⚽⛹📡 PSI HD အတွက် ကမ္ဘာ့ ဖလားကြည့်ဖို့ 📡⛹⚽

in #myanmar • 7 years ago (edited)

⚽⛹📡 PSI HD အတွက် ကမ္ဘာ့ ဖလားကြည့်ဖို့ 📡⛹⚽

20180414_175230.jpg

အရင်တစ်ပတ်က ကျွန်တော်ပြောထားတဲ့ အတိုင်းပါပဲ
PSI စလောင်းစက်က ကမ္ဘာ့ ဖလားပွဲလွင့်မလား မလွင့်ဘူးလားပေါ့ဗျာ။
ကမ္ဘာ့ ဖလားပွဲကို PSI စလောင်းစက်က လွင့်ပါတယ် ။
ဒါပေမယ့်ကြည့်လို့ ရလားဆိုတော့ ကြည့်လို့မရပါဘူး။

FB_IMG_1529121345580.jpg

Photo-org-source

ဘာကြောင့်လဲဆိုတော့ ကြည့်လို့ရတဲ့ လိုင်းတွေကို သူတို့က ပိတ်ထားလို့ပါ။
သူတို့ပြည်တွင်းမှာတော့ Free ပါပဲ ကိုယ့်ဆီမှာတော့ ကြည့်လို့ မရပါဘူး ပေါ့ဗျာ ။
ပိတ်ထားတဲ့ စနစ်ကတော့ အားလုံး နားရည်ဝနေကြ စကားဖြစ်တဲ့ Bisskey နဲ့ ပိတ်ထားတာပါဗျာ။

အဲ့ဒီတော့ ဘောလုံးပွဲ ကြည့်ချင်တယ်ဆို ဘောလုံးပွဲ ကျတဲ့ လိုင်းကို အရင် လိုင်းသွင်းရပါမယ်။
ထို့နောက်မှာတော့ Bisskey ထည့်ကြည့်ရမှာပေါ့ဗျာ။

ကမ္ဘာ့ ဖလားပွဲ အဓိကလွင့်တာကတော့ True 4U / Thai TV 5 HD / Amarin ဆိုတဲ့ သုံးလိုင်းက လွင့်နေတာပါ။

ကဲ လုပ်ငန်းစကြပါစို့ 💪💪

No.1 ( TRUE 4U အတွက်​ )

FB_IMG_1529345940327.jpg

Photo-org-source

MENU ကိုနှိပ်​ပါ။
Pass 0000( 4 )လုံးကိုနိပ်ပေးပါ။
Installing မှာ OK ကိုနှိပ်​ပေးပါ။
Thaikom KU မှာ ရောက်သွားလျှင် Remote မှ SATMAIL ခလုတ် ကို နှိပ်​ပေးပါ။
TP နံပါတ်​ ( 5 ) 12438H30000 ကိုသွားပြီး
Okနှိပ်​ပေးပါ။
ပြီးလျှင် Remote မှ
EPG အပြာခလုတ်​နှိပ်​ပေးပါ။
ဇယားကွက်ကျလာတဲ့ အခါမှာတော့
Scan Mode ကို သွားပြီး
အသံချဲ့ ခလုတ်​ကို တစ်​ချက်​နှိပ်​ပေးပါ။
ဒါဆို ​အောက်​မှာ PID ထည့်​ပေးရမည့် အကွက်ပေါ်လာပါလိမ့်မယ်။

V- မှာ 0535
A- မှာ 0880
P- မှာ 0535
PID ထည့်​ပေးပါ။
ပြီးလျှင်​ Search ကိုသွားပြီး
OK ကို နှိပ်​ပေးပါ။
True 4U ဆိုပြီး လိုင်းကျလာပါလိမ့်မယ်။
လိုင်း ​ပေါ်လာလျှင်​ Exit ခလုတ်ကို နိပ်ပြီး ထွက်​ ပေးပါ။
ဒီလိုင်းကတော့ Bisskey ရိုက်စရာ မလိုပါဘူး အထက်ပါ အတိုင်းလုပ်လိုက်တာနဲ့ ရုပ်ပေါ်လာပါလိမ့်မယ်။

No.2 ( TV5 HD ) လိုင်းအတွက်

FB_IMG_1529346124675.jpg

Photo-org-source

အပေါ်က နည်းနှင့် အတူတူပါပဲဗျာ။

MENU ကိုနှိပ်​ပါ။
Pass 0000( 4 )လုံးကိုနိပ်ပေးပါ။
Installing မှာ OK ကိုနှိပ်​ပေးပါ။
Thaikom KU မှာ ရောက်သွားလျှင် Remote မှ SATMAIL ခလုတ် ကို နှိပ်​ပေးပါ။
TP နံပါတ်​ ( 5 ) 12438H30000 ကိုသွားပြီး
Okနှိပ်​ပေးပါ။
ပြီးလျှင် Remote မှ
EPG အပြာခလုတ်​နှိပ်​ပေးပါ။
ဇယားကွက်ကျလာတဲ့ အခါမှာတော့
Scan Mode ကို သွားပြီး
အသံချဲ့ ခလုတ်​ကို တစ်​ချက်​နှိပ်​ပေးပါ။
ဒါဆို ​အောက်​မှာ PID ထည့်​ပေးရမည့် အကွက်ပေါ်လာပါလိမ့်မယ်။

V -မှာ 0512
A-မှာ 0650
P-မှာ 0512
PIDထည့်​ပြီးလျှင်​ Searchကိုသွားပြီး
okကိုနှိပ်​​ပေးလိုက်​ပါ။

Channel နောက်ဆုံးမှာ ကျလာပါလိမ့်မယ်။ Bisskey ဆက်ရိုက်ပါမယ်။

ခုနက သွင်းထားတဲ့
TV5HD1ကိုသွားပါ။
MENU ကိုနှိပ်​ပေးပါ။
0000 ရိုက်​ ပြီးOKနှိပ်​ပေးပါ။
EDIT CHANNEL နှိပ်​ပါ။ပြီးလျှင်
TV CHANNEL LIST ကို OK နှိပ်​ပေး ပြီး Remote မှ
0 ကိုနှိပ်​ ပြီး
Biss Key နံပတ် ** 8DC5 A4F6 226A 30BC ** ကိုရိုက်​လိုက်ပါ။
Remote မှ
EPG အပြာ​ရောင်​ခလုတ်​ကိုနှိပ်​လိုက်ပါ။
ဇယားကွက်​မှာ ရုပ်​သံ​ပေါ်လာတဲ့ အခါမှာတော့ Exit ခလုတ်​ကို နှိပ်​ပြီးထွက်​ပါ။
ဒါဆို တစ်လိုင်းရပါပြီ။

No.3 ( AMARIN ) လိုင်း

FB_IMG_1529346320342.jpg

Photo-org-source

အပေါ်က လိုင်းတွေ အတိုင်းပါပဲ

Menuကိုနှိပ်​ပေးပါ။

pass 0000(4)လုံး ရုကပေးပါ။

Installationမှာ okကိုနှိပ်​ပေးပါ။

THAICOM KUမှာ SATMAIL
ခလုတ်​ကိုနှိပ်​ ပေးလိုက်ပါ။

TP နံပါတ်​(9) မှ 12355 H 30000
ကိုသွားပြီး OKခလုတ်​နှိပ်​ ပြီး
EPG အပြာခလုတ်​ကို နှိပ်​ပေးပါ။

Scan Modeကိုသွား အသံချဲ့
ခလုတ်​ကို တချက်​နှိပ်​လိုက်ပါ။

အောက်​မှာ PID ထည့်​ရမည့် အကွက်ပေါ်လာပါလိမ့်မယ်။

V-မှာ 0521
A-မှာ 0740
P-မှာ 0521

PID ထည့်​ပြီးလျှင်​ Searchကို
သွားပြီး okကိုနှိပ်​ပေးလိုက်​ပါ။နောက်ဆုံးမှာ
လိုင်းအသစ် ကျလာပါလိမ့်မယ်။

ပြီးလျှင် Bisskey ရိုက်ပေးရပါမယ်။
Menuကိုနှိပ်​လိုက်ပါ။
Edit channelကိုနှိပ်​ ပေးပါ။
TV Channel listကိုနှိပ်​ ပြီးလျှင်
်​ 0 ကိုနှိပ်​လိုက်ပါ။
Biss key ** BDDB 37CF 6633 E6F7 **
ကိုရိုက်​ လိုက်ပါ။ ပြီးလျှင်
EPGအပြာ​ရောင်​ခလုတ်​ကိုနှိပ်​လိုက်ပါ။
ဇယားကွက်​မှာ ရုပ်​သံ ​ပေါ်လာရင်​ Ok ပါပြီ။
ထို့နောက်မှာတော့ exit ခလုတ်
နှိပ်​ပြီး​ထွက်​ ပေးလိုက်ပါ။

ကမ္ဘာ့ ဖလား အတွက် ဘောလုံးပွဲ လိုင်းသွင်းခြင်း ပြီးဆုံးပါပြီ။

မရသေးသောသူများ အဆင်ပြေကြပါစေဗျာ။

@lwanwai
Msc - 045

Sort:  

ကိုလွှမ်းရေ PSI HD အတွက်ပြောပြပြပေးလို့ 
ကျေးဇူးပါဗျ

ဟုတ်ကဲ့ အားပေးလို့ ကျေးဇူးပါဗျာ

ကျေးဇူးဗျာ
စမ်းကြည့်ဦးမယ်

ဟုတ် စမ်းကြည့်ပါအုံးဗျာ 😊😊

‌လေးစားတယ်‌ဗျာ။‌ကျေးဇူးပါကိုလွမ်း။

အားပေးလို့ ကျေးဇူးပါဗျာ 😊😊

ခုလိုအသိပညာဝေမျှတဲ့အတွက်ကျေးဇူးပါ

ဟုတ်ကဲ့ပါ ခုလိုအားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ 😊😊

မသိသေးသူများကိုပြပေးပါမည်ကျေးဇူးပါ

ဟုတ်ကဲ့ ပြပေးလိုက်ပါအုံးဗျာ 😊😊

 7 years ago (edited) 

မျှော်နေတာ ဖမ်းပီလေ😁

ဟုတ် ဖမ်းလိုက်တော့ မမ😊😊

ခုလို​ပြောပြ​ပေးလို့​ကျေးဇူးပါ....👍

ဟုတ်ကဲ့ပါဗျာ လာအားပေးလို့ ကျေးဇူးပါဗျာ😊😊

PSI သမားတွေတော့ပျော်ပြီပေါ့ နည်းပညာလေးတွေ သိရတော့

ဟုတ်ပ ပျော်ကြပေတော့ 😂😂😆😆

ကျေးဇူးပါ အကို

ဟုတ် ရပါတယ်ဗျာ 😊😊

ဝါသနာမပါတော့ ခက်ပီအကိုရေ

မပါပေမယ့် ဖတ်ထားလိုက် လိုအပ်တဲ့ အခါ သုံးရတာပေါ့ ဗျာ 😊😊

ကျေးဇူးပါ ကိုလွမ်းရယ်

ဟုတ် ကျေးဇူးပါဗျာ 😊😊

ကျေးဇူးဗျိုး ရှာ​နေတာ

ဟုတ် ဟုတ် 😊😊

PIDထည့်​တဲ့​နေရာ ရှာမ​တွေ့ဘူးဗျ

Epg အုပါ ခလုတ်ကိုနိပ်လိုက်
ပေါ်လာတဲ့ အပေါ်ဆုံး အကြောင်းကို ဘေးမြှားနိပ်လိုက် အာ့ဆိုပေါ်လာမှာ