးတွေထုတ်ကြည့်တာ ရုပ်ကလေးတွေကို ကြည်နေတာပဲ။
မဟုတ်ရင် မြို့ပေါ်တက်ပြင် ဆိုင်ကို စက်ကလေးသယ်ပြီးသွားပြင်ရတော့မှာလေ။ ပိုက်ဆံ တော်တော်ကုန်သွားပေမဲ့ နောက်ဖြစ်လာရင်လည်း အတော်အသင့် ဆိုင်သွားစရာ မလိုတော့ဘူးလေ။
ပညာ ရလိုက်တဲ့အတွက် ကုန်တာနဲ့ တန်ပါတယ်ဗျာ။
ဒါကတော့ ကျွန်တော် တစ်နေ့လုံး ခေါင်းခြောက်ခဲ့ရတဲ့ problem လေးလာပြောပြတာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။
msc - 045
photo credit my phone@lwanwai
အိမ်း နောက်ကျ ဘိုလုပ်ရမေ ကိုယ်သိသွားရင် ပေးရတာလဲ တန်ပါတေလေ နော့😊
ဟုတ်တယ် မမရေ😊😊
နည်းပညာနဲ့ပါတ်သက်ရင် ကိုလွမ်းကတော့စံပါဘဲဗျာ
မဟုတ်ရပါဘူးဗျာ 😂😂
နည်းပညာတွေ မြင့်လာတော့ Tool တစ်ခုကို ဈေးကြီးပေးဝယ်ရတယ် ဒါပေမယ့် ပညာရလိုက်တယ် အလုပ်မရှုပ်ဘူး ဆိုင်သယ် အသွားအပြန်ဆို 50000 ကျော်မယ် နော်
ဟုတ်ပဗျာ ပန်းလို့ဆိုင်ဝင်နား သွားရော 😂😂
ဟုတ်ပဗျာ ပန်းလို့ဆိုင်ဝင်နား သွားရော 😂😂
ဒါချောင်းနေတာမရား သိနေတေ သိနေတေ🍺🍺
😆😆မမလည်း သိနေတာပဲ 😂😂
ခုလို အသိပညာpostလေးတွေတင်ပေးတာကျေးဇူးပါ
ဟုတ်ကဲ့ပါ ဗျာ 😊😊
အင်တာနက်ဆိုသည်ကြီးက သုံးတတ်သူတွေအတွက် အင်မတန်အဖိုးတန်ပါတယ်နော် ကိုလွမ်း
ဟုတ်တယ် ကိုသိန်းဇော်ရေ အရင်ထက်ပိုပြီး သိရတယ်😊😊
ပျက်အစဉ်ပြင်ခဏပေါ့ဗျာ
ဖြစ်တတ်ပါတယ်
ဟုတ်တယ် အကို မပြင်ရင် ကြာနေရော ပြင်လိုက်တော့ ခနပဲ ကောင်းသွားတာ 😊😊
ကောင်းတယ်ဗျာ..ရေးထားတာ
ဟုတ် ကျေးဇူးပါဗျာ😊😊
ပညာလည်းရလိုက်တယ်....သယ်သွားဖို့လည်းမလိုတော့ဘူးဆိုတော့အိမ်မှာနေရင်းတန်ပါတယ်လေ....😁
ဟုတ်တယ် မယွန်းရေ အိမ်မှာတင်ရသွားလို့ တော်သေးတယ်😊😊
ဟုတ်တယ် မယွန်းရေ အိမ်မှာတင်ရသွားလို့ တော်သေးတယ်😊😊
မှတ်ထားပါတယ် နည်းပညာပို့ဒ်တွေစိတ်ဝင်စားတယ်
ဟုတ် ကျေးဇူးပါဗျာ😊😊
အာ့toolလေး ပေးပါလားဗျာ :)
ရပါတယ်ဗျာ 😄😄
သုံးသောင်းတန်ပညာလေး
မှတ်သားထိုက်ပါတယ်ဗျာ
ကိုယ်တွေကြုံလာရင်လည်း အတွေ့အကြုံစာနဲ့ရလိုက်ပါတယ်ဗျာ
ဟုတ်တယ် နောက်ဆို မှတ်မိသွားပြီ😊😊
ငင့် paypal $9 ကျော် ဂျင်းသွားတယ်
9.9$ ပလုံကနဲတောင်မြည်မသွားရှာဘူး 😭😭
အားပေးခဲ့တယ်နော် အစ်ကို
ဟုတ်ကဲ့ပါဗျာ 😊😊