⚽⚽ PSI HD စက်ကို Bin ဖိုင်ထည့်နည်း For ♥ ကမ္ဘာ့ဖလား ⚽⚽
Psi စက်တွေကလည်း တော်တော်ကို ပတ်မွေနေတယ်ဗျာ။
မနေ့ကမှသွင်းထားတယ် ဒီနေ့ ထပ်ပျောက်သွားပြန်ပြီ။
OTA ဆွဲပြီး version 342 ကနေ 343 ပြန်ပျောင်းသွားပါတယ်တဲ့ဗျာ။
ကျွန်တော်ကတော့ ကိုယ်လုပ်ပေးထားတဲ့ စက်တွေ ကမ္ဘာ့ဖလားကြည့်ရဖို့ ပြန်လုပ်ပေးနေရတာ လိုင်းကို ဖွင့်ကြည့် စကားပြောဖို့ မအားဘူး ဖြစ်နေတာဗျာ။
ခု Psi HD စက်တွေအတွက် အလွယ်ဆုံး လိုင်းသွင်းနည်းကို ပြောပြပေးပါ့မယ်ဗျာ။
ပထမ အချက်က ခုလက်ရှိ version ကို bin ဖိုင် နဲ့ version ပြန်ချပေးပါမယ်။ ပြန်ပြီး version မချပဲနဲ့လည်းလုပ်လို့ရပါတယ် အဲ့တာတော့ နောက်မှရှင်းပါမယ်။
ဒုတိယ တစ်ခါတော့ version ချပြီးရင် လိုင်းအသင့် သွင်းပြီး စီပြီးသား bin ဖိုင် ကို သွင်းရပါမယ်။
ဒီလိုလုပ်ပြီးတာနဲ့ အေးဆေး ထိုင်ကြည့်ယုံပါပဲ။
အရင်ကလို လိုင်းအရင်သွင်းလိုက် ကိုယ်ကြည့်မယ့် လိုင်းကို Biss key ရိုက်လိုက် လုပ်စရာ မလိုတော့ပါဘူး။
ကဲ မလွယ်ဘူးလားဗျာ တစ်ခုပဲ ရှိတယ် အဲ့ဒီ bin ဖိုင်တွေ ဘယ်ကရမှာလဲ ?
အသင့်လုပ်ထားတဲ့ သူတွေက ပေးတာကို ယူရတာပေါ့ဗျာ။ ကဲ လုပ်နည်းလေး စပြောပါမယ်။
ပထမဦးဆုံး Version bin ဖိုင် ကို ဒီမှာ ဒေါင်းပေးပါ။
https://www.mediafire.com/file/xw981fq4919ej2i/
ဒေါင်းပြီးလို့ရလာတဲ့ bin ဖိုင်ကို ကွန်ပြုတာမှ တဆင့် Sd ကဒ် အလွတ်ထဲသို့ ပြောင်းထည့်ပေးပါ။
Card reader တစ်ခုတော့ မရှိရင် ဆောင်ထားပါ။
ပြီးလျှင် PSI စက်က USB ပေါက်မှာ ထိုးလိုက်ပါ။
စက်မှာ usb ကို connected ဆိုတာပေါ်လာလျှင်
Menu ကိုနိပ်ပေးပါ။password တောင်းလျှင်တော့ သုံည လေးလုံး နိပ်ပေးလိုက်ပါ။
ပေါ်လာတဲ့ function ထဲက
Media player ကို သွားပြီး ok နိပ်ပေးပါ။ပြီးလျှင် remote မှ နံပါတ် (3) ကို နှိပ် ပေးပါ။
ဒီလိုပေါ်လာပါမယ်။
USB upgrade ဆိုတာ ပေါ်လာရင် ok နိပ်ပေးပါ။
upgrade mode ဆိုပြီး ပေါ်လာတဲ့ဟာမှာ နောက်က all code လို့ရေးထားပါတယ်။အောက်မှာ ကိုယ် ဒေါင်းထားတဲ့ bin ဖိုင်ကို တွေ့ရပါမယ်။ ပြီးတော့ အောက်က Start ကို သွားပြီး ok နိပ်ပါ။
Yes or No ပေါ်လာလျှင် Yes ရွေး ok နှိပ်စောင့်
ခဏနေ စက်ပိတ်ပြီးပြန်ပွင့်လာလိမ့်မယ်။
ဒါဆို ပထမအဆင့် ပြီးပါပြီ။
ဒုတိယ အဆင့်လည်းဒီတိုင်းပါပဲ ဖိုင် တင်တာလေးပဲ ကွဲသွားတာပါ။
အောက်က bin ဖိုင်ကို ဒေါင်းလိုက်ပါ။
https://my.pcloud.com/publink/show?code=XZfIIf7ZsHlogX42FPFLR20D3T1UkpchfoEy
ဒေါင်းပြီးလျှင် ခုနကလို ကဒ်ထဲ ပြောင်းပါ။ ကွန်ပျူတာ မရှိသူတွေ အတွက် Otg ရတဲ့ဖုန်းဆို otg တစ်ဖက် usb တစ်ဖက် card reader လေးဝယ်လိုက်ပါ။
နောက်ဆုံးနည်းကတော့ ဒေါင်းထားတဲ့ ဖိုင်ကို folder အပြင်ထုတ်လိုက်ပါ ။ဖုန်းထဲက sd ကဒ် နဲ့ ဖြုတ်ပြီး card reader မှာ တပ်လိုက် အေးရောပဲ ။
ကဲ ပြန်စမယ်ဗျာ စာများသွားပြီ။
1- menu
2 - 0000
3 - media player ကို ok
4 - remote မှ နံပါတ်(3)ကို နှိပ်ပေး
5 - USB upgrade ကို ok ပေး
6 - upgrade mode ကိုအသံချဲ့ခလုတ်နှိပ်၍ user db ရောက်အောင်ပြောင်း ရောက်ရင်
7 - start ကို သွား ok ပေး
8 - Yes or No ပေါ်လာလျှင် Yes ကို နိပ် ဒါဆို ပြီးသွားပြီ။
စက်က ပါဝါ ပိတ်ပြီး ပြန်တက်ခဲ့တာနဲ့ ဇတ်လမ်း ကမ္ဘာ့ဖလား ကြိုက်တာကြည့် ရပြီ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
အဆင်မပြေတာရှိရင်လည်း လာမေးနိင်ပါတယ် လို့ ---။
MSC - 045@lwanwai
မမ ခုပဲ မေးမို့လေ ပျောက်ဝါးလို့😌
ဟုတ်မမ 😊😊
ဗဟုသုတ ရပါတယ်အကိုရေကမ္ဘာ့ဖလားကြည့်လို့ ရင်္ပြ
ဟုတ် လုပ်ကြည့်လိုက်အူး 😊😊
ကျေးဇူးပဲ ရွာမှာဆရာကြီးလုပ်ပစ်မယ်
လုပ်ပစ်လိုက်တော့ 😆😆
ညက မကြည့်လိုက်ရဘူးဗျာ
စောစော ဆင်းသွားတာကို 😆😆
ကိုယ်တိုင်စမ်းလုပ်ကြည့်လို့ ရလား
ဟုတ် ရတယ်ခင်ဗျ စမ်းကြည့်ပါအုံး
ကမ္ဘာဖဘားလည်းမကြည့်ဖြစ်ပါဘူး
မျှဝေမှုအတွကိတော့ကျေးဇူးတင်ပါတယ်
ဟုတ် အားပေးနေလို့ ကျေးဇူးပါဗျာ 😊😊
psiကတော့တစ်ခုပြီးတစ်ခုမွေနေတာဘဲ...😁နည်းပညာတွေပြောပြပေးနေလို့ကျေးဇူးပါ....
ဟုတ်ပ psi ကတော့ ပတ်မွေနေတယ် 😆😆
good
အမြဲတမ်းအားပေးနေလို့ ကျေးဇူးပါဗျာ😊😊
တော်တယ်ဗျာ
ဗဟုသုတ အမျာကြီးရတယ်
ကျေးဇူးပါ အကိုရေ 😊😊
အင့်.တေပီဆာ
အင့်.တေပီဆာ
👍👍👍👍👍
အသုံးတည့်သူတွေအတွက်တော့ ရွှေပဲဗျ။ ပညာရပ်တွေ ဗဟုသုတ ရတယ်ဗျာ။
ရှာဖွေလေ တွေ့ရှိလေ လား အစ်ကိုရေ။ပညာစုံပါပေတယ်ကျေးဇူးပါဗျာ။
PSIအတွက် အားထားရာပါ
အခုလိုတင်ပြပေးလို့ ကျေးဇူးပါခင်ဗျာ
ကဲဗျာ ဆိုင်သွားလုပ်ရင် ဈေးကြီးကြီးပေးရမှာ ကိုလွမ်းဝေ ကူညီလို့ ဘောပွဲကောင်းကောင်းကြည့်ရတော့မယ်ပေါ့။