တစ်နှစ်ကူးခဲ့ပါပြီ ။
နှစ်ဟောင်းကို ပျော်စရာ ရွင်စရာ ကုသိုလ် ကောင်းမူ တို့နှင့် ဖြတ်သန်းခဲ့ရသောကြောင့် ကျွန်တော် ပျော်ရွှင်မိပါသည်။
သင်္ကြန်တွင် အများက ရေကစား ကာ ပျော်နေတဲ့အချိန်မှာ ကျွန်တော် ရေမကစား နိင်ခဲ့ပါ။ သင်္ကြန်မှာ အဖေ နှင့် အမေ ဥပုလ် ကျောင်း လိုက်သဖြင့် ကျွန်တော့်မှာ ဆိုင်စောင့် တာဝန် ကျသောကြောင့်ဖြစ်ပေသည်။
ဒါကြောင့် သင်္ကြန်ပျော်လာသော လူငယ်မောင်မယ်များကို ဆိုင်မှာ ဈေးရောင်းရသဖြင့် ဆိုင်မှ Skynet လေးကြည့်ကာ သင်္ကြန်ဖီလင်လေးကို ခံစားခဲ့ရလေသည်။
ဒီကြားထဲ ရွှာကျောင်း ဘုန်းတော်ကြီးက ဥပုတ်သည် တွေ သီလပေး တရားနားဘို့ စက်ဆင်ပြီး စက်ဖွင့်ပေးပါ ဆိုလို့ ကျောင်းလည်း ပြေးပြီး စက်ဆရာ သွားလုပ်ရသေး သည်။ တရားနားရင်း စက်ဖွင့်ရင်းပေါ့ဗျာ။
စက်ဖွင့်လို့ ပြီးလို့ ဆိုင်ပြန်ပြေးဈေးရောင်းလိုက် ညနေရောက်ပြန်တော့ ကျောင်းပြေး စက်ကလေးသွားဖွင့်လိုက်နဲ့ အလုပ်ကို ဖြစ်လို့။
Skynet Up to date Channel မှာ သင်္ကြန်ပျော်နေတဲ့သူတွေကို အမေးအဖြေ လုပ်နေတဲ့ သူတွေကို ကြည့်ဖြစ်တယ်။
သင်္ကြန်လည်ရတာ ပျော်သလား ဆိုတော့ လည်ရတာ အရမ်းပျော်ပါတယ် လမ်းလျှောက် သင်္ကြန်မှာလည်း အရမ်းကို ပျော်စရာ ကောင်းပါတယ် ဆိုတာတွေ ပြောနေကြတဲ့ အချိန်မှာ ကျွန်တော့်မှာ သင်္ကြန်ဆိုတာ ရေပြေးချိုးရတာလောက်ကို အရသာမရှိသေးဘူးလေ။
အကြိုနေ့ မှာတော့ ကျွန်တော်တို့ မိသားစုမှ သံဝေဂ စာရွက် များကို ကျောင်းမှာ ဥပုတ်သည် များကို တစ်ယောက် တစ်ရွက် ဒါနပြု ဝေပေးခဲ့ပါတယ်။
ဒီလိုနဲ့ အကြို အကျ အကြတ် နေ့တွေပြီးလို့ အတက် နေ့ ရောက်ပြန်တော့ ကျွန်တော့် ချစ်ဇနီးလေးက ဥပုတ် သည် တွေကို အချိုရည် ဒါနပြုချင်တယ် ဆိုလို့ အချိုရည် သွားပြီး ဒါနပြုဖြစ်ကြပါတယ်။
နှစ်ဆုံးရဲ့ ပျော်စရာ အချိန်လေးတွေပေါ့ဗျာ။ကျွန်တော်တို့ ကုသိုလ်ပြုရင်း ကျော်ဖြတ်ခဲ့ကြတယ်လေ။
ကျွန်တော့် ချစ်တုံးလေးကတော့ အလုပ်တွေရှုပ်လို့ပေါ့ဗျာ။
ကျွန်တော့် ညီမလေးတို့ကတော့ ဖရဲသီး ဒါနပြုနေကြပါတယ်။
အတက်နေ့ညနေမှာတော့ မှတ်မှတ်ရရ သင်္ကြန် စင်မှာ သွားကဲလိုက်ပါတော့တယ်။ သင်္ကြန်တွင်းမှာမှ ဒီတစ်ရက် ဒီတစ်ညနေလေးပဲ ရေ ကစားဖြစ်တာပါဗျာ။
နောက်တစ်ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့ အနီးအနား ရွာများမှ ဆရာတော် များကို ပင့်ကာ ရွာလယ်တွင်စုပြီး ဘေးအန္တရာယ်တွေကင်းဘို့အတွက် ပရိတ်တရား ရွတ်ဖတ်ပါတယ်။
ပရိတ်ရွတ်မှာဆိုတော့ ရပ်ကွက်သူ ရပ်ကွက်သားများက မဏ္ဏပ် ဆောက်လုပ်ကာ ပရိတ်အိုး ပရိတ်ရေ ပရိတ် ချည် ပရိတ် သဲ တို့ကို ရှေ့မှာ ထားပါတယ်။ ပရိတ် တန်ခိုး အာနိသင်များ အသက်ဝင် ကူးအောင်း ဘို့ါ်ါ်ပါ။
ပြီးတဲ့အခါမှာတော့ ရွာအရပ်လေမျက်နှာမှာ ပရိတ်ရွတ်ဖို့ ဆရာတော်တွေ ခွဲကာ ပင့်ဆောင်ကြရပါတယ်။ သတ်မှတ် ရပ်ကွက် ရောက်တဲ့အခါမှာတော့ ဆရာတော်များက ဆက်လက် ပရိတ် ရွတ်ဖတ်ကြပါတယ်။
ကျွန်တော်တို့ မိသားစုမှ ပရိတ်တရားလာရောက်နာယူသော ရပ်ကွက်သူ ရပ်ကွက်သားများကို ဖျော်ရည် ကုသိုလ်ပြု တိုက်ခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်ဟာ နှစ်ဟောင်းကို ပျော်ရွင်စွာနဲ့ ကုသိုလ်ပြု ဖြတ်သန်းခဲ့တဲ့ အတွက် စိတ်ကျေနပ်မိပါတယ်။ကိုယ်ပြုတဲ့ ဒါန ကုသိုလ် အစုစုကို အားလုံး သာဓု ခေါ်နှိုင်ကြပါစေ ခင်ဗျာ။
Msc - 045
Photo - Me & Fb image@lwanwai
သာဓု သာဓု သာဓု
သာဓုခေါ့် ကျေးဇူးပါဗျာ😊😊
သာဓု သာဓု သာဓု ပါအစ်ကို။ ထပ်တူဝမ်းသာပါတယ်။
ကျေးဇူးပါ ညီလေးရေ😊😊
ကုသိုလ်နဲ့ပျော်မွေ့ခြင်းသည်ကောင်းသောပျော်မွေ့ခြင်းဖြစ်ပါတယ်ရှင်
အဲ့တာ အမှန်ပါပဲ ဗျာ 😄😄
ဖရဲသီးနှင့်အချိုရည်တွေအများကြီးဘဲ😁
ဟုတ်တယ် ပိုတောင်ပိုသေးတယ်😅😅
မမလဲ စားချင်မိ ဖရဲသီးနဲ့ အချိုရည်😊
လာကြွေးမယ်😂😂
ဖရဲသီးအချိုရည်ဆိုပိုကြိုက်တယ်ဟီးးးးးးးး
ဟုတ်တယ် နောက်အဲ့ လိုလေးလုပ်ထားမှ 😄😆
ကုသိုဘ်တွေတပွေ့တပိုက်ကြီးနဲ့ နှစ်သစ်ကိုကျော်
ခဲ့ပြီပေါ့
ဟုတ် အကိုရေ ရတာ့ပျော်ခဲ့တာလေ😅😅
ဒီလိုဘဲပေါ့ဗျာ ခုပျော်နေတဲ့ကလေးတွေလဲ ပျော်ကြေတာအပြစ်မပြောပါဘူးဗျာ ငယ်ငယ်ကကို်ယ်လဲ ဒီလိုဘဲလို့တွေးရတော့တာဗျို့
ဟုတ်ပ ကိုယ်လဲ ခုထိ စိတ်မကုန်သေးဘူး 😂😂😁😁
သာဓု သာဓု သာဓု ပါဗျာ အကို
ကျေးဇူးပါဗျာ 😊😊
နောက်နေ့တွေမှာလည်း အလှူဒါနများနေ့စဉ်ပြုလုပ်နိုင်ပါစေ ကိုလွမ်းရယ်
ပေးသောဆုနှင့်ပြည့်ရပါစေ ကို သိန်းရေ😊😊
သာဓု သာဓု သာဓု ပါ။အစ်ကိုတို့ မိသားစုလည်း ကျန်းမာပျော်ွှင်ပါစေ။
ပေးတဲ့ဆုနှင့်ပြည့်ပါစေ အကိုရေ ကျေးဇူးပါ😊😊
Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by Lwanwai from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thanks alot😊😊
သင်္ကြန်တွင်းလေးမှာ ကုသိုလ်ကောင်းမူ့လေးလုပ်ရင်းဖြတ်သန်းသွားတာ လည်တာထက် ပိုကောင်းပါတယ်
ခုလို အားပေ့းကျေးဇူးပါဗျာ 😊😊
သာဓုပါ သာဓု သာဓု
ဟုတ်ကဲ့ပါ ကျေးဇူးပါဗျာ
ဝမ်းသာတယ်ဗျာ၊ အားကျတယ်။
ဟုတ် ကျေးဇူးပါဗျာ 😊😊